16/12/2023
စီးပွားရေးရာမှာ အောင်မြင်ဖို့ဆိုရင်
ဦးဆောင်တဲ့သူက ပျော်နေဖို့လိုတယ်
ကိုယ်က အရုပ်ကြိုးပျက်ပြိုလဲနေတဲ့ အချိန်
ရောင်းအားတွေ ထိုးကျသွားတာမျိုးကြုံဖူးလား?
စိတ်ခံစားမှု Emotion က ဘဝကို
အများကြီး အပြောင်းအလဲတွေဖြစ်စေတယ်
=====
ဦးဆောင်တဲ့သူ Leader က စိတ်ညစ်နေရင်
- စိတ်ကူးစိတ်သန်း Creativity တွေကျလာမယ်
- 1နာရီနဲ့ပြီးရမဲ့အလုပ်က 2နာရီကြာလဲမပြီး
- Customer တွေနဲ့လဲ မဆက်ဆံချင်တော့ဘူး
- ရှေ့ဆက်လုပ်ဖို့ စဥ်းစားရမှာတွေအတွက် Idea မထွက်တာမျိုးတွေဖြစ်တတ်တယ်
=====
စိတ်ထဲမှာ ပျော်နေတဲ့အခါကျရင်
- အလုပ်တွေလဲမြန်မြန်ပြီးသလို
- Customer တွေကို အပြုံးနဲ့ဆက်ဆံလာနိုင်တယ်
- Idea တွေလဲ မျိုးစုံထွက်တယ်
=====
ကိုယ့်ကိုကိုယ်ပျော်စေဖို့ဆိုရင်
- ဘူကောင်တွေကို ရှောင်ဖို့လိုနိုင်တယ်
- Self-Help စာအုပ်တွေဖတ်ရတတ်တယ်
- တရားထိုင် Meditate လုပ်လို့လဲရတယ်
- မိသားစုကို အချိန်ပေးရတာလဲဖြစ်နိုင်တယ်
- ဘဝနေနည်းတွေ လေ့လာရတာမျိုးလဲဖြစ်နိုင်တယ်
- ခွင့်လွှတ်ရမဲ့လူတွေကို ခွင့်လွှတ်ရတာဖြစ်နိုင်တယ်
သေချာတာကတော့ ရောင်းအားကောင်းနေချင်ရင်
မိမိကိုယ်ကို ပျော်အောင်ထားတတ်ဖို့လဲလိုတယ်✅
ိမ်စာ
Crd…