SiSi Visual Journey

SiSi Visual Journey Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SiSi Visual Journey, Design & Fashion, Mandalay.

🖤Si Si အကြောင်း
13/01/2024

🖤Si Si အကြောင်း

🦋❤️နှလုံးသားထဲက ပုဂံ❤️🦋
14/10/2023

🦋❤️နှလုံးသားထဲက ပုဂံ❤️🦋

❤️အနုပညာကို ချစ်မြတ်နိုးသူတိုင်း ကြည့်ထားသင့်တဲ့ဂန္တဝင်မြောက် ရုပ်ရှင်ဇာတ်ကားတစ်ကားအကြောင်း ----------------------------...
12/10/2023

❤️အနုပညာကို ချစ်မြတ်နိုးသူတိုင်း ကြည့်ထားသင့်တဲ့
ဂန္တဝင်မြောက် ရုပ်ရှင်ဇာတ်ကားတစ်ကားအကြောင်း
---------------------------------------------

🎥 ဒီရုပ်ရှင်က အနုပညာကို ခံစားတတ်တဲ့ ပန်းချီဆရာ၊ ကဗျာဆရာ၊ ရုပ်ရှင် ဒါရိုက်တာ၊ ဓာတ်ပုံဆရာ ကစလို့ Fashion Designer, Make up artist, Graphic designer, Content creator, Youtuber တွေလိုမျိုး ဦးနှောက်နဲ့ အမြင်တွေကိုအသုံးချပြီး creation လုပ်ရတဲ့သူတွေအထိ ကြည့်ကိုကြည့်သင့်ပါတယ်လို့ SiSi Recommend ပေးချင်ပါတယ်။

SiSi လိုမျိုး အရောင်တွေ၊ ရိုက်ချက်တွေနဲ့ အနုပညာကိုရူးရူးသွပ်သွပ်ဖြစ်တဲ့သူမျိုးဆိုရင်တော့ တစ်ခါကြည့်ရုံနဲ့တောင်မလုံလောက်ပါဘူး။ SiSi ဆိုရင် အကြိမ်ပေါင်းများစွာ ကြည့်မိတဲ့အထိကို ကြိုက်ရတဲ့ ရုပ်ရှင်တစ်ခုပါပဲ။ ရုပ်ရှင်ထဲက Location တွေ၊ နိုင်ငံတွေကိုပါ List လုပ်ပြီး Bucket List ထဲထည့်ထားတဲ့အထိကို ရူးသွပ်ရတဲ့ ရုပ်ရှင်တစ်ခုပေါ့နော်။

🌏 နိုင်ငံပေါင်း 23 နိုင်ငံနဲ့ location ပေါင်း 60 မှာ ရိုက်ကူးထားပြီးတော့ Frame တိုင်းက လှလွန်းလို့ အံ့သြမင်သက်ရတဲ့ ဇာတ်ကားတစ်ကားပါပဲ။ Filter မရှိသေးတဲ့ခေတ် - 2006 မှာရိုက်ထားတဲ့ ဇာတ်ကားလို့တောင် မထင်ရအောင် လှလွန်းတဲ့ အရောင်တွေ၊ အလင်းအမှောင်တွေကြောင့် SiSi သိပ်သဘောကျပါတယ်။

ဇာတ်လမ်းရဲ့ ဇာတ်ဝင်ခန်းတစ်ခန်းကို ရုတ်တရက် screen shot ရိုက်လိုက်ရင်တောင် ph wallpaper ထားလို့ရတဲ့အထိကို လှပါတယ်။ ဇာတ်လမ်းရဲ့ Plot လေးကလည်း အရမ်းကိုစီးမျောချင်စရာကောင်းပြီးတော့ ပန်းချီကားတစ်ချပ်ကိုကြည့်ရသလိုပဲ တစ်ခါကြည့်တိုင်း message တစ်ခုရပါတယ်ရှင်။

ရုပ်ရှင်ကတော့ Adventure Fantasy အမျိုးအစားဖြစ်ပြီးတော့ Costume တွေ၊ အရောင်အတွဲအစပ်တွေကြောင့် ရုပ်ရှင်ကားထဲကို ကိုယ်ပါရောက်သွားသလို ခံစားရပါတယ်။ အိပ်မက်နဲ့ လက်တွေ့ကြား၊ မျှော်လင့်ချက်မဲ့ခြင်းနဲ့ ပြန်လည်ရှင်သန်ခြင်းအကြား၊ သမားရိုးကျဆန်ခြင်းနဲ့ ထူးခြားဆန်းပြားခြင်းတွေမှာကြားမှာ ကြည့်ရှုသူကို အိပ်မက်တစ်ခုမက်လိုက်ရသလို ခံစားချက်မျိုး ပေးနိုင်ပါတယ်။

ရုပ်ရှင်ကားရဲ့ နာမည်ကတော့ The Fall ဖြစ်ပါတယ်။

Spoiler မပါတဲ့ ရုပ်ရှင်အမြည်းလေး SiSi ပြောပြပေးမှာမို့ စိတ်ချဖတ်ပါနော်။

ခြေထောက်ကျိုးသွားလို့ မျှော်လင့်ချက်မဲ့နေတဲ့ စတန့်သမား Roy ဆိုတဲ့ လူရွယ်တစ်ယောက်ဟာ ဆေးရုံတစ်ခုမှာ ကိုယ့်ကိုကိုယ် သ-တ် ေ-သ ဖို့ကြိုးစားရင်းနဲ့ ချစ်ဖို့ကောင်းတဲ့ကလေးမလေး Alexandria နဲ့ ဆုံခဲ့ပါတယ်။ Alexandria လေးကို သူလိုချင်တဲ့ အိပ်ဆေးတွေရအောင်ယူခိုင်းဖို့ ပုံပြင်တစ်ခုနဲ့ ဆွဲဆောင်ပြီး သ-တ်ေ-သဖို့ ကြိုးစားခဲ့တာပေါ့။ Roy နဲ့ ကလေးမလေးရဲ့ စိတ်ကူးယဥ် ပုံပြင်လေးထဲမှာ ဆေးရုံက ဝန်ထမ်းတွေနဲ့ အသိမိတ်ဆွေတွေလည်းပါဝင်ပြီး ပုံပြင်လေးကို အခမ်းနားဆုံးဖြစ်အောင် ပုံဖော်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ ပုံပြင်လေး ဘယ်လိုဖြစ်သွားလဲ ? Roy ရဲ့ သ-တ်ေ-သ မှုကရော အောင်မြင်သွားမလားဆိုတာကို ဆက်ကြည့်ရမှာပါရှင်။

SiSi ကတော့ ဒီလောက်ထိပဲ ညွှန်းပေးပါရစေနော်။ SiSi ညွှန်းတဲ့ဒီစာလေးကိုဖတ်ပြီး လွန်ကြူးတယ်လို့ထင်ရကောင်းထင်ရနိုင်ပေမဲ့ ဇာတ်ကားကြည့်ပြီးသွားပြီဆိုရင် SiSi ပြောတာကတောင် နည်းနေသေးပါလားလို့ သိရမှာပါ။

IMDB - 7.8/10 Rating ရထားပြီး
Rotten tomatoes rating ကတော့ 62 % ရရှိထားပါတယ်။

ဒီဇာတ်ကားလေးကို မိုးရွာတဲ့နေ့တွေမှာ တစ်ယောက်တည်းကြည့်ဖို့ Recommend ပေးချင်ပါတယ်နော်။

ကြည့်ဖူးတဲ့သူတွေရှိရင်တော့ SiSi နဲ့အတူ အမြင်လေးတွေကို မျှဝေခဲ့နိုင်ပါတယ်ရှင်။

မကြည့်ဖူးသေးရင် highly recommend ပနော် !

✅Movie “link “ ကို
page Bio မှာချပြပေးထားပါတယ်ရှင့်
#အနုပညာ
❤️Fashion နဲ့ art အကြောင်း နောက် post တွေမှာ ပြန်ဆုံကြမယ် ! bye bye ! 😉

💚ဖွားတို့၊ မေတို့ခေတ်က အဆင်မျိုးမို့ ပုံတုံးတုံးကြီးဖြစ်မယ်လို့ မထင်လိုက်နဲ့နော်။ 💚ဖန်တီးတတ်သူရဲ့လက်ထဲရောက်ရင် ဘယ်လိုအဆင...
03/10/2023

💚ဖွားတို့၊ မေတို့ခေတ်က အဆင်မျိုးမို့ ပုံတုံးတုံးကြီးဖြစ်မယ်လို့ မထင်လိုက်နဲ့နော်။

💚ဖန်တီးတတ်သူရဲ့လက်ထဲရောက်ရင် ဘယ်လိုအဆင်မျိုးပဲဖြစ်ဖြစ် လှလှလေးဖြစ်သွားနိုင်ပါတယ်။

🐆SiSi ခုဝတ်ထားတဲ့ အင်္ကျီလေးက Chiffon ပိတ်စလေးကိုမှ ကျားသစ်ကွက်လေးတွေနဲ့ဆိုတော့ ပိတ်စချည်းပဲကြည့်ရင် ပုံတုန်းသလိုထင်ရပေမဲ့ ကိုယ့်စိတ်ကြိုက်ချုပ်ဝတ်လိုက်တော့ High Fashion Look ရသွားတာပဲလို့ SiSi ထင်ပါတယ်။

🐆ဒါကြောင့် ကိုယ်တိုင်စိတ်ကြိုက်ဖန်တီးရတာကြိုက်တဲ့ကောင်မလေးတွေရှိရင် အဖွားရဲ့ သေတ္တာတွေ၊ အမေ့ရဲ့ဗီရိုတွေ ထဲလည်း ဝင်မွှေပြီး အရင်ခေတ်က အဆင်လေး၊ အင်္ကျီလေးတွေကို Try ကြည့်ကြနော်။ 🤩

🐆SiSi ကတော့ အရင်ခေတ်က အဆင်ပဲဖြစ်ဖြစ်၊ ပုံတုံးပါတယ်လို့ သူများ​တွေပြောကြတာပဲဖြစ်ဖြစ် စိတ်ထဲမထည့်ပါဘူး။ သူများအမြင်တွေ၊ သူများစကားတွေဖယ်ထားပြီး ကိုယ့်အကြိုက်နဲ့ ကိုယ့်ရဲ့ဖန်တီးနိုင်စွမ်းကိုသာ ယုံကြည်ပါတယ်။ 💚

💗The secret of great style is to feel good in what you wear ပါတဲ့။ Style ကျကျလေးနဲ့လှဖို့ဆိုတာ စျေးကြီးတဲ့ အင်္ကျီတွေဝယ်...
01/10/2023

💗The secret of great style is to feel good in what you wear ပါတဲ့။

Style ကျကျလေးနဲ့လှဖို့ဆိုတာ စျေးကြီးတဲ့ အင်္ကျီတွေဝယ်မှဖြစ်မယ်၊ သူများနဲ့လှတာတွေ လိုက်ဝတ်ကြည့်မယ် ဆိုတာမျိုး မဟုတ်ပါဘူး။

💗ကိုယ်ဝတ်တာကို ကိုယ်နှစ်သက်ဖို့ပါပဲတဲ့။

SiSi ကတော့ ကိုယ်ဝတ်တာကို ကိုယ်အမြဲနှစ်သက်တဲ့အပြင် Unique ဖြစ်တာကိုကြိုက်သူပါ။ အရောင်တွေနဲ့ တောတောင်ရေမြေသဘာဝတွေကိုကြိုက်တယ်၊ တိရစ္ဆာန်လေးတွေနဲ့ သစ်ပင်ပန်းမန်တွေကိုလည်း ချစ်တတ်သူပေါ့နော်။
🌿🦚🐆

ဒါကြောင့် ကိုယ်ဝတ်တာကိုယ်အမြဲကြိုက်နေဖို့အတွက် ကိုယ့်စိတ်ကြိုက် ပိတ်စလေးတွေကို ကိုယ်တိုင် design ဆွဲပြီး စက်ချုပ်ဆရာဆီမှာ အပ်လေ့ရှိတယ်။ Fabric ဆိုရင်လည်း colorful ဖြစ်ပြီး light weight ဖြစ်တဲ့ Chiffon ပိတ်စလေးတွေကို အရမ်းသဘောကျလို့ မျိုးစုံချုပ်ဝတ်ဖြစ်တယ်။ 🥰

ပုံထဲက Dress လေးကတော့
တစ်ကိုက် 1500 ကျပ် လောက်နဲ့ရတဲ့ Chiffon ပိတ်စလေးကို ကိုယ့်စိတ်ကြိုက် Design ဆွဲပြီး စက်ချုပ်ဆရာဆီမှာ အပ်ထားတဲ့ Dress လေးပေါ့။

စျေးသက်သာတဲ့ Chiffon လို့မထင်ရဘူး ဟုတ် ?

Unique ဖြစ်တယ်၊ လွတ်လပ်ပေါ့ပါးတယ်၊ ကြည့်လိုက်တာနဲ့ ဒါကိုယ့်ရဲ့ Style မှန်းသိသာစေတယ်၊ High Fashion ဆန်ဆန် Vacation Dress လေးတွေကိုလည်း ကိုယ့်စိတ်ကြိုက် ဖန်တီးနိုင်သွားတယ်။

ဒါကြောင့် စျေးကြီးမှလှမယ်လို့မထင်နဲ့နော် !
ရှိတာလေးနဲ့ လှအောင်ဖန်တီးတတ်ပြီး ယုံကြည်မှုအပြည့်နဲ့ ကိုယ့် Style ကိုယ်သိနေဖို့ပဲ လိုတယ်နော်။😉💗

နောက်ပိုင်းမှာလည်း SiSi ချုပ်ဝတ်ဖြစ်တဲ့ Chiffon dress လေးတွေ၊ မတူညီတဲ့ အရောင်အမျိုးမျိုးကို တွဲစပ် အသုံးပြုပုံတွေအကြောင်း ပြောပြပေးသွားဦးမယ်နော် !

ဒါဆို နောက် post တွေမှာ ပြန်ဆုံကြမယ်ရှင့်။
တာ့တာ 💗

၈လပိုင်း ဗီယက်နမ်ခရီးသွားတုံးကဝတ်ခဲ့တဲ့ဒီdressလေး ကြောင့် ဒီ Brand ကိုကြိုက်သွားတာပါ~Local Brand ဆိုရင် စျေးသက်သာပြီး ပွ...
30/09/2023

၈လပိုင်း ဗီယက်နမ်ခရီးသွားတုံးကဝတ်ခဲ့တဲ့ဒီdressလေး ကြောင့် ဒီ Brand ကိုကြိုက်သွားတာပါ~

Local Brand ဆိုရင် စျေးသက်သာပြီး ပွဲသိပ်မတိုးဘူးလို့ တော်တော်များများထင်တတ်ကြတယ်။
ဒါပေမဲ့ ဒီ Brand လေးက အရမ်းကို High Fashion ဆန်လို့ SiSi တောင်အံ့သြသွားရတယ်။ 🖤

ပုံမှာဝတ်ထားတဲ့ဒီဇိုင်းလေးဆို latest trend မှီတဲ့အပြင် သုံးထားတဲ့ fabric နဲ့ cutting ကလဲ ဝတ်ရတာ comfortable ဖြစ်လို့ အရမ်းကြိုက်နေပါပြီ ။
ပေးရတဲ့စျေးနဲ့တန်ပြီး Quality ကောင်းတယ်လို့ SiSi ထင်တယ်။

ပုံမှန် Local Brand တွေမှာ တွေ့ရလေ့မရှိတဲ့ Design ဆန်းဆန်းလေးတွေကို သူ့ဆီမှာရနိုင်တော့ မဆိုးဘူးပေါ့။
Latest Fashion တွေရနိုင်တာကတော့ SiSi အကြိုက်ဆုံးပဲ။ Local Brand တွေထဲမှာ ဒါမျိုးကအရမ်းရှားတာပဲနော်။ 🤔

ပုံထဲက SiSi ဝတ်ထားတဲ့ Outfit လေးကိုပဲကြည့် !
ဒါမျိုးကို Local Brand ထဲကရနိုင်လို့ တို့ကောင်မလေးတွေကို လက်တို့လိုက်တယ်။ 😁

Brand လေးနာမည်ကတော့ ` W clothing ´ ပါတဲ့။
W Clothing

ကဲ You တို့သိထားတဲ့ Local Brand ဆန်းဆန်းလေးတွေရှိရင်လည်း SiSi ကို share ပေးပါအုံး ~ holidays မှာဝတ်ချင်လို့ပါ

See you ~~🖤

weekend ပြန်ရောက်တော့မှာဆိုတော့~ခုရက်ပိုင်းမှာသွားဖြစ်ခဲ့တဲ့ ကော်ဖီဆိုင်လေးတစ်ခုအကြောင်း SiSi ပြောပြမယ်နော် ! ☕️မန္တလေးမ...
29/09/2023

weekend ပြန်ရောက်တော့မှာဆိုတော့~
ခုရက်ပိုင်းမှာသွားဖြစ်ခဲ့တဲ့ ကော်ဖီဆိုင်လေးတစ်ခုအကြောင်း SiSi ပြောပြမယ်နော် ! ☕️

မန္တလေးမှာရှိတဲ့ ကော်ဖီဆိုင်တွေအများကြီးထဲကမှ Astra Café ဒီကော်ဖီဆိုင်လေးရဲ့ ထူးခြားချက်က -

◾️ Instagrammable ဖြစ်လို့ နေရာတိုင်းမှာ photo လှလှလေးတွေ ရိုက်လို့ရတဲ့အပြင်၊

◾️ Black & White Theme မို့ ပုံရိုက်တဲ့အခါ အသားလေးကိုလည်း ဝင်းစေတယ်လို့ SiSi ထင်ပါတယ်။

indoor / outdoor ထိုင်လို့ရပြီး date လို့လည်း ကောင်း၊ အလုပ်လုပ်ဖို့လည်း အဆင်ပြေသောပါပဲ။ Laptop လေးတစ်လုံးနဲ့ အလုပ်လုပ်နေကြတဲ့ သူတွေကိုလည်း SiSi တွေ့ခဲ့သေးတယ်။ 🖤

ပြီးတော့လေ ဆိုင်က နှစ်ထပ်ရှိပြီး အပြင်ဘက်မှာ ရေကန်အသေးလေးနဲ့ ရွှေငါးကန်လှလှလေးရှိတော့ အပြင်ထွက်ပြီး ဓာတ်ပုံရိုက်လို့လည်း လှလို့ SiSi အကြိုက်ပါပဲ။

ကော်ဖီဆိုင်လေးရဲ့ နာမည်ကတော့ ◾️Astra Café◾️ ပါတဲ့ရှင်။

🖤သူ့တို့ဆိုင်က coffee အနံ့လေးမွှေးပြီးသောက်လို့ကောင်းတဲ့အပြင် SiSi စားခဲ့တဲ့🥐 Croissant ပေါင်မုန့်လေးကိုလဲ အရမ်းကြိုက်တာပဲ🥺

ဒီဆိုင်လေးက မန္တလေးမြို့ရဲ့ ကော်ဖီဆိုင်တွေထဲမှာ SiSi သဘောကျတဲ့ ဆိုင်လေးတစ်ဆိုင်ဖြစ်လို့ မျှဝေပေးလိုက်ပါတယ်နော် !

✌️သွားမယ်ဆိုရင် SiSi အကြံပေးချင်တာလေးကတော့ ဆိုင်လေးရဲ့ interior decoration နဲ့ဆိုရင် bright color outfit လေးတွေက ပိုလိုက်ဖက်မှာ သေချာပါတယ်။

SiSi ကတော့ ကော်ဖီဆိုင်လှလှလေးတွေသွားတော့မယ်ဆိုရင် outfit တွေကို သေချာပြင်ဆင်လေ့ရှိတယ်။ ဒီတစ်ခါမှာလည်း ဆိုင်လေးရဲ့ Theme နဲ့လိုက်အောင် Black & White Outfit လေးဝတ်သွားဖြစ်တယ်။

ပုံလေးတွေထဲမှာ SiSi ရဲ့ Outfit ပုံ Sketch လေးကို ထည့်ပေးထားတယ်၊ လှရဲ့လား ဝင်ကြည့်ပေးသွားဦးနော်။😍

Hope you guys enjoy ! see ya ! 🖤🥰

🖌️SiSiဆွဲဖြစ်ထားတဲ့ ကိုယ်ပိုင် Barbie ရုပ်လေးပေါ့နော်။ ကိုယ့်ရဲ့မျက်နှာနဲ့ နီးစပ်အောင်ဆွဲထားပါတယ်။ 🖤SiSi က Vacation \ Ho...
27/09/2023

🖌️SiSiဆွဲဖြစ်ထားတဲ့
ကိုယ်ပိုင် Barbie ရုပ်လေးပေါ့နော်။

ကိုယ့်ရဲ့မျက်နှာနဲ့ နီးစပ်အောင်ဆွဲထားပါတယ်။

🖤SiSi က Vacation \ Holidays တွေမှာ မိန်းခလေးတိုင်းလိုပဲ လှလှပပပြင်ဆင်တတ်ပြီး သူငယ်ချင်းတွေနဲ့ hangout လုပ်ရတာကြိုက်တယ်လေ~

👗ပဲများတာကြိုက်တော့ ကိုယ်ဝတ်ပြီးတဲ့
outfit လေးတွေကို collection လေးအဖြစ်
အမှတ်တရစုရလွယ်ဖို့ ကိုယ်ပိုင်အရုပ်မလေး
အရင်ဖန်တီးထားပါတယ်။

🖌️နောက်ပိုင်းမှာ outfit လေးတွေသီးသန့်ကိုပဲ Layerအသစ်မှာ ထပ်ဆွဲဖို့လိုမှာဆိုတော့
ပိုပြီးအဆင်ပြေတာပေါ့နော်။

🖤Fashion & Art ကို စိတ်ဝင်စားတဲ့ ကောင်မလေးတွေရှိရင် SiSi ကို Follow ထားကြပါဦးနော်

✅နောက်ဆက်တွဲ အခမဲ့ ပန်းချီရေးဆွဲတဲ့ short record videos & knowledge sharing လေးတွေလဲတင်ပေးသွားပါမယ်ရှင်~🖤🥰
#ပန်းချီ

🖤Si Si from Mandalay🖤Cover Photo Design
27/09/2023

🖤Si Si from Mandalay
🖤Cover Photo Design

Address

Mandalay

Alerts

Be the first to know and let us send you an email when SiSi Visual Journey posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share