Thu Zar

Thu Zar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thu Zar, Fashion Designer, 58 × 59 streets, SaKar War street, ChanMyaTharSi, Mandalay.

12/08/2023

အားလုံးပျော်စရာနေ့သစ်တွေပိုင်ဆိုင်ပါစေ

20/04/2023

🍀နှစ်သစ်မှစကျန်းမာခြင်းချမ်းသာခြင်းပြည့်စုံခြင်းများပိုင်ဆိုင်ကြပါစေ🍀

20/02/2023

“အလွယ်တကူ ခူးဆွတ်လို့ ရတဲ့ အသီးများ”

◾Low hanging fruits လို့ ခေါ်တယ်။ အပင်တစ်ပင်က အသီးတွေ တွဲလောင်းကျနေတဲ့အခါ ခူးလို့ လက်လှမ်းမီလောက်တဲ့ အနေအထားထိ ရောက်နေတဲ့ အသီးတွေပေါ့။

တင်စားပြီး ခေါ်တဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အလုပ်တွေ လုပ်ကြတဲ့အခါ အလွယ်တကူနဲ့ ပြီးစီးနိုင်၊ ရလဒ်ထွက်နိုင်တဲ့ အလုပ်တွေကို ဆိုလိုချင်တာပါ။ အထူးသဖြင့် အလုပ်တအားများပြီး ဘာက စလုပ်ရမှန်းမသိ ဖြစ်နေရင်၊ ဒါမှမဟုတ် တနေကုန် ဘာမှမလုပ်ဖြစ်လို့၊ အလုပ်မပြီးလို့ စိတ်တွေ ညစ်နေရင် ဒီနည်းကို သုံးလို့ရတယ်။

◾အစိုးရသစ်တွေ တက်လာတဲ့အခါလည်း ဒါကို သုံးကြတယ်။ Quick wins လို့လည်း ခေါ်တယ်။ အစိုးရသစ် ဆိုတော့ အလုပ်တွေ၊ ဖြေရှင်းစရာတွေက အများကြီးလေ။ တချို့ကိစ္စတွေဆို ကိုယ့်အစိုးရသက်တမ်းအတွင်း အုတ်မြစ်ချရုံလောက်ပဲ တတ်နိုင်တာတွေ ရှိမယ်။ ရလဒ်က မမြင်သာဘူး။ ဒါတွေကိုချည်း ဖိလုပ်နေရင် ပြည်သူက ဘယ်ကြိုက်တော့မလဲ။ ဒါကြောင့် လွယ်လည်း လွယ်မယ်၊ ရလဒ်လည်း မြန်မြန်မြင်ရမဲ့ အလုပ်တွေကို အရင်လုပ်ကြတယ်။ ဒါမှသာ ပြည်သူလူထုရဲ့ နှစ်သက်မှုကို ရမယ်ပေါ့။

(ဥပမာ ဦးသိန်းစိန်အစိုးရလက်ထက်က တက်တက်လာချင်း ဆင်းမ်ကတ်တွေကို ၁,၅၀၀ နဲ့ ရအောင် လုပ်ပေးလိုက်တာမျိုး။ တကယ်တော့ သူတို့ပဲ သိန်း ၃၀ နဲ့ ရောင်းခဲ့တာ။ သိပ်ခက်ခဲလှတဲ့ ပြုပြင်ပြောင်းလဲမှု မဟုတ်ဘူး။ သို့သော် လူတွေရဲ့ အမြင်မှာတော့ သဘောကျစရာ ဖြစ်သွားခဲ့တယ်။)

◾ကျွန်တော်တို့ နေ့စဉ်ဘဝမှာလည်း ဒါကို အသုံးချလို့ရတယ်။ ဥပမာ ကိုယ်က စာဖတ်ရမှာတွေ အများကြီး ရှိနေတယ်။ လုပ်ရမှာတွေ အများကြီး ဖြစ်နေတယ်။ အဲဒီထဲကနေ ကိုယ့်အတွက် အလွယ်ဆုံး၊ ကိုယ်လည်း အလုပ်ချင်ဆုံး၊ အပျော်ဆုံးတစ်ခုကို ရွေးလိုက်။ အဲဒါကို စလုပ်။

လွယ်တဲ့အလုပ်ဆိုတော့ မြန်မြန်ပြီးသွားမယ်။ ကိုယ်လည်း ပျော်သွားမယ်။ ဒီကနေမှ တခြားခက်တဲ့ အလုပ်တွေကို ဆက်လုပ်ဖို့၊ စာတွေကို ဆက်ဖတ်ဖို့ အရှိန်ရသွားလိမ့်မယ်။

တချို့လည်း အခက်ဆုံးကနေ စဖြိုတာ ရှိပါတယ်။ ဒါပြီးသွားရင် ကျန်တာ အေးဆေး ဖြစ်သွားပြီပေါ့။ အဲဒါက ပုံမှန်စိတ်အခြေအနေနဲ့ဆို ပြဿနာ မရှိပေမဲ့ ဘာမှကို လုပ်ချင်စိတ် မရှိပါဘူးဆိုရင်ကျ အခက်ဆုံးကနေ စလို့ မရဘူး။ အလွယ်ဆုံးကနေ စ။

◾ဒါကြောင့်လည်း မနက်ခင်းကို အကောင်းဆုံး စတင်ပါလို့ ပြောကြတာ။ တချို့ဆို အိပ်ရာသိမ်းတာကနေ စပါလို့တောင် အကြံပေးတယ်။ ဒီအတိုင်း အိပ်ရာကနေ ထမသွားနဲ့။ စောင်ကလေး ခေါက်ခဲ့။ အိပ်ရာခင်းလည်း ပြန်ဆန့်ခဲ့။ ဒါဆို အိပ်ရာသိမ်းခဲ့ပြီဆိုပြီး စိတ်က အရှိန်ရသွားမယ်။ ဖုန်းထိုင်ပွတ်နေတော့မှာ မဟုတ်ဘူး။ တခြားအကျိုးရှိတာတွေ ဆက်လုပ်ဖြစ်သွားလိမ့်မယ်။

ပြီးရင် မျက်နှာသစ်၊ သွားတိုက်၊ မနက်စာပြင်။ မစားခင် ၁၅ မိနစ်လောက် ကိုယ်လက်လေ့ကျင့်ခန်း လုပ်လိုက်။ စားပြီး ၁၅ မိနစ်ကို စိတ်ပိုင်းဆိုင်ရာအတွက် တစ်ခုခုနားထောင်တာ၊ ဒါမှမဟုတ် ဦးနှောက်ဖွံ့ဖြိုးမှုအတွက် တစ်ခုခု လေ့လာတာ လုပ်လိုက်။ ပြီးမှ ရေချိုး၊ အလုပ်သွားစရာရှိတာ သွား။ အဲဒီလို နာရီဝက်ကလေး အချိန်ပေးလိုက်တာနဲ့ တနေကုန်က အဆင်ပြေသွားတယ်။ စိတ်က လေလွင့်မနေတော့ဘူး။

ဒါကြောင့် ငါတော့ တစ်နေ့တစ်နေ့ ဘာမှလည်း မလုပ်ဖြစ်ဘူးဆို ပြန်ဆန်းစစ်ကြည့်။ မနက်ခင်းတွေကို သေချာ မစတင်ခဲ့တာကို တွေ့ရလိမ့်မယ်။

◾ကျွန်တော် မကြာခဏလည်း ပြောဖူးပါတယ်။ Happiness is achievement. ပျော်ရွှင်မှုသည် ပြီးမြောက်အောင်မြင်မှု ဖြစ်တယ်။ ဒီကာလကြီး ဘာတွေ ပြီးမြောက်နိုင်မှာလဲ မေးစရာရှိတယ်။ ကြီးကြီးမားမားမှ မဟုတ်ပါဘူး။ စာဖတ်ဖြစ်တယ်၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဖြစ်တယ်၊ တရားထိုင်ဖြစ်တယ်၊ ပညာရပ် တစ်ခုခု သင်ဖြစ်တယ်၊ လူတစ်ယောက်ယောက်ကို ကူညီဖြစ်တယ်၊ ဒါတွေကရော Achievement မဟုတ်လို့လား။

အဓိကက တစ်နေ့တာကို အကျိုးရှိရှိ ဖြတ်သန်းခဲ့ဖို့ပါပဲ။ အဲဒါဆို လူက ကျေနပ်နှစ်သက်မှုရပြီး အလိုလို ပျော်လာတယ်။ ဒါကြောင့် မနက်ခင်းတွေကို အကောင်းဆုံး စတင်ပါလို့ ပြောတာ။

◾တစ်ခါတလေကျ သံသရာလည်နေတာပေါ့။ စိတ်ညစ်လို့ ဘာမှမလုပ်၊ ဘာမှမလုပ်တော့ ဒီနေ့ကို ငါ အချိန်တွေ ဖြုန်းမိပြီဆိုပြီး ပြန်စိတ်ညစ်။ အဲဒီအခါမှာလည်း Low hanging fruits ကို သတိရ။

ဥပမာ စားပြီးသား ပန်းကန်တွေ ထဆေးပစ်လိုက်တာမျိုး၊ စားပွဲခုံကို ရှင်းလိုက်တာမျိုးပေါ့။ စိတ်ညစ်တော့ တစ်မနက်လုံး နေချင်သလို နေထားတာလေ။ လူရဲ့ စိတ်ဆိုတာ သူနေနေတဲ့ပတ်ဝန်းကျင်နဲ့လည်း အများကြီး ပတ်သက်တယ်။ အိမ်ရှုပ်ရင် နေတဲ့လူရဲ့ စိတ်လည်း ရှုပ်ရတာပဲ။

အဲဒါလေးတွေကို စရှင်းလိုက်။ စိတ်က နည်းနည်းလေးဖြစ်ဖြစ် ပျော်လာလိမ့်မယ်။ အဲဒီအရှိန်နဲ့ ကျန်တာတွေ ဆက်လုပ်။ ဒါဆို တစ်ညနေစာတော့ အကျိုးရှိတာတွေ လုပ်နိုင်သွားမှာ ဖြစ်ပါတယ်။

◾ဒီကာလက စိတ်ဖိစီးစရာ များပါတယ်။ အနာဂတ်တွေကလည်း မှောင်မိုက်နေတာ။ ဒါကြောင့် တစ်ရက်ချင်းစီကိုပဲ အကောင်းဆုံး ရှင်သန်နိုင်အောင် ကြိုးစားအားထုတ်ရကြမှာပါ။ ဘဝအပေါ် ကျေနပ်နှစ်သက်မှု ရဖို့ဆိုတာ တစ်နေ့တာချင်းစီကို ကျေနပ်နိုင်ဖို့ လိုပါတယ်။ ဘယ်နေ့ ဘာဖြစ်မယ် မသိတဲ့ ဘဝမှာ အဝေးကြီးတွေ တွေးပူမနေပါနဲ့။ ကိုယ့်လက်ထဲ ရှိနေတဲ့ ဒီနေ့တစ်ရက်တာကိုသာ အကောင်းဆုံးဖြစ်အောင် ရှင်သန်နေထိုင်လိုက်ပါ။

ဒေါက်တာ ဖြိုးသီဟ
၁၈.၂.၂၀၂၃

Photo credit - Pixabay

နစ်သစ်မှစအားလုံးပျော်ရွှင်ကျန်းမာပါစေ
22/01/2022

နစ်သစ်မှစအားလုံးပျော်ရွှင်ကျန်းမာပါစေ

26/04/2020

အားလုံးပဲကျန်းမာပျော်ရွင်ကြပါစေ

Address

58 × 59 Streets, SaKar War Street, ChanMyaTharSi
Mandalay
05013

Website

Alerts

Be the first to know and let us send you an email when Thu Zar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share