Baby June

Baby June Baby & Children's Clothing Store

နှစ်သစ်မှစပြီး ကိုယ်ကျန်းမာစိတ်ချမ်းသာ ဘေးရန်ကင်းကွာ အေးချမ်းပြည့်စုံကြပါစေနော်
04/01/2026

နှစ်သစ်မှစပြီး ကိုယ်ကျန်းမာစိတ်ချမ်းသာ ဘေးရန်ကင်းကွာ အေးချမ်းပြည့်စုံကြပါစေနော်

မန္တလေး တစ်ပြ"မန္တလေးသူ မန္တလေးသားတွေက မြေပြင်ပေါ်က ခရီးအကွာအဝေးကို ပြောတဲ့အခါဖြစ်ဖြစ်၊ လမ်းညွှန်တဲ့အခါ ဖြစ်ဖြစ်၁ ပြ၊ ၂ ...
28/02/2023

မန္တလေး တစ်ပြ"

မန္တလေးသူ မန္တလေးသားတွေက မြေပြင်ပေါ်က ခရီးအကွာအဝေးကို ပြောတဲ့အခါဖြစ်ဖြစ်၊ လမ်းညွှန်တဲ့အခါ ဖြစ်ဖြစ်
၁ ပြ၊ ၂ ပြ၊ ၃ ပြ.... စသဖြင့် ပြောတတ်ကြတယ်။

မန္တလေးနဲ့ စိမ်းတဲ့သူတွေက အဲ့ဒီ တစ်ပြနှစ်ပြတွေကို ဘာပြောမှန်း မသိကြဘူး။

တချို့က ကြားဖူးနားဝနဲ့ နားလည်မှုလွဲကြတယ်...
မန္တလေး တစ်ပြဆိုတာ မရေမရာကြီးလိုလို၊ အတိုင်းအဆမဲ့နေသလိုလို၊ အရမ်းကြီး ဝေးနေသလိုလို။

မသိသေးသူတွေ သိသွားအောင် ကျနော်ဖတ်မှတ်သိရှိခဲ့တာလေးတွေကို ပြန်လည် ဖောက်သည်ချပါမယ်။
(မှားတာရှိ ပြင်ပေးပါ)

မန္တလေး ၁ ပြ ဟာ တာ ၅၀ ရှိပါတယ်။
အတိအကျကို တာ၅၀ ရှိတာပါ။

ရှေးမြန်မာအတိုင်းအတာအရ 'တာ ၅၀' ပါ။

၁ တာ မှာ ၇ တောင် ရှိပါတယ်။

မြန်မာအတိုင်းအတာ ၁ တောင်ဟာ အင်္ဂလိပ်အတိုင်းအတာ ၁၉လက်မခန့် နဲ့ ညီမျှပါတယ်။ (တချို့က ၁၈လက်မလို့ ယူကြတယ်)

ဆိုတော့...
တာ ၅၀ = အတောင် ၃၅၀ = ၆၆၅၀ လက်မ = ၅၅၄.၁ ပေ

၁ ပြ = ၅၅၄ ပေ ပေါ့ (အနီးစပ်ဆုံး)

အဲ့ဒီ တစ်ပြကို တာ၅၀ က ဘယ်က လာတာလဲ?

မြို့ရိုးကနေ လာတာပါ။

မန္တလေးနန်းမြို့ရိုးဟာ လေးထောင့်စပ်စပ်ပုံသဏ္ဍန် ရှိပါတယ်။
မြိ်ု့ရိုးကို ပစ္စင် ပြအိုး သူရဲခို သူရဲပြေး ရင်းတား စတာတွေနဲ့ ဖွဲစည်း တည်ဆောက်ထားကြတယ်။

မြို့ရိုးတစ်ဖက်ဟာ 'တာ၆၀၀' ရှည်ပါတယ်။
တာ၅၀ တိုင်းမှာ ပြအိုးတစ်ခု ရှိပါတယ်။
အဲ့ဒီ ပြအိုးနဲ့ တည့်တည့်ကို ဦးတိုက်ပြီး မန္တလေးလမ်းတွေကို ဖောက်ထားတာပါ။
(Google map မှာ ကြည့်ရင် သိပါမယ်)

ဒါကြောင့်...
တစ်ပြဟာ တစ်လမ်း ပါ။

မြို့ရိုးပေါ်က တစ်ပြနဲ့တစ်ပြ အကွာအဝေးဟာ တစ်လမ်းနဲ့တစ်လမ်း အကွာအဝေးပဲပေါ့။

တစ်လမ်းနှစ်လမ်းမပြောဘူး တစ်ပြနှစ်ပြပဲ ပြောတာ မန္တလေးသား။ (အတူတူကိုး)

မြို့ရိုးတစ်ဖက်မှာ ၁၂ လမ်း ( ၁၂ပြ) ရှိပါတယ်။

မြို့ရိုးနဲ့ ကျုံးကြားက တာ ၂၀၊ ကျုံးအကျယ်က တာ ၂၀ နဲ့ လမ်းဘေး ပလက်ဖောင်း ဘာညာသာရကာက ၁၀တာ လောက် ရှိတော့ မြို့ရိုးကနေ နောက်ထပ် တာ၅၀ အကွာမှာ လမ်းတစ်လမ်း ယူထားတယ်။

အဲ့သဟာကြောင့်...
ကျုံးတစ်ဖက်စီဟာ ၁၄ လမ်း (၁၄ပြ) ရှိပါတယ်။

မြောက်ဖက်ကျုံးလမ်းဟာ လမ်းနံပတ် ၁၂ပါ
တောင်ဖက်ကျုံးဟာ လမ်းနံပတ် ၂၆ ပါ
၁၄ လမ်း ရှိတယ်။

အရှေ့ကျုံးလမ်းဟာ လမ်းနံပတ် ၆၆ ပါ
အနောက်ကျုံးလမ်းဟာ လမ်းနံပတ် ၈၀ ပါ
၁၄လမ်း ရှိပါတယ်။

(တချို့ထင်သလို ကျုံးတစ်ဖက်ဟာ ၂ မိုင် မရှိပါ။
၁မိုင်ခွဲခန့်သာ ရှိပါမယ်။)

မန္တလေးသားတွေက...
တစ်လမ်း နှစ်လမ်း သုံးလမ်းလို့ မပြောဘဲ တစ်ပြ နှစ်ပြ သုံးပြ စသဖြင့် ပြောကြတယ်။
လမ်း နဲ့ ပြ အခေါ် အတူတူပါပဲ။
(မြို့ထဲပိုင်း ပြောတာပါ၊ မြို့သစ်တွေ စက်မှုဇုန်တွေထဲမတော့ လမ်းနံမည်တွေဟာ ဖြစ်ချင်တိုင်း ဖြစ်နေလိုက်တာများ ချီးပုံ ကြက်ယက်ထားတဲ့ အတိုင်းပဲ၊ ပန်းနံမယ်တွေ၊ ရာဇဝင်ထဲက အဘတွေရဲ့ နာမယ်တွေနဲ့ ဘယ်လမ်းဟာ ဘယ်နားရှိမှန်း မန်းလေးသားတွေကို မသိတော့တာ၊ ဇာတ်ပျက်တယ်ဆိုတာ ဒါမျိုးကို ခေါ်တာလေ)

ချုပ်ပြီးပြောရရင်...

မန္တလေး ၁ ပြ ဟာ တချို့လူတွေထင်သလို မရေမရာ မတိမကျ ဗရမ်းဗတာ မဟုတ်ပါဘူး။

၁ပြ = တစ်လမ်း = တာ ၅၀ = ပေ ၅၅၀ခန့်
မန်းသား သန်၄ကို

01/09/2022
အသက် ၁၃ နှစ်မပြည့်ခင်မှာ သမီးလေးကို ဒါတွေသင်ထားပေးပါ။=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=Credit to Mo Mo La...
26/01/2022

အသက် ၁၃ နှစ်မပြည့်ခင်မှာ သမီးလေးကို ဒါတွေသင်ထားပေးပါ။
=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=
Credit to Mo Mo Lay
ကလေးငယ်အတွက် Share ပေးပါ

သမီးလေးတွေဆိုတာ လောကကြီးထဲက နူးညံ့တဲ့ ပန်းပွင့်လေးတွေပါ။ တန်ဖိုးရှိသော ပန်းပွင့်လေးတွေဖြစ်ဖို့အတွက် ပြုစုပျိုးထောင်ပေးရမယ့် တာ၀န်ဟာ မိဘတွေရဲ့ တာ၀န်ဖြစ်ပြီး သင့်မှာသာ သမီးလေးတစ်ယောက် ရှိတယ်ဆိုရင် အောက်ပါအချက်တွေကို သူ့ရဲ့အသက် ၁၃ နှစ်မပြည့်မီမှာ သင်ကြားထားပေးလိုက်ပါ။

၁ - အလှစစ်ဆိုတာဘာလဲ?

လောကကြီးထဲက အလှစစ်ဆိုတာ မျက်နှာသွင်ပြင်၊ ၀တ်စားဆင်ယင်မှုတွေပေါ်မှာ မမူတည်ပဲ အတွင်းစိတ်သဏ္ဍာန်ပေါ်မှာသာ မူတည်ကြောင်း သမီးလေး သိပါစေ။ စိတ်ထားနှလုံးသား လှပသူဟာ လောကမှာ အလှဆုံးလူသားတစ်ဦးပါ။ ဒါ့အပြင် Sexy ကျတယ်ဆိုတာ လျှပ်ပေါ်လော်လီစွာ ၀တ်စားဆင်ယင်တာမျိုး မဟုတ်ပဲ မိမိကိုယ်ကို ယုံကြည်မှုရှိစွာ ရပ်တည်နေထိုင်ခြင်းသာ ဖြစ်တယ်ဆိုတာ ပြောပြထားပါ။

၂ - ဟော်မုန်းတွေအကြောင်းသိပါစေ။

ရာသီသွေးဆင်းခြင်းဆိုတာ အရွယ်ရောက်လာသူ မိန်းမသားတိုင်း ကြုံတွေ့ရမယ့် သဘာ၀တရားဆိုတာ သိပါစေ။ ဒါဟာနိမ့်ကျတာမဟုတ်သလို အကြီးမြတ်ဆုံး မိခင်ဖြစ်ခွင့်ရသူ မိန်းမသားတွေမှာသာရှိတဲ့ အခွင့်အရေးဖြစ်တယ်လို့ ပြောပြပါ။ ဒီအတွက်လည်း သင့်တင့်သော ကျန်းမာရေးအသိဉာဏ် ရှိပါစေ။

၃ - စိတ်ခံစားမှုတွေကို ဘယ်လိုထိန်းချုပ်မလဲ?

မိန်းကလေးဆိုတာ အများအားဖြင့် ထိလွယ်ရှလွယ်ခံစားလွယ်တဲ့ နှလုံးသားပိုင်ရှင်လေးတွေ ဖြစ်ကြပါတယ်။ ဒါပေမယ့် ခံစားမှုတွေနောက် လိုက်လွန်းအားကြီးရင်တော့ မကောင်းပါဘူး။ ဒီတော့ သင့်ရဲ့သမီးလေးကို စိတ်ဖိအားတွေ၊ ၀မ်းနည်းမှု၊ ၀မ်းသာမှုတွေ ကြုံလာရတဲ့အခါ ဘယ်လိုရင်ဆိုင်မလဲဆိုတာ သင်ကြားပေးသင့်သလို၊ စိတ်ဓါတ်ကြံ့ခိုင်ရေး ကောင်းအောင်လည်း ပျိုးထောင်ထားပေးပါ။

၄ - မိမိကိုယ်ကို ဘယ်လိုကာကွယ်မလဲ?

ဒါကတော့ အသက်အရွယ်အပိုင်းအခြားနဲ့ အသိဉာဏ်အလိုက် ခွဲခြားသင်ကြားပေးထားရမှာပါ။ မူလတန်းအရွယ်မှာတော့ အန္တရာယ်ရှိတဲ့ လူစိမ်းတွေအကြောင်း၊ အကူအညီတောင်းနိုင်မယ့် နေရာတွေ၊ လူတွေအကြောင်း ပြောပြထားသင့်သလို အရွယ်ရောက်လာချိန်မှာလည်း ပတ်၀န်းကျင်မှာ ကြုံလာရမယ့် အန္တရာယ်တွေကိုလည်း သုံးသပ်ဆင်ခြင်တတ်သော ဦးနှောက်တစ်ခု ရှိပါစေ။

၅ - လိင်ပညာပေး

အထက်တန်းအရွယ်သို့ ရောက်လာတဲ့အခါ သမီးငယ်အနေနဲ့ လိင်ပိုင်းဆိုရာ အသိပညာတွေ ရှိထားသင့်ပါပြီ။ မြန်မာနိုင်ငံအနေနဲ့တော့ ဒီကိစ္စမျိုးဟာ မိဘနဲ့သားသမီးအကြား ဆွေးနွေးလေ့ မရှိကြပေမယ့်၊ နောင်ဖြစ်လာနိုင်မယ့် ပြဿနာတွေကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ သိသင့်သိထိုက်သော လိင်နှင့်ပတ်သတ်သော ရောဂါများအကြောင်း၊ အကာအကွယ်နဲ့ အခြားအသိပညာကိစ္စရပ်များကို စနစ်တကျ သိရှိခွင့်ပေးလိုက်ပါ။

၆ - အွန်လိုင်းကမ္ဘာကို မယုံစားမိပါစေနဲ့။

ဖေ့ဘုတ်လူမှုကွန်ယက်ကဲ့သော အွန်လိုင်းကမ္ဘာတွေဟာ တကယ့်လောက အစစ်မဟုတ်ပဲ၊ အတုအယောင် လောကတစ်ခုဆိုတာ သမီးလေး သိရှိနားလည်နိုင်ပါစေ။ လူမှုကွန်ယက်တွေမှာ အချိန်တွေ ကြာကြာဖြုန်းပစ်တာဟာ မကောင်းကြောင်း၊ အဲ့ဒီပေါ်က အဖြစ်အပျက်တွေ အကြောင်းအရာတွေဟာ လက်တွေ့ဘ၀နဲ့ ဆီလျော်မှုမရှိကြောင်း နားလည်အောင် ရှင်းပြပေးပါ။

၇ - အရာရာတိုင်းဟာ ဖြစ်နိုင်တယ်။

ကိုယ်ဟာ မိန်းကလေးဖြစ်လို့ ဘယ်အရာကိုမှ အားမတန် မာန်လျှော့ရမယ်ဆိုတာ မရှိဘူးလို့ သမီးလေး သိရှိပါစေ။ ယောက်ျား၊ မိန်းမ ရင်ဘောင်တန်းနေတဲ့ ခေတ်ကြီးမှာ အမျိုးသမီးတွေဟာလည်း ဦးဆောင်လမ်းပြသူတွေ၊ လမ်းသစ်ဖောက်သူတွေ ဖြစ်နိုင်ကြောင်း သမီးလေးအတွက် စိတ်ခွန်အားပေးပြောပြပါ။

သင့်မှာရော သမီးလေးရှိလား?
Credit to Mo Mo Lay

ဘက်စုံသုံးနံရံချိတ်ခြင်းလေးပါနော် @ ၂၅၀၀ ကျပ်စားပွဲပေါ်မှာစာအုပ်တွေရှုပ်မနေအောင်၊ ပစ္စည်းတွေတစ်စုတစ်စည်းထဲရှိနေဖို့အတွက်...
22/01/2021

ဘက်စုံသုံးနံရံချိတ်ခြင်းလေးပါနော် @ ၂၅၀၀ ကျပ်
စားပွဲပေါ်မှာစာအုပ်တွေရှုပ်မနေအောင်၊ ပစ္စည်းတွေတစ်စုတစ်စည်းထဲရှိနေဖို့အတွက် လှပတဲ့ခြင်းလေးတစ်ခုတော့လိုပါတယ်နော်။ ဒီခြင်းလေးရဲ့အားသာချက်ကနံရံမှာလဲချိတ်လို့လဲရပါတယ်။ပျောက်တက်တဲ့တိုတိုထွာထွာလေးတွေလဲထည့်ချိတ်လို့ရတာပေါ့နော်။

🍀 Lu' Kitchen ရဲ့ ထုတ်ကုန်သစ်လေးဖြစ်တဲ့ ကျန်းမာရေးနဲ့ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်တဲ့ #အသင့်စားဝဥကြာဇံဆီချက်လေးပါနော်  🍀🍠ဓာ...
22/01/2021

🍀 Lu' Kitchen ရဲ့ ထုတ်ကုန်သစ်လေးဖြစ်တဲ့ ကျန်းမာရေးနဲ့ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်တဲ့
#အသင့်စားဝဥကြာဇံဆီချက်လေးပါနော် 🍀

🍠ဓာတုဆေးတာရှည်ခံဆေး လုံးဝမသုံးထားပါ
🍠ပါဝင်ပစ္စည်းအားလုံးကို High Quality တွေပဲ သုံးပေးထားပါတယ်
🍠ပေးရတဲ့စျေးထက် ပိုကောင်းတဲ့အရသာကို ရရှိစေမှာ ပါ

🍝 တစ်ထုတ် @ ၈၅၀ ကျပ် 🍝

#ဝဥရဲ့အကျိုးကျေးဇူးလေးတွေ

👍ဆီးချို သွေးချို သမားတွေအတွက် သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးခြင်း
👍ဝိတ်ချရာမှာ အသုံးပြုနိုင်ခြင်း
👍သွေးတွင်းကိုလက်စရောကိုလျှော့ကျစေခြင်း
👍ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးနိုင်ခြင်း
👍အသားအရည်စိုပြေလှပစေခြင်း
👍အနာကျက်မြန်ခြင်း
(Medical News Today မှ ကောက်နှုတ်ဖော်ပြပါသည်)

Head Massager @ ၁၅၀၀ ကျပ်မကြာခဏ ခေါင်းကိုက်တတ်သူတွေ၊ ဇတ်ကြောတတ်တတ်တဲ့သူတွေ၊ ဖုန်းတွေTVတွေအကြည့်များပြီးအာရုံကြောအားနည်းတ...
10/01/2021

Head Massager @ ၁၅၀၀ ကျပ်

မကြာခဏ ခေါင်းကိုက်တတ်သူတွေ၊ ဇတ်ကြောတတ်တတ်တဲ့သူတွေ၊ ဖုန်းတွေTVတွေအကြည့်များပြီးအာရုံကြောအားနည်းတက်တဲ့သူတွေအတွက်ခေါင်းကိုက်တာညောင်းတာကိုသက်သာစေမဲ့ ကိရိယာလေးပါနော်

💆 ခုလိုအေးတဲ့ကာလမှာဖြစ်တတ်တဲ့ခေါင်းချွေး ပေါက်ပိတ်လို့ဖြစ်တက်တဲ့ ဗောက်တွေမဖြစ်အောင်လဲ Massageလုပ်ပြီးထိန်းလို့ရပါတယ်ရှင့်💆‍♂️

Steel Ball၅လုံးနဲ့ပြုလုပ်ထားပြီးထိထိမိမိလေးကိုယ်တိုင်နှိပ်ရတယ်ရှင့်။ Spaတွေပိတ်ထားတော့ဒါလေးနဲ့ Relax လုပ်လို့ရပါတယ်။

Silicon ရေခဲချောင်းခွက်လေးပါနော် @ ၂၀၀၀ ကျပ်ရေခဲချောင်းတုတ်ကော်အချောင်းလေးပါပြီးသားပါနော်။သား​လေး၊ သမီးလေးတွေကို ရေခဲချေ...
10/01/2021

Silicon ရေခဲချောင်းခွက်လေးပါနော် @ ၂၀၀၀ ကျပ်

ရေခဲချောင်းတုတ်ကော်အချောင်းလေးပါပြီးသားပါနော်။သား​လေး၊ သမီးလေးတွေကို ရေခဲချောင်းတွေဝယ်ကျွေးရင် ချောင်းဆိုးမှာစိုးတဲ့ မေမေတို့အတွက် အိမ်မှာတင် လတ်ဆတ်သန့်ရှင်းတဲ့ ရေခဲချောင်းလေးတွေ ကိုယ်တိုင်လုပ်ကျွေးလို့ရပါပြီနော်။ လတ်လတ်ဆတ်ဆတ်အသီးကိုဝယ် blender နဲ့ကြိတ် ရလာတဲ့အရည် or အရည်ကောအဖတ်ကော နှစ်မျိုးလုံးသုံးလဲရပါတယ်နော်။ ဆား (သို့) သကြားရည် အရသာလေးထည့်ပြီးရင် ရေခဲချောင်းခွက်ထဲထည့် ရေခဲသေတ္တာအခဲခန်းထဲထည့် အအေးခံ ခဲပြီဆိုတာနဲ့စားလို့ရပြီနော်။ နွားနို့၊ ဒိန်ချဉ် ကြိုက်နှစ်သက်ရာ ထည့်ပြီးလည်းရေခဲချောင်းလုပ်လို့ရပါတယ်နော်။

Silicon နဲ့ လုပ်ထားတဲ့ ရေခဲချောင်းခွက်မို့ တခြားရေခဲချောင်းခွက်တွေလို ကျိုးမှာ ပဲ့မှာ ပူစရာမလိုသလို ရေခဲချောင်းခဲလို့ ထုတ်တဲ့အခါမှာလဲ အလွယ်တကူထုတ်လို့ရတာမမို့ အချိန်ကုန်သက်သာစွာ အသုံးပြုနိုင်တယ်
။ ရေခဲချောင်းအမျိုးမျိုးလုပ်ကျွေးလို့ရပါတယ်နော်။

😇 လုပ်ရတာလွယ်လဲလွယ်တယ် စားလို့လဲကောင်း ကျန်းမာရေးနဲ့လဲညီညွတ် ချောင်းလဲမဆိုး ကလေးတွေလဲပျော် ကဲတခုလောက်တော့ ဝယ်လိုက်ပါတော့နော်

  Box တို့   Boxတို့မှာထည့်တဲ့ဖော့စိလေးတွေပါနော် @ ၁၀၀၀ ကျပ် (10 g )
10/01/2021

Box တို့ Boxတို့မှာထည့်တဲ့ဖော့စိလေးတွေပါနော် @ ၁၀၀၀ ကျပ် (10 g )

Surprise Box တို့Gift Box တို့မှာထည့်တဲ့မီးကြိုးလေးတွေပါနော်@ ၁၀၀၀ ကျပ်  (3M size)
10/01/2021

Surprise Box တို့Gift Box တို့မှာထည့်တဲ့မီးကြိုးလေးတွေပါနော်@ ၁၀၀၀ ကျပ် (3M size)

Surprise Box တို့Gift Box တို့မှာထည့်တဲ့ အမျှင်ထုပ်လေးတွေပါနော်@ ၁၀၀၀ ကျပ်
10/01/2021

Surprise Box တို့Gift Box တို့မှာထည့်တဲ့ အမျှင်ထုပ်လေးတွေပါနော်@ ၁၀၀၀ ကျပ်

💪 ကိုဗစ်ကာလမှာ  ကိုယ်ခံအားလေး ကောင်းနေအောင်  #ထန်းရွာချင်းထန်းလျက်မှုန့်လေးသောက်ပေးကြရအောင်နော်  ☕☕☕🤒 ရေချိုးပြီး အအေးမိ...
10/01/2021

💪 ကိုဗစ်ကာလမှာ ကိုယ်ခံအားလေး ကောင်းနေအောင် #ထန်းရွာချင်းထန်းလျက်မှုန့်လေးသောက်ပေးကြရအောင်နော် ☕☕☕

🤒 ရေချိုးပြီး အအေးမိချင်တယ်ထင်ရင် ထန်းရွာချင်ထန်းလျက်မှုန့်လေးကို ရေနွေးပူပူလေးနဲ့ သောက်ပြီးချွေးထုပ်ကြစို့နော်

🙏 သံဃာတွေကို လှူဒါန်းချင်တာပဲဖြစ်ဖြစ်
🎁 မိတ်ဆွေတွေကို လက်ဆောင်ပေးချင်တာပဲ ဖြစ်ဖြစ် ပေးလှူသူရော ရရှိသူပါ ကျေနပ်စေမယ့်

#ထန်းရွာဂျင်းထန်းလျက် လေးပါနော်

🌿ရေနွေးပူပူလေး တစ်ခွက်ရှိရုံနဲ့ အအေးမိမှာ မပူရတော့ဘူးနော် 🌿

တစ်ဘူး @ ၂၁၀၀ ကျပ်

မှာယူချင်တယ်ဆိုရင်တော့ဖြင့် ၀၉-၂၀၁၀၂၆၁ ပါလို့

🛒 လက်လီ လက်ကားဝယ်ယူနိုင်ပါသည်ရှင့် 🛒

Address

61st Street, Mahar Myaing
Mandalay
0952

Telephone

+959792010261

Website

Alerts

Be the first to know and let us send you an email when Baby June posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share