Yunn Ae -ယွန်းအဲ

Yunn Ae -ယွန်းအဲ Baby Clothes

မင်မင်တို့ဆီက romperလေးနဲ့ ချစ်စရာမီးမီးလေး❤️❤️
25/08/2023

မင်မင်တို့ဆီက romperလေးနဲ့ ချစ်စရာမီးမီးလေး❤️❤️

Yunn Ae collectionက ဂါဝန်လေးနဲ့လှနေတဲ့မီးမီးလေး💘💘ခုလိုအားပေးတာကျေးဇူးတင်ပါတယ်ရှင့်
10/08/2023

Yunn Ae collectionက ဂါဝန်လေးနဲ့လှနေတဲ့မီးမီးလေး💘💘
ခုလိုအားပေးတာကျေးဇူးတင်ပါတယ်ရှင့်

ချည်ဖောင်းကြွသားလေးနဲ့ romper လှလှလေး💘💘instockရှိပါတယ်နော် အရောင်လေးကတော့(၂)ရောင်ရပါမယ်ရှင့်ဈေးလေးကတော့ ၁၀၅၀၀ပါပဲနော်  💴...
09/08/2023

ချည်ဖောင်းကြွသားလေးနဲ့ romper လှလှလေး💘💘
instockရှိပါတယ်နော် အရောင်လေးကတော့(၂)ရောင်ရပါမယ်ရှင့်
ဈေးလေးကတော့ ၁၀၅၀၀ပါပဲနော် 💴 💴

ဘေဘီလေးတွေ မွေးစကနေ ၃နှစ်ထိရတဲ့ ချည်ကြိုးထိုးသား ဂါဝန်လေး ခေါင်းပတ်လေးလဲပါပါမယ်နော်ဈေးလေးကတော့၁၂၅၀၀ကျပ်ပါရှင့်
09/08/2023

ဘေဘီလေးတွေ မွေးစကနေ ၃နှစ်ထိရတဲ့
ချည်ကြိုးထိုးသား ဂါဝန်လေး
ခေါင်းပတ်လေးလဲပါပါမယ်နော်
ဈေးလေးကတော့၁၂၅၀၀ကျပ်ပါရှင့်

13/07/2023

ဆရာ စာမရေးဖြစ်တာ အတော်ကြာသွားပြီထင်ပါတယ်
ဒီနေ့တော့ ပြောပြစရာ အကြောင်းအရာလေး
ပေါ်လာလို့ ရေးပါရစေ...
(စာနည်းနည်း ရှည်ပါမယ် သေချာလေး ဖတ်စေချင်ပါတယ်)

(၂)နှစ်အောက် ကလေးသူငယ် အစာကျွေးခြင်းဆိုတာက
ကလေးငယ်တို့ရဲ့ ဘဝအတွက် အရမ်းကို အရေးပါပါတယ်
ကိုယ်ဝန်ဆောင်ချိန်မှ စလို့ မွေးပြီး (၂)နှစ်အတွင်းအချိန်ဟာ
ကလေးတစ်ယောက်ရဲ့ ဉာဏ်ရည် အဖွံ့ဖြိုးဆုံးဖြစ်တဲ့အတွက်
ဆရာတို့က (၆)လထိ မိခင်နို့တစ်မျိုးတည်းတိုက်ဖို့ ၊
(၆)လပြည့်မှ အသက် (၂)နှစ်ထိ ဖြည့်စွက်စာ စနစ်တကျ ကျွေးဖို့
ခဏခဏ ပြောနေရခြင်း ဖြစ်ပါတယ်

မြန်မာ မိခင်အများစုက (၆)လထိ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခြင်းကို အောင်မြင်ကြပါတယ်
သို့ပေမယ့် ဖြည့်စွက်စာ စကျွေးတဲ့အချိန်ကစပြီး
ကလေးက ပွ တဲ့ကလေးပွ၊ ပိန်တဲ့ကလေးပိန်၊ ရောဂါမျိုးစုံ ဝမ်းပျက်ဝမ်းလျောပြီး ဆေးရုံ ဆေးခန်းပြေးရနဲ့
မိခင်တွေ အရမ်းစိတ်ဒုက္ခ ရောက်ကြရတဲ့ အချိန်ပေါ့

ဒါကြောင့်မို့ စနစ်တကျ ဖြည့်စွက်စာကျွေးခြင်းကို
အထူးလိုက်နာပြီး
" စိတ်ပါလက်ပါ တက်ကြွစွာ တုံ့ပြန်ချော့မြူ ကျွေးမွေးပါ" ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်း ကျင့်သုံးကြဖို့ လိုပါပြီ
သို့မှသာ အရပ်ရှည်ပြီး ဉာဏ်ကောင်းတဲ့ အနာဂါတ်ရဲ့ ရင်သွေးငယ်တွေကို ရရှိပိုင်ဆိုင်မှာပါ

ဒီနေ့ အလေးထားပြီး ပြောချင်တာက " ကလေးငယ် စကားမပီခြင်းနဲ့ အစားကျွေးခြင်း အလေ့အထများ " အကြောင်းပါ

ယနေ့ခေတ် ကလေးမိခင်တွေကြားမှာ
ခေတ်စားနေတဲ့ Puréed Foods (အလွယ်ပြောရရင်တော့ ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေကို Blended လုပ်ပြီး ပေါင်းလိုက် ပြုတ်လိုက်ကြတဲ့ အစားအစာတစ်ခုပေါ့) အကြောင်းလေးနဲ့ ဆက်စပ်ပြီး အဓိကထား ပြောပေးသွားပါမယ်

အဲ့ဒီ Purée ဆိုတာကို ယနေ့ခေတ် Feeding Style အနေနဲ့
ခေတ်မှီ အိမ်ရှင်မ အများစုကကျွေးကြပါတယ်
တစ်ချို့လည်း သူများ " ဝါစိမ်းနီ " လို့
လိုက်ပြီးသာ " ဝါစိမ်းနီ " တွေ ရောပြုတ်ကျွေးလိုက်ရတယ် ဆိုတာတွေလည်း ရှိတာပေါ့

ဆရာ့အနေနဲ့ကတော့ လေ့လာသင်ယူထားခဲ့ရတဲ့ စာတွေရယ်
ဆေးရုံဆေးခန်း လူထုကွင်းဆင်းတွေကအတွေ့အကြုံတွေ အရရယ်
ဒါကို ကလေးငယ် ဖြည့်စွက်စာ စတင်ကျွေးချိန်မှ (၈)လလောက်အထိပဲ လက်ခံပေးနိုင်ပါတယ်
ကလေး အသက် (၉) လအရွယ်မှ စပြီး
Chopped Foods လို့ခေါ်တဲ့ နုပ်နုပ်စင်းထားသော အစားအစာတွေကို ကျွေးကို ကျွေးပေးရပါမယ်

မဟုတ်ပဲ ကလေးအသက် (၁)နှစ်ကျော်တဲ့အထိ
ဒီ ဝါစိမ်းနီ Purées တွေပဲ ဆက်ကျွေးနေမယ်ဆိုရင်
မေမေတို့ရဲ့ ကလေးငယ်တွေဟာ
မိခင်စကား မြန်မာလို နဲ့ ကမ္ဘာသုံးစကား English ပီသဖို့ မပြောပါနဲ့
လျှာဖျားလေးနဲ့ ပြောရတဲ့ " အာညာစေးရော် ၊ အိုပါး ဆာဒါးငဲ " တောင် ပီပီသသ ပြောနိုင်ဖို့ မလွယ်ကူပါဘူး

ကလေးငယ်တို့ရဲ့ စကားပြော အင်္ဂါရပ်တွေဟာ
မိခင်ဝမ်းဗိုက်တွင်းမှနေ စတင် ဖွံ့ဖြိုးလာပါတယ်
အသက် (၇)နှစ်အရွယ်ထိတော့ ဆက်လက်ဖွံ့ဖြိုးဆဲ ဖြစ်ပါတယ်
အဲ့ဒီ နှုတ်ခမ်း၊ သွား၊ သွားဖုံး၊ လျှာ၊ လျှာခင်၊ မေးရိုး၊ အာခေါင် စတာတွေ စကားပြောဖို့ရာ
ဘယ်လိုတွေ ဖွံ့ဖြိုးလာသလဲ ???

မွေးပြီးပြီးချင်း မိခင်နို့စတင်တိုက်တဲ့ အချိန်မှာ
ကလေးငယ်ဟာ အောက်နှုတ်ခမ်း၊ သွားဖုံးနဲ့ လျှာကို အသုံးပြုပြီး
လျှာကို ရှေ့တိုးနောက်ဆုတ် ပြုလုပ်ပြီး နို့ရည်ကို မျိုချဖို့ ပြင်ဆင်ရပါတယ် ( မိခင်နို့ မတိုက်တဲ့အခါ ဒါတွေ အလေ့အကျင့်ရဖို့ မလွယ်ကူပါဘူး)
နို့ဆာရင် " အူဝဲ အူဝဲ " လို့ အော်ရပါတယ်
လအနည်းငယ် ရလာတာနဲ့ အညီ
အသံတွေကို လေ့လာပြီး ဝူးဝူးဝါးဝါးတွေ လုပ်နိုင်လာကြပါတယ် (ဒီနေရာမှာ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ်တွေဟာ အလွန်သနားစရာ ကောင်းပါတယ်)

ဒီလိုနဲ့ နှုတ်ခမ်း၊ သွား၊ သွားဖုံး၊ လျှာ၊ လျှာခင်၊ မေးရိုး၊ အာခေါင် စတာတွေကို ပြောင်းလဲ ပြင်ဆင်လာရင်း
သွားငုတ်တုပ် လူငုတ်တုပ်ဆိုတဲ့ (၆)လ အရွယ်မှာ
ကလေးငယ်ဟာ ဝါးဖို့၊ မျိုချဖို့ အတွက် အဆင်သင့်ဖြစ်နေပါပြီ
ဒီအရွယ်မှာ ကလေးကို ဖြည့်စွက်စာ ပျစ်ပျစ်ကို ၁ ဇွန်း ၂ ဇွန်းကနေ စတင်ပြီး တိုး၍ကျွေးပေးရပါတော့မယ်
ဝါးစားလာတာနဲ့ အမျှ စကားပြောအင်္ဂါရပ်တွေ ဖွံ့ဖြိုးလာပြီး
"ဘူး" မှုတ်တယ်လို့ပြောတဲ့ မသဲကွဲတဲ့ အသံတွေ လုပ်နိုင်လာပါတယ်

ဒီနေရာမှာ ကလေးငယ်တွေကို အစာကျွေးတဲ့ အခါ
ပြောင်းလဲရမယ့် နည်းလမ်းအဆင့်ဆင့်ကို
ဖော်ပြပေးလိုပါတယ်
Transitional spoon-feeding ( ဇွန်းဖြင့် ပြုစုစောင့်ရှောက်သူက ကျွေးပေးခြင်း)၊ Self-feeding using a spoon (ကလေးကိုယ်တိုင် ဇွန်းဖြင့် စားစေခြင်း)၊ Chewing /Mastication (သွားဖြင့် ဝါးစေခြင်း)၊ Open cup-drinking (အဝကျယ်ခွက်ဖြင့် သောက်စေခြင်း)၊ Mature self-feeding (ကလေးငယ် ကိုယ်တိုင်စနစ်တကျ စားစေခြင်း) တို့အပြင် နောက်ဆုံးမှာ ကလေးကိုယ်တိုင် အစားအစာမျိုးစုံ အရသာ အပျော့အမာ မျိုးစုံ စားနိုင်တဲ့အထိကို စနစ်တကျ သင်ကြားပေးသွားရပါမယ်

*** ဒီနေရာမှာ တစ်ခုတားမြစ်ချင်တာက ***
အထူးပြုလုပ်ထားတဲ့ Spouted Cup လို့ခေါ်တဲ့ကလေးရေတိုက်တဲ့ခွက်တွေ အသုံးပြုနေကြခြင်းကိုပါ
( Open Cup ကိုမှ နှုတ်ခမ်းလုံးမပါတဲ့ သာမန်ခွက်ပဲ သုံးစေချင်ပါတယ်)
ထို Spouted Cup or Sippy Cup ခွက်တွေက ကလေးငယ်ရဲ့ ပါးစပ်ကို ကျယ်ကျယ် မပွင့်ဟစေတဲ့အပြင်
ထိုအထူးပြုလုပ်ထားတဲ့ ခွက်တွေဟာ ကလေးနှုတ်ခမ်းနဲ့ အံဝင်ဂွင်ကျ ဖြစ်နေတဲ့အတွက် ရေမဖိတ်စေပါဘူး
အဲ့ဒီအခါ နှုတ်ခမ်း၊ သွားဖုံး၊ လျှာတို့ရဲ့ ရေကို မလျှံကြအောင် ထိန်းသိမ်းခြင်း အလေ့အကျင့် စွမ်းရည်ကို မရရှိတော့ပါဘူး
ဒါကလည်း စကားမပီခြင်းကို ဖြစ်စေနိုင်ပါတယ်

အသက် (၇)လမှာ Chewing လို့ခေါ်တဲ့ ဝါးရင်းစုပ်ယူခြင်း ( ဒီနေရာမှစပြီး နှုတ်ခမ်း၊ သွား၊ လျှာ၊ အာခေါင်၊ လျှာခင်တွေ အကြောင်း အသေးစိတ် မရှင်းတော့ပါ) စတင်ပြီး
အစားအစာတွေကိုလည်း လက်ကို သုံးပြီး ပါးစပ်ထဲကောက်ထည့်ကြပါတယ်

(၉) လအရွယ်မှာ Solid Foods တွေ ကောင်းစွာ စားတတ်လာပြီး
ပါးစပ်ကလည်း " မမ၊ ဘဘ၊ ဒဒ " စတာတွေ ပြောနိုင်လာရပါမယ်
ဒါကိုမှ Blended Foods တွေ Purées တွေပဲ ကျွေးနေမယ်ဆိုရင်တော့
ကလေးငယ်ဟာ လိုအပ်တဲ့ စကားပြော အင်္ဂါရပ်တွေ ကောင်းမွန်စွာ မလှုပ်ရှားခဲ့ရတဲ့အတွက်ကြောင့် စကားပီသနိုင်စွမ်း လျော့နည်းမှာပါ

ဒီနေရာမှာ Baby-Led Feeding (အလွယ်ပြောရရင် ကလေးစိတ်ကြိုက် ကိုယ်တိုင်ကိုင်တွယ် စားစေခြင်း) ဆိုတာကို
Active and Responsive Feeding လို့ခေါ်တဲ့
ချော့မြူကျွေးမွေးခြင်းရဲ့ အစိတ်အပိုင်းတစ်ခု အနေနဲ့
မြန်မာ မိခင်တွေ ထည့်သွင်း စဉ်းစားနိုင်ဖို့ ပြောပြပေးချင်ပါတယ်

မြန်မာ မိခင်အများစုဟာ ကလေးညစ်ပတ်မှာစိုးလို့၊ ကလေးသီးသွားမှာ နင်သွားမှာ၊ ဖိတ်စင်မှာ အချိန်တွေကုန်မှာ စသည့်အကြောင်းအမျိုးမျိုးကြောင့် အသက်ကြီးသည်အထိ ခွံ့ကျွေးလေ့ ရှိကြပါတယ်
ဒါမှားယွင်းတဲ့ ဓလေ့တစ်ခုပါ
ကလေးငယ်ကို ကိုယ်ပိုင် ယုံကြည်မှု ထူထောင်နိုင်ဖို့ အခွင့်အရေး ပေးရပါမယ်
သူ့ရဲ့ စိတ်ကြိုက် လွတ်လပ်ခွင့်လေးတွေ ဖန်တီးပေးရပါမယ်
ဒါမှသာ ကလေးက နောက်ပိုင်းအရွယ်တွေမှာ ကိုယ့်အားကိုယ်ကိုးပြီး ဦးဆောင်နိုင်လာမှာပါ

ဆရာတို့ရဲ့ အဓိကရည်ရွယ်ချက်တော့
အသက် (၁၂)လပြည့်ပြီးတဲ့အချိန်မှာ
ကလေးဟာ မိသားစု ထမင်းဝိုင်းမှ အစားအစာကို စားနိုင်နေရပါမယ်
ပြီးတဲ့ အခါ စကားလုံး ၂ လုံးတွဲလေးတွေကို ပီသအောင် ပြောနိုင်ဖို့ပါပဲ

အသက် ၁ နှစ် (၃)လ မှာ ၃လုံးကနေ ၅လုံး ဆက်တိုက်ပြောနိုင်လာရမယ်

(၁) နှစ်ခွဲရင် လူသိများတဲ့စကားလုံးတွေတို့
ခန္ဓာကိုယ် အစိတ်အပိုင်းရဲ့ ၃-၄ ခုတို့ကို ​ပြောပြနိုင်လာရပါမယ်

(၂)နှစ်ပြည့်တဲ့အခါ " မေမေ စားမယ် ၊ သားသား သွားမယ် ၊ ဖေဖေ ချစ်တယ် " ဆိုတာမျိုး (၂)ခုတွဲပြီး သုံးနှုန်းတတ်လာရမယ်
သူပြောနိုင်တဲ့ စကားလုံး အရေအတွက် အမျိုးအမည်တွေက (၅၀) ကျော်ရှိသင့်လာရပါမယ် ...

ကလေး စကားမပီတာဟာ
ကလေးဘဝမှာတော့ ချစ်စရာကောင်းရင် ကောင်းနေပါလိမ့်မယ်
အသက်ကြီးလာရင် စကားမပီတာက ကလေးအတွက် ချို့ယွင်းချက် ဖြစ်လာနိုင်ပါတယ်
မိခင်ဘာသာ စကားကို စကားလုံး မပီသတာဟာ
ဂုဏ်ယူစရာ မဟုတ်ပါဘူး
ထို့အတူ မြန်မာလူမျိုးဟာ English အပြင် တစ်ခြားဘာသာစကား အများစုကို အတော်လေးပီသအောင် ပြောနိုင်ကြတာဟာ ကောင်းခြင်းတစ်ခုပါ

ဒီတော့ မိမိရင်သွေးငယ်ကို ဉာဏ်ရည်ထက်မြက်ပြီး အာဟာရပြည့် ကျန်းမာဖို့ လုပ်ဆောင်ကြတဲ့နေရာမှာ
စကားပီသတဲ့ အရပ်ရှည်ပြီး ဉာဏ်ကောင်းတဲ့ အနာဂါတ်ရဲ့သားကောင်း/သမီးကောင်းတွေ ဖြစ်လာစေဖို့
လွယ်လွယ်နဲ့ Blender ထဲထည့်ပြီးကြိတ် ပြီးတော့မှ ပြန်ပြုတ် ပြန်ပေါင်းတဲ့ အစားအစာတွေကို (၈)လပြည့်တာနဲ့ ရပ်စေချင်ပါတယ်
ဖြစ်နိုင်ရင်တော့ အလွယ်ကျွေးတာတွေရပ်ပြီး ဖြည့်စွက်စာကို သေချာ ချက်ပြုတ် ပြက်ဆင်ကျွေးမွေးကြစေလိုပါတယ်
ဖြည့်စွက်စာကျွေးတယ် ဆိုတဲ့အခါမှာလည်း သရေစာအဖြစ် ဒေသထွက် မုန့်ပဲသရေစာလေးတွေ ရာသီပေါ် အသီးအနှံတွေကို ကလေးစားနိုင်တဲ့ အရွယ်လေးတွေ စီမံပြီး ထည့်ကျွေးဖို့ မမေ့ကြပါနဲ့နော်
#
သားသား မီးမီးတို့ရဲ့
ချစ်တဲ့ လင်းနု (ခ) ဒေါက်တာ ရန်နိုင်အောင်

Address

Mandalay
05013

Telephone

+959777307905

Website

Alerts

Be the first to know and let us send you an email when Yunn Ae -ယွန်းအဲ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yunn Ae -ယွန်းအဲ:

Shortcuts

Share