UniqKidz

UniqKidz Come & Check our unique collections of Mom & Kids Essentials

Come & Check our unique collections of children’s Goods on 10th February Street between 30st *31st Street, Mandalay

FYI 🌟🏮
15/10/2024

FYI 🌟🏮

မေမေတွေ အချိန်ပေးပြီး ဖတ်စေချင်ပါတယ်ရှင့်
08/10/2024

မေမေတွေ အချိန်ပေးပြီး ဖတ်စေချင်ပါတယ်ရှင့်

ကလေးဆိုတာ ဝ မှ ကျန်းမာတာလား?
🚫🚫🚫 ကလေးတွေ ဝတိုင်း မကောင်းဘူးဆိုတာ မိဘတိုင်း သတိထားစရာပါ။

❌❌❌ ကလေးကို ဝိတ်ချတဲ့ ဆေးတွေ လုံးဝ မတိုက်ရပါ ❌❌❌

❌❌❌ ကလေးတွေကို အစားတရားလွန်ရှောင်စေတာမျိုး မလုပ်သင့်ပါ ❌❌❌

ဝဝတုတ်တုတ် ဖြစ်တာထက် ကလေးဟာ အသက်အလိုက် ရှိသင့်တဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမောင်းရှိဖို့ အရေးကြီးပါတယ်။ ကလေးရဲ့ အသက်အရွယ်အလိုက် ကျန်းကျန်းမာမာ ကြီးထွားဖို့ လိုအပ်ပါတယ်။

⏩⏩⏩ ကလေးတစ်ယောက်နဲ့ တစ်ယောက် ဝိတ် ယှဉ်စရာ မလိုပါဘူး။ ကြီးထွားမှု ဟာ တပ်အပ် မတူနိုင်ပါ။

ငယ်ဘဝမှ အဝလွန်ခဲ့ရင် နောင်တစ်ချိန်မှာ ရောဂါတွေ တိုးနိုင်ပါတယ်။ ဒါကြောင့် ဒီရောဂါတွေ ကာကွယ်ပြီးသားဖြစ်အောင် ကျန်းမာတဲ့ ကိုယ်အလေးချိန်အတွင်းဝင် ဖို့ပဲ ကြိုးစားကြဖို့ တိုက်တွန်းချင်ပါတယ်။ ဝစေချင်လို့ မတရား ကျွေးတာဟာ ကလေးအတွက် အန္တရာယ်ရှိစေပါတယ်။

‼️‼️‼️ ငယ်ဘဝ အဝလွန်ခြင်းရဲ့ နောက်ဆက်တွဲများ

ဆီးချိုအမျိုးအစား ၂ (စောစောဖြစ်နိုင်ခြင်း)
သွေးတိုးခြင်း
သွေးတွင်းအဆီဓာတ်များခြင်း
အသည်းရောဂါ
အရိုးနှင့် အဆစ်အမြစ် ပြဿနာများ
အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများ
အိပ်လျှင် ဟောက်ခြင်း၊ အိပ်ရင်း အသက်ရှုရပ်တပ်သည်
အပျိုဖော် ဝင်တာ စောခြင်း
စားသောက်မှု မမှန်သည့် ရောဂါ (အလွန်အကျွံရှောင်ခြင်း၊ အလွန်အကျွံစားခြင်း)
အရေပြားရောဂါများ
နှုံနယ်ခြင်း၊ မတက်ကြွခြင်း

🧠 စိတ်ပိုင်းဆိုင်ရာ တွင်လည်း-
အနိုင်ကျင့် ခံရခြင်း
စခံရခြင်း၊ လှောင်ပြောင်ခံရခြင်း
မိမိကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးခြင်း
လူမှုဆက်ဆံရေး ချို့တဲ့လာခြင်း
စိတ်ဖိစီးမှုများခြင်း
အမူအကျင့်များ ပုံမမှန်ဖြစ်ခြင်း တို့ ဖြစ်နိုင်ပါတယ်။

‼️ ငယ်ငယ်က အဝလွန်သည့် ကလေးများ ကြီးလာလျှင် -

သွေးတိုးရောဂါ
နှလုံးရောဂါ
လေဖြတ်ခြင်း
အသည်းရောဂါ
ဆီးချိုအမျိုးအစား ၂
အတိတ်မေ့ရောဂါ
ကင်ဆာရောဂါ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။

✅ ဒါကြောင့် ကလေးတွေကို ပုံမှန် ဝိတ်ချိန်ပေးပါ။ အာဟာရမျှတအောင် ကျွေးပါ။ ဆော့ကစားစေပါ။

❌ အချိုရည်၊ သွားရေစာ လျှော့ပါ။ အချိုလျှော့ပါ။
ဆား အငန်များတာ လျှော့ပါ။
သတိနဲ့ ကျွေးမွေးကြဖို့ အကြံပြုချင်ပါတယ်။

ကလေး အဝလွန်နေပါက ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ကိုယ်အလေးချိန်ကို ထိန်းဖို့လိုပါတယ်။

မေတ္တာဖြင့်

Dr ကြယ်စင်ယုမွန်

✳️✳️✳️ ကျန်းမာရေး စာစောင်များ ဖတ်ရှုရန်

Join Dr Kyal Sin Yu Mon on Viber https://invite.viber.com/?g2=AQBmDWUwvAlHbE4BGtnSw5Fj8U5RlIhccpHG8MpGF86%2BxDLF1hbV5pOIN%2B4PC8Zz

#ကလေးကျန်းမာရေး #အဝလွန်ခြင်း

မင်မင်တို့ရဲ့ ရောင်းကုန်လေးက အခုတော့ ရောက်ကုန်လေးဖြစ်နေပြီမို့ အမြန်ဝယ်မှ ရမယ်နော်😁😍သားသားမီးမီးလေးတွေ Pretend play ဆိုတ...
01/10/2024

မင်မင်တို့ရဲ့ ရောင်းကုန်လေးက အခုတော့ ရောက်ကုန်လေးဖြစ်နေပြီမို့ အမြန်ဝယ်မှ ရမယ်နော်😁😍

သားသားမီးမီးလေးတွေ Pretend play ဆိုတဲ့ imaginary play ကစားဖို့ရယ် ကျောင်းပွဲတေအတွက် Cosplay ဝတ်စုံလေးတွေကို အခုဘဲ ဝယ်ယူအားပေးလို့ ရပါပြီနော်။

💛Uniqkidz Baby Goods Shop💛

🏡အမှတ် (၁၈၅) ၊ ၃၆ လမ်း ၊ လမ်း ၈၀ နှင့် ၈၁ ကြား ၊ ဆိုင်းဝင်းလမ်း ၊ New TOA (စက် နှင့် စက်အပိုပစ္စည်းရောင်းဝယ်ရေး) နောက်ဘက်ခြမ်း ၊ မန္တလေးမြို့ ။

☎️📞ဖုန်းနံပါတ် ။ 09- 443667824 , 09-954301088

မေမေတို့ရေ😁😁
28/09/2024

မေမေတို့ရေ😁😁

24/09/2024

''Let's Cut Paper''​လေးတွေကို အားလပ်ချိန် အိမ်မှာဘဲ ဘေဘီလေးတို့နဲ့ အတူတူ ဆော့ကစားပေးရအောင်
💛 Uniqkidz Baby Goods Shop💛 မှာဝယ်ယူအားပေးလို့ ရပါတယ်နော်။

10/09/2024

အိမ်မှာနေရင်း အပျင်းလဲပြေ ဘေဘီလေးတို့နဲ့ အတူတူ
ဂိမ်းကစားလို့ရတဲ့ Career Dress Up Puzzle လေး
💛Uniqkidz Baby Goods Shop💛မှာဝယ်ယူအားပေးလို့ ရနေပါပြီနော်။

💛Uniqkidz Baby Goods Shop💛

🏡အမှတ် (၁၈၅) ၊ ၃၆ လမ်း ၊ လမ်း ၈၀ နှင့် ၈၁ ကြား ၊ ဆိုင်းဝင်းလမ်း ၊ New TOA (စက် နှင့် စက်အပိုပစ္စည်းရောင်းဝယ်ရေး) နောက်ဘက်ခြမ်း ၊ မန္တလေးမြို့ ။

☎️📞ဖုန်းနံပါတ် ။ 09- 443667824 , 09-954301088

08/09/2024

အိမ်မှာ ဆံပင်ညှပ်​ပေးရင် အငြိမ်မနေတဲ့ ဘေဘီလေးတို့အတွက် ပါးပါးရဲ့ ideaလေး မျှဝေလိုက်တယ်နော်။
Vedio

04/09/2024

အခု video ထဲကလို ဘေဘီလေးတွေ ပိုင်ဆိုင်ထားပြီလားရှင့်။

ပိုင်ဆိုင်ထားရင်လဲ comments မှာရေးခဲ့နော်။

video

အိမ်မှုကိစ္စလေးတွေလုပ်ရ မအားလပ်တဲ့ကြားက ဘေဘီလေးတွေ ထိန်းရနဲ့ မေမေတို့အတွက် အထောက်အကူဖြစ်စေမည့်ဘောလုံးခြံလေး💛 Uniqkidz Ba...
31/08/2024

အိမ်မှုကိစ္စလေးတွေလုပ်ရ မအားလပ်တဲ့ကြားက
ဘေဘီလေးတွေ ထိန်းရနဲ့ မေမေတို့အတွက် အထောက်အကူဖြစ်စေမည့်ဘောလုံးခြံလေး
💛 Uniqkidz Baby Goods Shop💛မှာ ဝယ်ယူအားပေးလို့ ရပါပြီနော်။

💛Uniqkidz Baby Goods Shop💛

🏡အမှတ် (၁၈၅) ၊ ၃၆ လမ်း ၊ လမ်း ၈၀ နှင့် ၈၁ ကြား ၊ ဆိုင်းဝင်းလမ်း ၊ New TOA (စက် နှင့် စက်အပိုပစ္စည်းရောင်းဝယ်ရေး) နောက်ဘက်ခြမ်း ၊ မန္တလေးမြို့ ။

☎️📞ဖုန်းနံပါတ် ။ 09- 443667824 , 09-954301088

Address

36th Street Between 80th Street & 81st Street
Mandalay

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00
Sunday 08:00 - 19:00

Telephone

+959443667824

Website

Alerts

Be the first to know and let us send you an email when UniqKidz posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share