14/03/2026
မြတ်နိုးတွယ်တာ လက်မှုပညာ
ခရိုးရှေးနဲ့အလှဆင်ပါ။
ကြည်ပြာအတွက်တော့ ခရိုးရှေးကို ချစ်ခြင်း မေတ္တာတွေနဲ့အတူ လက်ဆောင်ရတဲ့ ပစ္စည်းတွေနဲ့ အလှဆင်ထားပါတယ်ရှင်။
ခေါင်းပေါ်က နှင်းဆီပန်းကလစ်လေးက ရန်ကုန်ဆရာလေးလက်ရာ ၊ ကျောက်စိမ်းဆံထိုးလေးက မြစ်ကြီးနား အမဇာခြည်လက်ရာ၊ အိုင်းရစ်ခရိုရှေး ခြုံပဝါက ရန်ကုန် မမသီရိလက်ရာ၊ ဖိနပ်က မန္တလေး အမချောစုလက်ရာ ၊ စကပ်လေးမှာ ထိုးထားတဲ့ ထိုင်းကော်တွန်ချည်လေးက တောင်ကြီး Cotton World က မမ ထွေးဥ လက်ဆောင်၊ အိုင်းရစ်ရင်ဖုံးမှာ သုံးထားတဲ့ ကုလာအုတ်ချည်လေးက ရန်ကုန် အမည်မဖော်လိုတဲ့ ညီမတယောက် ပို့ပေးလိုက်တဲ့ ချည်လုံးတွေထဲက သုံးထားပါတယ်ရှင်။
#ကြည်ပြာ