Outfit & Co. Clothing

Outfit & Co. Clothing Made In Rangoon

ဖတ်ပြီး ရယ်ရယ်...ရယ်ပြီး ဖတ်ဖတ်.. တခဏတာ ပြုံးပျော်နိုင်ဖို့ 👻 Photos from Pinterest      &co
14/03/2022

ဖတ်ပြီး ရယ်ရယ်...ရယ်ပြီး ဖတ်ဖတ်..
တခဏတာ ပြုံးပျော်နိုင်ဖို့ 👻

Photos from Pinterest


&co

13/03/2022

❔မိန်းကလေးမှန်ရင် ရှိသင့်တာ ဘာလဲ ?
◽ရှပ်အဖြူအပွကြီးတစ်ထည်ပါ။ ဘဲမဟုတ်ပါဘူးနော် 🥲

နွေရာသီမှာ အဖြူရောင်ရှပ်ပွပွကြီးတစ်ထည်ရှိတာဟာ
ကိုကြီးရင်ခွင်ထက် အေးမြပါတယ် 😝

အဖြူရောင်က နေရောင်ကို ကာကွယ်ပေးတာမို့
နေပူဒဏ်က ကင်းဝေးစေပါတယ်။
သူဝတ်ပြသွားသလို ဆယ့်နှစ်မျိုးမကဝတ်လို့လည်း ရတာမို့ ခေါင်းစားခံစရာမလိုသောနော် 💯

ဘဲဆီက ဓါးပြတိုက်ထားတာပဲဖြစ်ဖြစ်..
အစ်ကိုတွေမောင်တွေအဖေတွေဆီက လုထားလို့ပဲဖြစ်ဖြစ်
ဝယ်ထားလို့ပဲဖြစ်ဖြစ် တစ်ထည်ကတော့ Must Have ပါ..

Video from YT Shorts

ဒို့ရဲ့ ချစ်စရာကောင်းသော Customer လေးပါ 👸🌼   &co
12/03/2022

ဒို့ရဲ့ ချစ်စရာကောင်းသော Customer လေးပါ 👸🌼


&co

ချစ်ရတဲ့ သူကို ပျော်ရွှင်အောင် လုပ်ပေးရတာလောက် ပျော်စရာကောင်းတယ်ဆိုတာ မရှိပါဘူးနော် 🥰အထူးသဖြင့် အဘက်ဘက်က အဆင်မပြေနေတဲ့ ဒ...
10/03/2022

ချစ်ရတဲ့ သူကို ပျော်ရွှင်အောင် လုပ်ပေးရတာလောက် ပျော်စရာကောင်းတယ်ဆိုတာ မရှိပါဘူးနော် 🥰

အထူးသဖြင့် အဘက်ဘက်က အဆင်မပြေနေတဲ့ ဒီကာလဆိုးကြီးမှာ ချစ်ခြင်းမေတ္တာသာမရှိရင် ရှင်သန်ရတာ ဘယ်လောက် အဓိပ္ပါယ်မဲ့လိုက်မလဲ ? ချစ်ခြင်းမေတ္တာဆိုတာ ရင်ထဲကဆိုပေမဲ့ ထုတ်ပြတော့လည်း ပိုကြည်နူးရတာပေါ့ 💓

👸 သိပ်လှတဲ့ ဝတ်စုံလေးကို သိပ်ချစ်ဖို့ကောင်းတဲ့ ညီမလေးဝတ်ထားတော့ ဘယ်လောက်ကပ်ချပ်ပြီး လိုက်ဖက်နေလိုက်သလဲလို့ ?
ဒီညီမလေးကတော့ ချစ်တဲ့သူဆီက 4th Anniversary Gift အနေနဲ့ ရတဲ့ချစ်သက်လက်ဆောင်နဲ့ လှနေပါပြီတဲ့ 💏

ဒါမျိုးလေးတွေ ချစ်သက်လက်ဆောင်ပေးချင်ရင် စာလှလှလေးတွေ ရေးပေးပြီး Packaging လှလှလေးနဲ့ ချစ်တဲ့သူဆီ အရောက်ပို့ပေးပါမယ်နော် 💌

🎁 ပုံမှန်ဆိုရင်တော့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့အနေနဲ့
စက္ကူအိတ်လှလှလေးတွေနဲ့ ထုတ်ပိုးပေးပါတယ်။

💝Suprise Gift လေးတွေကိုတော့ မင်မင်တို့က ပါရမီဖြည့်တဲ့အနေနဲ့ Packaging လှလှလေးတွေနဲ့ ထုပ်ပိုးပြင်ဆင်ပေးပါတယ်
(ဘူး Charges ပိစိလေးတော့ ယူပါတယ်နော်🥺)

💢 ချစ်တဲ့သူလေးကို ပျော်စေချင်ရင်ဖြစ်ဖြစ်
💢 ကိုယ်တိုင်ဝတ်ရင်း ပျော်ချင်ဖြစ်ဖြစ်
အသေးစိတ်သိချင်ရင် ဒီ Post လေးဖတ်ပြီး လာရောက်ဝယ်ယူနိုင်ပါပြီရှင် 👇🏻
https://www.facebook.com/111617168048449/posts/135360335674132/




&co

ဆီကုန်ခံသွားလာပြီး မြန်မာဝတ်စုံချုပ်ဝတ်နေရတုန်းလား ?အပြင်တစ်ခါ ထွက်တော့မယ်ဟေ့ဆို ဗီရိုကြီးကို ဖွင့်ပြီး မူးနေအောင် မွှေန...
09/03/2022

ဆီကုန်ခံသွားလာပြီး မြန်မာဝတ်စုံချုပ်ဝတ်နေရတုန်းလား ?

အပြင်တစ်ခါ ထွက်တော့မယ်ဟေ့ဆို ဗီရိုကြီးကို ဖွင့်ပြီး မူးနေအောင် မွှေနှောက်ရှာဖွေရတာ တို့မိန်းကလေးတွေရဲ့ သမိုင်းပေးတာဝန်ပါ။ ဒါတောင် ဝတ်စရာဆိုတာ တခါဝတ်ပြီးရင် နောက်တစ်ခါထပ်ဝတ်ဖို့ ပျင်းသွားတာမျိုးလေ... အဲဒီဝတ်စုံနှင့် ဓာတ်ပုံတစ်ခါလောက်ရိုက်ပြီးရင်ကို ချောင်ထိုးထားလိုက်ချင်တော့တာနော်..

အထူးသဖြင့် မြန်မာဝတ်စုံတွေဆို ပိုတောင် ကရိကထများရသေးတယ်။

❗ပိတ်စဆိုင်ကို သွားရတယ်။ အစပေါင်းစုံကို မူးနောက်နေအောင် ရှာရဖွေရ...ဒါတင် မပြီးသေးဘူးနော်...
❗ချုပ်ရင်လည်း ချုပ်ရိုးချုပ်သားကောင်းတဲ့ လက်ရာသေသပ်တဲ့ သူဆီမှာ သေချာအပ်ရတာမျိုး။
❗ ကိုယ်လိုချင်တဲ့ လှတပတ ဒီဇိုင်းလေးထွက်လာဖို့အရေး
Gallery ထဲ Save ထားတဲ့ ပုံတစ်သိန်းကို ရှာရဖွေရသေး။
❗ပြီးရင်တော့ "ရတော့မယ် ညီမလေးရေ" ဆိုတဲ့ ချစ်သော
စက်ချုပ်သူမမကြီးတွေရဲ့ ပုံပြင်လှလှလေးတွေ အဝနားထောင်ပြီးမှ အဲဒီဝတ်စုံလေးတွေက ကိုယ့်လက်ထဲ ရောက်လာတာမျိုး... မိန်းကလေးမှန်ရင် ကြုံဖူးကြတယ် ဟုတ် ?

ပုံမှန်ကာလဆိုရင်တော့ လူရော၊စိတ်ပါ အချိန်ပေးပြီး
အဲဒီလိုချုပ်နိုင်၊ဝတ်နိုင်ပေမဲ့ ခုလို ကာလမှာကျ
⛔ အပြင်​ခဏခဏထွက်လို့အဆင်မပြေဘူး။
⛔ ဆီစျေးတွေကြီး၊ ကားခတွေ စျေးတက်နေတယ်။
⛔ အရာရာက စျေးကြီးနေပြီမို့ တစ်စုံချုပ်ရင်တောင် နှစ်စုံဖိုး ထွက်သွားနိုင်တယ်။
⛔ ခုချိန်ဆို သွားလာနေရတဲ့ ဆီဖိုးပေါင်းလိုက်ရင်တောင် ဝတ်စုံဖိုးထက် ပိုကြီးနေပြီနော် ☹
⛔ အပြင်ခဏခဏထွက်ရင် ဥမ္မာခင်ရန်က ကြောက်ရသေးတယ်။

ဒီလိုဆို မြန်မာ​ဝတ်စုံ Ready To Wear လှလှလေးတွေကို စိတ်ပင်ပန်း၊လူပင်ပန်းစရာမလိုဘဲ အိမ်အရောက်၊အဆင်သင့်ကောက်ဝတ်လိုက်နိုင်ဖို့ မင်မင်တို့ရဲ့ First Collection လေးက
အဆင်သင့်ဆီးကြိုနေပါတယ်။

💐 First Collection လေးမှာဆိုရင်
🏵 အပွင့်အဆင် ဆင်တူ ဝမ်းဆက်တစ်စုံအပြင်
💮 ကော်လာကြီးကြီးနဲ့ ပြောင် Top လေးတစ်ထည်ပါ ပါသေးတာမို့ ကိုယ်နှစ်သက်သလို တွဲဖက်ဝတ်နိုင်တယ်နော်။
( ပြောင် Top လေးကို တခြားဘောင်းဘီ၊စကတ်တွေနဲ့လည်း ကြိုက်သလို တွဲဝတ်နိုင်သေးတာက ဒီ Collection ရဲ့ ထူးခြားချက်ပါ။)

🌼အပွင့်အဆင်အနေနဲ့ ၂ မျိုး၊ အဖြူနဲ့ ခဲရောင်ဆိုပြီး ၂ မျိုးရွေးလို့ရပါတယ်။
🌼တကယ့်အသားအစအိအိလေးကိုမှ Designer ချုပ်သန့်သန့်လှလှ Quality ဦးစားပေးထားတယ်ဆိုတာ ပုံလေးတွေကြည့်ရုံနဲ့ သိနိုင်ပါတယ်။
🌼ပတ်ထဘီ၊ ဘယ်ဖုံးဖြစ်ပြီး ၃ ထည်စလုံးကို ကော်ပိတ်ခံပြီးသားမို့ တန်မှ တန်ပါပဲ။
🌼 တစ်စုံဝယ်တာနဲ့ ကိုယ်ဥာဏ်ရှိသလို ပြောင်းဝတ်နိုင်တာမို့
IG မှာ ပုံတွေ ထပ်နေစရာမလိုတော့ဘူးပေါ့။

🍁ပထမဆုံး Collection လေးမို့ အထည် (30) ပဲ ထုတ်ထားတဲ့အတွက် ဒါကုန်ရင် ဖျာပုံပြန်မှာမို့ လက်မနှေးသင့်ပါဘူးရှင်။

Size အနေနဲ့ကတော့

Small Size
· Bust 30/32
· Waist 24/26
· Hips 30/32
· Length 38
Medium Size
· Bust 34/36
· Waist 26/28
· Hips 34/36
· Length 39 ဆိုပြီး (2) မျိုးရွေးချယ်နိုင်ပါတယ်။

ဒါလောက်တန်နေတာ စျေးကတော့ ကြီးမယ်နော်ဆိုရင်တော့
မြန်မာငွေ (25000) ကျပ်ပဲ ကျသင့်ပါတယ်နော် 🤑

🔮Kpay/Wavepay ကြိုက်တာနှင့် Percentage မလိုဘဲပေးချေနိုင်ပါတယ်။
🏡 Ygn ကဆို Cash On Delivery ရပါတယ်နော်။
🏠တခြားမြို့ကဆိုရင်တော့ Pre-paid ပါရှင်။

Outfit & Co. ရဲ့ ဒီ Collection လေးကို ချစ်ခင်အားပေးခြင်းဖြင့် Local Brand များကို မြှင့်တင်ပေးနိုင်ပါပြီရှင် 🤍

သြော်…. မေ့လို့ … ဒီလိုအခွင့်အရေးလှလှလေးကို အလိုက်တသိအသုံးမချတတ်တဲ့ ကိုကိုတို့ကို စိတ်ကောက်ဖို့ မမေ့နဲ့နော် ပျိုပျိုတို့ရေ 👀

အလိုက်သိတဲ့ ကိုကိုတို့က ချစ်သက်သေပြချင်ရင်လည်း ဟောဒီက FA မင်မင်က စာလှလှလေးနှင့် ကိုယ်စား Ro ပေးပါ့မယ်လို့ 🌚💕


&Co.

ကမ္ဘာတစ်ဝန်းလုံးက အမျိုးသမီးတွေရဲ့ ဥာဏ်ပညာကြီးမှုနဲ့ စွမ်းဆောင်နိုင်မှုလောက် လူတိုင်းအပေါ်မှာ ​နွေး​ထွေးအေးချမ်းပြီး တရာ...
08/03/2022

ကမ္ဘာတစ်ဝန်းလုံးက အမျိုးသမီးတွေရဲ့ ဥာဏ်ပညာကြီးမှုနဲ့ စွမ်းဆောင်နိုင်မှုလောက် လူတိုင်းအပေါ်မှာ ​နွေး​ထွေးအေးချမ်းပြီး တရားမျှတတဲ့ အရာရှိပါဦးမလားလို့ ကျွန်မတို့ရဲ့ ပြည်သူ့အမျိုးသမီးကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ဖူးပါတယ်။

ဟိုးရှေးခေတ်အဆက်ဆက် စစ်ပွဲတွေမှာ အမျိုးသားတွေနဲ့တန်းတူ တိုက်ခိုက်နိုင်တဲ့ အမျိုးသမီးစစ်သည်တော်တွေ၊ သူနာပြုတွေကအစ နိုင်ငံကို အုပ်စိုးနိုင်သည်အထိ အရည်အချင်းပြည့်ဝတဲ့ အမျိုးသမီးများစွာရှိခဲ့ပါတယ်။

အခုနောက်ဆုံးပေါ် ကိုဗစ်စစ်ပွဲမှာဆိုရင်လည်း ရှေ့တန်းကနေ တိုက်ထုတ်ပေးနေတဲ့ ဆရာဝန်၊ သူနာပြု၊ ဆေးပညာရှင်အမျိုးသမီးကောင်းများစွာ ရှိနေဆဲပါ။ အိမ်မှာဖြစ်တဲ့ ကိုဗစ်ဝေဒနာသည်တွေကို ပြုစုပြီး ကိုဗစ်ရောဂါဆိုးကြီးကို တိုက်ထုတ်နိုင်ခဲ့တာလည်း ပုခက်လွှဲတဲ့ လက်ပိုင်ရှင် ကျွန်မတို့ အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေးမှာလည်း ကျွန်မတို့ရဲ့ နုနုငယ်ငယ်အမျိုးသမီးလေးတွေဟာ တောထဲမှာ အမျိုးသားတွေနဲ့ တန်းတူ ရင်ပေါင်တန်းပြီး ခက်ခဲတဲ့နေ့ရက်တွေကို ကျော်ဖြတ်နိုင်နေကြဆဲ ဖြစ်ပါတယ်။ နောက်တန်းကနေ အားဖြည့်ပေးနေတဲ့၊ ယုံကြည်ချက်အတွက် အကျဥ်းကျနေရတဲ့၊ အသက်ပါပေးသွားရတဲ့ သူရဲကောင်းအမျိုးသမီးတွေ အများကြီးမှ အများကြီးပါပဲ။

ဒါပေမဲ့ ခုထိတိုင် ဒီအမျိုးသမီးတွေအပါအဝင် အမျိုးသမီးတိုင်းဟာ "မိန်းကလေးမို့ မလုပ်ရဘူး" ဆိုတဲ့ ကန့်သတ်ချက်တွေအောက်မှာ ရုန်းကန်ကြရဆဲပါ။

မိန်းကလေးဆိုရင် ဘုရားပေါ်တက်ခွင့်မရှိဘူး.. မိန်းကလေးအဝတ်မို့ ခွဲလျှော်ရမယ်... ရည်းစားနဲ့ဖြစ်စေ၊ အိမ်ထောင်နဲ့ဖြစ်စေ
ဒီ Relationship အဆင်ပြေနေဖို့ မိန်းကလေးကပဲ တာဝန်ရှိတယ်၊ တခုခုမှားရင် မိန်းကလေးကိုပဲ Blame မယ်...
Sexual Harassment လုပ်ခံရရင်တောင် အမျိုးသမီးတွေက အနေအထိုင်မဆင်ခြင်လို့၊ လျှပ်ပေါ်လော်လီလို့ စသဖြင့် မိန်းကလေးဖြစ်တာနဲ့ပဲ ကျွန်မတို့ကို ဘောင်ခတ်ခွင့်မရှိပါဘူး။

ကျွန်မတို့အမျိုးသမီးတွေဟာလည်း အမျိုးသားတွေနဲ့ တူတူ တန်းတူအခွင့်အရေးရနိုင်စွမ်းရှိပါတယ်။ ထိုက်တန်ပါတယ်။
တဖြည်းဖြည်းနဲ့ ပြောင်းလဲလာပြီဆိုပေမဲ့ ဒီခွဲခြားမှုတွေ ရှိနေဆဲပါပဲ။ ဒါတွေကိုလည်း ပြောင်းလဲတော်လှန်ရမှာဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်ကို တော်လှန်နေတဲ့ မြန်မာ့အမျိုးသမီးတွေနဲ့အတူ တန်းတူညီမျှမှု၊လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးအတွက် ကိုယ်နိုင်တဲ့တာဝန်ထမ်းတိုက်ပွဲဝင်နေကြတဲ့ တကမ္ဘာလုံးက အမျိုးသမီးတစ်ဦးတစ်ယောက်ချင်းစီကို ကျွန်မတို့ Outfit & Co. Clothing က အသိအမှတ်ပြုဂုဏ်ပြုလိုက်ရပါတယ်။

ဒီနေ့ ကျရောက်တဲ့ (111)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကစလို့ Gender မခွဲခြားဘဲ တန်းတူညီမျှတဲ့ ကမ္ဘာကြီးဖြစ်ဖို့ အားလုံးတူတူကြိုးစားလိုက်ကြရအောင်နော် ❤





22/02/2022

ဘာလေးဝတ်ထားထား ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိရင် ကိုယ်နှင့် အလိုက်ဖက်ဆုံး Outfit ပါပဲ ✨
JJ ဝတ်ထားလည်း ဂေါ်ထွက်နေသလို ခံစားရသော အမျိုးသမီးလေးများအား ရည်ရွယ်ပါတယ် 👸


&co

ညဆို အဝတ်ပုံကြီးကို ကုတင်ပေါ်ကနေ ခုံပေါ် ပစ်တင်လိုက်ပြီးမိုးလင်းတာနဲ့ ကုတင်ပေါ် ပြန်ပစ်လိုက်သူများသာနားလည်သည်😛😆Photo fro...
18/02/2022

ညဆို အဝတ်ပုံကြီးကို ကုတင်ပေါ်ကနေ ခုံပေါ် ပစ်တင်လိုက်ပြီး
မိုးလင်းတာနဲ့ ကုတင်ပေါ် ပြန်ပစ်လိုက်သူများသာနားလည်သည်😛😆

Photo from Pinterest

14/02/2022

ပျော်စရာတွေ ရှားလာတယ်။ ချစ်ခြင်းမေတ္တာတွေ ရှားလာတယ်။ ဒီလိုခေတ်ကာလကြီးမှာတောင် ကိုယ့်ကို ချစ်ပေး၊ ဂရုစိုက်ပေးနေတဲ့ မိသားစု၊ သူငယ်ချင်း၊ ချစ်သူရှိတယ်ဆိုကတည်းက
ကံကောင်းလွန်းလှပါပြီရှင်။ ဒါကြောင့် ကိုယ်ချစ်ရသူ၊ ကိုယ့်ကို ချစ်တဲ့သူတိုင်းနှင့် အချိန်တိုင်းကို တန်ဖိုးရှိရှိဖြတ်သန်းနိုင်ပါစေ...
ခေတ္တခဏခွဲခွာနေရတဲ့ ကိုယ်ချစ်ရတဲ့သူတွေနှင့် အမြန်ဆုံး ပြန်လည်တွေ့ဆုံနိုင်ပြီး HAPPY VALENTINE'S DAY လေး ဖြစ်ပါစေလို့.....

With Love...
Outfit&co


13/02/2022

𝚆𝚑𝚢 𝚍𝚘 𝚠𝚎 𝚠𝚎𝚊𝚛 𝚝𝚑𝚎𝚜𝚎 𝚌𝚘𝚕𝚘𝚞𝚛𝚜 𝚏𝚘𝚛 𝚅𝚊𝚕𝚎𝚗𝚝𝚒𝚗𝚎'𝚜 𝙳𝚊𝚢?

Valentine's Day ဆို အနီရောင်တွေရယ် ပန်းရောင်တွေရယ်ပဲ ပြေးမြင်မိကြလား ? တခြားအရောင်တွေရော ?
အရောင်တွေက စကားပြောတတ်လားဆိုတာ သိဖို့
Valentine's Day ရဲ့ အရောင်တွေဖြစ်တဲ့ အနီရောင်, ပန်းရောင်, အဖြူရောင်အကြောင်းလေးတွေကို ဒီနေ့ ပြောပြပေးမယ်နော် 💖ဘယ်လိုပန်းစည်းလေးတွေပေးရင် ဘယ်လိုအဓိပ္ပါယ်လဲဆိုတာလည်း ပြောပြထားသေးတယ်နော် 💐

❤ အနီရောင်

အနီရောင်ဆိုတာ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းပြီး နူးညံ့ဆွတ်ပျံ့စရာ ကောင်းလွန်းတဲ့ အရောင်ပါ။
ဘယ်သောအခါမှ သေဆုံးသွားမှာမဟုတ်တော့ဘူးဆိုတဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြချင်ရင် အနီရောင်နှင်းဆီပန်းလေးတွေ အကောင်းဆုံးပဲပေါ့…

🤍 အဖြူရောင်

အဖြူရောင်ဆိုတာနဲ့ သန့်စင်တဲ့၊ အပြစ်ကင်းတဲ့ အဆုံးအစမရှိ
ချစ်ခြင်းမေတ္တာကို ရည်ညွှန်းတယ်ဆိုတာ သိကြပြီးသားပါ။
အဖြူရောင်နှင်းဆီပန်းလေးဆိုတာ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာရဲ့ ပြယုဂ်ပဲလေနော်…

💟ပန်းရောင်

ချိုမြိန်ကြည်နူးပြီး နုနယ်ပျိုရွယ်သွားစေတဲ့ ခံစားချက်ကို
ပေးစွမ်းနိုင်တာ ပန်းရောင်ပါပဲ။
ပန်းရောင်ဆိုတာ မိန်းကလေးဆန်ဆန် အလှတရားကို ဖော်ညွှန်းပါတယ်။ နှင်းဆီပန်းရောင်လေးတင်မကဘဲ Carnations, Cherry, Tulips စတဲ့ ပန်းနုရောင်ပန်းလေးတွေကိုပါ ပေးလို့ရတယ်နော်။
ပန်းရောင်ပန်းကလေးတွေဟာ အပြစ်ကင်းစင်တဲ့ နုနုငယ်ငယ်ချစ်ခြင်းကို ရည်ညွှန်းတာမို့ စတွဲကာစအချိန်မှာ ပေးရင် အသင့်တော်ဆုံးပါတဲ့…

ခု ဖတ်နေတဲ့ စုံတွဲလေးတွေရော Valentine's Day ဆို
ဘာအရောင်တွေ ဝတ်ပြီး ဘာပန်းလေးတွေ ပေးဖြစ်ကြလဲ ?
(FA များအတွက်တော့ မျက်ရည် ၂ စက် 🤧)



Address

Mogaung

Telephone

+959977781124

Website

Alerts

Be the first to know and let us send you an email when Outfit & Co. Clothing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Outfit & Co. Clothing:

Share