PP's Box

PP's Box Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PP's Box, Design & Fashion, 23လမ်း/82*83ကြား, Mandalay.

ဆင်ခြေဖုံး ရှေးခေတ်က ဘုရင်တွေဟာစစ်တိုက်ထွက်ရင် ဆင်ကိုသုံးတယ်အကယ်၍ အဲဒီဆင်က ခြေထောက်နာသွားပြီဆိုရင် သုံးမရတော့ဘူးဒီတော့ဆင...
05/06/2024

ဆင်ခြေဖုံး

ရှေးခေတ်က ဘုရင်တွေဟာ
စစ်တိုက်ထွက်ရင် ဆင်ကိုသုံးတယ်

အကယ်၍ အဲဒီဆင်က
ခြေထောက်နာသွားပြီဆိုရင် သုံးမရတော့ဘူး

ဒီတော့
ဆင် ရဲ့ခြေကိုကာကွယ်စောင့်ရှောက်ဖို့
စစ်သည်တော် တွေထားတယ်
ဆင်ခြေဖုံး စစ်သည်တော် လို့ခေါ်ကြတယ်

သူတို့တွေက
အဲ့ဒီ ဆင်အတွက်တော့
အလွန်အရေးပါတယ်

နောက်တော့
မြို့တွေတည်လာတဲ့အခါ
မြို့ ရဲ့ ဘေးနားက ဝန်းရံတဲ့
ရပ်ကွက်တွေကို
မြို့ဆင်ခြေဖုံးရပ်ကွက်တွေလို့ခေါ်တယ်

လက်လုပ်လက်စားလူတန်းစားတွေ
အလုပ်ကြမ်းလုပ်တဲ့သူတွေ
နေကြတာများတယ်
သူတို့လည်းသူ့နေရာနဲ့သူအရေးပါတယ်

လောကကြီးမှာအလုပ်ကြမ်းလုပ်တဲ့သူက
မရှ်ိမဖြစ်အရေးကြီးတယ်
အဲဒီလိုလူတွေ
ဘဝတွေပျက်ပြီး
အလုပ်လက်မဲ့ ဖြစ်ကုန်ရင်
စာရိတ္တတွေပျက်ပြီး
ခိုးဆိုးလုယက်ဘဝရောက်သွားရင်
မြို့ပူပြီ

မြို့ပူရင် နိုင်ငံဆူပြီ

ဆင်ခြေမလုံရင်စစ်ရှုံးနိုင်သလို
ဆင်ခြေဖုံးရပ်ကွက်က
အခြေခံလူတန်းစားကို ဂရုမစိုက်မိရင်
တိုင်းပြည် အထိနာမယ်

တိုင်းပြည်တခု ထူထောင်ဖို့က
အခြေခံ လူတန်းစားက အဓိက ကျတယ်

မယုံမရှိနဲ့
အခုဆို
ဆင်ခြေဖုံးတွေက
တော်တော်တော်လေးပျက်စီးနေပြီ

Credit to Original Owner

That's how creative I was in my childhood
03/06/2024

That's how creative I was in my childhood

23/05/2024

ဆယ်တန်းအောင်တာတွေ အရေးမကြီးဘူး၊ ဘွဲ့ရတာတွေ အရေးမကြီးဘူး ဘဝမှာ စီးပွါး ဖြစ်ဖို့ က အရေးကြီးတယ် ဆိုပြီး Like တွေ၊ Share တွေ အများကြီးရတဲ့ ပို့စ်တစ်ခုတင်ထားတာ တွေ့တော့ လူငယ်တွေ တလွဲ အထင်ရောက်မှာ စိုးမိတယ်။

ဆယ်တန်းမအောင်၊ ဘွဲ့မရလည်း အထိုက်အလျောက် စီးပါွးရေးဖြစ်တာကို တော့ လက်ခံပါတယ်။ ဒါပေမယ့် အတိုင်းတာ တစ်ခုထိပဲ ဖြစ်နိုင်သလို ကိုယ့်ဝန်းကျင်၊ ကိုယ့် အဝန်းအဝိုင်းလေး တစ်ခုတည်းမှာပဲ အိမ်ကျယ် လုပ်နိုင်တာ ပါ။

ကမ္ဘာကြီးဟာ အသိဉာဏ်တွေနဲ့ ၂၁ ရာစုကို ရွေ့နေတယ်။ နည်းပညာတွေက ကမ္ဘာကို ကျဉ်းမြောင်းသွားသလို၊ အရှေ့အနောက်ဖောက်မြင်လာရတယ်။ အသိဉာဏ်ဈေးကွက် က အသိဉာဏ်မဲ့တဲ့ နေရာတွေကို အစားထိုးလာတယ်။ လန်ဒန်က ပစ္စည်းကို မှာမလား၊နယူးယောက်က နာရီလက်ဆောင် ဝယ်ပေးချင်သလား အွန်လိုင်းရှောပင်းတွေ က ဝန်ဆောင်မှုလုပ်လာနေကြတယ်။

အာမေဇွံ(Amazon) ၊ အလီဘာဘာ စတဲ့ အွန်လိုင်းစူပါမားကက် ကြီးတွေက ဘယ်နေရာ ဘယ်ဒေသ မဆို အရည်အသွေးမီတဲ့ ပစ္စည်းတွေကို အိမ်အရောက်ပို့ဆောင်နိုင်ဖို့ အလုအယက် ကြိုးစားနေကြတယ်။

ပညာဆက်မသင်ရင် သို့မဟုတ် ပညာတစ်ဝက်တစ်ပျက်နဲ့ စီးပါွးရေးဆက်သွားမယ်ဆိုရင် ကြီးကျယ်ခမ်းနား တဲ့ ဘဝတွေပိုင်ဆိုင်ဖို့ခဲယဉ်းပါတယ်။

ကမ္ဘာ့ အချမ်းသာဆုံး သူဌေးကြီး ကွန်ပျူတာပညာရှင် ဘီလ်ဂိတ်က ဟားဗတ်တက္ကသိုလ် ပထမနှစ်ကနေ ကျောင်းထွက်ခဲ့တယ်ဆိုပေမယ့် သူသိချင်တဲ့ ဘာသာရပ်တွေ၊ သင်တန်းတွေ ဆက်လေ့လာခဲ့တယ်။ကျောင်းသားတစ်ယောက်လို အဆက်မပြတ်လေ့လာရတာကို သဘောကျတယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောဖူးတယ်။

နောက်တစ်ခုသူပြောသွားတာ စိတ်ဝင်စားဖို့ကောင်းတာ တစ်ခုရှိတယ်။ ငှက်ဖျားကြောင့်၊ နမိုးနီးယာကြောင့် နဲ့တခြား ထူးဆန်းတဲ့ ရောဂါတွေကြာင့် ကမ္ဘာပေါ်မှာကလေးငယ်သန်းပေါင်းများစွာ နှစ်တိုင်း သေဆုံး နေကြတာ ကိုကြည့်ရင် ဆင်းရဲမွဲတေမှု နဲ့ ပညာရေး နိမ့်ပါးမှု ပြဿနာ က အဓိကပဲတဲ့။ အဲဒီအထဲမှာ အမေရိကန်လို နိုင်ငံတွေ မပါဘူး။

ပညာသင်တယ်ဆိုတာ ကိုယ်ချမ်းသာဖို့တစ်ခုတည်းမဟုတ်ဘူးဆိုတာ ဘီလ်ဂိတ်က ထောက်ပြသွားတယ်။ အသိဉာဏ်မဲ့စီးပွါးရေး ရဲ့ နောက်ဆက်တွဲမှာ ကျန်းမာရေး ပြဿနာတွေ ကပ်လိုက်နေတယ်။ ကိုယ်ချမ်းသာဖို့ စီးပါွးဖြစ်ဖို့ပဲ ကြည့်တဲ့ အသိဉာဏ်မဲ့ တဲ့ ကုန်ပစ္စည်းတွေ၊ အစား အသောက်တွေ ဒီနေ့ မြန်မာပြည်မှာ မနည်းဘူး။

မသိခြင်း ရဲ့ ဆိုးကျိုးတွေနဲ့ မြန်မာမျိုးဆက် ကလေး လူငယ်တွေ နေ့စဉ် နေတိုင်း အစာအဆိပ် တွေ စားနေရသလို၊ အသိဉာဏ်မဲ့ တွေးခေါ်မှု အဆိပ်တွေကလည်း လူငယ်တွေရဲ့ ဦးနှောက်နုနု စိတ်နုနုလေးကို နေ့စဉ် အဆိပ်ခပ်ခံနေရတယ်။

အသိဉာဏ်ပညာက သာ ဆင်ခြင်တုံတရားနဲ့ ဆောင်ရန်၊ ရှောင်ရန်ကို သိနိုင်သလို၊ လူမှုရေး၊ စီးပါွးရေး၊ ကျန်းမာရေးတွေမှာလည်း သူတပါး မထိခိုက်နိုင်တဲ့ ယဉ်ကျေးမှု တစ်ခု တည်ဆောက်နိုင်ကြမှာပါ။

လူငယ်တွေ ခေတ်မီတောင့်တင်းတဲ့ နိုင်ငံကို တည်ဆောက်နိုင်တဲ့ ပညာတွေ ထူးချွန်စွာ သင်ယူနိုင်ကြပါစေ။

ဆက်ပါအုံးမယ်။
ချစ်ခင်စွာဖြင့်
Soe Naing
(၂၀၁၉-မေ၂၁)

ဒဂ်ါးပြားတခုရဲ့ မျက်နှာပြင်လိုပါပဲလူတိုင်းမှာ မျက်နှာနှစ်ဖက်ရှိတယ်ကောင်းတဲ့အခြမ်းရယ်/မကောင်းတဲ့အခြမ်းရယ်ငါ့ရဲ့ကောင်းတဲ့အ...
13/05/2024

ဒဂ်ါးပြားတခုရဲ့ မျက်နှာပြင်လိုပါပဲ
လူတိုင်းမှာ မျက်နှာနှစ်ဖက်ရှိတယ်
ကောင်းတဲ့အခြမ်းရယ်/မကောင်းတဲ့အခြမ်းရယ်

ငါ့ရဲ့ကောင်းတဲ့အခြမ်းကိုမြင်တဲ့လူတွေက
ငါ့ကို လူကောင်းလို့ထင်ကြလိမ့်မယ်

ငါရဲ့မကောင်းတဲ့အခြမ်းကိုမြင်တဲ့လူတွေက
ငါ့ကိုမကောင်းတဲ့လူလို့ထင်ကြလိမ့်မယ်

တကယ်ဆို ငါကပုံမှန်ပဲ
ကောင်းကွက်လဲရှိသလို မကောင်းကွက်လဲရှိတယ်
ငါ့ကိုမြင်တဲ့လူတွေရဲ့အမြင်ကပဲ ပြောင်းလဲနေတာ

ဘယ်သူမှတော့ အရမ်းကြီးဖြူစင်မနေဘူး။
#မြူကင်း

ပညာအလင်းရောင်
12/05/2024

ပညာအလင်းရောင်

11/05/2024

ရလာဒ်ကောင်းလိုချင်ရင် Deep Work လုပ်နိုင်ဖို့လိုတယ်

အလုပ်ထဲမှာ ၂ နာရီလုံး ဘယ်မှ စိတ်မပျံ့ပဲ
အာရုံစိုက်နိုင်ဖို့လိုတယ်

တစ်နေ့ ဘယ်ချိန်ကနေ ဘယ်ချိန်ထိ အလုပ်လုပ်တယ် ဆိုတာတွေက အလကားပဲ

တစ်နေ့မှာ ကိုယ် အလုပ်ဘယ်လောက်ပြီးတယ်ဆိုတာကပဲ ကိုယ့်အရည်အချင်း ကိုယ့်အရည်အသွေးကို တိုင်းတာနိုင်တယ်

Crd
Grow up with Soe San

10/05/2024

မိမိကိုယ်ကို ယုံကြည့်ချက် Self Confidence ရှိအောင် ဘယ်လိုလုပ်ရမလဲ

မိမိကိုယ်ကို Self confidence ရှိအောင် လုပ်တဲ့အခါ လူတစ်ယောက်နဲ့ တစ်ယောက် အခြေအနေ အတွေးအခေါ်တန်ဖိုးထားမှုအပေါ်မှုတည်ပြီး ကွာခြားနိုင်ပါတယ် ဒါကြောင့် ယျေဘူယအားဖြင့် စာရေသူသဘောကျပြီး လက်ခံကျင့်သုံးလေ့ရှိတဲ့ သဘောတရားလေးတွေကို မျှဝေပေးပါ့မယ်။ဒါတွေက ဘာတွေလဲဆိုတော့

(1)မိမိရဲ့ အောင်မြင်မှုတွေကို သတိရပါ

မိမိအောင်မြင်ခဲ့ဖူးတဲ့ အရာတွေကို သတိရပြီးတန်းဖိုးထားပါ ကိုယ့်ဘဝမှာ အဆင့်ဆင့် ကိုယ်ဘာတွေလုပ်နိုင်ခဲ့ဖူးတယ် ငါဟာ အလကားလူမဟုတ်ဘူး လုပ်နိုင်ကိုင်နိုင်ခဲ့ဖူးတယ်ဆိုတဲ့ အရင်က အောင်မြင်ခဲ့တာတွေနဲ့ ပြန်ပြီး မိမိရဲ့တန်ဖိုးကို နားလည်မှတ်သားပါ။

(2)တခြားဘယ်သူကို မလိုအပ်ပဲ အထင်မကြီးပါနဲ့

လူတော်တော်များများဟာ ကိုယ်နဲ့ တခြားသူတွေဖြစ်တဲ့ သူငယ်ချင်းမိတ်ဆွေတွေ နဲ့ နှိုင်းယှဥ်ပြီး တခြားသူတွေကို အထင်ကြီးပြီး မိမိကိုယ်ကို သိမ်ငယ်တက်ပါတယ် တခြားသူတွေက အရမ်းချမ်းသာပြီး အရှိန်အဝါတွေလာပြနေပြီဆိုရင် သွားပြီး အထင်မကြီးပါနဲ့ ကိုယ်ကို တပြားမှမပေးပဲ လာကြွားနေတာကို အထင်မကြီးပါနဲ့ နောက် သူအောင်မြင်တာတွေလာကြွားနေရင် အထင်မကြီးပါနဲ့ အဓိက မှတ်ယူရမှာ သူဘာသာ ဘာကောင်ကြီးဖြစ်ဖြစ် ကိုယ့်အတွက်ကောင်းကျိုးမပေးရင် အထင်မကြီးပဲ မိမိလုပ်မှ မိမိရမှာ ဆိုတဲ့ စိတ်မွေးပါ ဒီအတွက် ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်ရမယ်ဆိုတာကို နားလည်ရပါမယ် သူများအထင်ကြီးပြီး မိမိကိုယ်ကို သိမ်ငယ်အောင်မလုပ်ပါနဲ့ ။

(3)ရည်းမှန်းချက်ကြီးကြီးထားပြီး ဒီအတွက် အလုပ်ဖြစ်တဲ့ ပညာရပ်တစ်ခုကို လေ့လာပါ

စာရေးသူငယ်ငယ် တက္ကသိုလ်တက်နေတဲ့အချိန်လောက်က motivationတက်အောင် တက်ကြမ်းစာအုပ်တွေ အများကြီး ဖတ်ပါတယ် တက်ကြမ်းတွေဖတ်ပြီး လုပ်မယ် ကိုင်မယ် ချမယ်ဆိုပြီး ဖြစ်သွားလိုက် ရက်အနည်းငယ်ကြာတော့ အားပြန်လျော့သွားလိုက် တက်ကြမ်းတွေဖတ်လိုက် လုပ်မယ်ကိုင်မယ်တွေးလိုက် စိတ်ပြန်လျော့သွားလိုက်နဲ့ ကိုယ်ဘာသာပြန်သုံးသပ်တော့ ငါဘားမှလည်း သိပ်မထူးပါလားပေါ့ ဒါနဲ့ တက်ကြမ်းတွေ ဖတ်တာလျော့ပြီး ကိုယ့်ရဲ့ ရည်မှန်ချက်က ဘာဖြစ်ချင်တာလဲကို သေချာပြန်မေးတယ် နောက် ၁၀နှစ် နှစ်၂၀မှာ ကိုယ်က ဘာဖြစ်ချင်တာလဲဆိုတာကို ချရေးပါတယ် ကိုယ်ဖြစ်ချင်တာကို သိသွားတဲ့အခါ ဒီအတွက် business management ကိုစပြီး နေကော ညပါ စာမျက်နှာ၈၀၀ လောက်ရှိတဲ့ စာအုပ်တွေ အုပ်၁၀၀ကျော်လောက်ကို သင်တန်းတွေတက်ရင်း ဖတ်ခဲ့ပါတယ်။ဒါနဲ့ အလုပ်စလုပ်တော့ အဲ့တုန်းက လွန်ခဲ့တဲ့ ၈နှစ်လောက်က တစ်လ လစာ ၅သိန်းခွဲ ၆သိန်းလောက်နဲ့ အလုပ်စဝင်ခဲ့ပါတယ် အလုပ်ထဲရောက်တော့ ကိုယ့်ရည်မှန်းချက်ကို အာရုံစိုက်တယ် အလုပ်မှာ တခြားသူတွေကို တက်နိုင်သလော်ကူညီတယ် ကောင်းတဲ့လူတွေ တွေ့သလို မကောင်းတဲ့လူတွေနဲ့လည်း တွေ့ခဲ့ရပါတယ် ကိုယ့်ရည်မှန်းချက်ကိုပဲ အဓိကထားပြီး အတွေ့အကြုံရအောင်ယူတယ် ငါအလုပ်လုပ်တာ စားခွက်လုဖို့လာတာမဟုတ်ဘူး ဆိုပြီး စိတ်ထဲအမြဲမှတ်ထားပြီး အလုပ်ထဲခြေထိုးတာမျိုးတွေ လုံးဝမလုပ်ပါဘူး ဒါနဲ့ နောက် manager ဖြစ်လာခဲ့ပါတယ် အခုတော့ မိမိရည်မှန်းချက်အတွက် လုပ်နေပါပြီ ဒီအလုပ်တွေကရတဲ့ အတွေ့အကြုံတွေနဲ့ပါ။ဒါကြောင့် ရည်မှန်းချက်ထားပြီး ပညာတစ်ခုကို သေချာလေ့လာထားရင် မိမိကိုယ်ကို ယုံကြည်ချက် self confidence အပြည့်အဝရှိမှာ ဖြစ်ပါတယ်။

(၄)မလိုအပ်ပဲ ကြိုမတွေးပါနဲ့

တခါတလေး မလိုအပ်ပဲ တချို့အရာတွေကို အရမ်းကြိုတွေးတဲ့ အခါ စိတ်ဓာတ်တွေကျသွားတက်ပါတယ် စိတ်ဓာတ်တွေကျသွားရင် လုပ်ချင်ကိုင်ချင်စိတ်တွေ လျော့လာပြီး မိမိကိုယ်ကို ယုံကြည်ချက်တွေ လျော့ပါလာပါတယ် လုပ်လည်း မထူးတော့ဘူးဆိုပြီး ဖြစ်တက်ပါတယ် ဒါကြောင့် ကိုယ်ထိန်းချုပ်control လုပ်လို့မရတဲ့ တချို့အရာတွေကို ကြိုမတွေးပါနဲ့ ဒါပေမယ့် ကြိုတွေးပြီး ကြိုတင်ပြင်ဆင်ကာကွယ်မှုလိုအပ်တဲ့အရာတွေကိုတော့ လုပ်ရမှာဖြစ်ပါတယ်။ဘယ်အရာတွေက မိမိအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာကို ပါးပါးနပ်နပ် နားလည်ဖို့လိုပါတယ်။

(၅) လူတွေရဲ့ အမြင်ကို အရမ်းကြီး ဂရုမစိုက်ပါနဲ့

တခြားသူတွေက ကိုယ်ကို အကောင်းမြင်ပါ့မလား ဘယ်လိုမြင်မလဲ ဆိုတာတွေကို တွေးပူတာမျိုးမလုပ်ပါနဲ့ သင့်ရည်မှန်းချက်အတွက်သင်လုပ်နေတာ သူများဖြစ်ချင်တာ လိုက်လုပ်ပေးတာ မဟုတ်တဲ့အတွက် ကိုယ်လုပ်တာ မှန်ကန်ရင် သူများအမြင်ကို ဂရုမစိုက်ပါနဲ့ ကိုယ်လုပ်စရာရှိတာကို ကိုယ်လုပ်ရမှာဖြစ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။
Myint Maung Maung Tun

04/05/2024

ခင်မင်မှု့ သူငယ်ချင်းစက်ဝိုင်းက အသက်ကြီးလာလေ တဖြည်ဖြည့် ကျဉ်းလာလေပဲ
လိုတာထက်ပို စကားမပြောချင်တော့တာတွေ
လိုတာထက်ပို သည်းမခံချင်တော့တာတွေ
ကိုယ့်စိတ်ဓာတ်နဲ့မကိုက်ညီတဲ့အခါ ရှည်ရှည်ဝေးဝေးပြောမနေပဲ ဒဲ့ရှောင်တက်လာတာတွေကြောင့် အရင်ကလို ငါ့သူငယ်ချင်းလေ လို့ လက်ညှိုးထိုးပြစရာ များများ စားစား မရှိတော့ဘူး
ဒါကြောင့် တစ်ယောက်ထဲ ဝင်လာရတဲ့ လူ့လောကမှာ တစ်ယောက်ထဲ ပြန်ထွက်သွားနိုင်ဖို့ စိတ်ကိုပြင်ဆင်ရင်း
အနားမှာကျန်နေတဲ့ လူနည်းစုအတွက်ပဲ အချိန်ကိုပေးဖြစ်တော့တယ်
'sbox

28/04/2024

မေတ္တာသုတ်ကို နားလည်ပြီးမှ ရွတ်ရတာ
ပိုအကျိုးရှိမယ်ထင်လို့ပါ။

မေတ္တာသုတ် အကြောင်း
◾◽◾◽◾◽◾
ဗုဒ္ဓဘာသာတိုင်း သိထားသင့်သော
မေတ္တာသုတ် ၊ အဓိပ္ပါယ်နဲ့ ပွားများခြင်း အကျိုးကျေးဇူးများ နှင့်
မေတ္တာသုတ်ကျင့်သူများ လိုက်နာရန် များကို တင်ပြလိုက်ပါတယ်။

၁။ယဿာနုဘာဝတော ယက္ခာ၊
နေ၀ ဒေဿန္တိ ဘီသနံ။
ယဥှိ စေဝါနုယုဉ္ဇန္တော၊
ရတ္တိန္ဒိ၀ မတန္ဒိတော။

**မေတ္တသုတ်ပရိတ်တော်၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် ကြမ်းတမ်းခက်ထန်သော ဘီလူး သရဲစသော နာနာဘာ၀တို့သည် မခြောက်လှန့်နိုင်ကြကုန်၊ ယင်းသုတ်ကို နေ့ညမပြတ် ရွတ်ဖတ်သရဇ္စျာယ်သောသူသည်...

၂။ သုခံ သုပတိ သုတ္တော စ၊
ပါပံ ကိဉ်စိ န ပဿတိ။
ဧ၀မာဒိ ဂုဏူပတေံ။
ပရိတ္တံ တံ ဘဏာမ ဟေ။

**ချမ်းသာစွာ အိပ်ပျော်ခြင်း၊ အိပ်နေစဉ်လည်း အိပ်မက်ဆိုးများ မမြင်မက်ခြင်းစသော အကျိုးဂုဏ်များရှိသောကြောင့် - အို သူတော်ကောင်းအပေါင်းတို့ ငါတို့ ရွတ်ဆိုကြပါစို့…

၃။ကရဏီယ မတ်ထကုသလနေ၊
ယန်တ သန်တံ ပဒံ အဘိသမစ်ေစ။
သက္ကော ဥဇူ စ သုဟုဇူ စ၊
သုဝစော စဿ မုဒု အနတိမာနိ၊

**အကျိုးစီးပွားလိုလား၍ လိမ္မာကျွမ်းကျင်သောအမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့သည် ငြိမ်သက်အေးချမ်းသော နိဗ္ဗာန်၏ ဂုဏ်တို့ကို အာရုံပြုကာ ယခုကဲ့သို့မေတ္တာပွားမှုကို ပြုသင့်ပါပေ၏၊ ထိုသို့ မေတ္တာပွားလိုသူသည် တစိုက်မတ်မတ်စွမ်းနိုင်အောင် ပွားများအပ်၏၊ ကိုယ်စိတ်နှစ်ပါး ရိုးသားဖြောင့်မတ်သင့်၏၊ အလွန် ရိုးဖြောင့်သူ ဖြစ်သင့်၏၊ ဆုံးမလွယ်သူ၊ သူတပါး၏စကားကို နာခံလွယ်သူဖြစ်ပြီး ကိုယ်နှုတ်နှလုံး သိမ်မွေ့ကာ ကိုယ့်ကိုယ်ကို အထင်ကြီးခြင်းမာန်မာနလဲ မထားသင့်ပေ။

၄။ သန္တုဿကော စ သုဘရော စ၊
အပ်ပကိစ်စော စ သလ်လဟုကဝုတ်တိ။
သန္တိနြ္ဒိယော စ နိပကော စ၊
အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။

**စားသောက်စရာ၊ နေစရာအရာရာတို့တွင် ရှိသမျှဖြင့် တင်းတိမ်ရောင့်ရဲလွယ်သူ ဖြစ်သင့်၏၊ ကိုယ့်၀မ်းတခါးအတွက် လွယ်လင့်တကူပေ့ါပါးစွာ အသက်မွေးနိုင်သူလည်း ဖြစ်သင့်၏၊ အပိုဗာဟိရ ကိစ္စ နည်းပါးနိုင်သလောက် ကျင့်သုံးသင့်၏၊ စိတ်သွားတိုင်းကိုယ်ပါနေသကဲ့သို့ ဖြစ်သင့်၏၊ ထို့ပြင်သာမက မျက်စိ၊ နားစသော ဣနြေ္ဒငါးပါးကို ထိန်းသိမ်းသူ၊ တည်ငြိမ်ရင့်ကျက်သူ၊ ဥာဏ်ပညာဖြင့် ချင့်ချိန်နိုင်သူလည်း ဖြစ်သင့်၏၊ ကိုယ့်နင့်ဆက်စပ်သော သူအားလုံးတို့အပေါ်၌ တွယ်တာမနေသင့်ပေ။

၅။န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊
ယေန ဝိညူ ပရေ ဥပ ဝဒေယျုံ။
သုခိနော၀ ခေမိနော ဟောန္တု၊
သဗ်ဗသတ်တာ ဘ၀န်တု သုခိတတ်တာ။

**ရှေးရှေးသော ပညာရှိတို့ ကဲ့ရဲ့အပ်သော မကောင်းမှုမှန်သမျှ အသေးအမွှားလေးကအစ ဘာတစ်ခုမျှ မပြုလုပ်ပါစေကုန်လင့်၊ သတ္တဝါအားလုံးတို့သည် ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ၍ ချမ်းသာကြပါစေသတည်း၊ ဘေးရန်ကင်းကွာ ချမ်းသာစွာ နေနိုင်ကြပါစေသတည်း၊

၆။ ယေ ကစေိ ပါဏဘူတတ်ထိ၊
တသာ ဝါ ထာ၀ရာ၀ နဝသေသာ။
ဒီဃာ ဝါ ယေ၀ မဟန္တာ၊
မဇ္စျိမာ ရဿကာ အဏုက ထူလာ။

**ထွက်သက်၀င်သက် အသက်ရှုနေကြသော သတ္တဝါမှန်သမျှ၊ ကြောက်ရွံ့ထိတ်လန့်တတ်ကြသောရဟန္တာမဖြစ်ကြသေးသော သတ္တဝါများ၊ မကြောက်မရွံ့့ တည်ကြည်ငြိမ်သက်ကြသော ရဟန္တာမထေရ်မြတ်ကြီးများ၊ ခန္ဓာကိုယ်ရှည်လျားသော သတ္တဝါ၊ ခန္ဓာကိုယ်ကြီးမားသော သတ္တဝါ၊ မရှည်မတို၊ မကြီး မသေး အလယ်အလတ်ဖြစ်ကြသော သတ္တဝါ၊ ခန္ဓာကိုယ် ဆူဖြိုးသောသတ္တဝါ၊ အားဖြင့် နောက်ဆုံး အဏုမြူတမျှ သေးငယ်ကုန်သော သတ္တဝါတွေအပါအ၀င် အားလုံးတို့သည် ဘေးရန်မရှိ ချမ်းသာပကတိရှိကြပါစေ …

၇။ ဒိဋ္ဌာ ဝါ ယေ၀ အဒိဋ္ဌာ၊
ယေ၀ ဒူရေ ၀သန္တိ အဝိဒူရေ။
ဘူတာ၀ သမ္ဘဝေသီ၀၊
သဗ်ဗသတ်တာ ဘ၀န်တု သုခိတတ်တာ။

**မျက်စိဖြင့် မြင်နိုင်သောမြင်ဖူးသောသတ္တဝါ၊ မမြင်နိုင်သော၊ မမြင်ဖူးသောသတ္တဝါ၊ ကျွနုပ် အဝေးမှာ ရှိနေသော၊ အနီးနားမှာ ရှိနေသော၊ မနီးမဝေးမှာ ရှိနေသောသတ္တဝါများ၊ နောင်ဘ၀မဖြစ်ရတော့သည့် ရဟန္တာစသော သူတော်ကောင်းတို့သည်၄င်း၊ နောင်ဘဝြဖစ်ကြအုံးမည့် ပုထုဇဉ် သေက္ခစသော သတ္တဝါအားလုံးတို့သည်၄င်း ဘေးရန်ကင်းကွာ ချမ်းသာကြပါစေကုန်သတည်း၊

၈။ န ပရော ပရံ နိကုဗ္ဗေထ၊
နာတိမညထေ ကတ်ထစိ န ကဉ်စိ။
ဗျာရောသနာ ပဋိဃသည၊
နာည မညဿ ဒုတ္ခ မိစ္ဆေယျ။

**တစ်ယောက်ယောက်က တစ်ယောက်ယောက်ကို၊ တိရိစ္ဆာန်တကောင်က တစ်ကောင်ကို ဘယ်လိုအကြောင်းကြောင့်မျှ၊ ဘယ်နေရာမှာမဆို၊ စဉ်းလဲကောက်ကျစ်မကောင်းကြံခြင်း၊ မာန်မာနထောင်လွှားကာ မထီမဲ့မြင် မပြုကြပါစေလင့်။
ကိုယ်နှုတ်တို့ဖြင့် စော်ကားပုတ်ခတ်ခြင်း၊ ဒေါသအာဃာတဖြင့် အချင်းချင်း သူတပါးဒုက္ခရောက်သည်ကို အလိုမရှိကြပါစေကုန်လင့်။

၉။မာတာ ယထာ နိယံပုတ်တ၊
မာယုသာ ဧကပုတ္တ မနုရက္ခေ။
ဧ၀မ္ပိ သဗ္ဗဘူတေသု၊
မာနသံ ဘာဝယေ အပရိမာဏံ။

**တစ်ဦးတည်းသော သားရှိသော မိခင်သည် မိမိသားအပေါ် ဘေးရန်မကျရောက်အောင် အသက်ပေးကာ စောင့်ရှောက်သကဲ့သို့ အကျိုးကျေးဇူးအနန္တများပြားလှသော မေတ္တာစိတ်ကို သတ္တဝါအားလုံးတို့အပေါ်တွင် ဖြန့်ကျက်နေနိုင်ကြပါစေ..

၁၀။မတ်ေတဉ်စ သဗ်ဗလောကသ်မိ ံ၊
မာနသံ ဘာဝယေ အပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊
အသမ်ဗာဓံ အဝရေ မသပတ်တံ။

**အထက်ဘ၀ဂ် အရူပဗြဟ္မာ့ဘုံတိုင်အောင်၊ အောက်အဝီစိအပါယ်ဘုံတိုင်အောင်၊ အလယ်အလတ် လူ့ဘုံ၊ နတ်ပြည်ခြောက်ထပ်၊ ရူပဗြဟ္မာ့ဘုံ အပါအ၀င် နေရာမလပ် အကျိုးအနန္တများပြားလှသော၊ အတိုင်းအဆပမာဏ မရေတွက်နိုင်သော မေတ္တာစိတ်ကို ပွားများနိုင်ကြပါစေ၊ အပိုင်းအခြားလွတ်ကင်း ကျဉ်းမြောင်းခြင်းမရှိ၊ ကိုယ်တွင်းဘေးရန်လဲ မရှိ၊ ပြင်ပရန်သူလဲ မရှိပဲ အေးချမ်းစွာ နေနိုင်ကြပါစေသတည်း၊

၁၁။ တိဋ္ဌံ စရံ နိသိန္နော ၀၊
သယာနော ယာ၀တာဿ ဝီတမိဒ္ဓေါ။
ဧတံ သတိံ အဓိဋ္ဌေယျ၊
ဗွဟ်မ မတေံ ဝိဟာရ မိဓ မာဟု၊

**ရပ်နေစဉ်၊ လမ်းလျောက်နေစဉ်၊ ထိုင်နေစဉ်၊ ခန္ဓာကိုယ်လဲလျောင်းနေစဉ် ဘယ်အချိန်မှာမဆို စိတ်ပျံ့လွင့်မှုကင်း ကြည်လင်ရွှင်ပြစွာဖြင့် မေတ္တာစိတ်နှင့်ယှဉ်သော သတိကို ထားနိုင်ကြပါစေ.. ထိုကဲ့သို့ မေတ္တာစိတ် ဖြန့်ကျက်ကာ နေခြင်းကိုပင် မြင့်မြတ်သော ဗြဟ္မာကြီးတို့၏ နေထိုင်ခြင်း ဗြဟ္မဝိဟာရဟူ၍ ပညာရှိအပေါင်းတို့ ဆိုကြပေ၏။

၁၂။ ဒိဋ္ဌိဉ္စ အနု ပဂ္ဂမ္မ၊
သီလဝါ ဒဿနေန သမ္ပန္နော။
ကာမေသု ဝိနယ ဂေဓံ၊
န ဟိ ဇာတု ဂ ဗ္ဘသေယျ ပုန ရေတိ။
မတ်ေတသုတ်တံ နိဋ်ဌိတံ။

**အမြဲမပြတ် မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းပွားများလေ့ ရှိသူသည်၊ အယူလွဲမှား ဖောက်ပြန်သောဘ၀သို့ မရောက်နိုင်တော့ပဲ လောကုတ္တရာ သီလများနှင့် ပြည့်စုံပြီး မဂ်ဥာဏ်ဖိုလ်ဥာဏ်များကိုပင်မျက်မှောက်ပြုရတတ်သည်၊ သက်ရှိ၊ သက်မဲ့ ၀တ္တုအာရုံ ကာမဂုဏ်ငါးပါးတို့၌ မက်မောတွယ်တာမှုများ ကင်းကွာကာ နောင်တဖန် ပဋိသန္ဓေတည်နေရခြင်း ဇာတိဒုက္ခကိုပင် မခံစားရတော့ပေ။
(မေတ္တာသုတ် မြန်မာပြန်အဓိပ္ပါယ် ပြီးပါပြီ)

“မေတ္တာအကျိုး ( ၁၁ )မျိုး”
===============
၁။ ချမ်းချမ်းသာသာ အိပ်ပျော်ခြင်း၊
၂။ ရွှင်ရွှင်ပြပြ အိပ်ရာနိုးခြင်း၊
၃။ မကောင်းသော အိပ်မက်ဆိုးများ မမက်ခြင်း၊
၄။ ပတ်၀န်းကျင်မှ လူများ၏ချစ်ခင်မှု ရရှိခြင်း၊
၅။ လူမှတပါး အခြားသော ပရလောကမှပုဂ္ဂိုလ်များ ချစ်ခင်ခြင်း၊
၆။ ဘုန်းတန်ခိုးကြီးမားသော နတ်ဗြဟ္မာများ စောင့်ရှောက်မှု ခံရခြင်း၊
၇။ မီးဘေး၊ အဆိပ်ဘေး၊ ဒုတ် ၊ ဓားလက်နက် မှန်သမျှ မထိရောက်နိုင်၊
၈။ ကမ္မဋ္ဌာန်းတခုခုကို အာရုံပြုလျင် စိတ်တည်ကြည် သမာဓိရလွယ်ခြင်း၊
၉။ မေတ္တာစိတ်ကြောင့် အမြဲတမ်း မျက်နှာကြည်လင်နေခြင်း၊
၁၀။ သေခါနီး၀ယ် ကြည်ကြည်လင်လင် ရွှင်ရွှင်ပြပြ သေနိုင်ခြင်း၊
၁၁။ ယခုဘ၀တွင် မဂ်ဖိုလ်မရလျင်တောင် မေတ္တာစျာန်ဖြင့် ဗြဟ္မာ့ပြည်ရောက်ရှိနိုင်ခြင်း၊

( မေတ္တာအကျိုး ဆောင်ပုဒ် )
မေတ္တာဂုဏ်ရည် , ဆယ့်တစ်လီကား , အညီသတ္တဝါ , မလပ်ပါအောင် , ခါခါနေ့စဉ် , မေတ္တာယှဉ်မှု , ကြည်လင်အိပ်ပျော် ထချိန်တော်၍ , နိုးသော် ရွှင်ရွှင် , အိမ်မက်မြင်လည်း , အစဉ်ကောင်းစွာ , မြင်မက်ရာ၏ ။ ပြည်ရွာလူသား , နတ်အများလည်း , မြင်ကြားသမျှ , ချစ်ခင်ကြသဖြင့် , ဒေဝထွေထွေ စောင့်ရှောက်လေ၏ ။ မီး , ရေ , ခိုးသူ , များရန်သူလည်း , မယူမဖျက် , မနှောက်ယှက်တည်း ။ စိတ်ဓာတ်လည်းတည် , မျက်နှာကြည်၍ , သေမည်ခါချဉ်း , တွေဝေကင်း၏ ။ မှန်းရင်းဓမ္မ , မဂ်မရလည်း , စျာန်ရလေလစ် , ဗြဟ္မာဖြစ်သည် ... ဆယ့်တစ်မေတ္တာအကျိုးတည်း

“မေတ္တသုတ်တော်လာ လိုက်နာသင့်ဖွယ် ( ၁၅ )ချက်”
=============================
၁။ သက္ကောစ= တစိုက်မတ်မတ်စွမ်းနိုင်အောင် ပွားများအပ်၏၊
၂။ ဥဇု စ= ကိုယ်နှုတ်နှစ်ပါး ရိုးသားဖြောင့်မတ်သင့်သည်၊
၃။ သုဟုဇု စ= သာမာန်မဟုတ်ပဲ အလွန်ကောင်းစွာ ဖြောင့်မတ်သင့်၏။
၄။ သုဝစော စ= ဆိုဆုံးမ လွယ်သူဖြစ်သင့်၏၊
၅။ မုဒု စ= စိတ်ထား နူးညံ့သိမ်မွေ့သင့်၏၊

၆။ အနတိမာနီ စ= ကိုယ့်ကိုယ်ကို အထင်ကြီးခြင်း၊ သူတပါးကို အထင်သေးခြင်း မာန်မာန မထားသင့်ရာ၊
၇။ သန္တုဿကော စ= ရောင့်ရဲလွယ်သင့်သည်၊
၈။ သုဘရော စ=အသက်မွေးမှုအတွက် မွေးမြူလွယ်သင့်သည်၊
၉။ အပ္ပကိစ္စော စ= အမှုကိစ္စ မှန်သမျှ နည်းပါးသင့်၏၊
၁၀။ သလ္လဟုကဝုတ္တိ စ= ပေါ့ပါးသော အသက်မွေးခြင်းလဲ ရှိသင့်၏၊

၁၁။ သန္တိနြ္ဒိယော စ= ငြိမ်သက်သော ဣနြေ္ဒရှိသင့်၏၊
၁၂။ နိပကော စ= ရင့်ကျက်သော တည်ငြိမ်သော ပညာဥာဏ်လဲ ရှိသင့်၏၊
၁၃။ အပ္ပဂဗ္ဘော= ကိုယ်နှုတ်နှလုံး ကြမ်းတမ်းခြင်း မရှိရာ။
၁၄။ ကုလေသု အနနု ဂိဒ္ဓေါ= အမျိုးလေးပါးတို့၌ တပ်မက်မှုမရှိသင့်ပေ၊
၁၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ - ဒုစရိုက်ကို အနည်းငယ်မျှလည်း မပြုကျင့်ရာ။

ထိုသို့လိုက်နာကျင့်သုံးလျှင် မေတ္တာစျာန်ဖြင့်
ဗြဟ္မာ့ပြည်ရောက်ရှိနိုင်ခြင်း၊

Special Thanks for your precious post – “ဗုဒ္ဓဘာသာစောင့်ရှောက်သူများအသင်း”

Credit: နှလုံးသားအာဟာရ

03/04/2024

သူများတွေထက် နောက်ကျကျန်နေပြီဆိုပြီး ကိုယ့်ကိုကိုယ် pressure ပေး ကြိုးစားတာလဲ ကောင်းပါတယ်။but you know, everything doesn't depend on your effort တစ်ခါတစ်လေ ဘာမှမလုပ်ပဲနားနေလို့လဲ ရပါတယ် :) စိတ်ထဲ နေမပျော်ရင် Your achievements mean nothing to you..

02/04/2024

မိန်းကလေးတွေ သတိထားဖို့ပါ သံညှပ်ကလစ်တွယ်တဲ့အခါ အသက်အန္တရာယ်တောင် စိုးရိမ်ရပါတယ်ရှင့်😢

.ဆရာကြီးအောင်သင်းကဆရာဝန်လောင်းတွေကိုစာသင်ခန်းထဲမှာမေးတာ"မင်းတို့လူနဲ့တိရစ္ဆာန်ဘယ်သူကသာသလဲကွ"သူတို့လဲဘယ်ညံ့မလဲ တဲ့"ဒါတော့...
01/03/2024

.
ဆရာကြီးအောင်သင်းက
ဆရာဝန်လောင်းတွေကိုစာသင်ခန်းထဲမှာမေးတာ

"မင်းတို့လူနဲ့တိရစ္ဆာန်ဘယ်သူကသာသလဲကွ"

သူတို့လဲဘယ်ညံ့မလဲ တဲ့
"ဒါတော့ဆရာရယ် လူကသာတာပေါ့" တဲ့

"နေရာတကာသာသလား"? ဆိုတော့
သူတို့ငိုင်သွားကြတယ်

"ကောင်းပြီ လူကသာတယ်ဆိုရင် မင်းတို့
ဆင်နဲ့ ဘယ်ကောင်လွန်ဆွဲရဲသလဲ
ငါးနဲ့ ဘယ်ကောင်ရေကူးပြိုင်မလဲ
မြင်းတို့သမင်တို့နဲ့ ဘယ်ကောင်အပြေးပြိုင်ဝံ့လဲ"
ဆိုတော့ ငြိမ်နေကြတယ်တဲ့၊

"အေး လူမှာ တိရစ္ဆာန်ထက်သာတဲ့အချက်
(၃)မျိုးရှိတယ်

၁။ အလှအပကိုဖန်တည်းတတ်ခြင်း ခံစားတတ်
ခြင်း
၂။ ကိုယ်ကျင့်တရားရှိခြင်း
၃။ ကြောင်းကျိုးဥာဏ်ပညာကြီးခြင်း

(၃) ကနေပြန်ပြောမယ်
ကြောင်းကျိုးဥာဏ်ပညာဆိုရာမှာ
ဘယ်တိရစ္ဆာန်မှာမှမရှိဘူး လူမှာဘဲရှိတယ်၊

(၂) ကိုယ်ကျင့်တရားမှာလဲ လူမှာဘဲရှိတယ်

ကျားတစ်ကောင်က သမင်မကြီးကို
"ငါဒီသမင်မကြီးကိုသတ်စားလိုက်ရင်
သူ့သားသမီးလေးတွေ မိတဆိုးဖြစ်ရှာရဲ့လို့
ဘယ်တော့မှမတွေးဘူးကွ"

အလှအပကိုဖန်တည်းတတ်တာလဲ လူဘဲ
အလှအပကိုခံစားတတ်တာလဲ လူဘဲ
ရယ်တတ်တာလဲ လူဘဲ
ရယ်စရာကောင်းတာလဲ လူဘဲ

ဘယ်တိရစ္ဆာန်မှ မရယ်တတ်ဘူး
တီကောင်တို့ ပက်ကျိတို့ မရယ်တတ်ဘူး
ခွေး အမြီးနှံ့ခြင်နှံ့မယ် မရယ်တတ်ဘူး

လူမှာ အဲ့သလိုကြောင်းကျိုးဥာဏ်ပညာရှိလို့

အားကြီးပါတယ်ဆိုတဲ့ဆင်ကို
ထူးခတ်ပြီးတော့ ပေါက်ချွန်းနဲ့ပေါက်ပြီး သစ်ဆွဲ
ခိုင်းတယ်

ရေကူးတော်တဲ့ငါးကို မျှားပြီးတော့ ဖမ်းပြီးစား
တယ်
သမင်ကို ဖမ်းပြီးစားတယ်
မြင်းကို ကြိုးတပ်ပြီးတော့ တက်စီးတယ်

ပြောခြင်တာက
လူမှန်ရင် ကြောင်းကျိုးဥာဏ်ပညာရှိရတယ်။

လွန်ခဲ့သော နှစ် ၂၀ ခန့်မှ
ဆရာအောင်သင်းရဲ့
ယနေ့လူငယ်နှင့်ယနေ့ရသစာပေအခွေမှ


Address

23လမ်း/82*83ကြား
Mandalay

Website

Alerts

Be the first to know and let us send you an email when PP's Box posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share