မောင်ကုသိုလ်

မောင်ကုသိုလ် လေတွေတိုက်နေတယ် ကျတော့်ဘက်က ဘာတွေလွင့်ပေးရမလဲ ဘဝလား😊

အဖေ ကျွန်တော့်ကိုပြောခဲ့ဖူးတဲ့စကားလေးတစ်ခွန်းရှိတယ်..။"ဘယ်နေရာမှာမဆို သူ့ဘက် ကိုယ့်ဘက် မျှတွေးပေးတတ်ရတယ်..""ကိုယ့်အတွက်ပ...
26/08/2025

အဖေ ကျွန်တော့်ကိုပြောခဲ့ဖူးတဲ့
စကားလေးတစ်ခွန်းရှိတယ်..။

"ဘယ်နေရာမှာမဆို သူ့ဘက် ကိုယ့်ဘက်
မျှတွေးပေးတတ်ရတယ်.."
"ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ရင်တော့..
အတ္တသမားပေါ့.."
"ကိုယ့်ဘက်ကိုယ်တောင်
ပြန်မကြည့်နိုင်ကြတော့ရင်တော့ အရူးတွေပေါ့တဲ့.."

ထိထိမိမိပါပဲ..။

💭 || 23.8.2025

တစ်ချိန်ချိန်မှာ တစ်ယောက်ယောက်ကကျနော့်ဆီကနေ ထွက်ခွာသွားနိုင်သလိုတစ်ယောက်ယောက်ဆီကနေလည်းကျနော် ထွက်ခွာသွားလိုက်တာမျိုးလည်း...
26/08/2025

တစ်ချိန်ချိန်မှာ တစ်ယောက်ယောက်က
ကျနော့်ဆီကနေ ထွက်ခွာသွားနိုင်သလို
တစ်ယောက်ယောက်ဆီကနေလည်း
ကျနော် ထွက်ခွာသွားလိုက်တာမျိုးလည်း
ရှိနိုင်တာပဲမလား ။ ဒါ့ကြောင့်ပဲ ဘာကိုမှ
ထပ်ပြီး မယုံကြည် မတွယ်တာချင်တော့ဘူးလို့
ပြောရင် ပိုမှန်လိမ့်မယ်လို့ ထင်တယ် ။
ဘဝမှာလေ တစ်ယောက်ယောက်ကြောင့်
ကိုယ့်ကိုယ်ကို ပျောက်ဆုံးသွားရတဲ့ အဖြစ်တွေက
သိပ်ရင်နာရတယ် ။

- ခက်နှောင်

အကောင်းဆုံး ချစ်ပေးခဲ့ပါတယ်အတတ်နိုင်ဆုံး နားလည်မှုပေးခဲ့တယ်သူစိတ်ဆိုးတိုင်း ကိုယ်ပဲချော့ခဲ့တယ်မအားတဲ့ကြားက သူ့ကိုအချိန်ပ...
26/08/2025

အကောင်းဆုံး ချစ်ပေးခဲ့ပါတယ်
အတတ်နိုင်ဆုံး နားလည်မှုပေးခဲ့တယ်
သူစိတ်ဆိုးတိုင်း ကိုယ်ပဲချော့ခဲ့တယ်
မအားတဲ့ကြားက သူ့ကိုအချိန်ပေးခဲ့ပါတယ်

ဒါတောင် သူ့ဘက်ကကိုယ့်ကို
တန်ဖိုးထားရကောင်းမှန်း မသိခဲ့ဘူးထင်ပါရဲ့

ကိုယ့်ရဲ့သည်းခံနိုင်စွမ်းတွေအကုန်လုံးကို
ကုန်ဆုံးသွားအောင်သူလုပ်ခဲ့တယ်

လူတစ်ယောက်ကို လူတစ်ယောက်က
သည်းခံတယ်ဆိုတာ ချစ်လို့ပါ ဒါပေမယ့်
ချစ်တာတစ်ခုထဲအတွက်နဲ့ ဘယ်သူမှ
အမြဲတမ်း သည်းမခံနိုင်ပါဘူး...

အကောင်းဆုံးချစ်ပေးခဲ့တာမို့
နောင်တကင်းစွာလွမ်းပါတယ်🌻

Address

Minbya
07011

Telephone

+959457210960

Website

Alerts

Be the first to know and let us send you an email when မောင်ကုသိုလ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to မောင်ကုသိုလ်:

Shortcuts

Share