31/03/2026
အခွင့်ရေးတန်းတူမရဒါ ဘာကြောင့်လဲ
မျက်နှာမပျက်တဲ့သူကို ပိုဆူဖြစ်တယ်
အားနာစရာမလိုတဲ့ သူကို ပိုခိုင်းဖြစ်တယ်
အလိုက်သိတဲ့သူကျ နေရာတိုင်းအားကိုးမိတယ်
သစ္စာရှိတဲ့သူကျ အရာရာယုံကြည်ပြီးလွှဲပေးထားတယ်
ရင်ထဲအရောက်ဆုံးကလဲ ထိုသူတွေပဲ
ဝန်ထမ်းချင်းတူတူ
စိတ်ထဲရောက်တာချင်းမတူဘူး
အခွင့်ရေးရတာချင်း မတူဘူး ပြောနေလို့မရဘူး
ကိုယ်ကရော အဲ့အချက်တွေရှိနေလား ပြန်သုံးသပ်ပါ
အချိန်တန်ရင်
သိတတ်သူ သစ္စာရှိသူ ရိုသေတတ်သူ
ကိုယ့်အလုပ်လို တန်ဖိုးထားမခိုကပ်တတ်သူက
အလိုလိုနေရာကောင်း
အခွင့်ရေးကောင်းရစမြဲပါပဲ
credit #