The EYE Eyewear and Eye care

The EYE Eyewear and Eye care Eyewear and Eye Care

🤝🤝🤝
02/04/2025

🤝🤝🤝

ပေါ့ပါးအကြမ်းခံ လူငယ်ဆန်ပြီး ဒီဇိုင်းဆန်းတဲ့Titaniumကိုင်းတွေကို ပစ္စည်းမှန်စျေးမှန်နဲ့The EYEမှာလာရောက်ဝယ်ယူအားပေးနိုင်...
25/09/2024

ပေါ့ပါးအကြမ်းခံ လူငယ်ဆန်ပြီး ဒီဇိုင်းဆန်းတဲ့Titaniumကိုင်းတွေကို ပစ္စည်းမှန်စျေးမှန်နဲ့The EYEမှာလာရောက်ဝယ်ယူအားပေးနိုင်ပါပြီ။

THE EYE (Eyewear and Eye Care)
🏠 Corner of 31st & 74th street, Mandalay.
☎️ 09 955 551 305, 09 777 771 305

အဝေးမှုန်အကြောင်းနှင့် အဝေးမှုန်ထိန်းမှန်အဝေးမှုန် မျက်စိပါဝါဟာ အဖြစ်အများဆုံး မျက်စိပြဿနာတခုပါ နည်းပညာခေတ်ရောက်လာတော့ အ...
16/06/2024

အဝေးမှုန်အကြောင်းနှင့် အဝေးမှုန်ထိန်းမှန်

အဝေးမှုန် မျက်စိပါဝါဟာ အဖြစ်အများဆုံး မျက်စိပြဿနာတခုပါ နည်းပညာခေတ်ရောက်လာတော့ အဝေးမှုန်ပြဿနာ ပိုပိုကြီးလာပါတယ်

အဝေးမှုန်ဖြစ်စေတဲ့ အကြောင်းရာအများကြီးရှိတဲ့အထဲ အဓိကအခြေခံသဘောတရားကတော့ အမြင်လွှာပေါ် ပုံရိပ်ထင်ရှားစွာ မရောက်ရှိခြင်းက စပါတယ် ဒီပြဿနာကို မျက်မှန်အကူညီနဲ့ ဖြေရှင်းနိုင်ပေမဲ့ ပါဝါတိုးတိုးလာတဲ့ ပြဿနာဟာ စိန်ခေါ်မှုတခုအနေနဲ့ ကြုံနေခဲ့ရပါတယ်

မျက်မှန်တပ်လိုက်ရင် ပါဝါပိုတိုးတယ်ဆိုတဲ့ ထင်မြင်ချက်ကနေ တချို့ကလေးမိဘတွေဟာ မျက်မှန်လိုအပ်နေတဲ့ မိိမိကလေးကို မျက်မှန်မတပ်ခိုင်းရဲကြပါဘူး ဒီအယူဆကလဲ ကလေးတွေရဲ့အမြင်ချို့ယွင်းမှုကို ဖြေရှင်းဖို့ မှန်ကန်တဲ့နည်းလမ်း မဟုတ်တဲ့အပြင် ကလေးတွေရဲ့ပညာရေးကိုပါ ထိခိုက်စေတာ မျက်မြင်ကြားသိဖူးကြမှာပါ

ဟုတ်ပါတယ် မျက်မှန်တခုထဲကနေ ပါဝါမထိန်းနိုင်တဲ့ခါ မိဘတွေဟာ မိမိကလေး မျက်မှန်တပ်လို့ ပါဝါပိုထူ လာမှာ မလိုလားကြတာလဲ ဓမ္မတာတခုပါ

မျက်မှန်တခုထဲနဲ့ ဘာလို့ ပါဝါတိုးတာကို မထိန်းနိုင်ရတာလဲဆိုရင် physiological (ဇီဝကမ္မ), နဲ့ physical (ရုပ်ပိုင်းဆိုင်ရာ) သဘောတရားကြောင့်ဖြစ်ပါတယ်
ဇီဝကမ္မ သဘောတရားကတော့ အမြင်လွှာပေါ် ပုံရိပ်ကောင်းစွာမရရှိရာကနေစပါတယ် ရိုးရိုးမျက်မှန်ပါဝါပေးလိုက်တဲ့ခါ အမြင်လွှာအလယ်တည့်တည့်ကို တိကျတဲ့ပုံရိပ်ကို ပေးနိုင်ပေမဲ့ ဘောလုံးလေးလိုဝိုင်းစက်တဲ့ မျက်လုံးပေါ်ကအမြင်လွှာဟာ ခုံးနေတဲ့သဘောရှိပါတယ် ဒါကြောင့် ဘေးအမြင်လွှာကို ပါဝါကနေပေးတဲ့ ပုံရိပ်ဟာ တိကျမှုမရှိတော့ပါဘူး အလယ်အမြင်လွှာနဲ့ယှဉ်ရင် ဘေးကအမြင်လွှာတွေဟာ ရှေ့ရောက်နေလို့ ပြတ်သားတဲ့ပုံရိပ်ဆုံချက်ဟာ အမြင်လွှာနောက်ကို ရောက်သွားပါတော့တယ် အမြင်လွှာနောက်ကိုရောက်နေတဲ့ပုံရိပ်ကိုမြင်ရဖို့ ဇီဝကမ္မဖြစ်စဉ်ကနေ မျက်လုံးကို ပိုကြီးထွားဖို့ လှုံ့ဆော်ရာရောက်သွားပါတယ်

ဒီလိုပဲ ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာဟာ အသက်ရွယ်တခုထိ ဖွံ့ဖြိုးအုံးမှာမို့ အသက်ရွယ်တခုထိမျက်လုံးကြီးထွားနေရပါတယ်

အဝေးမှုန်တယောက်အတွက် မျက်လုံးကြီးထွားလေလေ အဝေးမှုန်များလေလေက တိုက်ရိုက်အချိုးကျပါတယ်

ရုပ်ပိုင်းဆိုင်ရာ ရှောင်လွဲမရတဲ့ ပါဝါတိုးမှုဟာ အထိုက်လျောက်အခြေနေမှာရှိပေမဲ့ ဇီဝကမ္မလှုံဆော်မှုကြောင့်ရနိုင်တဲ့ ပါဝါအပြောင်းလဲဟာ ပိုပြီးခန်မှန်းရခက်တတ်ပါတယ်

ခုဆိုရင် ဇီဝကမ္မလှုံဆော်မှုကို ရှောင်ရှားဖို့ အဝေးမှုန်တိုးလာမှုကို ထိန်းချုပ်ပေးမယ့် မျက်မှန် ဒီဇိုင်းပေါ်ပေါက်လာနေပါပြီ ဒါကို အဝေးမှုန်ထိန်း မျက်မှန်လို့ခေါ်ပါတယ် ရိုးရိုးမျက်မှန်နဲ့ ဇီဝကမ္မအပြောင်းလဲကို ပိုဆိုးနိုင်ချေရှိတာကို ချေဖျက်ပေးမဲ့ အဝေးမှုန်ထိန်းမျက်မှန် (Myopic Control Lens)ဟာ အမြင်လွှာဗဟိုချက်ကို တိကျပြတ်သားတဲ့ပုံရိပ်ကို ပေးပို့တဲ့အပြင် ကျန်အမြင်လွှာအစိတ်ပိုင်းတွေကိုတော့ ပုံရိပ်ဆုံချက်ကို အမြင်လွှာရှေ့မှာရှိနေအောင် ထိန်းပေးထားနိုင်လို့ ရိုးရိုးမျက်မှန်မှာဖြစ်တဲ့ အမြင်လွှာနောက်ရောက်နေတဲ့ပုံရိပ်ကြောင့် မျက်လုံးကြီးထွားစေနိုင်တဲ့ဇီဝကမ္မဖြစ်စဉ်ကို ပြောင်းပြန်အကျိုးဖြစ်ထွန်းစေပါတယ် Myopic Control Lensနဲ့ဆိုရင် မျက်လုံးပိုမကြီးအောင် ထိန်းထားပေးသလိုရောက်တာမို့ ရိုးရိုးမျက်မှန်ထက်စာရင် ၅၀ရာခိုင်နှုန်းအထက် ပါဝါတိုးခြင်းကို ထိန်းချုပ်ပေးနိုင်တဲ့ စစ်တမ်းရလာဒ်တွေ ရရှိထားပါတယ်
သဘောကတော့ ရိုးရိုးမျက်မှန် တနှစ်တပ်လို့ ပါဝါ ၁၀၀တက်ရင် Myopic Control Lensနဲ့ဆိုရင် ၅၀ လောက်ပဲ တက်ပါမယ် ထို့အတူ မျက်လုံးကြီးထွားမှုAxial Lengthက ရိုးရိုးမျက်မှန်နဲ့ တနှစ် 0.5 mm ဖြစ်တဲ့ခါ Myopic Lensနဲ့ဆို 0.25mm ပဲဖြစ်တဲ့ထိ Control ကောင်းတာကို တွေ့ရပါတယ် (ဒီသဘောတရားကို အောက်ကပုံမှာ ကြည့်လို့ရပါတယ် image from Google)

ဒါကြောင့် မျက်မှန်တပ်ရလို့ ပါဝါတိုးမှာ စိတ်ပူနေတဲ့မိဘတွေ မျက်မှန်ပါဝါ တခါစမ်း တခါတိုးနေရတဲ့ အဝေးမှုန်သမားတွေအတွက် Myopic Control Lensဟာ အကောင်းဆုံးဖြေရှင်းနည်း တခု ဖြစ်ကြောင်း တိုက်တွန်းမျှဝေပေးပါရစေ

Myopic Control Lensရဲ့ အားသာချက်ကိုလေ့လာသိရှိပြီးတဲ့နောက် Essilor နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ Stellest (HALT) Myopic Control Lensကို The Eye (Mandalay) မှာ ဝယ်ယူရရှိနိုင်ပါပြီဖြစ်တဲ့အကြောင်း သတင်းကောင်းလေး ပါးပါရစေ

မိတ်ဆွေအမြင်တွေမှားနေပြီဆိုရင်တော့ မျက်စိစမ်းသပ်ဖို့တော့လိုနေပြီနော် 😁🤓THE EYE (Eyewear and Eye Care)🏠 Corner of 31st & ...
02/06/2024

မိတ်ဆွေအမြင်တွေမှားနေပြီဆိုရင်တော့ မျက်စိစမ်းသပ်ဖို့တော့လိုနေပြီနော် 😁🤓

THE EYE (Eyewear and Eye Care)
🏠 Corner of 31st & 74th street, Mandalay.
☎️ 09 955 551 305, 09 777 771 305

16/05/2024

Ultravex မှန် ဘယ်လောက်မာကြောလဲ အောက်က ဗွီဒီယိုကိုကြည့်

1.56မှန်က အပေါက်ကြီးဖြစ်သွားတောင် Ultravexမှန်တော့ အရာမယွင်းဘူး

Relax Lensဒီမှန်အမျိုးစားကတော့ ကွန်ပြူတာ တချိန်လုံးအသုံးပြုရသူတွေ အသက် ၃၅ နဲ့ ၄၀ကြား အနီးမှုန်စပြုသူတွေအတွက် အထူးသင့်လျှ...
10/05/2024

Relax Lens

ဒီမှန်အမျိုးစားကတော့ ကွန်ပြူတာ တချိန်လုံးအသုံးပြုရသူတွေ အသက် ၃၅ နဲ့ ၄၀ကြား အနီးမှုန်စပြုသူတွေအတွက် အထူးသင့်လျှော်တဲ့ မှန်အမျိုးစားဖြစ်ပါတယ်

Anti fatigue Lens အမျိုးစားဖြစ်လို့ စာကြည့် ဖုန်းကြည့် မျက်ရိုးကိုက်တတ်တဲ့ သူမျိုးအတွက်လဲ အထူးအဆင်ပြေတာမို့ အခုပဲ စမ်းတပ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်

Lux-Drive Lensဒီတခါ The EYEကနေ မိတ်ဆက်ပေးမဲ့ မှန်အမျိုးစားကတော့ ကားမောင်းသမားတွေ နေရောင်ခြည်အောက် အလုပ်လုပ်သူတွေ ကန်ရေပြ...
07/05/2024

Lux-Drive Lens

ဒီတခါ The EYEကနေ မိတ်ဆက်ပေးမဲ့ မှန်အမျိုးစားကတော့ ကားမောင်းသမားတွေ နေရောင်ခြည်အောက် အလုပ်လုပ်သူတွေ ကန်ရေပြင်အနီး အပန်းဖြေ ငါးဖမ်းဝါသနာပါသူတွေအတွက် အထူးသင့်လျှော်တဲ့ မှန်အမျိုးစားဖြစ်ပါတယ်

အလင်းပြန်ခြင်းကို အထူးကာကွယ်ပြုလုပ်ထားတဲ့ အပြင် anti blue rayပါ ပေါင်းစပ်ထားတဲ့ Lux vision Driveအမျိုးစားဟာ ညကားမီးထိုးလို့ မမြင်ရတဲ့ဒုက္ခကို ကာကွယ်ပေးနိုင်သလို နေ့ခင်းအလင်းပြန်လာတဲ့ စူးရှမှုကိုပါ ကာကွယ်ပေးနိုင်တာကြောင့် နေ့ရောညပါ အလင်းပြန်လာရာက ပေးတဲ့ ဒုက္ခ အလိုလိုကင်းဝေးသွားနိုင်တဲ့မှန်အမျိုးစားမို့ ကားအချိန်ပြည့်မောင်းသူတွေ နေရောင်အောက် အလုပ်လုပ်ရသူတွေ ပင်လယ်အနီး အပန်းဖြေသူတွေအတွက် အထူးပဲသင့်လျှော်လို့ ခုပဲ The EYEကို ဟဲလိုလုပ်လိုက်ပါနော်

01/05/2024

၁၅ မိနစ်တည်းတဲ့ !!!! ၁၅ မိနစ်တည်း !!!

THE EYE မှာ ၁၅ မိနစ်တည်းနဲ့ မျက်မှန်ပါဝါထည့်ပေးနေပြီတဲ့ဗျို့။ ❕

👀 မျက်မှန်ပါဝါလဲရင် မနက်လုပ်ပြီး ညနေမှရတယ်ဆို ကြာတယ်လို့ပြောရမှာပေါ့…

မှုန်ဝါးဝါးနဲ့ အကြာကြီးစောင့်မနေပါနဲ့…. THE EYE မှာဆို ၁၅ မိနစ်ပဲနော်.. 🥰

👓 ခေတ်မီစက်ကြီးတွေ၊ နောက်ဆုံးပေါ်နည်းပညာတွေနဲ့ မျက်စိစမ်းသပ်ရင်း Trend ဖြစ်နေတဲ့အမိုက်စား မျက်မှန်ကိုင်းအသစ်တွေ သင့်တော်သောမှန်အမျိုးအစားတွေ စိတ်ကြိုက်ရွေးပြီးတာနဲ့ ၁၅ မိနစ်အတွင်း ပါဝါမှန်ကန်တိကျတဲ့ မျက်မှန်အသစ်လေးယူဖို့ …

🤍 THE EYE Eyewear and Eye Care ကို အခုပဲ လှမ်းလာပါလို့ ဖိတ်ခေါ်ပါရစေ။

THE EYE (Eyewear and Eye Care)
🏠 Corner of 31st & 74th street, Mandalay.
☎️ 09 955 551 305, 09 777 771 305

Ultravex LensBlue cut, photochromic lensတွေအကြောင်းပြောပြီးရင် ဒီတခါ ပြောမဲ့မှန်အကြောင်းက ultravexမှန်အမျိုးစားပဲ ဖြစ်ပါ...
29/04/2024

Ultravex Lens

Blue cut, photochromic lensတွေအကြောင်းပြောပြီးရင် ဒီတခါ ပြောမဲ့မှန်အကြောင်းက ultravexမှန်အမျိုးစားပဲ ဖြစ်ပါတယ်

Ultravex မှန်အမျိုးစားကို unique molecular network structure အတိုင်း ထုတ်လုပ်ထားလို့ မာကျောမှု အားကောင်းပါတယ်
5/8 လက်မအရွယ် စတီးဘောလုံးကို 1.27 မီတာအမြင့်ကနေ မှန်ပေါ်တည့်တည့် ပစ်ချတာတောင် မှန်က ကွဲအက်မသွားပါဘူး

ဒီလိုမာကျောတဲ့မှန် အမျိုးစားက မျက်လုံးထိခိုက်မှု မရှိအောင် ကာကွယ်ပေးနိုင်လို့ ကလေးသူငယ်တွေ အားကစားသမားတွေ မျက်လုံးထိခိုက်မှု အန္တာရယ်များတဲ့ လုပ်ငန်းခွင်မှာ အလုပ်လုပ်သူတွေအတွက် အင်မတန် သင့်လျှော်ပါတယ်

Ultravexဟာ သာမန်မှန်တွေထက် အဆ ၇ ဆ ပိုမိုမာကျောလို့ frameless မျက်မှန်ကိုင်းတပ်သူတွေ ရွေးချယ်သင့်တဲ့ မှန်အမျိုးစားဖြစ်ပါတယ်

High indexမှန်တွေမှာ Abbe တန်ဖိုးလျှော့တတ်ပေမဲ့ Ultravex ရဲ့ Abbe numberက 43ရှိလို့ ရောင်စဉ်ဖြာခြင်းနဲတဲ့အတွက် ကြည့်ရတဲ့မြင်ကွင်းကို ပိုပြီးရှင်းလင်းပြတ်သားစေပါတယ်

The Eyeက မှာယူထားတဲ့ Ultravexမှန်ကို superhydrophobic coating ထပ်ထားတဲ့အတွက် အစွန်းထင်းခြစ်ရာတွေကို ခံနိုင်တဲ့အပြင် မှန်ပေါ် ရေမတင် ချွေးမထင်လို့ မျက်မှန်ကောင်းကြိုက်သူတွေအတွက် ရွေးချယ်သင့်တဲ့ မှန်ကောင်းတခုဖြစ်ကြောင်း မိတ်ဆက်ပေးလိုက်ပါရစေ

26/04/2024

Photochromic lens

ကျနော်တို့ မျက်စိဟာ အိပ်ယာကထ မျက်လုံးစပွင့်လိုက်တာနဲ့ အိပ်ယာဝင်တဲ့ထိ တနေကုန် အလုပ်လုပ်နေရပါတယ် ဒါကို သတိထားမိကြသူနဲမယ်ထင်ပါတယ်
ခန္ဓာကိုယ် တနေကုန် လှုပ်ရှားနေရရင် ပင်ပန်းသလိုပဲ မျက်စိလဲ တနေကုန်လှုပ်ရှားရရင် ပင်ပန်းတတ်ပါတယ် မတူတာက ခန္ဓာကိုယ်က လူကခိုင်းမှ လှုပ်ရှားရပေမဲ့ မျက်စိကတော့ ပြင်ပလှုံဆော်မှုတိုင်းကို တုန့်ပြန်နေရတော့ လူကမခိုင်းလဲ သူ့ဘာသာအလုပ်လုပ်နေရတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အင်္ဂါအစိတ်ပိုင်းတခုမို့ ကျနော်တို့ ပိုပြီးဂရုစိုက်ပေးဖို့လိုအပ်ပါတယ်

ပြင်ပအလင်းရောင် တောက်ပမှေးမှိန်တဲ့ အခြေနေတိုင်း မျက်လုံးကြွက်သားတွေ လှုပ်ရှား
နေရမှု သက်သာအောင် အလင်းချိန်ညှိမှန်တွေကို photochromic Lensလို့ခေါ်ပါတယ်

Photochromic Lens ကို Q active နဲ့ Revolution ဆိုပြီးနည်း၂မျိုးနဲ့ပြုလုပ်ပါတယ် ခေတ်မီတိုးတက်လာတဲ့ နည်းပညာတွေနဲ့ Photochromic မှန်တွေဟာ ပြင်ပအလင်းရောင်ရုတ်ချည်းပြောင်းလဲမှုဒဏ်ကို မျက်လုံးပေါ်သက်ရောက်မှု နည်းအောင် ကာကွယ်ပေးနိုင်
လို့ တနေ့တာမျက်စိ ညောင်းညာမှုကနေ အထိုက်လျှောက် သက်သာစေတဲ့အပြင် အလင်းစူးတာ မခံနိုင်တဲ့လူတွေအတွက် photochromic မှန်က အဓိကရွေးချယ်စရာ မှန်အမျိုးစား ဖြစ်ပါတယ်
ဒါကြောင့်လဲ photochromic နဲ့ blue cut အတွဲအစပ်ကို လူကြိုက်များလာနေပါတယ်

Address

Corner Of 31st & 74th Street
Mandalay

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959955551305

Website

Alerts

Be the first to know and let us send you an email when The EYE Eyewear and Eye care posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The EYE Eyewear and Eye care:

Share