Picasso 1 1

Picasso 1 1 Clothing, Testosterone and Accessories for Transmans �

ယောင်သွားလို့ပါ🤣🤣🤣ပုံ crd
21/12/2023

ယောင်သွားလို့ပါ🤣🤣🤣
ပုံ crd

Cus : အကိုရေ ... စျေးလေး လျော့ပေးပါဦးMe:
30/11/2023

Cus : အကိုရေ ... စျေးလေး လျော့ပေးပါဦး

Me:

ဟာ အိုမားကလဲ 🥹ပုံ ခွက်ဒစ် ♥️
18/11/2023

ဟာ အိုမားကလဲ 🥹

ပုံ ခွက်ဒစ် ♥️

📣 Picasso 1 1 ရဲ့ တန်ဆောင်တိုင် 𝙋𝙧𝙤𝙢𝙤𝙩𝙞𝙤𝙣 ကြီးလာပါပြီခင်ဗျာ Transman တိုင်းရဲ့ အိမ်မက်ဖြစ်တဲ့  𝘽𝙧𝙚𝙖𝙨𝙩 𝙎𝙪𝙧𝙜𝙚𝙧𝙮 ( ရင်သားခွ...
08/11/2023

📣 Picasso 1 1 ရဲ့ တန်ဆောင်တိုင် 𝙋𝙧𝙤𝙢𝙤𝙩𝙞𝙤𝙣 ကြီးလာပါပြီခင်ဗျာ

Transman တိုင်းရဲ့ အိမ်မက်ဖြစ်တဲ့ 𝘽𝙧𝙚𝙖𝙨𝙩 𝙎𝙪𝙧𝙜𝙚𝙧𝙮 ( ရင်သားခွဲစိတ်ဖယ်ထုတ်ခြင်း ) အတွက် 𝙉𝙤𝙫𝙚𝙢𝙗𝙚𝙧 လ အတွင်း ပထမဆုံးကာကာ 𝟯 ဦးအား 2 သိန်းကျပ် သက်သာခွင့် နဲ့ ခွဲစိတ်ပေးသွားမှာပဲ ဖြစ်ပါတယ် 🥳

𝗖𝗮𝗹𝗹 𝗡𝗼𝘄 - 𝟬𝟵𝟵𝟳𝟵𝟮𝟭𝟮𝟭𝟭𝟮 , 𝟬𝟵𝟵𝟴𝟬𝟬𝟬𝟮𝟰𝟮𝟵
𝗖𝗼𝗻𝘁𝗮𝗰𝘁 𝘂𝘀 - 𝗖𝗵𝗮𝘁𝗯𝗼𝘅 𝗳𝗼𝗿 𝗺𝗼𝗿𝗲 𝗱𝗲𝘁𝗮𝗶𝗹𝘀

📌 ဘာကြောင့် 𝗣𝗶𝗰𝗮𝘀𝘀𝗼 𝟭𝟭 ကို ရွေးချယ်သင့်တာလဲ ??

𝗕𝗲𝗳𝗼𝗿𝗲 𝗦𝘂𝗿𝗴𝗲𝗿𝘆

- မခွဲစိတ်မီ သိလိုသမျှအား မင်မင်‌အချောလေးမှ အသေးစိတ် ‌အကြံပေးဆွေးနွေးပေးခြင်း 🤭

- မခွဲစိတ်မီ ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွှေးမေးမြန်းနိုင်ခြင်း

- မခွဲစိတ်မီ ဆေးစစ်ခြင်း ( Aပိုး Bပိုး Cပိုး စစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း )

- သန့်ရှင်းသပ်ရပ်ပြီး Facility ကောင်းမွန်သော ဆေးရုံကြီးတွင် တစ်ယောက်သီးသန့်ခန်းနှင့် ပိုးသတ်ထားသောခွဲစိတ်ခန်း ငှားရမ်းပေးခြင်း

𝗗𝘂𝗿𝗶𝗻𝗴 𝗦𝘂𝗿𝗴𝗲𝗿𝘆

- ခွဲစိတ်ရာတွင် ဆရာဝန်ကြီးသာမက အထူးကျွမ်းကျင်သော သူနာပြုဆရာမများနှင့်တကွ တာဝန်ယူခွဲစိတ်ပေးခြင်း

- မေ့ဆေးပြယ်ပြီး သေချာသတိလည်ပြီဆိုမှ ခွဲခန်းမှ လူနာအခန်းသို့ ပြောင်းရွေ့ပေးခြင်း

- ဝါရင့် ဆရာဝန်ကြီးမှ ခွဲစိတ်‌ပေးတဲ့အတွက် အထူးစိတ်ချယုံကြည်ရခြင်း၊ လက်ရာသေသပ်လှပခြင်း

𝗔𝗳𝘁𝗲𝗿 𝗦𝘂𝗿𝗴𝗲𝗿𝘆

- ခွဲစိတ်ပြီးနောက် သတိရလာသည့်အချိန်မှ စ၍ ဆေးရုံးဆင်းသည်အထိ သူနာပြုဆရာမများမှ အနီးကပ် စောင့်ကြည့်ပေးပြီး လိုအပ်သည့် ဆေးသွင်းခြင်းနှင့် 4နာရီခြားတစ်ခါ medical check up လုပ်ပေးခြင်း

- ခွဲစိတ်ပြီးနောက်နှင့် ဆေးရုံဆင်းပြီးနောက်တွင် သောက်သုံးရမည့်ဆေးဝါးများပေးခြင်း

- ခွဲစိတ်ပြီးနောက် ဆောင်ရန်ရှောင်ရန်များအား အသေးစိတ်‌ပြောပြပေးခြင်း

နယ်မှလာရောက် ခွဲစိတ်မည့်လူများအတွက် အထူးအားသာချက်များကတော့ ပိုက်တပ်စရာမလိုသည့်အတွက် နာကျင်မှုသက်သာစေသည့်အပြင် ချုပ်ရိုးပြန်ဖြေစရာမလိုသည့်အတွက် တကူးတက နယ်မှ ပြန်လာပြစရာမလိုဘဲ အချိန်ကုန် လူပင်ပန်းသက်သာစေမှာပဲ ဖြစ်ပါတယ်

ဒါ့အပြင် မင်မင်အချောလေးမှ Surgery တစ်ခုလုံး အဆင်ပြေချော့မွေ့သည်အထိ နေ့မနား ညမနား အထူးဂရုစိုက်ပေးသွားမှာ ဖြစ်တဲ့အတွက် အဖော်မရှိ တစ်ကိုယ်တည်း လာရောက်ခွဲစိတ်မယ့် ညီကိုများလဲ လုံးလုံး အားငယ်စရာမလိုကြောင်း အသိပေးလိုက်ပါရစေ ဟဲဟဲ...

Promotion ကာလကတော့ November လတစ်လလုံးဖြစ်ပေမယ့် အစောဆုံးစာရင်းသွင်းသူ 3 ဦးအတွက်သာ အကျုံးဝင်မှာဖြစ်လို့ အမြန်ဆုံး စာရင်းပေးလိုက်ကြစို့နော် 😘



ဒဂယ် မီပါ......တနေ့ကို ၁၆နာရီလောက်ကို အဲ့တာပဲ လုပ်ချင်တာ🥹
03/08/2023

ဒဂယ် မီပါ......
တနေ့ကို ၁၆နာရီလောက်ကို အဲ့တာပဲ လုပ်ချင်တာ🥹

ရာရာစစ ပြီးရင် သောက်စရာကြီးလုပ်တာခံရအုံးမယ် ☹️
31/07/2023

ရာရာစစ
ပြီးရင် သောက်စရာကြီးလုပ်တာခံရအုံးမယ် ☹️

မင်မင့်ဆီမှာတော့ ခုမှာရင်တောင် ခုပစ္စည်းရဖို့ မလွယ်ပါဘူးနော်🥹🥹🥹
18/07/2023

မင်မင့်ဆီမှာတော့ ခုမှာရင်တောင် ခုပစ္စည်းရဖို့ မလွယ်ပါဘူးနော်🥹🥹🥹

9နဲ့6 နဲ့မှား ရှေ့​ေနာက်လေးလွဲ 🤭
10/06/2023

9နဲ့6 နဲ့မှား ရှေ့​ေနာက်လေးလွဲ 🤭

အိမ်ပေါ်ကပျော်ပျော်ကြီးဆင်းကြမယ် 🤭_________________________________အိမ်နဲ့ပြဿနာဖြစ်လို့ နင်အခုချက်ချင်း ငါ့အိမ်ပေါ်ကဆင်း...
22/05/2023

အိမ်ပေါ်ကပျော်ပျော်ကြီးဆင်းကြမယ် 🤭
_________________________________

အိမ်နဲ့ပြဿနာဖြစ်လို့ နင်အခုချက်ချင်း ငါ့အိမ်ပေါ်ကဆင်းသွားလို့ အိမ်ကပြောလာတဲ့အခါ

သူငယ်ချင်းအိမ်သွားအိပ်မှာလား

အမျိုးတွေအဖွားတွေအိမ်သွားအိပ်မှာလား

တည်းခိုခန်းမှာအိပ်မှာလား။

တစ်ခုမှမလုပ်ပါနဲ့

သူငယ်ချင်းအိမ်သွားအိပ်ရင် ဘယ်လောက်ပဲခင်တယ်ပြောပြော သူများအိမ်မှာ အရိပ်အကဲကြည့်နေရပါလိမ့်မယ်။တစ်ရက်ကနှစ်ရက်ဆို မကောင်းပါဘူး။အမျိုးတွေအိမ်မှာ အိပ်ရင် ဘာကိစ္စဆင်းလာရတာတုန်းဆိုတာကို ဒိုင်ခံဖြေနေရရင်း မိုးလင်းသွားပါလိမ့််မယ်။ရန်ကုန်မြို့ကတည်းခိုခန်းတွေက ဇယားတွေရှိတဲ့အတွက်မသင့်တော်ပါဘူး
တစ်ခုပဲရှိပါတယ်။
ခရီးသွားပါ
ဒါလေးတွေလုပ်ဖို့လိုပါလိမ့်မယ်

•Reviewရေးထားတဲ့tripလေးတွေsaveပါ

•သွားဖူးတဲ့bloggerတွေရေးထားတာလေးတွေရှာဖတ်ပါ

•agency pageတွေစုထားပါ

•ပိုက်ဆံကိုစုထားပါ။အပိုသုံးပစ်မယ့်အစား တစ်သောင်းရရ နှစ်သောင်းရရ စုပါ။ငွေရှိရင် ဘယ်သွားသွား မျက်နှာမငယ်ရပါဘူး။ငါးသောင်းလောက်ဆိုတော်တော်ကောင်းတဲ့packageတွေရပါတယ်။

•သင့်တော်မယ့်နေရာရွေးပါ။agency အများစုpackageလုပ်တဲ့နေရာလေးတွေဦးစားပေး။ ချောင်းသာ၊ငွေဆောင်၊ကျိုက်ထီးရိုး ပုဂံကတော့နာမည်ကြီးပါ

•အိမ်ကဆင်းလာတာနဲ့ကားလက်မှတ်ချက်ချင်းတန်းဖြတ်ပါ။packageရအောင်ယူပါ။အဓိကကhotelအတွက်ပါ။ဒီနေ့ သွားမှာကို ဒီနေ့တန်းဖြတ်ပြီး ကားပေါ်ရောက်မှ ငွေရှင်းလို့ရပါတယ်

•တစ်ကိုယ်ရည်သုံးတွေမမေ့ပါစေနဲ့

•facebookမှာ ရောက်တဲ့နေရာတိုင်းcheck inဝင်ပါ။တစ်ယောက်တည်းဆိုတော့ Safetyအတွက်ပါ

•သူငယ်ချင်းတွေနဲ့မကြာမကြာဖုန်းပြောပါ။ဘယ်ရောက်နေပြီဆိုတာ အသေးစိတ်အသိပေးပါ။ယုံရတဲ့သူဆိုရင်ပေါ့

•အိမ်က လူတွေကိုနောက်နေ့ကျမှ အကျိုးအကြောင်းရှင်းပြပါ

•တစ်ယောက်တည်း သွားရင်အရမ်းလူပြတ်တဲ့နေရာတွေမသွားပါနဲ့။မောင်းချဓားတစ်လက်ဖြစ်နိုင်ရင်ဆောင်ထားပါ။

•အရေးကြီးပစ္စည်းတွေကို အိတ်သေးတစ်ခုနဲ့ထည့်ပြီး ကိုယ်နဲ့မကွာထားပါ

essential tools
•phone
•power bank
•charger
•ပိုက်ဆံအိတ်
•မှတ်ပုံတင်
•Daily grooming tools
•ဖိနပ် အကြမ်းတစ်ရံ အကောင်းစားတစ်ရံ
•သွားတိုက်တံ သွားတိုက်ဆေး
•ရေဘူး
•ပီကေ။သကြားလုံး
•အနွေးထည်
•နားကြပ်

•ဓာတ်ပုံ များနိုင်သမျှများအောင်ရိုက်ဖို့မမေ့ပါနဲ့။တစ်သက်စာ အမှတ်တရဖြစ်နေမှာပါ

Have a safe trip!!!!!

15/05/2023

We've a good new for Y'all who wanna to be a Professional Presenter

Presenter Internship - 10 posts (Male,Female) (Project-based)

- ကလေးများအတွက် စိတ်ဝင်စားဖွယ်ပုံပြင်များ၊ Science and technology, Environment အစရှိသဖြင့်ကို ပြောပြရမည်။
- အသက် ၁၈ နှစ်မှ ၂၈ နှစ်အတွင်းဖြစ်ရမည်။
- စကားပြောဆိုရာတွင် ( မြန်မာ၊ အင်္ဂလိပ်) အသံကြည်လင်ပြတ်သား၍ ပြောဆိုနိုင်ရမည်။
- Audition ရှိပါမည်။
- ပြောဆိုနိုင်သော အပုဒ်ရေပေါ်မူတည်၍ လစာပေးပါမည်။
- အလုပ်ချိန်ကို လိုအပ်ချက်အရ သင့်လျော်သလို ညှိနှိုင်းပေးမည်။
လျှောက်ထားလိုသူများသည် လိုင်စင်ဓာတ်ပုံနှင့်တကွ CV form ကို *[email protected]* သို့ *22 May 2023* နောက်ဆုံးထားပေးပို့နိုင်ပါသည်။

သက်တူရွယ်တူတွေရဲ့ ဖိအား Peer Pressure နဲ့ကြုံရတဲ့အခါPeer pressure လို့ခေါ်တဲ့ ကိုယ့်နဲ့အသက်အရွယ်တူသူတွေကြောင့်ရတဲ့ စိတ်ဖ...
15/05/2023

သက်တူရွယ်တူတွေရဲ့ ဖိအား Peer Pressure နဲ့ကြုံရတဲ့အခါ

Peer pressure လို့ခေါ်တဲ့ ကိုယ့်နဲ့အသက်အရွယ်တူသူတွေကြောင့်ရတဲ့ စိတ်ဖိအားဟာ အသက်အရွယ်အစုံမှာ ကျွန်မတို့တွေဟာကြုံတွေ့ရတတ်ပါတယ်။

ငယ်ငယ်ကျောင်းသားဘဝမှာ အတန်းထဲမှာအဆင့်ချင်းပြိုင်တာတွေ အဝတ်အစားပြိုင်ကြတာတွေစတဲ့ဖိအားတွေကြုံကျဖူးမယ်ထင်ပါတယ်။

အလုပ်လုပ်တဲ့အရွယ်ရောက်လာတဲ့အခါမှာလည်း ကိုယ့်သက်တူရွယ်တူတွေရဲ့ရတဲ့ဝင်ငွေ သူတို့လုပ်တဲ့အသက်မွေးဝမ်းကျောင်းရွေးချယ်မှုတွေက ကိုယ့်ကိုတစ်နည်းမဟုတ်တစ်နည်း စိတ်ဖိအားတွေကိုဖြစ်စေပြီး ကိုယ်ကအခြားသက်တူရွယ်တူတွေလောက် ဝင်ငွေမရတဲ့အခါ အလုပ်အဆင်မပြေတဲ့အခါ စိတ်ဖိစီးမှုကပိုမြင့်တတ်လာတတ်ပါတယ်။

ခုခေတ်မှာတော့ peer pressure ဟာ ပြင်ပလောကကလူတွေဆီကအပြင် social media ပေါ်ကသက်တူရွယ်တူတွေကြောင့်ပါ သက်ရောက်မှုတွေရှိလာတာတွေ့ရပါတယ်။

ကျွန်မနဲ့ coaching လာလုပ်ကြတဲ့သူတွေထဲမှာဆိုရင်လည်း သူတို့ကြုံတွေ့နေရတဲ့စိတ်ဖိစီးမှုတွေ သူတို့ရွေးချယ်မှုတွေအတွက် စဉ်းစားကြတဲ့အခါ
peer pressure ဟာ အတိုင်းအတာတော်တော်များများထိ သက်ရောက်မှုရှိနေတတ်ပါတယ်။

ဒီလို peer pressure ကနေ လွတ်မြောက်ဖို့အတွက်ဆိုရင် အောက်ပါအချက်လေးတွေကို လုပ်ဆောင်နိုင်ပါတယ်။

✅ ကိုယ့်ရဲ့တန်ဖိုးထားမှုတွေကို သိအောင်လုပ်ပါ

လူတိုင်းမှာ ကိုယ်တန်ဖိုးထားတဲ့အရာတွေ ကိုယ်စီရှိတတ်ကြပါတယ်။ ကိုယ့်ဘဝမှာကိုယ်တန်ဖိုးထားတဲ့အရာတွေက ဘာတွေလဲဆိုတာကို သေချာရှင်းရှင်းလင်းလင်း သိထားတဲ့အခါ အခြားသူတွေရဲ့လွှမ်းမိုးမှုကနေမခံရနိုင်တော့ပါဘူး။

✅ Self awareness ကောင်းအောင်လုပ်ဆောင်ပါ

လူ့သဘာဝအရ လူတွေဟာကိုယ့်အကြောင်းထက် သူတစ်ပါးအကြောင်းကို စိတ်ဝင်စားမှုပိုများတတ်ကြပါတယ်။ အခြားသူတွေရဲ့အကြောင်းထက် ကိုယ့်အကြောင်းကို သေချာသိအောင်လုပ်ဆောင်ထားရင် ကိုယ်ကြိုက်တာမကြိုက်တာ ကိုယ့်ရဲ့ရွေးချယ်မှုတွေကို အခြားသူတွေရဲ့လွှမ်းမိုးမှုကြောင့်မဟုတ်တော့ဘဲ ကိုယ်နဲ့ကိုက်ညီပြီး ကိုယ်တစ်ကယ်လုပ်ဆောင်ချင်လို့ ရွေးချယ်တာမျိုးလုပ်ဆောင်လာနိုင်ပါလိမ့်မယ်။

✅ ဆုံးဖြတ်ချက်တွေကို စိစစ်ပါ

ခုခေတ်မှာ peer pressure ဟာ အခြေအနေအကြောင်းအရာမျိုးစုံမှာ လွှမ်းမိုးဖိစီးမှုရှိနေတတ်ပါတယ်။ ဥပမာ - ခုနောက်ပိုင်းလူငယ်တော်တော်များများဟာ နိုင်ငံခြားသွားကျောင်းတတ်ချင်တယ်ဆိုတဲ့ စိတ်ဆန္ဒဟာအများစုမှာတွေ့ရတတ်ပါတယ်။ တစ်ချို့ကကိုယ့်ဘဝရည်မှန်းချက်သေချာချပြီး သေချာပြင်ဆင်လုပ်ဆောင်ကြပေမဲ့ အချို့ကတော့ ကိုယ့်ပတ်ဝန်းကျင်ကသက်တူရွယ်တူတွေလုပ်လို့ ဖြစ်ချင်တာဆိုတာမျိုးလည်း တွေ့ရပါတယ်။ ဒီလူနှစ်စုမှာ ပထမတစ်စုကတော့ ကိုယ့်ဖြစ်ချင်တာကိုသေချာသိပြီး လုပ်ဆောင်တဲ့အတွက် အခက်အခဲကြုံလာခဲ့ရင်တောင် ကြိုးစားလုပ်ဆောင်ဖြစ်မြောက်ပေမဲ့ ဒုတိယတစ်စုကတော့ ကိုယ်တစ်ကယ်လိုချင်တာထက် သူများတွေလုပ်လို့လိုက်လုပ်ရတဲ့အတွက် အခက်အခဲကြုံတဲ့အခါ လွယ်လင့်တကူ လက်လျော့အရူံးပေးတတ်ကြပါတယ်။

ဒီတော့ စာဖတ်သူတို့လည်း ကိုယ်လုပ်ဆောင်နေတဲ့အရာတွေ ကိုယ့်ဆုံးဖြတ်ချက်ရွေးချယ်မှုတွေဟာ ကိုယ်တစ်ကယ်သိပြီးလိုချင်တာလား peer pressure ကြောင့် လုပ်နေရတာလားဆိုတာ ခွဲခြားသိမြင်နိုင်အောင် လုပ်ဆောင်ကြည့်ပါလို့ တိုက်တွန်းလိုက်ပါတယ်။




Career & Executive Coach

Address

Mandalay

Telephone

+959980002429

Website

Alerts

Be the first to know and let us send you an email when Picasso 1 1 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share