Nay Min War ' wedding dress & Fashion design

Nay Min War ' wedding dress & Fashion design Fashion Art & Design School🏫
+959400900339
+959400900338

ပုံတွေမတင်တာကြာလို့ မေ့နေပြီလား။Page လေးလည်း ပစ်ထားမိနေပြီ။ပြန် try ပြီနော်။🎉🎊🥰🥰🥰🥰
13/05/2026

ပုံတွေမတင်တာကြာလို့ မေ့နေပြီလား။
Page လေးလည်း ပစ်ထားမိနေပြီ။
ပြန် try ပြီနော်။🎉🎊🥰🥰🥰🥰

23/01/2026

ဘာတွေလည်းသိချင်ရင်သေချာကြည့်ပါ…..။🎉❤️🌟🎊🤍🧡

ချစ်တပည့်တွေရဲ့ကြိုးစားမှုက့ီး🌟🎊🌟🎊
23/01/2026

ချစ်တပည့်တွေရဲ့ကြိုးစားမှုက့ီး🌟🎊🌟🎊

23/01/2026

သင်တန်းသူ/သားတွေရဲ့ Collar သင်ခန်းစာ ဖန်တီးမှုများ။🌟🌟🤍🤍💛💛

သင်တန်းတက်ရင် ပိတ်စဖိုးနဲ့ သင်ထောက်ကူပစ္စည်းဖိုး ဘယ်လောက်ကုန်မလဲလို့ တော်တော်များများမေးတတ်ကြပါတယ်.။ ဒါကြောင့် ကျနော့်ဆီ...
27/12/2025

သင်တန်းတက်ရင် ပိတ်စဖိုးနဲ့ သင်ထောက်ကူပစ္စည်းဖိုး ဘယ်လောက်ကုန်မလဲလို့ တော်တော်များများမေးတတ်ကြပါတယ်.။ ဒါကြောင့် ကျနော့်ဆီမှာ သင်တန်းတစ်ခုတက်ရင် ငွေဘယ်လောက်ကုန်နိုင်သလဲကို ခန့်မှန်းလို့ရအောင် အနိီးစပ်ဆုံးဖြေပေးပါ့မယ်။ စာရှည်မှာနော်။😁

အမှန်တော့ စက်ချုပ်ပညာကိုသင်ကြားတဲ့အခါ ဘယ်သင်တန်းကျောင်း ဘယ်ဆရာဆီမှာပဲတက်တက် ကုန်ကျငွေကို အတိအကျတွက်ချက်ပေးဖို့ဆိုတာ အတော်ဖြေရခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်တန်းသူ/သားတစ်ယောက်ချင်းစီရဲ့ ပါရမီ ၊ မှတ်ဉာဏ် ၊ ဝါသနာ ၊ ရူးသွပ်မှု ၊ကြိုးစားအားထုတ်မှု နဲ့ လေ့ကျင့်မှုတွေအပေါ်မူတည်ပြီး ကုန်ကျငွေဟာ လုံးဝမတူညီနိုင်လို့ပါ။

ဥပမာပြောရရင် စကတ်(skirt)တစ်ထည်ကို pattern ရော ချုပ်နည်းပါသင်တယ်ဆိုပါစို့။ ဆရာက တစ်ထည်သင်လို့ တပည့်ကတစ်ထည်လိုက်ချုပ်ရုံနဲ့ pattern ရော
ချုပ်နည်းပါ တစ်ခါတည်းတတ်သွားမယ်ထင်ပါသလား။လုံးဝမတတ်ပါဘူး။သင်တန်းသားတွေရဲ့ဉာဏ်ရည်ပေါ်မူတည်ပြီး အနည်းဆုံးတော့ 2-3ထည်ကနေ 5 ထည်လောက်ချုပ်မှသာ တတ်မှာပါ။

ဆိုတော့က ကျနော့်သင်တန်းမှာ စကတ် (6)မျိုးသင်ပါတယ်။ တစ်မျိုးကို အနည်းဆုံး(3)ထည်ချုပ်ခိုင်းပါတယ်။
(3)ထည်ဆိုတော့ 6 # 3=18ထည်။ (3)ထည်နဲ့မမှတ်မိလို့ (4)ထည်ဆိုရင် 6 # 4=24ထည်။ (4)ထည်မမှတ်မိလို့ (5)ထည်ဆိုရင် 6 # 5=30 ထည်ထိချုပ်ရပါပြီတဲ့ တစ်ယောက်နဲ့ တစ်ယောက် ကုန်ကျမယ့် စကတ်အရေအတွက်တူပါအုံးမလား။ မတူမှတော့ ကုန်ကျငွေလည်းမတူတော့ဘူး။

ဒါက အထည်အရေအတွက်ပဲရှိသေးတယ်။ ပိတ်စရဲ့ မတူတဲ့စျေးနုန်းကျန်သေးတယ်။ စကတ်တစ်ထည်ကို 10000 တန်လား? 15000တန်လား? 20000တန််လား?။ငွေသုံးနိုင်သူက အသားကောင်း စျေးကောင်းတာသုံးကြသလို တစ်ချို့က သင့်တင့်တာသုံးကြတယ်။ဒီမှာလည်း ကုန်တာချင်းမတူတော့ပြန်ဘူး။နောက်ထပ်က ကော်ပိတ်ကပ်မှာလား မကပ်ဘူးလား ရှိသေးတယ်။

ခုကျနော်ပြောပြနေတာဟာ စကတ် (skirt) တစ်မျိုးတည်းရှိသေးတာ။အများကြီးချုပ်ရမှာက အင်္ကျီပိုင်းပါ။
င်္အကျီဆိုရင် ရိုးရိုး daily ဝတ်တွေ ပွဲတက်ပုံဆန်းတွေ No Bra နှစ်ထပ်ချုပ်တွေ Corset တွေ ကော်လာတွေ စသဖြင့် အနည်းဆုံး အထည်(30)ကနေ (50)ထိ ချုပ်ရပါတယ်။ အပေါ်ကပြောခဲ့သလိုပဲ ပိတ်စအရည်အသွေး ၊ အရေအတွက် ၊ လိုအပ်တဲ့ အတွင်းပိုင်း ထည့်ရမည့် အဆာပလာ (material )တွေ ကစျေးနုန်းမတူကြတော့ ဘယ်လိုတွက်ကြမလဲ ပြောပါအုံး။

လေ့ကျင့်တဲ့ပိတ်စ ပျက်သွားမယ့်ပိတ်စ ချပြမယ့်ပိတ်စဖိုးတွေက ကိုယ့်ဖာသာ တတ်ကျွမ်းအောင် လေ့ကျင့်လို့ ကုန်ကျတာပါ။ကျနော်တို့သင်တန်းကျောင်းက ဆရာတွေကိုပေးလို့ကုန်တာမဟုတ်ပါဘူး ။ ဒီတော့ ကျနော်အပေါ်မှာပြောခဲ့သလို
သင်တန်းသူ/သားတစ်ယောက်ချင်းစီရဲ့ ပါရမီ ၊ မှတ်ဉာဏ် ၊ ဝါသနာ ၊ ရူးသွပ်မှု ၊ကြိုးစားအားထုတ်မှု နဲ့ လေ့ကျင့်မှုတွေအပေါ်မူတည်ပြီး ကုန်ကျငွေဟာ လုံးဝမတူညီနိုင်ပါဘူး။

ချွင်းချက်တော့ ရှိပါတယ်။ ချုပ်ပုံအရေအတွက် အတိအကျနဲ့သင်တဲ့ သင်တန်းမျိုးနဲ့ အရုပ်မကိုယ်တိုင်းတစ်မျိုးတည်းနဲ့ သင်ကြားတဲ့သင်တန်းတွေမှာတော့ 75%နီးပါးခန့်မှန်းပေးနိုင်ပါလိမ့်မယ်။ ဥပမာ ဒီအတန်းမှာ ချုပ်ပုံ design အမျိုး(20)သင်တယ်ဆိုပါစို့။ ပုံ(20)ပြီးရင် ပြီးပြီမို့ ပုံ(20)ရဲ့ကုန်ကျငွေကို အကြမ်းအားဖြင့်တွက်လို့ရပါတယ်။
အရုပ်မနဲ့ သင်တာကလည်း ဒီအရုပ်မကိုယ်တိုင်း တစ်ခုတည်းပဲချုပ်နေရတာမို့ အမှားအယွင်းနည်းပြီး အပြောင်းအလဲတွေကို လက်တွေ့မှာ မရှိတာကြောင့် ခန့်မှန်းလို့ရပါတယ်။

ကျနော့်သင်တန်းမှာက ချုပ်ပုံ design ဘယ်နှစ်မျိုးဆိုပြီး ချုပ်ပုံအလွတ်သင်တဲ့သင်တန်းမဟုတ်သလို ,……
အရုပ်မကိုယ်တိုင်းတစ်ခုတည်းနဲ့ သင်တာမဟုတ်ပဲ မိမိရဲ့ခန္ဓာကိုယ်ကိုယ်တိုင်းကျွမ်းကျင်တာနဲ့ သင်တန်းသူ/သားအချင်းချင်း ပတ်လည်ချုပ်ရပါတယ်။
ဒါ့အပြင် customer ရှာနည်းသင်ပေးပြီး ခန္ဓာကိုယ်ပေါင်းများစွာကို ဝအီနေအောင် သင်တန်းမဆင်းခင်ကတည်းက ခန္ဓာကိုယ်မျိုးစုံချုပ်ရဲအောင် လေ့ကျင့်သင်ကြားပေးတဲ့ သင်တန်းမျိုးပါ။
ဒါကြောင့် မချုပ်ရမှာ မလုပ်ရမှာမပူနဲ့ ။အချုပ်ရ အလုပ်လုပ်ရလွန်းလို့ နားပါရစေဆရာဆိုပြီး တားနေရမယ်။
ခုလိုရှင်းပြတာက မေးကြလွန်းလို့ အာပေါက်မတတ်ဖြေရတာလည်းမောနေပြီ။ ဒါကြောင့်ရေးတင်ပေးတာပါ။

ဪ ဒါနဲ့ အရုပ်မနဲ့သင်တာတို့ ချုပ်ပုံနဲ့သင်တာတို့ရေးတာက ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုခြင်းမရှိသလို ဘယ်သူ့သင်တန်းက ဘယ်လိုသင်နေတာလည်း မသိတာကြောင့် ကျနော့်စာအရေးအသားက ထိခိုက်မိစေသွားရင် ကြိုတင် Request လုပ်ထားပါတယ်နော်။ ကျနော်ပြောချင်တာကို သေချာသိဖို့က ခုလိုရှင်းပြမှရမှာမို့ပါ။ သင်တန်းကျောင်းတိုင်းမှာ ကိုယ်ကြိုက်လို့ ကိုယ်ချမှတ်ထားတဲ့ သင်ရိုးတွေ သင်ခန်းစာတွေမို့ သင်တန်းကျောင်းအားလုံးနဲ့ ဆရာတိုင်း ပညာရှင်တိုင်းဟာ ကိုယ့်အားသာချက်နဲ့ကိုယ်ထူးချွန်ကြသူတွေချည်းပါ။
ထိခိုက်လိုခြင်းအလျှဉ်းမရှိတာကြောင့် ကျနော့်စကားအားလုံးအတွက် တာဝန်ယူပါတယ်။

ပြီးတော့ တပည့်တွေလုပ်တတ်တဲ့ လူမိုက်ငှါးနည်းလေးကိုတော့ ဖတ်နေကြတဲ့ မိဘများ သေချာသတိထားကြပါ။
အဲ့ဒါက ဆရာနေမင်းဝါ သင်တန်းအကြောင်းပြပြီး သွားမယ် လာမယ် စားသောက်ကြမယ်,………၊
ချစ်ချစ်တွေ သူငယ်ချင်းတွေနဲ့ ချိန်းလည်ကြမယ်,.…………၊
မန္တလေးမှာ ကိုယ်တောင်မရောက်ဖူးသေးတဲ့နေရာတွေ သူတို့က အကုန်ရောက်ပြီးကြပြီ။ သင်တန်းလည်းပြီးရော သင်တန်းသွားတက်တာ ဘယ်လောက်ကုန်သလဲသိလား,.…၊ ပင်ပမ်းတာလည်းပြောမနေနဲ့ အိပ်ချိန်တွေတောင်မနည်း,.…၊ကုန်လိုက်တဲ့ငွေဆိုတာလည်း အမလေး ဘယ်နှစ်ဆယ်,.…ဘယ်နှစ်ရာ,.…။😳😱😬
အောင်မြလေးလေး မသိရင် သင်တန်းမှာသုံးရလွန်းလို့ ကုန်တယ်ထင်ပြီး သူတို့တင်တာမြင်တဲ့သူတွေနဲ့ မိဘတွေက လန့်ကုန်ကြရော.။
ဟမ်းဟမ်း နေမင်းဝါ ဆိုတာ အလကားနေပြီးဖြစ်လာတာမဟုတ်။
နေ့စဉ် Rollcall စာရင်းကိုလက်မှတ်နဲ့ယူသလို တက်, ပျက်, ခွင့် ကိုအတိအကျမှတ်ပြီး နေ့စဉ်သင်သမျှသင်ခန်းစာများကို roll call စာအုပ်ထဲမှာပဲ အသေးစိတ်မှတ်ပါတယ်။ အိမ်စာပြီးမပြီးနဲ့ ချုပ်ခိုင်းသမျှအထည်အားလုံးက နာမည်နဲ့တကွ မှတ်ထားတာမို့ သင်တန်းတစ်လျှောက်လုံး ဘယ်လောက် ချုပ်တယ်မချုပ်ဘူး ပြီးတယ်မပြီးဘူးကို လာမလိမ်နဲ့နော်။ ဟ ဟ 😂😂ပဲရမယ်လို့။
အဟမ်း ကျနော်က ဂျင်းမကြိုက်ပါ.။😂

ကဲဒီထက်ပိုသိချင်သေးရင်လည်း ဒီစာလေးကို အရင်ကျေကျေညက်ညက်လေး ဖတ်ပြီးမှ လာမေးကြပါလို့။
Please ,…..……………😘💛🤍😍

ချစ်ခြင်းအားဖြင့် နေမင်းဝါ✨🌞

01/12/2025

2026 မှာဖွင့်လှစ်မယ့် 15% promotion နဲ့သင်တန်းအကြောင်းလေး ရှင်းပြပေးထားပါတယ်ဗျာ။
🎉🎊🌟💛🧡

🔔မွေးနေ့အထိမ်းအမှတ် သင်တန်းကြေညာခြင်း✨✨🎉“ Nay Min War “ Fashion Art & Design Academy မှ 2026 ခုနှစ်အတွက် upgrade သင်ရိုး...
01/12/2025

🔔မွေးနေ့အထိမ်းအမှတ် သင်တန်းကြေညာခြင်း✨✨🎉
“ Nay Min War “
Fashion Art & Design Academy မှ
2026 ခုနှစ်အတွက် upgrade သင်ရိုးများနဲ့ တန်းခွဲသစ်များကို (20-1-2026)ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ပေးလိုက်ပါပြီ။

Decemberလက ကျနော့်မွေးလမို့ အခုသင်တန်းများအားလုံးကို
15% discountနဲ့ အထူးpromotionကြီးပေးလိုက်ပါတယ်ခဗျ။
🎊🎊
ဒါ့အပြင် ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့
ဒီပို့စ်ကို Like & Share လုပ်ပြီး comment မှာ Screenshot ပြန်ပို့ပေးတဲ့သူအားလုံးထဲကမှ တစ်ဦးကို (35)သိန်းတန် အဆင့်မြင့်အခြေခံမွမ်းမံသင်တန်း အခမဲ့တက်ရောက်ခွင့်အတွက်
မဲဖောက်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။
တစ်ဆက်တည်းမှာပဲ သင်တန်းသူ/သား အဟောင်းများအတွက် သီးသန့်အစီစဉ်အနေဖြင့် Screenshot ပြန်ပို့သူများထဲမှ
(10)ဦးကိုတောာ့ တီချယ် Katherine PAI Khin Lay Paing ရဲ့ Fashion Foundation class ကို free တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။
🎉🎊🎉🎊

သင်တန်းအားလုံး သင်တန်းတစ်ဖွဲ့ကို (15-20)ဦးသာ သတ်မှတ်သင်ကြားမှာဖြစ်တာမို့ အမြန်ဆုံးသာစာရင်းပေးအပ်နှံဖို့ နိုးဆော်လိုက်ပါတယ်။
သင်တန်းအပ်နှံမည်ဆိုပါက
သင်တန်းကြေးစရံငွေ (5 သိန်း (or) 10သိန်း)လွဲပြီးစာရင်းပေးလို့ရနေပါပြီခဗျာ။
# # # # # # # # # # # # # # # # # # # # # # # # # #

🔔သင်ရိုးcourse နဲ့ သင်တန်းအသေးစိတ်လေးတွေက👇👇🎉💎😍🎊
(1) ရိုးရိုးအခြေခံစက်နင်းမှ
အဆင့်မြင့်အခြေခံထိ >> 60
(2) အဆင့်မြင့် အခြေခံသီးသန့် >> 50
(3)အဆင့်မြင့် ပွဲတက် (Advance) >> 60
(3) သတို့သား/သမီး ထိုင်မသိမ်း >> 40
+စီးကွင့်
(4)အနောက်တိုင်းဝတ်စုံ
(Eveing dress & Wedding Gown) >> 50
(5) စီးကွင့် အခြေခံ >> 10
(6)စီးကွင့် အဆင့်မြင့် >> 15
(7)ဘာသာစုံ (All Courses). >> 200
အခြေခံ +အဆင့်မြင့်ပွဲတက်+
သတို့သမီးထိုင်မသိမ်း +evening dress+
စီးကွင့်ဘာသာစုံ+ Pattern magic +
Coat Style pants
စသည့်တန်းခွဲများကို စာရင်းသွင်းလက်ခံနေပါပြီခဗျာ။

(အထက်ပါသင်တန်းကြေးအားလုံး ကို 15% discount ချပေးသွားမှာပါ။)
😍🎉💎🎊😍🎉💎🎊

သင်တန်းတစ်ခုချင်းစီရဲ့ အသေးစိတ်ပါဝင်မှူများကတော့
🎉🎊
🖤🖤အဆင့်မြင့် အခြေခံ >> 50-60

(Basic Class)

(1)အခြေခံစက်နင်း ၊ လက်ချုပ် ၊ ကြယ်သီးတပ်၊ ဇစ် -နှိပ်စေ့- ချိတ်တပ်၊ ပန်းပုဇဉ်းခေါင်း ၊ အနားလုံး-ကွပ်ချုပ်နည်းများ
(2)လုံချည်နှင့် စကတ် (5) မျိုး
(3)မှန်ကန်တိကျသော ကိုယ်တိုင်းစနစ်နှင့်
Body transformation
(4)Body’s Main pattern (2)မျိုး
(5)Daily ဝတ် ပုံဆန်းအမျိုးမျိုး
(ရင်ဖုံး ၊ ရင်စိ ၊ နောက်ခွဲ အမျိုးမျိုး)
(6)ရင်ဖြတ်ဆက်အမျိုးမျိုး
(7) အထူအပါးချုပ်နည်းမျိုးစုံ
(8)ဇာပါးချုပ်နည်း
(9)ရင်ခံ Corset (3) မျိုး
(10)No Bra ချုပ်နည်းအမျိုးမျိုး
(11)Draping & pleating အခြေခံ
(12)စတစ် နှင့် လည်ထောင်အမျိုးမျိုး အခြေခံ
(13)ကော်လာချုပ်ပုံများစွာ အခြေခံ
(14)Shoulder off အခြေခံ
(15)ပုခုံးချိတ် အမျိုးမျိုး
(16) Daily ဝတ်ဂါဝန်
(17) Cross Top
(18) လက်ပုံဆန်းများ

စသည့်အမိုက်စား သင်ရိုးများအတွက်
စနစ်ကျသော
pattern , Cutting , ချုပ်နည်းများကို ဆရာနေမင်းဝါ ဆရာမငယ် ဆရာမကြီးတို့မှကိုယ်တိုင် သေသေချာချာ ကြပ်မတ်သင်ကြားပေးမှာဖြစ်ပါတယ်။
🎉😍💎
သင်တန်းကာလ (5-6)လ။(အခြေခံမို့ လတိုသင်မပေးပါ။)
တစ်ပတ် (3)ရက် (Mon , Tue, Wed) (Thu, Fri,Sat)
နှစ်ဖွဲ့ခွဲထားတာမို့ ကြိုက်နှစ်သက်ရာရက်ကို
ရွေးပြီးတက်လို့ရပါတယ်။
သင်တန်းအချိန် မနက် 10:00am မှ ညနေ 4:30 pm ထိ။

# # # # # # # # # # # # # # # # # #% # # # # # # # # # # # # # # # # # #

💎အဆင့်မြင့်ပွဲတက် >> 60
(Advance class)

(1)တိကျမှန်ကန်သော ကိုယ်တိုင်းနည်း နှင့် ခန္ဓာကိုယ်ပြောင်းလဲမှုများ
(Body Measurements & Body Transformation)
(2)Body’s Main Pattern (6)မျိုး
(body fit pattern)
(3)Dart Manipulation (ဒေါက်ပြောင်းလဲ သုံးစွဲမှုများ)
(4)Sloper & Cutting (စနစ်တကျ ချုပ်စာထုတ်နည်းနှင့် ပိတ်စကိုက်နည်း)
(5)Fabric Grainlines (ပိတ်ကြောယူနည်းနှင့် ပိတ်စသဘောတရားများ)
(6)Daily ဝတ်ပုံဆန်းအမျိုးမျိုး
(7)သာမန်ပွဲဝတ် ပုံဆန်းများ
(8)စကတ် Skirt (7)မျိုး
(သုံးလွှာ၊4လွှာ၊ပတ်ထမီ ၊ဖြတ်ဆက်ပတ်ထမီ၊ကွင်းချိတ်၊ဖြတ်ဆက်ကွင်းချိတ်၊ Miniစကတ်)
(9)No Bra အထူအပါး ချုပ်နည်း အမျိုးမျိူး
(10) ဇာပါးဆက်နည်းအမျိုးမျိုး
(11)Corset အထူ/အပါး (5)မျိုးနှင့်
ကော်ချောင်းချုပ်နည်းများစွာ
(12)Draping , pleating & Twist အမျိုးမျိုး
(13)Shoulder off နှင့် ပုခုံးချိတ် ပုံဆန်းအမျိုးမျိုး
(14)Raise up shoulder off အမျိုးမျိုး
(15)စတစ်/ လည်ထောင်ပုံဆန်းများစွာ
(မလေးရှားလည်ထောင် ၊ကမ္ဘောဇလည်ထောင်၊ ခွဲကားလည်ထောင်၊ ဖြတ်ဆက်လည်ထောင်၊ ဒေါက်ထိုးလည်ထောင်)
(16)Collar ပုံဆန်းများစွာ
( Notch collar, Shawl collar, Baby Collar,Square collar, Shape Collar, double collar , butterfly collar)
(17)လက်ပုံဆန်းများ
(Reglan sleeve, Kimono sleeve, Doman Sleeve နှင့် လက်ပုံဆန်းများစွာ)
(18)Cape Coat design များစွာ
(19) Simple Coat & Pants
(20) Short Dress
(21)မင်္ဂလာဆွမ်းကပ်သတို့သမီး နှင့် အလှူ့အစ်မ စီးကွင့်အနုစိတ်ဝတ်စုံဖန်တီးမှုများ
(22)ပွဲတက်ပုဝါ အယူအဆများစွာ……

စသည့် သင်ရိုးအမိုက်စားတွေက်ို သေချာတတ်မြောက်စေရနဲ့ အာမခံချက် အပြည့်နဲ့ “ဆရာနေမင်းဝါ ၊ ဆရာမကြီး၊ ဆရာမငယ်”
တို့က အသေးစိတ် ဖန်တီးချုပ်လုပ်မှုများကို စာတွေ လက်တွေများဖြင့် စနစ်တကျသင်ကြားပြသပေးမှာဖြစ်ပါတယ်။
💎😍🎉🎊🎉🎉🎊

သင်တန်းကာလ (3-4)လ
တစ်ပတ် (3)ရက် (Mon , Tue, Wed) (Thu, Fri,Sat)
နှစ်ဖွဲ့ခွဲထားတာမို့ ကြိုက်နှစ်သက်ရာရက်ကို
ရွေးပြီးတက်လို့ရပါတယ်။
သင်တန်းအချိန် မနက် 10:00am မှ ညနေ 4:30 pm ထိ။

# # # # # # # # # # # # # # # # # #% # # # # # # # # # # # # # # # # # #

🎉မြန်မာမင်္ဂလာဝတ်စုံ
💎သတို့သမီး/သားဝတ်စုံ >>40
(စီးကွင့်ထိုးအပါ)

(1)ကိုယ်တိုင်းနည်း နှင့် Body’s Main pattern
(2)သတို့သမီးထိုင်မသိမ်း အမျိုးမျိုး
(ရင်ဆင်း ခါးစိုက် ၊စမူစာခါးထည့်နည်း၊ ကြေးစည်တောင် ခါးတောင်ထည့်နည်း။)
(3)သိုရင်း /သင်တိုင်း
(4)ရင်ခံ Corset (3)မျိုး
(5)draping
(6)ဗျန့်ထမီ တစ်ဖက်ဖုံး ၊နှစ်ဖက်ဖုံး
(7)ရေသီနားပြောင်းလဲပုံအဆင့်ဆင့်
(8) ပုဝါdesign အယူအဆများ နှင့် ခေတ်ပေါ်ပုဝါပုံဆန်းများ
(9)သတို့သား ပွဲတက်တိုက်ပုံ(4)မျိုး
( ပွဲတက် အလှတိုက်ပုံ ၊ကုတ် လက်ဆက်တိုက်ပုံ၊ သိုရင်းတိုက်ပုံ၊ သိုရင်း)
(10)သတို့သားခေါင်းပေါင်း
ပတ်ပေါင်းနှင့် ready made ပေါင်းနည်း
(11)သတို့သားတောင်ရှည်ဝတ်နည်း
Ready made တောင်ရှည်ချုပ်နည်း
(11)စီးကွင့် Level (1)-(2)
💎💎
စသည့်ပညာရပ်များကို ရိုးရာရှေးမူမပျက် အထောက်အထားနှင့်တကွ အခေါ်များကို
ဆရာနေမင်းဝါနှင့် ဆရာမကြီးတို့မှ
စနစ်တကျ ဖန်တီးတတ်ရုံမျှမက
ခေတ်ပေါ်ဆန်းသစ်သော ထိုင်မသိမ်းများ တိုက်ပုံများကို ဖန်တီးနိုင်သည်အထိ
အာမခံ သင်ကြားပေးပါမည်။💎🎉😍

သင်တန်းကာလ (3)လ
တစ်ပတ် (3)ရက် (Mon , Tue, Wed) (Thu, Fri,Sat)
နှစ်ဖွဲ့ခွဲထားတာမို့ ကြိုက်နှစ်သက်ရာရက်ကို
ရွေးပြီးတက်လို့ရပါတယ်။
သင်တန်းအချိန် မနက် 10:00am မှ ညနေ 4:30 pm ထိ။

# # # # # # # # # # # # # # # # # #% # # # # # # # # # # # # # # # # # #

💎အနောက်တိုင်းဝတ်စုံ
Evening Dress & Wedding Gown >> 50


(1) Body Measurements & Transformation
(2)Main Pattern (3)မျိုး
(3)international Corset (5)မျိုး
(4)Draping,Pleating, Twist အမျိုးမျိုး
(5)Simple Formal dress
(6)Marmaid dress
(7)Surplice dress
(8)Cone dress
(9) Cowl dress
(10)Miss dress
(11)Twist dress
(12)Coat dress
(13)Princess dress
(14)Shift dress
(15)Circle dress
(16)Balloon dress
(17)Swimsuit
(18)Petticoat
(19)Wedding Gown
စသည့် Dress design များစွာကို Flat pattern ရော Draping ပညာရပ်ပါနှစ်ခုပေါင်းစပ်၍
ဆရာနေမင်းဝါကိုဇဘ်တိုင်စာတွေ့လက်တွေ့ဖြင့် စနစ်တကျ သင်ကြားပို့ချမှာဖြစ်ပါတယ်။
🎉💎😍😍

သင်တန်းကာလ (3-4)လ
တစ်ပတ် (3)ရက် (Mon , Tue, Wed) (Thu, Fri,Sat)
နှစ်ဖွဲ့ခွဲထားတာမို့ ကြိုက်နှစ်သက်ရာရက်ကို
ရွေးပြီးတက်လို့ရပါတယ်။
သင်တန်းအချိန် မနက် 10:00am မှ ညနေ 4:30 pm ထိ။
🎉🎉
# # # # # # # # # # # # # # # # # #% # # # # # # # # # # # # # # # # # #

ဘာသာစုံ >>> 200
💎💎💎
(1) Basic >> 50/60
(2)Advance >> 60
(3)Evening dress. >> 50
(3)သတို့သမီးထိုင်မသိမ်း >> 40
(4)pattern Magic >> 10
(5)Knote drawing. >> 10
——————. ———-
220/230 သိန်း

🎉😍💎🎊🎊💎😍🎉

ကျနော်တို့ဘက်က ဆရာစားမချန်
အမုန်းသင်မှာမို့ ခင်ဗျားတို့ဖက်က အိတ်ကြီးကြီးနဲ့သာ လာခဲ့ကြပါလို့ ကြိုတင်မှာပါရစေ။
Cm/in ကြိုက်တာနဲ့လာပါ။
မေးသမျှလည်း နေ့ညမရွေး အချိန်ပြည့်
ဟလိုလုပ်နိုင်ပါတယ်။ သင်တန်းပြီးသွားလည်း ဆရာတပည့်ဖြစ်တာမို့ အချိန်မရွေး စာမေးနိုင်ပါတယ်။🎉💎😍🎊

အထူးတောင်းဆိုချင်တာက
ပညာတစ်ကယ်လိုချင်မှ တန်ဖိုးထားလေးစားမှသာသာ ကျနော့်သင်တန်းတွေကို Join စေချင်ပါတယ်။
ပညာကို ငါပိုက်ဆံပေးထားတာပဲဆိုတဲ့စိတ်နဲ့ ထုတ်ကုန်တစ်ခုလို သတ်မှတ်ထားသူ…
ဆရာစွဲ ပညာစွဲရှိသူ….
မာန်မာနထောင်လွှားတတ်သူ….
အများနဲ့ လိုက်လျှောညီထွေ မပေါင်းသင်းမဆက်ဆံတတ်သူ….
အတင်းအဖျင်းပြောတတ်ပြီး စကားရှုပ် အသည်အပို့လုပ်တတ်သူ….
စည်းကမ်းမရှိသူများ
လုံးဝမလာဖို့ ကြိုတင် တောင်းဆိုပါရစေခဗျာ။ 🙏🙏🙏
အကယ်၍ ပါလာပါက ယခုစည်းကမ်းများနဲ့ ငြိလာခဲ့သည်ရှိသော် သင်တန်းက ထုတ်ပယ်ပါမယ်။
စော်ကားတာမဟုတ်ပါဘူးခဗျာ ချစ်တဲ့စိတ်နဲ့ ကြိုတင်မှာတာပါ။😊

# # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # #

🏘️သင်တန်းလိပ်စာ
41-86/87ကြား
မဟာအောင်မြေ မြို့နယ်၊ မန္တလေး။

အသေးစိတ် စုံစမ်းမေးမြန်းချင်တယ်ဆိုရင်
09402503239
09400900339
09400900338
09954025032
ကိုဆက်သွယ်ပေးပါခဗျာ။
🌟🌟🎊🎉✨🧡🧡💛💛

28/11/2025

စာမစစ်တာတော်တော်ကြာပြီးဖြစ်တဲ့ကျနော့်ကို တပည့်တွေက ချပုပေးပါဆိုလို့ပါ။ war

Address

41 Road, 86J/87 Bet
Mandalay

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959400900339

Website

Alerts

Be the first to know and let us send you an email when Nay Min War ' wedding dress & Fashion design posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nay Min War ' wedding dress & Fashion design:

Shortcuts

Share