Baby Thoon - ဘေဘီသွန်း

Baby Thoon - ဘေဘီသွန်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Baby Thoon - ဘေဘီသွန်း, Baby Goods/Kids Goods, Mawlamyine.

ရုပ်ပိုင်းဆိုင်ရာ ဂရုစိုက်မှုကလေးကို အပေါ်မှာ ပြောခဲ့သလို စိတ်ပိုင်းဆိုင်ရာအရ ကြံ့ခိုင်အောင် သင်ကြားပေးပြီးပြီ ဆိုရင်လည်...
29/11/2023

ရုပ်ပိုင်းဆိုင်ရာ ဂရုစိုက်မှု

ကလေးကို အပေါ်မှာ ပြောခဲ့သလို စိတ်ပိုင်းဆိုင်ရာအရ ကြံ့ခိုင်အောင် သင်ကြားပေးပြီးပြီ ဆိုရင်လည်း ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်စေဖို့အတွက် အာဟာရလေးကို သေချာလေး ပြည့်ဝအောင် ဖြည့်ဆည်းပေးဖို့ လိုပါမယ်။

ကလေးကို အာဟာရ ပြည့်ဝစေဖို့အတွက် ​ငယ်စဉ်ကတည်းက အာဟာရ ပြည့်ဝအောင် ပြင်ဆင်ပေးဖို့ လိုပါမယ်။ ဒီတော့ ကလေးကို နေ့စဉ် စားသုံးမှုမှာ –

ပရိုတင်း
advertisement icon
Advertisement
ပရိုတင်းက ကိုယ်ခံအားကောင်းစေဖို့ အရိုးနဲ့ ကြွက်သားတွေ သန်မာစေဖို့အပြင် ဦးနှောက်နဲ့ အာရုံကြောတွေ ကျန်းမာစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ကလေးကို ပရိုတင်း ပြည့်ဝစေဖို့ အရေခွံ မပါတဲ့ ကြက်သား၊ အဆီမပါတဲ့ အနီရောင်အသား၊ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး စတာတွေကို ပြင်ဆင်ပေးလို့ ရပါတယ်။

အမျှင်ဓာတ်
အစာခြေစနစ် ကျန်းမာပြီး သားသားမီးမီးတို့ ကြီးထွားဖွံ့ဖြိုးစေဖို့အတွက် လုံလောက်တဲ့ အာဟာရဓာတ်တွေကို စုပ်ယူနိုင်စေဖို့အတွက် အမျှင်ဓာတ် ပြည့်ဝဖို့က အရေးကြီးပါတယ်။ အမျှင်ဓာတ် ပြည့်ဝစေဖို့ – အစိမ်းရောင် အသီးအရွက်တွေ၊ ပဲအမျိုးမျိုးကို ပြင်ဆင်ပေးလို့ ရသလို ကလေးက အသီးအရွက်တွေ ပဲတွေကို မကြိုက်ဘူးဆိုရင် သားသားမီးမီးတို့ လိုအပ်တဲ့ အာဟာရတွေနဲ့ အမျှင်ဓာတ်တို့ ပါဝင်နေတဲ့ Growing Up Milk လို့ခေါ်တဲ့ ဖွံ့ဖြိုးစကလေးဖော်စပ်စာ ဖော်မြူလာနို့ကို ကိုယ့်ကလေးအသက်အလိုက် တိုက်ကျွေးပေးလို့ ရပါတယ်။

ကယ်လ်ဆီယမ်
အရိုးနဲ့ သွားတွေ ကြံ့ခိုင်စေဖို့ ကယ်လ်ဆီယမ် ပြည့်ဝဖို့လည်း လိုပါမယ်။ ဒီတော့ ကလေးကို ကယ်လ်ဆီယမ် ပြည့်ဝစေဖို့ – နို့နဲ့ နို့ထွက်ပစ္စည်းတွေကို၊ အသီးအရွက်တွေကို ပြင်ဆင်ပေးဖို့ ရသလို ဖော်မြူလာနို့ကို ပြင်ဆင်ပေးတာကလည်း နည်းလမ်းကောင်းပါ။

ဗီတာမင် A
ဗီတာမင် A က သားသားမီးမီးတို့ရဲ့ အမြင်အာရုံ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်သလို ဦးနှောက်နဲ့ အာရုံကြော ကျန်းမာစေဖို့၊ အသားအရေ ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။ ဒီတော့ သားသားမီးမီး ဗီတာမင် A ပြည့်ပြည့်ဝဝ ရစေဖို့ – မုန်လာဥနီ၊ ကန်စွန်းဥ၊ အစိမ်းရောင် အသီးအရွက် စတာတွေကို ပြင်ဆင်ပေးလို့ ရပါတယ်။

ဗီတာမင် C
advertisement icon
Advertisement
ကိုယ်ခံအား ကောင်းစေဖို့၊ အသားအရေ ကျန်းမာစေဖို့၊ သံဓာတ်ပြည့်ဝပြီး သင်ယူလေ့လာနိုင်စွမ်း ကောင်းစေဖို့ ဗီတာမင် C က မေ့ထားလို့ မရပါဘူး။ ကလေးကို ဗီတာမင် C ပြည့်ဝစေဖို့ – ကီဝီသီး၊ လိမ္မော်သီး၊ ပန်းသီး၊ စပျစ်သီး စတာလေးတွေကို ပြင်ဆင်ပေးလို့ ရပါတယ်။

ဗီတာမင် D
စိတ်ဖိစီးမှုကင်းစေပြီး ရုပ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေဖို့ ဗီတာမင် D ကို ပြည့်ဝစွာ ရရှိဖို့ လိုပါမယ်။ ဒီတော့ ကလေးကို ဗီတာမင် D ပြည့်ဝစေဖို့ – နေရောင်နဲ့ ထိတွေ့စေလို့ ရသလို ဖော်မြူလာနို့ ပြင်ဆင်ပေးတာ၊ ဥအနှစ်တွေ ပြင်ဆင်ပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။

ဖောလစ်အက်ဆစ်
ဖောလစ်အက်ဆစ်က ဦးနှောက်နဲ့ အာရုံကြောတွေကို ကောင်းစွာ ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒီတော့ ကလေးကို ကောင်းစွာ ဖွံ့ဖြိုးစေဖို့အတွက် နေ့စဉ် စားသုံးမှုမှာ ဖောလစ်အက်ဆစ် ကြွယ်ဝတဲ့ – အစေ့အဆန်တွေ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျို စတာတွေကို ပြင်ဆင်ပေးလို့ ရပါတယ်။

ကလေးကို စိတ်ပိုင်းဆိုင်ရာကိုလည်း ဂရုစိုက်ပေးမယ် ရုပ်ပိုင်းဆိုင်ရာ အာဟာရ လိုအပ်ချက်ကိုလည်း ပြည့်ပြည့်ဝဝ ဖြည့်ပေးမယ်ဆိုရင် သားသားမီးမီးတို့က စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်တဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်း အရွယ်ရောက်လာမှာပါ။

Address

Mawlamyine

Telephone

+959779260092

Website

Alerts

Be the first to know and let us send you an email when Baby Thoon - ဘေဘီသွန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share