21/02/2022
👶👧ကလေးများနှင့် 🦠အိုမီခရွန်(Omicron)🦠
🦠🦠🦠🦠🦠🦠🦠🦠🦠🦠🦠🦠🦠🦠🦠🦠
🇺🇸USရဲ့စစ်တမ်းများအရ အိုမီခရွန်က 👶👧 ကလေးငယ်တွေမှာ ✅ပိုဖြစ်နိုင်ပြီး အရင်ကိုဗစ်တွေထက် 🤒ပိုမိုပြင်းထန်နိုင်ပါတယ်💥💥💥
အိုမီခရွန်က ကလေးတွေမှာပိုဖြစ်နိုင်သလို အရင်လှိုင်းကလူကြီးများကဲ့သို့ ‼️Oxygen ကျပီး‼️ အရေးပေါ်အခြေအနေ🚨ဖြစ်လာတာမျိုးတွေရှိလာပါတယ်
----------------------------------------------------------
🦠ကလေးအိုမီခရွန်လက္ခဏာများ🦠
🤒ဖျားခြင်း
🥴ကိုယ်လက်ကိုက်ခဲခြင်း
😫လည်ချောင်းနာခြင်း
😤ချောင်းဆိုးခြင်း
ကလေးငယ်လေးတွေမှာ အိုမီခရွန် ကူးစက်ခံရရင် 🫁အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း ရောင်ရမ်းပြီး 💢💢တအုံးအုံးနဲ့ လှိုဏ်ခေါင်းသံပေါက်ပြီး 🗣ချောင်းဆိုးတတ်တာကို တွေ့ရပါတယ်
----------------------------------------------------------
🫁ကလေးငယ်လေးတွေ လေပြွန်ရောင်တဲ့အခါ🫁
🗣ချောင်းဆိုးခြင်း၊ အထူးသဖြင့် 🌙ညဘက်မှာ ချောင်းပိုဆိုးခြင်း
😭ငိုတဲ့အခါ 🗣ချောင်းဆိုးတဲ့အခါ 💢လှိုင်ခေါင်းသံလိုမျိုး တဟုန်းဟုန်းနဲ့ အသံကျယ်ကျယ်ချောင်းဆိုးခြင်း
🤒ဖျားခြင်း
💢အသံပြောင်းသွားခြင်း၊ အသံသြလာခြင်း
🫁အသက်ရှူတဲ့အခါ တရွှီရွှီနဲ့ ဆူညံနေခြင်း
အစရှိတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်
----------------------------------------------------------
💥အရမ်းပြင်းထန်တဲ့ကလေးတွေမှာ ‼️Muti-organ inflammatory syndrome‼️ဆိုတာဖြစ်နိုင်ပါတယ်
‼️လက္ခဏာတွေက‼️
🤒အဖျား24နာရီ သို့ 24ထက်ပိုကြာခြင်း
🤮အန်ခြင်း
💩ဝမ်းလျောခြင်း
🥴ဗိုက်အောင့်ခြင်း
😤အသက်ရှုနှုန်းမြန်လာခြင်း
🫀နှလုံးခုန်နှုန်းမြန်ခြင်း
🐞အရေပြားတွင်အနီပြင်များထွက်ခြင်း
🥺အရမ်းမှိန်းခြင်း တို့ဖြစ်တတ်ပါတယ်
🦠🦠🦠🦠🦠🦠🦠🦠🦠🦠🦠🦠🦠🦠🦠🦠
🇺🇸Us စစ်တမ်းများအရလူကြီးများကဲ့သို့ ‼️Oxygenရုတ်တရက်ကျတတ်ပီး 🚨အရေးပေါ်အခြေအနေဖြစ်နှုန်းများလာပါတယ်၊ မေမေတို့အနေနဲ့သတိရှိစေချင်ပါတယ်‼️‼️‼️
🚨အရေးပေါ် Oxygen ရှူဖို့လိုအပ်လာမှာစိုးလို့ ✅စိတ်ချရတဲ့ Oxygen Concentrator ကောင်းကောင်းလေး 💁♀️မေမေတို့ကြိုပြီးဆောင်ထားချင်တယ်ဆိုရင်တော့ အောက်ကLinkထဲမှာ ဝင်ကြည့်လို့ရပါတယ်👇
🇺🇸USA Brand ❤️XNUO M9 ✅Breath AI 10L Medical Grade Oxygen Concentrator👇
https://www.facebook.com/330023007566361/posts/1081917645710223/
🦠🦠🦠🦠🦠🦠🦠🦠🦠🦠🦠🦠🦠🦠🦠🦠
💥သတိထားသင့်သည့်ကလေးများ💥
🤕အာဟာရချို့တဲ့သောကလေးများ
❌ဆုံဆို့ ကြက်ညှာ ဝက်သက် ကာကွယ်ဆေးတွေ မထိုးရသေးသောကလေးများ
🥺ကိုယ်ခံအားနည်းသူများ
🤒ခဏခဏဖျားတတ်သူများ
🤧ခဏခဏနှာစီး၊ချောင်းဆိုးဖြစ်တတ်သူများ
🫁ပန်းနာရင်ကျပ်နှင့်ရောဂါအခံရှိသူများ
🦠ကိုဗစ်ကာကွယ်ဆေးမထိုးများသူ များ
----------------------------------------------------------
💊ပြုစုပေးရမည့်နည်းလမ်းများ💊
🤒ဖျားရင်/ ကိုက်ခဲရင် (😭 ငိုနေ / ဂျီကျနေ )ရင် 💊ပါရာစီတမောတိုက်ပါ
(တိုက်ပြီး 🥵ချွေးထွက်လာရင် ပြောင်အောင် မသုတ်ပါနဲ့၊ ❌အင်္ကျီမလဲပါနဲ့ ♨️ချွေးကအငွေ့ပျံဖို့လိုတဲ့အပူကို ခန္ဓာကိုယ်ကစုပ်ယူ ခြင်းဖြင့် အပူချိန်ကိုကျစေတာပါ)
👉၁နှစ်အောက် ( အစက်ချဆေး Drop )
Biogesic drop / Babygesic drop / Napa drop / အလားတူတွေရှိပါတယ်
100 mg / ml ပါပါတယ်
၆ နာရီ တခါလိုရင်တိုက်နိုင်ပါတယ်
👉၁နှစ်က ၅ နှစ်
အရည် (Syrup or suspension) တွေရှိပါတယ်
120/ 5ml နဲ့ 250 / 5 ml ဆိုပြီး၂ မျိုးရှိပါတယ်
၄-၆ နာရီ တခါ တိုက်နိုင်ပါတယ်
Biogesic / Progesic / Sara / Napa စသည်ဖြင့်တံဆိပ်မျိုးစုံ ရှိပါတယ် အကုန်အတူတူပါပဲ
👉၅ နှစ် အထက်
ဆေးပြားသောက်တာ ပိုဈေးသက်သာပါတယ်
တပြား ၅၀၀ မီလီဂရမ်ပါတယ်
တံဆိပ်မျိုးစုံရှိပါတယ် အကုန်အတူတူပါပဲ
ကိုယ်အလေးချိန်နဲ့ ၁၀-၁၅ မီလီဂရမ် / ကေဂျီ တွက် ပြီးတိုက်ပါ
ကိုယ်အလေးချိန် ဘယ်လေါက်ရှိရှိ အများဆုံးတခါသေါက် ၂ ပြားထက်ပိုမသောက်သင့်ပါ
----------------------------------------------------------
😤နှာစေး နှာခေါင်းပိတ်ရင်
Cetrizine syrup ( Cetrine/ Adezio/ Ormist /
အလားတူတွေရှိပါတယ်
5 mg / 5 ml. 1ml မှာ 1 mg ပါပါတယ်
၂နှစ်အောက်အတွက် ကလေးပမာဏ မဖေါ်ပြထားပါ
👉မိမိတို့အနေနဲ့ ပေးလေ့ရှိတာကတော့
၆ လအောက် - 1 ml ၂ ကြိမ်
၆လ နဲ့ ၁နှစ်ကြား - 1.5 ml ၂ ကြိမ်
၁နှစ် နဲ့ ၅ နှစ် ကြား - 2.5 ml ၂ ကြိမ်
ဆေးပြား 10 mg /tab ဆိုရင်
၁-၃ နှစ်ကြား တစိတ် ၁/၄ ၂ ကြိမ်
၃-၅ နှစ်ကြား ၁/၃ ၂ကြိမ်
၅ နှစ် အထက် ၁/၂ ၂ ကြိမ် ပေးပါတယ်
✳️နှာခေါင်းအခြောက်ပိတ်ရင်
ဆားရည် (Physiodose or Seawater spray ) တွေကို မကြာခဏ ထည့်ပေးနိုင်ပါတယ်
ဝယ်မရရင် - ရေသန့်၁ဖန်ခွက် မှာ ဆားသန့်သန့် လဖက်စားဇွန်းတဝက်နဲ့ ထည့်ဖျော် လို့ရပါတယ်။
----------------------------------------------------------
😮💨ချောင်းအရမ်းဆိုးလျှင်
👉စိုထိုင်းဆမြင့်တဲ့ လေ (သို့) အေးမြတဲ့လေကို ရှူရှိုက်စေပါ။ ကလေးကို ရေနွေးငွေ့၊ ဒါမှမဟုတ် အိမ်အပြင်ထွက်ပြီး လေကောင်းလေသန့် ရှူခိုင်းပါ
👉အသက်ရှူရတာ လွယ်ကူစေဖို့ မတ်မတ်အနေအထားနဲ့ နေစေပါ
👉ကလေးငိုတဲ့အခါ ချောင်းဆိုးတာ ပိုဆိုးတာကြောင့် ကလေးကို ငြိမ်အောင် ချော့ပေးပါ
👉အရည်နွေးနွေးလေးတွေ တိုက်ပေးပါ
👉များသောအားဖြင့်တော့ လေပြွန်ရောင်ရမ်းတာဟာ အိမ်မှာပဲ သက်သာအောင် လုပ်ပေးလို့ရပေမယ့် ရောဂါလက္ခဏာတွေ ပိုဆိုးလာခဲ့ရင်တော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားရောက်ပြီး ကုသမှုခံယူဖို့ လိုပါတယ်
----------------------------------------------------------
🤢ဝမ်းသွားရင်
အရေးအကြီးဆုံးက ဓါတ်ဆားရည်ပါ
ရိုးရိုး အရသာမပါ - MPF
လိမ္မော်အရသာ - Pharolit / Peditral/ Electral / Electroforte ( ဖျော်ပြီးသား) မျိုးစုံရှိပါတယ်.
အညွှန်းအတိုင်းဖျော်ပါ
ဆေးလိုမသောက်ရပါ -ရေဆာ တိုင်းရေအစားသောက်ရပါမယ်
ဓါတ်ဆားရည် မသောက်ပါက အုန်းစိမ်းရည် / ဆန်ပြုတ်ကျဲကျဲ ဆားခတ် သောက်နိုင်ပါတယ်။
----------------------------------------------------------
🤮အန်ရင်
Domperidone အအံပျောက်ဆေး တကြိမ် သောက်လို့ရပါတယ်
အစက်ချဆေးဆိုရင်
၀.၀၂ -၀.၀၄ မီလီဂရမ် / 5 ကေဂျီ နဲ့ တွက်လို့ရပါတယ်
( Voneta/ Deflux / စသည်ဖြင့် )
အရည် ဆိုရင်
၀.၀၂ -၀.၀၄ မီလီဂရမ် / ကေဂျီ နဲ့တွက်လို့ရတယ်
Motilium syrup/ Cosy စသည်ဖြင့်ပါ
----------------------------------------------------------
🛑ဆေးရုံ၊ဆေးခန်းချက်ချင်းသွားရမည့်လဏ္ခာများ
👉အသက်ရှူသွင်း၊ ရှူထုတ်လိုက်တိုင်းမှာ တရွှီရွှီနဲ့ ဆူညံနေရင်
👉ငိုခြင်း၊ ဂျီကျခြင်း မရှိတဲ့အချိန်မှာတောင် အသက်ရှူတာ ဆူညံနေရင်
👉သွားရည်ကျနေရင်၊ အစာမျိုရခက်ရင်
👉ဂနာမငြိမ်ဘဲ ဂျီကျနေရင် (သို့) မှိန်းနေရင်
👉အသက်ရှူမြန်ရင်
👉အသက်ရှူရခက်နေတဲ့ပုံစံမျိုးတွေ
👉ဆက်တိုက်အန်နေလျှင်
👉ဝမ်းဆက်တိုက်သွားပီးမျက်တွင်းတွေပါချိုင့်သွားလျှင်။
👉ရှူးနည်း၊ဗိုက်အောင့်၊တကိုယ်လုံးအေးစက်နေခြင်းတွေပါ။
🙏သားသားမီးမီးတို့ဥမ္မာခင် (Omicron)အန္တရယ်မှကင်းဝေကြပါစေ🙏
Credit to:
ဒေါက်တာကောင်းထက်ကျော်