Lwin Lwin Phyo Fashion Shop

Lwin Lwin Phyo Fashion Shop အပ်ချုပ်ဆိုင် နှင့် အထည်ဆိုင်

10/12/2022

I really don't get where this constant negativity from the press about Cristiano comes from ... The Media is just trying to get clicks, and pundits who don't have a career anymore just want to get attention with his big name and try to make him look bad.

He is soon 38 years old - so what's the surprise that he doesn't score 50 goals a season anymore? Every football fan out there should be happy to have seen him playing world class football for 20 years - I don't think anyone from the new generation will be able to match his numbers again. He will forever be in his own category. 🐐

Everyone should show more respect to one of the greatest athletes in sports history...

01/02/2021
07/01/2021

Jack Ma ပြောတဲ့တစ်နေ့ကို တစ်နာရီလောက် ဒါတွေလုပ်ဖို့အချိန်ပေးလိုက်ပါ
===========================================
⏰⏰⏰⏰⏰⏰

တစ်နေ့ကို တစ်နာရီလောက် ဒါတွေလုပ်ဖို့ အချိန်ပေးလိုက်ပါ။ သင့်ဘဝပြောင်းလဲပါလိမ့်မယ်။



သင့်ရဲ့ အလုပ်ချိန် ညနေ 6 နာရီမှာ ပြီးပြီးတော့ သင်က ည သန်းခေါင် 12 နာရီမှ အိပ်ရာဝင်တယ်ဆိုပါစို့။ ဒီကြားထဲက 6 နာရီကို သင်ဘယ်လို အသုံးချပါသလဲ? TV ကြည့်တာလား? တကယ်တော့ ဒီအချိန်ကို သင်ဘယ်လိုအသုံးချတယ်ဆိုတာက သင်ထင်တာထက် ပိုအရေးကြီးပါတယ်။



လူတော်တော်များများထင်နေတာက ကျွန်တော်တို့ career ကို တိုးတတ်ဖို့ အလုပ်ချိန်အတွင်းမှာ ကျွန်တော်တို့ ကြိုးစားအားထုတ်ရမယ်လို့ပဲ ထင်နေကြတယ်။ ကျွန်တော်တို့ အနာဂတ်နဲ့ အလုပ်အကိုင်တွေဟာ ကျွန်တော်တို့ အလုပ်လုပ်နေတဲ့ ကုမ္ပဏီနဲ့ ခေါင်းဆောင်အပေါ်ပဲ မူတည်နေတယ်လို့ ထင်နေကြတယ်။ တကယ်လို့ သင် ကိုယ့်ကိုယ်ကို ဘဝမှာ တိုးတတ်မှုမတွေ့ဘူးဆိုရင်တော့ သင့်ရဲ့ အလုပ်နဲ့ သင့်ရဲ့ အလုပ်ရှင်တွေကို သင့်အပေါ် မြေတောင်မြှောက်မပေးလို့ဆိုပြီး အပြစ်တင်လို့မရပါဘူး။



ကိုယ့်ကိုယ်ကို တိုးတတ်အောင် ပျိုးထောင်ဖို့ဆိုတာ သင့်ရဲ့ တာဝန်ပါ။သင်ဟာ သင့်ရဲ့ ညခင်းအချိန်တွေကို ဘယ်လိုအသုံးချလဲဆိုတာဟာ အလွန်အရေးကြီးပါတယ်။ စာဖတ်ပါ။ ဘဝမှာ သင်လိုချင်တာရဖို့ knowledge က အရေးကြီးပါတယ်။ ဗဟုသုတတွေ စုဆောင်းရပါမယ်။ ဒီလို ဗဟုသုတတွေကို သင့်ရဲ့ အလုပ်မှာ သင့်ရဲ့ ဘဝမှာ ပြန်လည်အသုံးချရပါမယ်။



တကယ်လို့ စာဖတ်သန်တယ်ဆိုရင် ဗဟုသုတတွေ ပြည့်ပြီး စကားပြောတဲ့ ခေါင်းစဉ်တွေ အကြောင်းအရာတွေ ပိုပြီးစိတ်ဝင်စားစရာကောင်းလာပါလိမ့်မယ်။ Anthony Robbins က ပြောပါတယ်။ တကယ်လို့ တစ်နေ့ကို တစ်နာရီအချိန်ပေးပြီး အကြောင်းအရာတစ်ခုကို လေ့လာမယ်ဆိုရင် တစ်နှစ်ကြာတဲ့အခါမှာ ရမဲ့ knowledge တွေက ကမ္ဘာ့လူတွေရဲ့ 99.999 % လောက်ထိဖြစ်ပါလိမ့်မယ်တဲ့။ တစ်နေ့ကို အချိန် သုံးဆယ်မိနစ်လောက်ပဲ စာဖတ်ချိန်ပေးနိုင်ရင်တောင် တစ်နေ့တစ်နေ့ knowledge တွေ အများကြီးရမှာပါ။ expert မဖြစ်ဘူးဆိုရင်တောင် သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေထက် ပိုပြီး ဗဟုသုတများလာမယ်ဆိုတာ အာမခံနိုင်ပါတယ်။



တကယ်လို့ လက်ရှိအလုပ်က သင်တကယ်စိတ်ဝင်စားတဲ့အလုပ်မဟုတ်ဘူးဆိုရင် ဒီအချိန်တွေမှာ သင်တကယ်စိတ်ဝင်စားတဲ့အရာတွေ လေ့လာလို့ရပါတယ်။ ဒီလို ရတဲ့အချိန်မှာ စိတ်ဝင်စားတဲ့အရာတွေ လေ့လာပြီး အချိန်တစ်ခုရောက်တဲ့အခါမှာ career ကို ပြောင်းလိုက်လို့ရပါလိမ့်မယ်။ start up တစ်ခု စလိုက်လို့ ရပါတယ်။ project တွေ လုပ်ဆောင်ပါ။ ဗဟုသုတတွေ စိတ်ကူးတွေကို ပုံဖော်ဖို့ မင်းအလုပ်က အခွင့်အရေးမပေးရင် မင်းကိုယ်တိုင် ရှာဖွေလုပ်ဆောင်ပါ။ volunteer project တွေ လုပ်နိုင်ပါတယ်။ ကိုယ်နဲ့ ဝါသနာတူတွေနဲ့ ပေါင်းပြီး အဖွဲ့လိုက် ပူးပေါင်းလုပ်ဆောင်ကြည့်ပါ။



စမ်းသပ်ကြည့်ပါ။ ကိုယ်စိတ်ဝင်စားတဲ့အရာတွေ လေ့လာပါ။ လက်တွေ့ လုပ်ဆောင်ကြည့်ပါ။ Network တည်ဆောက်ပါ။ မင်းရဲ့ အလုပ်လမ်းကြောင်းမှာ ဖြောင့်ဖြူးဖို့ strong connection network တစ်ခု ရှိနေဖို့ လိုပါတယ်။ ဒီလိုမျိုးမရှိဘူးဆိုရင်တော့ မင်းရဲ့ အချိန်ထဲက ဖဲ့ပြီး လုပ်ဆောင်ရပါလိမ့်မယ်။ အတော်ဆုံး မိတ်ဆွေတွေကို ဆက်သွယ်ပြီး သူတို့ရဲ့ အကြံဉာဏ်တွေ ရယူတာတွေ သတင်းတွေ အချက်အလက်တွေ ဗဟုသုတတွေ ရအောင်လုပ်ပါ။ professional life ထဲက ဆရာကြီးတွေဆီက လေ့လာသင်ယူပါ။



အလုပ်က အိမ်ပြန်ရောက်လို့ ဒီလို ညချမ်းတွေမှာ အနားယူတယ်ဆိုပြီး movie ကြည့်တာ tv ကြည့်တာ game ကစားတာ social media ပေါ်မှာ သူများတွေ အကြောင်း လိုက်စပ်စုနေတာ အတင်းပြောနေတာ ဒါတွေနဲ့ အချိန်ကုန်ဆုံးရတာ အရမ်းပျော်စရာကောင်းမှာပါ။ ဒါပေမဲ့ ဒါတွေက သင့်ရဲ့အနာဂတ်ကို ကောင်းမွန်အောင် လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။

ဘဝရဲ့ အပြောင်းအလဲက ဒီနေ့ညက စပါပြီ။ 6 နာရီကနေ ည ၁၂ နာရီထိပါ။ အလုပ်ပြီးလို့ အိမ်ပြန်တယ်။ တစ်ခြားသူတွေ ခိုင်းတဲ့အရာတွေကို လုပ်စရာမလိုတဲ့အချိန်ပါ။ သင့်ရဲ့ အားလပ်ချိန်ပါ။

#ဒါကို မိတ်ဆွေတို့ကော ဘယ်လို အသုံးချမလဲ?

မူရင်းရေးသားသူအား Credit #ပါ

05/01/2021

#လိုလို
~ MOHS က ပိတ်သလိုလို.. ဖွင့်သလိုလို
~ ဆိုင်တွေက ပါဆယ်ရောင်းလိုလို.. ဆိုင်ထိုင်စားလိုလို
~ လူတွေက ခိုးထွက်သလိုလို.. ပေါ်တင်ထွက်သလိုလို
~ ရဲတွေက ဖမ်းရမလိုလို.. လွှတ်ပေးရမလိုလို
~ ကျောင်းတွေက အွန်လိုင်းလိုလို.. ခဏနားသလိုလို
~ ရုံးတွေက WFHလိုလို.. ပုံမှန်လိုလို
~ ဝန်ထမ်းတွေက အခွန်ဆောင်ရမလိုလို.. ကင်းလွတ်ခွင့်ရသလိုလို
~ KTV တွေက ခိုးဖွင့်သလိုလို.. ပေါ်တင်ခွင့်ပြုချက်ရသလိုလို
~ ဝင်အဖမ်းခံရသူတွေက အာမခံရမလိုလို.. မရမလိုလို
~ လစာက ၅၀ရာခိုင်နှုန်းလိုလို.. အပြည့်လိုလို
~ အလုပ်သမားတွေက ခဏနားသလိုလို.. အလုပ်ပြုတ်သလိုလို
~ လူတွေက ခရီးထွက်ရမလိုလို.. အထုပ်ပြန်သိမ်းရမလိုလို
~ သစ်တောလုပ်ကွက်တွေက Camp ပဲဖွင့်သလိုလို.. သဘာဝတရားပဲမျှဝေသလိုလို
~ ဝယ်သူတွေက ထက်ထက်ကိုယုံရမလိုလို.. ရန်အောင်နောက်လိုက်ရမလိုလို
~ အဆိုတော်တွေက Virtual Live လိုလို.. ပရီ ရီကောဒင်းလိုလို
~ မင်းသမီးတွေက ဈေးသည်လိုလို.. ပရဟိတလိုလို

အဲ.. ကျနော်တို့လည်း ငိုရမလိုလို.. ရီပဲရီရတော့မလိုလို 🥺

ချစ်ခြင်းအားဖြင့်
အောင်ပို
၅-၁-၂၀၂၁

02/01/2021

COVID-19 ကာကွယ်ရေးနည်းလမ်းများကို အချင်းချင်း အသိပေးခြင်း၊ သတိပေးခြင်းများ ပြုလုပ်ပါ
(၂-၁-၂၀၂၁)
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

, , , #ကိုရိုနာဗိုင်းရပ်စ်, #အချင်းချင်းသတိပေးကြပါ
https://www.mohs.gov.mm/

Address

Mingaladon

Opening Hours

Monday 06:00 - 21:30
Tuesday 06:00 - 21:30
Wednesday 06:00 - 21:30
Thursday 06:00 - 21:30
Friday 06:00 - 21:30
Saturday 06:00 - 22:00
Sunday 06:00 - 21:30

Telephone

+959420888288

Website

Alerts

Be the first to know and let us send you an email when Lwin Lwin Phyo Fashion Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lwin Lwin Phyo Fashion Shop:

Share