21/08/2026
မှတ်ထားကြနော်
🚨 Facebook ပေါ်က လူလိမ်တွေကို ဖော်ထုတ် တိုင်ကြားလို့ရပြီ!
Facebook Feature အသစ် - Scam Protection Center ဆိုတာ သိပြီးပြီလား?
အခုနောက်ပိုင်း Facebook မှာ လူလိမ်အရမ်းပေါလာလို့ Facebook ကိုယ်တိုင်က Users တွေကို ကာကွယ်ဖို့ Feature အသစ်ထည့်ပေးလိုက်ပါပြီ၊
ဒီ Feature ရဲ့ အားသာချက်က -
AI နဲ့ တိုက်ရိုက်တိုင်ကြားလို့ရတာမို့ English လို မရေးနိုင်လဲ မြန်မာလိုရေးပြီး တိုင်လို့ရပါတယ်။ မြန်မာ Users တွေအတွက် ပိုအဆင်ပြေသွားပြီဗျ။
ဘယ်လိုဝင်တိုင်ရမလဲ?
၁. ကိုယ့် Facebook Menu ထဲဝင်
၂. Help and support ကိုနှိပ်
၃. Scam Protection Center ကိုနှိပ်
၄. Report a scam ကိုနှိပ်
ပုံမှာပြထားသလို စာရေးတဲ့နေရာမှာ ကိုယ်ကျွမ်းကျင်တဲ့ ဘာသာစကားနဲ့ ဖြစ်ပျက်ခဲ့တာကိုရေးထည့်ပြီး၊ Scam အကောင့်ရဲ့ Link ကိုပါ တွဲထည့်ပေးလိုက်ပါ၊
ဘယ်လိုအခြေအနေတွေမှာ တိုင်ရမလဲ?
✅ Messenger မှာ ငွေလိမ်ခံရရင်
✅ Fake အကောင့် / Fake Page တွေ့ရင်
✅ Hack မယ်ဆိုပြီး ခြိမ်းခြောက်တဲ့ Message ရရင်
"What's happening and where?" ဆိုတဲ့နေရာမှာ မြန်မာလိုရေးပြီး Chat with us ကိုနှိပ်ရုံပဲ၊ Meta AI က ကိုယ့်ရဲ့ Activity တွေကို စစ်ပြီး ကူညီပေးလိမ့်မယ်၊
သတိပြုရန် -
ဒါက တိုင်ကြားတဲ့နေရာပါ၊ ပိုက်ဆံပြန်တောင်းပေးတဲ့နေရာမဟုတ်ပါဘူး။ ဒါပေမယ့် တိုင်ထားရင် အဲ့လူလိမ်အကောင့်ကို Facebook က မြန်မြန်ပိတ်ပေးလို့ နောက်လူတွေ အလိမ်မခံရတော့ပါဘူး၊
တကယ်အသုံးဝင်တဲ့ Feature လေးမို့
လိုအပ်လာရင် အသုံးပြုနိုင်ဖို့ အတွက်
Facebook သုံးတဲ့ လူတိုင်း သိထားသင့်တယ်နော်☺️