Our Story
မန္တလေး ဈေးချိုထဲက လိုချင်တဲ့ အထည်အမျိုးအစားအကုန် တစ်နေရာတည်းနဲ့ ဈေးသက်သက်သာသာရလို့ နာမည်ကြီးလာခဲ့တဲ့ Kurabo အထည်ဆိုင်ဟာ ဂုဏ်သိက္ခာကြီးမားစွာ ခိုင်ခိုင်မာမာရပ်တည်လာနိုင်ခဲ့တာ အခုဆိုရင် နှစ်ပေါင်း ၃၀ ကျော် ၄၀ ထဲ ဝင်လာခဲ့ပြီဖြစ်ပါတယ်။
ဒီဂျစ်တယ်ခေတ်ရေစီးနဲ့ အညီ Kurabo လည်း ပြောင်းလဲစီးမျောလာနိုင်ခဲ့တာ အခုဆိုရင် Kurabo ချစ်သူများအနေနဲ့ Kurabo ဆိုင်မှ အထည်မျိုးစုံကို ထိုင်ရာကမထ Online မှ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လက်လီလက်ကား မှာယူနိုင်နေပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုပါတယ်ရှင်။
Kurabo မှ ၀ယ်ယူရရှိနိုင်သော အထည်အမျိုးအစားများ -
1. ဂျပန်ကီမိုနို၊ ကိုရီးယားကီမိုနို၊
2. ရွှေလွန်းလိပ်ပြာ၊ ရှမ်းကန်ချိတ်၊ ယိုးဒယားဇင်းမယ်ချိတ်၊
3. ပါတိတ်အမျိုးအစားအစုံ၊
4. စပန့်မျိုးစုံ၊
5. ဂျနီဖာပိုးဝမ်းဆက်၊ စံမြန်း၀မ်းဆက်၊
6. ထိုင်းပိုးပြောင်၊ ဂျယ်လီပိုးပြောင်၊ ရှမ်းကန်ပြောင်၊
7. ချည်သားအေးအေးလေး အဆင်စုံ အစရှိသည့် အထည်အမျိုးအစားအစုံအလင်တို့ကို Online မှ တစ်ဆင့် ဖြစ်စေ ဆိုင်သို့ ကိုယ်တိုင် လာရောက်၍ဖြစ်စေ လက်လီလက်ကား ၀ယ်ယူအားပေးနိုင်ပါပြီရှင်။
လိပ်စာ - မန္တလေး ဈေးချို၊ နှင်းဆီရုံ (B) ရုံ၊ မြေညီထပ်၊ ဆိုင်အမှတ် (၈၀)
ဖုန်းနံပါတ် - 09441005448, 09797288878, 095118119, 024031340