Baby Diaper ရောင်းဝယ်ရေး

Baby Diaper ရောင်းဝယ်ရေး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Baby Diaper ရောင်းဝယ်ရေး, Baby Goods/Kids Goods, Mawlamyine.

25/02/2025
ခါးစိမ်းဒိုက်ဘာလေးတွေရောက်ထားတယ်နော်။ မေမေတို့ရဲ့ Baby လေးတွေပဲသုံးသုံးလက်ဆောင်ပဲပေးပေးစျေးလေးလည်းအရမ်းတန်ပြီးထုပ်ပိုးမှ...
25/02/2025

ခါးစိမ်းဒိုက်ဘာလေးတွေရောက်ထားတယ်နော်။
မေမေတို့ရဲ့ Baby လေးတွေပဲသုံးသုံး
လက်ဆောင်ပဲပေးပေး
စျေးလေးလည်းအရမ်းတန်ပြီး
ထုပ်ပိုးမှုလေးကလည်းလှ😱 ဒါတင်ဘယ်ကမလဲ

သေးစုပ်ယူမှုအားကောင်းခြင်း။

ကလေးလေးတွေဖင်ယောင်မှုလုံး၀မရှိခြင်း။

၁၂နာရီထိသေးဝိတ်ထိန်းနိုင်ခြင်း။

Gel type က ပိစိလေးတို့ရဲ့ ရှူးရှူး ကို gel လေးတွေ နဲ့စုပ်ယူတဲ့နေရာမှာမပွဘူးပါးတယ်...ကလေးမပူဘူး၊ပါးပါးလေးနဲ့အေးတယ်...
ဒါကGel typeရဲ့အားသာချက်လေးပါနော်....

Gel Type ဒိုင်ပါကို
( M size ကနေ 3xl sizeထိ ) မေမေတို့ စိတ်ကြိုက်
ရွေးချယ်၀ယ်ယူနိုင်ပါသည်။

----

M size 50 ခု (7 to 10 kg )

L size 50 ခု (9 to 18 kg )

xl size 50 ခု (12 to 19kg )

2xl size 50ခု ( 15kg+ )

3 xl size 50 ခု (15to25kg)

09988570446.
မော်လမြိုင်ကပါရှင့် 🙏🏻

08/08/2024

Wasuka Baby Diaper 💖
M..L..Xl..2Xl...3XL..
ကြိုက်တဲ့ဆိုဒ်ယူ 21000
အခုရေ 50ပါ ပါတယ်ရှင်...

05/08/2024

ကလေးကို Diaper ဝတ်ပေးတာအပြစ်လား?

🔷ကလေးဆီးပူလောင်နေတာ ကလေးကိုအချိန်ပြည့် Diaper ဝတ်ပေးလို့လောင်တာလား?

▪️မဟုတ်ပါဘူး။ ကလေးကို အချိန်ပြည့် Diaper ဝတ်ပေးရင်လည်း ဆီးပူမလောင်ပါဘူး။ သေချာဂရုစိုက်ဖို့ပဲလိုပါတယ်။ Diaper မသုံးရင်လည်း သန့်ရှင်းရေးသေချာဂရုမစိုက်ရင် ဆီးပူလောင်မှာပါပဲ။

🔷Diaper သုံးပြီး ကလေးဆီးပူမလောင်အောင်ဘယ်လိုဂရုစိုက်ရမလဲ?

▪️Diaper ကိုအချိန်မှန်မှန်လဲပေးရပါမယ်။ Diaper တစ်ခုဝတ်ရင်အလွန်ဆုံး၄နာရီသာထားရပါမယ်။ ဆီးပြည့်သွားရင် ၄နာရီမပြည့်လည်းလဲရပါမယ်။ ဝမ်းသွားရင် ချက်ချင်းလဲပေးရပါမယ်။
Diaper လဲတိုင်းမှာ ကလေးရဲ့ပေါင်ကြားတဝိုက်ကိုရေနွေးနဲ့သန့်ရှင်းရေးလုပ်ပေးရပါမယ်။
သန့်ရှင်းရေးလုပ်ပြီးတိုင်းမှာ ပေါင်ကြားကိုရေခြောက်အောင် အဝတ်အသန့်နဲ့သုတ်ပေးရပါမယ်။ စိုစွတ်နေရင် ဘတ်တီးရီးယားနဲ့မှိုတွေဆက်လက်ပေါက်ဖွားတတ်ပါတယ်။
Zinc Oxide သို့မဟုတ် Petroleum Jelly ပါတဲ့ Diaper Cream ကို ဒိုင်ဘာလဲတိုင်းလိမ်းပေးရပါမယ်။ ဒီအချက်တွေကိုသာလိုက်နာရင် ကလေးကို အချိန်ပြည့် Diaper ဝတ်ပေးရင်တောင် ဆီးပူမလောင်ပါဘူး။
အနှီးနဲ့ထားပြီး အထက်ပါအတိုင်း ဂရုမစိုက်ဘဲ ကလေးက အညစ်အကြေးတွေလူးနေမယ်ဆိုရင်တော့ Diaper မဝတ်လည်း ဆီးပူလောင်မှာပါ။

🔷Diaper သုံးတာ ကလေးအညစ်အကြေးမကိုင်ချင်လို့လား? မိခင်တွေကပျင်းလို့လား?

▪️လုံးဝမဆီလျော်တဲ့အယူအဆပါ။ မိဘများဟာ ကိုယ်မွေးထားတဲ့သားသမီးရဲ့ အညစ်အကြေးကို မရွံမရှာကိုင်တွယ်နိုင်သူတွေသာ များပါတယ်။ နိုင်ငံတကာမှာလည်း Diaper ကို တွင်ကျယ်စွာသုံးကြပါတယ်။ မြန်မာနိုင်ငံမှာမှ Diaper သုံးရင် အပြစ်တစ်ခုလိုဖြစ်နေတာကို ကျွန်မကိုယ်တိုင်လည်းနားမလည်နိုင်ပါဘူး။ လမ်းပန်းဆက်သွယ်ရေးအတွက် ခြေထောက်နဲ့ပဲလမ်းလျှောက်နေရမယ့်အစား မော်တော်ယာဉ်တွေကို တီထွင်ဖန်တီးမှုနဲ့ ပေါ်လာသလိုပါပဲ။ Diaper ဟာလည်း ကလေးငယ်တွေရဲ့ ကျန်းမာရေးနဲ့ နေ့စဉ်လုပ်ငန်းတွေအတွက် ပိုမိုချောမွေ့ဖို့ ပေါ်ပေါက်လာတာပါ။

မိခင်တွေအနေနဲ့လည်း ပိုပြီးအလုပ်တွင်သလို ကလေးငယ်ဟာလည်းသက်တောင့်သက်သာနေထိုင်အိပ်စက်နိုင်ပါတယ်။ Diaper Free Time လေးတွေပေးတာပေးသင့်ပါတယ်။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် Diaper သုံးခြင်းကို မိခင်ပျင်းရိလို့ဆိုပြီး အပြစ်တင်တာဟာ အမြင်ကျဉ်းမြောင်းပြီး ဗဟုသုတမရှိရာကျပါတယ်။

🔷Diaper Rash မဖြစ်အောင်ကာကွယ်ဖို့နည်းလမ်းတွေရှိသလား?

▪️Diaper ရွေးချယ်တဲ့အခါ မှန်ကန်တဲ့ဆိုက်ဒ်ကိုရွေးချယ်ပေးရပါမယ်။
Diaper ကိုအချိန်မှန်မှန်လဲပေးရပါမယ်။
ကလေးကို Diaper ဝတ်ပေးတာကို ၂၄နာရီမဝတ်ဘဲ Diaper-free time လို့ခေါ်တဲ့အချိန်လေးတွေထားပေးရင်ပိုကောင်းပါတယ်။ အညစ်အကြေးစွန့်တာကြောင့် အလွန်ညစ်ပတ်မှာစိုးရင် ချည်သားဘောင်းဘီအပွလေးတွေဝတ်ထားပေးနိုင်ပါတယ်။
ကလေးကို Diaper လဲပြီးတိုင်းနဲ့ မလဲပေးခင်တိုင်းမှာလက်ကိုသေချာဆေးကြောရပါမယ်။မိမိလက်ကနေတဆင့် ရောဂါပိုး၊ မှိုပိုးကူးစက်ခြင်းမဖြစ်အောင်ပါ။
Diaper လဲတိုင်း Skin Barrier အဖြစ် Nappy Cream ပုံမှန်လိမ်းပေးရပါမယ်။ကလေးရဲ့ပေါင်ခြံကိုသန့်ရှင်းရေးသေချာလုပ်ပေးပြီး သန့်ရှင်းခြောက်သွေ့အောင်ထားရပါမယ်။

🔷နောက်ဆုံးအနေနဲ့ ပြောရရင်တော့ ကလေးကို Diaper ဝတ်ပေးတာ မိခင်များက ပျင်းတာလည်းမဟုတ်သလို အပြစ်လည်းမဟုတ်ပါဘူး။ ကလေးကို Diaper ဝတ်ပေးပြီး သန့်ရှင်းမှုကိုဂရုမစိုက်မှသာ အပြစ်ဖြစ်ပါတယ်။
ထို့အတူ Diaper ဝတ်ပေးတဲ့မိခင်တိုင်းကို အပြစ်တင်ခြင်းဟာလည်း ဗဟုသုတနည်းခြင်းသာဖြစ်ပါတယ်လို့ရေးသားလိုက်ရပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)မာမီ

✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။

ကိုယ်ကလေ ဒိုက်ဘာရောင်းတာတောင် ကိုယ့်သားလေးသုံးလို့အဆင်ပြေပီးမှ ​ရောင်းပေးတာပါနော် 😘Wasuka baby diaper 📌အခုရေ 50ပါ ကိုင်း...
25/07/2024

ကိုယ်ကလေ ဒိုက်ဘာရောင်းတာတောင် ကိုယ့်သားလေးသုံးလို့အဆင်ပြေပီးမှ ​ရောင်းပေးတာပါနော် 😘

Wasuka baby diaper 📌
အခုရေ 50ပါ ကိုင်းဆွဲအိက်ပါကင်လေးနဲ့
baby 👶 လေးများသက်တောင့်သက်သာဖြစ်စေရန် နူးညံ့မှုထက်ပိုမိုနူးညံ့အောင်ပြုလုပ်ထားခြင်း/ပူလောင်မှုမရှိစေရန် ✨

ရေခဲdiaperလေးဖြစ်အောင်ဆန်းသစ်တီထွင်ပေးထားခြင်း/
မေမေများအလွယ်တကူစွန့်ပစ်ချိန်သိနိုင်ရန် indicator lines
များထည့်သွင်းပေးထားပါတယ်👍

Msizeမှ3xlထိsizeဘဲယူယူ
ဈေးနုန်းတဈေးတည်းနှင့်တစ်ထုပ်မှာ
အချပ်ရေ 50ချပ်ပါ​ပါတယ်🤗

M size 50 ခု (7 to 10 kg )
L size 50 ခု (9 to 18 kg )
xl size 50 ခု (12 to 19kg )
2xl size 50ခု ( 15kg+ )
3 xl size 48 ခု (15to20+)

မေမေတို့အတွက်အထူးရွေးချယ်သင့်တဲ့ diaper လေးပါ🥰

Jelly...စျေးတက်ပါတယ်ရှင့် 😑S...22000...M..21500....မှာယူလိုပါက cb or ph 09988570446သို့ ဆက်သံယ်မှာယူနိုင်ပါတယ်ရှင် 🙏🏻
25/07/2024

Jelly...စျေးတက်ပါတယ်ရှင့် 😑

S...22000...
M..21500....

မှာယူလိုပါက cb or ph 09988570446သို့ ဆက်သံယ်မှာယူနိုင်ပါတယ်ရှင် 🙏🏻

နေ့ဘက်ရော ညဘက်ပါ သုံးလို့အဆင်ပြေမဲ့ wasuka diaperလေး‌ရောင်းပေးမယ်နော်.🤗ဒီ wasuka diaper လေးကြောင့် ဘေဘီလေးတွေလည်းအိပ်ရေး...
25/07/2024

နေ့ဘက်ရော ညဘက်ပါ သုံးလို့အဆင်ပြေမဲ့ wasuka diaperလေး‌ရောင်းပေးမယ်နော်.🤗
ဒီ wasuka diaper လေးကြောင့် ဘေဘီလေးတွေလည်းအိပ်ရေးဝမယ် မေမေတွေလည်းအဆင်ပြေစေရမယ်ရှင့်.🥰

သူ့မှာဘာတွေအားသာလဲဆိုတော့.🤔👇

jel typeဖြစ်တဲ့အတွက် လုံးထွေးသွားခြင်း၊ပေါက်ပြဲချင်းမရှိပဲ
ပါးပါးလေးနဲ့အရမ်းသုံးလို့ကောင်းတယ်✅

အသားလေးနူးညံ့တဲ့အတွက် ဘေဘီလေးတွေ skin အပူလောင်ခြင်းမဖြစ်ဘူး✅

အခု 50 ပါတဲ့အတွက် အရမ်းအသုံးခံတယ်နော်✅

M...size 50 ခု(7 to 10 kg )
L...size 50 ခု(9 to 18 kg )
xl...size 50 ခု(12 to 19kg )
2xl...size 50ခု( 15kg+ )
3 xl...size 50 ခု(15to20+)

မှာယူလိုပါက 09988570446 (or) cb မှတဆင့်ဆက်သွယ်နိုင်ပါတယ်ရှင့်💁
crd

Address

Mawlamyine

Website

Alerts

Be the first to know and let us send you an email when Baby Diaper ရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share