T&S Vintage clothing Online Shop

T&S Vintage clothing Online Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from T&S Vintage clothing Online Shop, Clothing Store, Mobyè.

မဂ်လာပါရှင် 😃😃😃(ဘေဆိုတာနဲ့ အပေါစားလို့ထင်နေတဲ့သူတွေသိဖို့) ဘေထုပ်အကြောင်း တစေ့တစောင်းVintage clothing (သို့) ဘေထုပ် (Bal...
31/01/2023

မဂ်လာပါရှင် 😃😃😃(ဘေဆိုတာနဲ့ အပေါစားလို့ထင်နေတဲ့သူတွေသိဖို့)
ဘေထုပ်အကြောင်း တစေ့တစောင်း

Vintage clothing (သို့) ဘေထုပ် (Bale)

Vintage Clothings ဆိုတာ မြန်မာပြည် အခေါ် ဘေထုပ်လို့ လူသိများတဲ့ နိုင်ငံခြားဖြစ် second hand clothings (thrift clothings) တနည်းအားဖြင့် တပတ်ရစ် အဝတ်အစားတွေပေါ့ (၂ ပတ် ၃ ပတ် မကလည်း ရစ်နိုင်ပါတယ်)
Bale ဆိုတာ English လို အစီး
ကြီး အထုပ်ကြီးလို့ ခေါ်ပါတယ်။
အဲဒီ အဝတ်အစားတွေဟာ Bale ဆိုတဲ့ အထုပ်ကြီး အစည်းကြီးတွေနဲ့လာတော့ ရွှေမြန်မာတွေ အခေါ် ဘေထုပ်ဖြစ်သွားတာပေါ့နော်...
ဒီ Bale အထုပ်တွေထဲမှာ Brand စုံ အရောင်စုံ ဒီဇိုင်းစုံ ဆိုဒ်စုံ ထုတ်လုပ်တဲ့ နိုင်ငံ အစုံ(made in China, Japan, USA) ကလာတဲ့ အဝတ်အစား အမျိုးးအစား အစုံပါပါတယ်... ပစ္စည်း အ
သန့်တွေ တံဆိပ်တောင် မဖြုတ်ရသေးတဲ့ အသစ်တွေ Store
ဆိုင်တွေက Sale ချလိုက်တဲ့ lot နံပါတ်အလိုက် အသစ်စက်စက်တွေက အစ... ဟောင်းနွမ်းစုတ်ပြတ် ပေါက်ပြဲနေတဲ့ အထည်တွေ ပစ္စည်းတွေ အထိပါပါတယ်...
နာမည်ကြီး Brand တွေရဲ့ quality နဲ့ စျေးကတော့ ဝယ်ဖူးသူတွေ ဝတ်ဖူးသူတွေ ပိုသိပါတယ်။ ဒီနေ့ခေတ်မှာ မဝယ်ဖူး မဝတ်ဖူးတောင် Facebook ပေါ် လိုင်းပေါ်ကနေ brand တော်တော်များများကို မြင်ဖူးကြားဖူးကြမှာပါ...
Branded ဝယ်ဝတ်ချင်ပေမယ့် စျေးနှုန်းမြင်ရင် လက်တွန့်နေတာ
အဲတော့ စျေးအသင့်အတင့်နဲ့
ကွာလတီကောင်းကောင်း Brand တွေ ကံကောင်းရင် Limited Edition တွေ တောင် ရနိုင်ပါသေးတယ်...
Vintage ဝတ်ရတာ...ရှာရတာ
ကြိုက်တဲ့ နိုင်ငံခြားသားတွေ...ခရီးသွားတွေ...ပိုက်ဆံခြွေတာချင်တဲ့ သူတွေ... ဒုနဲ့ဒေး..
(.မြန်မာနိုင်ငံမှာပဲ ဘေထုပ်စျေး
ကွက် ရှိနေတယ်ထင်နေမှာ စိုးလို့..)
ဘေထုပ် vintage wears တွေကို ဆင်းရဲသားတွေ ပိုက်ဆံမတတ်နိုင်တဲ့သူတွေပဲ ဝတ်တယ်လို့ ဘယ်သူပြောလဲ......နိုင်ငံတကာမှာ နာမည်ကြီး Celebrities တွေကိုယ်တိုင် Vintage Wears တွေကို သေချာ ရှာဝတ်ပါတယ်...
ဘေထုပ်ကို ဝတ်ဖူးသူတိုင်းကြိုက်ကြတယ်ဆိုတာက......
၁ အချက်.....သူ့ရဲ့ ကွာလတီ( branded တွေလေ အရည်အသွေးမြင့် QC passed တွေကိုး)...တရုတ် နဲ့ ယိုးဒယားက.လာတဲ့ စျေးချုပ်ထည်တွေနဲ့ အကွာကြီးကွာ....

၂ အချက် စျေးနှုန်း.....တစ်ခါဝတ်ပြီးရင် အရောင်မှိန် ဆေးသားပြယ် ချုပ်ရိုးပြေ သွားတဲ့ စျေးချုပ်ထည်ထက်တောင် စျေးသက်သာပါသေးတယ်....( ဘေရှယ်ဂေါင်ထည် အသန့် Limited Edition စျေး တွေကတော့ ချွင်းချက်ပေါ့ဗျာ ဒါပေမယ့် ရောင်းတဲ့သူက ဘယ်တော့မှ အသစ်စျေးမတောင်းသလို ဝယ်သူကလည်း အဟောင်းစျေးဘဲ ပေးတာပါပဲ )

၃ အချက်...brand တွေကို ပေါပေါလောလော အထည်များ အယားပြေ ဝတ်နိုင်ခြင်း...brand အသစ်စက်စက်တထည်စျေးဟာ ဘေထုပ်ထဲက အလားတူ brand မျိုးအထည်ရေ ၃/၄ ထည်လောက်ပေါင်း စျေး နဲ့ တူနေမှတော့ အသစ်ကို.... ထည့်မစဉ်းစားတော့တာ အဆန်းလားနော့
တစ်ခုတော့ ရှိတာပေါ့ ဘေထုပ်ထဲမှာ ကိုယ်အရမ်းလိုချင်နေတဲ့ ဒီဇိုင်း ဆိုဒ်ကို မရနိုင်ဘူး ထင်ရင်တော့ အသစ်က စျေးကြီးလည်းဝယ်ရမှာပဲ...ကိုယ်မှ ဘေထဲမှာ ရှာမရနိုင်တာကိုး...

၄ အချက်...ဘေထုပ်နှိုက်ခြင်း အနုပညာ..
ဘေထုပ်နှိုက်တဲ့ အခါမှာ ပညာသားပါပါတယ်...မျက်စိလျင်ရမယ်... Fashion ရေစီးကြောင်း ကို သိရမယ် brand နာမည်တွေ made in ဘာညာတွေ သိရမယ် ကိုယ်ပြောခဲ့သလို ဘေထုပ်ဟာ အလန်းတွေ အကောင်းတွေ အဟောင်းတွေ အစုတ်တွေ ရောသဗွန်း ပါတာမို့.... ရွေးတတ်မှ ရမယ် အချိန်ပေးမှ ရမယ်...အိမ်ရောက်လို့ ပြန်ကြည့် brand တော့မိုက်ပါရဲ့..
မရွေးတတ်တဲ့သူတွေ အတွက် ဘေထုပ်တန်းဟာ အဟောင်း အစုတ်တွေပေါ့ ... ရွေးတတ်တဲ့သူတွေ အတွက်တော့ ဘေထုပ်ထဲက ရတဲ့ အထည်ဟာ ရွှေထက် တန်ဖိုးရှိတယ်လို့.....ပိုက်ဆံရှိရင် ရွှေဆိုင်မှာ ရွှေကို အချိန်မရွေးသွားဝယ်လို့ ရပေမယ့် ဘေဆိုင်မှာတော့ အဲလိုမရပါဘူး.... ကိုယ်ကြွေတဲ့ Brand Design ရှာမတွေခဲ့ရင် ခြေတို အချိန်ကုန် တပ်ခေါက်ပြန်လာရမှာပါ....
ဒီလို အချိန်မပေးနိုင် ဘေထုပ်နှိုက်ခြင်း အနုပညာ မတတ်တဲ့သူတွေအတွက် Admin တို့လို ဘေသရဲ၊ ဘေခရေဇီ တွေက သေချာ ဂေါင်ထည်အသန့် ရွေးချယ်ပြီး ပြန်လည်ရောင်းပေးနေတဲ့ page တွေ group တွေရှိပါတယ်....စျေးကတော့ အပုံစျေးနဲ့တော့ မယှဉ်နဲ့ပေါ့ဗျာ.... ပညာရှင်ကြေးတော့ ပေးရတာပါ့...
ကဲ.... ဒီလောက်ဆို ဘေထုပ်ဆိုတာ ဘာ... ဘယ်လို...ဘယ်သူတွေ... ဘာကြောင့်ဝတ်လဲဆိုတာ တစေ့တစောင်း သိလိုက်ပြီမို့ အမြန်ဝယ်လိုက်တော့နော်

ဝက်ခြံအကူကောင်jelly maskup
27/12/2021

ဝက်ခြံအကူကောင်jelly maskup

ဝက်ခြံ​တွေထွက်လို့စိတ်ညစ်နေပြီလားorganicစစ်စစ်skincareလေးရှိတယ်နော်😍😍😍😍
25/12/2021

ဝက်ခြံ​တွေထွက်လို့စိတ်ညစ်နေပြီလား
organicစစ်စစ်skincareလေးရှိတယ်နော်😍😍😍😍

✅ လက်တွေ့သုံးစွဲသူတွေ့ရဲ့ သုံးသပ်ချက်တွေ99% ကဝက်ခြံပျောက်သွားပြီတဲ့ ဝက်ခြံတွေအများကြီး ဓာတ်မတည့်သောအသားအရေများ သုံးနိုင်...
23/12/2021

✅ လက်တွေ့သုံးစွဲသူတွေ့ရဲ့ သုံးသပ်ချက်တွေ
99% ကဝက်ခြံပျောက်သွားပြီတဲ့
ဝက်ခြံတွေအများကြီး ဓာတ်မတည့်သောအသားအရေများ သုံးနိုင်ပါတယ်
Skin Type မရွေး All Skin Type သုံးလို့ရပါတယ်
Organic စစ်စစ်ဖြစ်ကြောင်း ထောက်ခံချက်ရရှိ
သဘာဝအော်ဂဲနစ်ဖြစ်လို့ တကယ်စိတ်ရှည်တဲ့သူက
ရလဒ်ကောင်းကို ပိုင်ဆိုင်သွားကြပြီ
. သင်ရောအခုချိန်ထိသုံးဖို့ တွေဝေနေတုန်းလား???
review

jelly mask လေး😍😍😍😍
20/12/2021

jelly mask လေး😍😍😍😍

🔰ဝက်ခြံပြသာနာအမျိုးမျိုး ဖြေရှင်းပေးမယ့် မက်စ် လေး🔰
လူသုံးအများဆုံး,ရောင်းအားအကောင်းဆုံး #မက်စ် လေး

- ဝက်ခြံနှစ်ချီဖြစ်ပြီး မပျောက်လို့စိတ်ညစ်နေပါသလား❓

- အကုန်ကျစရိတ်များပြီး ထူးခြားမှုမတွေ့လို့စိတ်ညစ်နေပါသလား❓

- သုံးတာများပြီး ထူးခြားမှုမတွေ့လို့စိတ်ညစ်နေပါသလား❓

👉ဒီပြသာနာတွေကိုဖြေးရှင်းပေးဖို့
✅အမေရိကန်နိုင်ငံမှ တိုက်ရိုက်တင်သွင်းတဲ့ အော်ကဲနစ်ရှားစောင်းအဓိကပါဝင်ပြီး
✅အသားအရေအတွက် အန္တရာယ်ကင်းတဲ့

#ဝက်ခြံ

❗️Sunscreen အကြောင်း❗️Sunscreen လိမ်းပါလိမ်းပါဆိုတာ အလကားပြောနေတာ မဟုတ်ပါဘူးနော်💥💥💥💥💥လူတိုင်းက Glow Skinလေးလိုချင်ကြတယ် ...
01/12/2021

❗️Sunscreen အကြောင်း❗️
Sunscreen လိမ်းပါလိမ်းပါဆိုတာ အလကားပြောနေတာ မဟုတ်ပါဘူးနော်
💥💥💥💥💥
လူတိုင်းက Glow Skinလေးလိုချင်ကြတယ် အမဲစက်ကင်းစင် Glow Glass Skinလေးလိုချင်ကြတယ်မလား အဲ့တာဆိုSunscreen ကိုသေချာပေါက်လိမ်းကိုလိမ်းရမယ်

Sunscreen မလိမ်းရင်ဘာဖြစ်နိုင်လဲဆိုတော့
-အရေးကြောင်း(Aging) ဖြစ်တာလွယ်မယ်
-အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ပြီးအသားတွေတွဲကျလာမယ်
-အသက်အရွယ်ရလာတဲ့အခါမှာတင်းတိတ် ၊ မှဲ့ခြောက်တွေဖြစ်ခြင်း
-အသားအရည်အရောင်မညီပဲ တစ်ခုခုလိုအပ်နေခြင်း
-တစ်ခုခုကြောင့်ကျန်ခဲ့တဲ့အမာရွတ်ပျောက်ဖို့အချိန်ကြာခြင်း
-နေလောင်ခံရခြင်း တို့ဖြစ်နိုင်ပါတယ်

Sunscreen လိမ်းတယ်ဆိုတာ နေရောင်ခြည်ကထုတ်လွှတ်လိုက်တဲ့ UV Raysတွေကို ကာကွယ်တာပါ နေရောင်ခြည်က ဖြာထွက်လာတဲ့ အလင်းတန်းတွေကို UltraViolet Radiation(UV Rays) လို့ခေါ်ပြီးUV rays မှာမှ UVA rays နဲ့ UVB rays ဆိုပြီး အမျိုးအစားထပ်ကွဲသွားပါတယ် Sunscreen မလိမ်းဘူးဆိုရင် UVA rays ကြောင့် အရေးကြောင်းဖြစ်တာ အသားရည်လျော့တွဲတာတွေဖြစ်ပေါ်လာနိုင်ပြီး UVB raysကြောင့်နေလောင်ပြီး အသားကရဲတက်လာနိုင်ပါတယ် နောက်ပြီး အသက်ရွယ်ရလာတဲ့အခါမှာ အမဲစက် တင်းတိတ်တွေဖြစ်လာ နိုင်ပါတယ်

📌 Sunscreen ဘယ်နှစ်မျိုးရှိတာလဲ?
Sunscreen (2) မျိူးရှိပါတယ် Physical Sunscreen နဲ့ Chemical Sunscreen ပါ Physical Sunscreen က အရေပြားအပေါ်ယံကနေ အလွှာတစ်ခုအနေနဲ့ကာကွယ်ပေးပြီး Chemical Sunscreen က UV နေရောင်ခြည်ကို absorb လုပ်ပြီး အပူပြောင်းပြီးကာကွယ်ပေးပါတယ်

Zinc Oxide ,Titanium Oxide တို့က Physical Sunscreen ရဲ့ ingredients တွေဖြစ်ပြီး များသောအားဖြင့် Skin typesတော်တော်များများနဲ့တည့်ကြပါတယ် Chemical Sunscreen က Lightweight ဖြစ်တဲ့အတွက်ကြောင့် blendရတာ ပိုလွယ်ကူပြီး Physical Sunscreen ကကြတော့ များသောအားဖြင့် White Cast တွေကျန်နေတာ ဖြစ်တတ်ပါတယ်(အခုနောက်ပိုင်း Sunscreen တွေကတော့ သိပ်မတွေ့ရတော့ပါဘူး)

📌 Chemical Sunscreen ကိုဘယ်လိုသူတွေသုံးသင့်လဲ?
-အားကစားလုပ်တဲ့သူ, ရေကူးတဲ့သူ တို့ဆို ပိုပြီးသင့်တော်ပါတယ် Chemical က Physical Sunscreen ထက်ပိုပြီး ချွေးစို၊ရေစိုခံတဲ့အတွက်ကြောင့်ပါ နောက်ပြီး Sun spray လည်းသုံးလို့ရပါတယ်

📌SPF (Sun Protection Factor)

Sunscreen မှာ SPF သည်လည်းအရေးကြီးတဲ့ထဲကတစ်ခုပါ SPF များလေ ပိုပြီးကာကွယ်နိုင်လေပါပဲ မိမိက အပြင်မထွက်ဘူး Work from home ပဲဆိုရင် SPF 30 လောက်ကလုံလောက်ပါပြီ ဒါမှမဟုတ်ပဲ အပြင်ခနခန ထွက်ရမယ်ဆိုရင် SPF 50 PA++++ ကိုလိမ်းပါ UVB Rays တွေက အရေပြားအပေါ်ယံလွှာကို ထိုးဖောက်ပြီးအသားရည်ထိခိုက်စေနိုင်ပါတယ်။UVB rays တွေကို ကာကွယ်နိုင်တာ SPFပါ UVA raysတွေက အရေပြားရဲ့ အနက်ဆုံးလွှာကို ထိုးဖောက်နိုင်တဲ့အတွက်ကြောင့် အရေးကြောင်းတွေဖြစ်နိုင်ပြီး အရေပြားကင်ဆာတွေကိုဖြစ်စေနိုင်ပါတယ်။၄င်းကို ကာကွယ်နိုင်တာ PAပါ အဲ့တော့ အလွယ်နည်းနဲ့မှတ်ရမယ်ဆိုရင် 🔹A = Aging , 🔸B = Burning

📌Sunscreen ကိုဘယ်အဆင့်မှာလိမ်းရမလဲ? Moisturiser မလိမ်းပဲနဲ့ကောလိမ်းလို့ရလား?

Sunscreen ကို Skincare step တွေရဲ့နောက်ဆုံးမှာထားပြီးလိမ်းရပါမယ် အဲ့အပေါ်မှာမှ Cc cream , BB Cream , Foundation တို့ကိုလိမ်းရမှာပါ ။ Moisture မလိမ်းပဲ Sunscreen လိမ်းလို့ရပါတယ်နော် ဘာမှမဖြစ်ပါဘူး ဒါပေမဲ့ လုံလောက်တဲ့ အစိုဓာတ်ကိုတော့ ရမှာမဟုတ်ပါဘူး (Dry Skinတွေက လိမ်းကိုလိမ်းပါ) Sunscreen က 2နှာရီခြားတစ်ခါလိမ်းရမှာပါ

📌Sunscreen က နွေရာသီပဲလိမ်းရမှာလား?
Noနော် No! နေပူပူ မိုးရွာရွာ အမြဲလိမ်းရမှာပါ မှန်ကနေ အလင်းပြန်တဲ့ အလင်းတန်းမှာလည်း UV raysတွေရှိပါတယ်

🔸 အသားဖြူတဲ့သူက အသားညိုတဲ့သူတွေထက် Melanin ထုတ်နှုန်းနည်းလို့ နေလောင်ဒဏ်ခံရဖို့ ပိုလွယ်ပါတယ် Sunscreen မလိမ်းတာ ငယ်တုန်းရွယ်တုန်းမှာချက်ချင်းကြီး မသိသာပေမဲ့ လိမ်းတဲ့သူနဲ့ မလိမ်းတဲ့သူက အသက်ကြီးလာရင် ကွာခြားချက်ကိုတွေ့ရမှာပါ

အားလုံးပဲ Be safe & strong ပါ 💛
နောက်နေ့မှာ Sunscreenတွေရဲ့ Reviews တွေနဲ့အတူပြန်လာခဲ့ပါမယ်


ြောင်း

-Han’s Details

Crd

Buy2 Get1Get1က15900တန်ရမှာနော်😍😍😍
01/12/2021

Buy2 Get1
Get1က15900တန်ရမှာနော်😍😍😍

Address

Mobyè

Telephone

+959695933000

Website

Alerts

Be the first to know and let us send you an email when T&S Vintage clothing Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category