18/02/2023
ဒီနေ့မှာတော့ ဒီဇိုင်နာသင်တန်းတက်ခါစ ညီမလေးတွေသင်ယူခါစမှာ မှားတတ်တာလေးတွေကို မျှဝေပေးချင်ပါတယ်ရှင်။
ဒီဇိုင်းပညာကိုစတင်သင်ယူမယ့်သူတွေတော်တော်များများက ဈေးကြီးတဲ့စက်ကိုဝယ်ဖို့ဆုံးဖြတ်ခြင်းပဲ။
( ဈေးကြီးရင်ပိုကောင်းမယ်လို့ယူဆကြတယ် , Function များလေပိုကောင်းလေထင်ကြတယ် )
တကယ်တော့ သင်ယူစမှာ သင့်တော်တဲ့စက်ချုပ်စက်တလုံးနဲ့ ဓားစက်တလုံးရှိရင်လုံလောက်ပါပြီ။
ခုမှစက်နင်းစသင်မယ့် တော်တော်များများမှာတွေ့ရလေ့ရှိတယ်။ ဖြစ်ချင်တာတွေ , လုပ်ချင်တာတွေ တချိန်တည်းမှာအရမ်းများနေတာပဲ ( သင်ယူနေတာတွေကို နေ့စဉ်ပြန်လေ့ကျင့် ကြိုးစားဖို့တော့လိုပါတယ် အရမ်းတော့ဆန္ဒမစောနဲ့အုံးနော် )
Beginner တွေ ကိုယ်တိုင်းနည်းစနစ်တကျ မကျွမ်းကျင်ဘဲ မိမိကိုယ္ကို ပြန်တိုင်းတာတွေမလုပ်နဲ့ဦးနော် ( အတန်းဖော်တယောက်ကိုတိုင်းခိုင်းပြီး ကိုယ္က သူတိုင်းတာကို ကြည့်ပြီး လိုအပ္ခ်က္ကို ပြောနော် )
ဒီလမ်းကြောင်းရွေးမိတာမှားပြီလားလို့ ဘယ်တော့မှ စိတ်ညစ်ပြီး လက်မလျော့ပါနဲ့နော်။
( အဲ့လိုတွေးမိရင် လုပ်နေတာကိုခဏရပ်ပြီး အနားယူလိုက်ပါ။ တီဗီကြည့်၊ မုန့်ထွက်စား၊ သီချင်းနားထောင်၊ အပြင်သွားတာဖြစ်ဖြစ်ပေါ့ ) ဖြစ်တတ်ကြပါတယ်။
တချို့လေးတွေက အဆင့်တွေကျော်ပြီး လေ့လာခြင်း လုပ်ကြတယ်။ အဲ့လိုမလုပ်နဲ့နော်။ မသင်ယူမီတည်းက စိတ်ညစ်ပြီး give up လုပ္မိမွာစိုးလို့ပါ။
မှန်ကန်တဲ့ပိတ်စအသုံးပြုဖို့အရေးကြီးတယ်နော်။ ချုပ်ဖို့ပိတ်စရွေးတဲ့အခါမှာ ချုပ်မယ့်ဒီဇိုင်းနဲ့ ( မဟုတ်ရင် ပုံထွက်ပြောင်းသွားမယ် )
Beginner လေးတွေ ပိတ်စရွေးတဲ့အခါမှာ ချုပ်တာလက်မနိုင်မှီ ပိတ်စအပျော့တွေ၊ ပိတ်စအဆင် အရမ်းရှုပ်တာတွေရှောင်အုံးနော်။ ( အကျီ်က လက်မနိုင်သေးတော့ လက်ရာ မသပ်မရပ် ထွက်လာရင်လည်း စိတ်ညစ်စရာတွေ ဖြစ်လာနိုင်လို့ပါ)
ပိတ်ညှပ်တဲ့အခါမှာ မျက်စိအမြင်လေးနဲ့ ပိတ်ကြောကိုမယူပါနဲ့နော်။ Grain line ကို pattern မှာဆွဲထားပြီး ပိတ်ညှပ်တဲ့အခါ သေချာ နေရာချနော်။
ကိုယ္က ဒီပညာရပ်ကိုစသင်ယူပြီဆို Sewing နဲ့ပတ်သတ်တဲ့ ( Terminology ) အခြေခံ ပညာရပ်အခေါ်အဝေါ်လေးတွေ လေ့လာထားနော်။
ချုပ်တဲ့အခါမှာ တဆင့်ချင်းဆီ စိတ်ရှည်ရှည်သင်ယူနော် ( ချက်ချင်းတော့ဘယ်မြန်မလဲ ဖြည်းဖြည်းမှန်မှန်ပဲ ဆက်သင်ပါ) ။ ချုပ်တဲ့အခါ ခဏခဏမှားချုပ်၊ ဖြုတ်ခြင်းက ဆက်သင်ယူဖို့ စိတ်ညစ်စေပြီး အချိန်ကြာစေပါတယ်။
ဒါလေးကတော့ ကိုယ်တိုင်ကသပ်သပ်ရပ်ရပ်တထည်ကောင်းကောင်းမချုပ်တတ်မှီ တခြားသူတွေကိုချုပ်ပေးဖို့ ဟန်ပြင်နေပီ။ (အချိန်ပေးပြီး သေချာ သင်ယူဦးနော်။)
ဒါကေတာ့ ဘယ်ရမလဲ။ မချုပ်တတ်မီတည်းက ချုပ်တဲ့အခါ မြန်မြန်ပြီးအောင် အဆင့်ကျော်ချုပ်ဖို့ ကြိုးစားနေပါဘီ။ ( step by step သွားနော် ကြာရင်ကြာပလေ့စေ ဒါမှချုပ်ပြီးရင် ချက်ချင်း ဝတ်လိုက်တာနဲ့ လှမှာရယ် )
ဒါလေးကတော့ တချို့သူလေးတွေက ဘာမှမချုပ်တတ်မှီ ပိတ္စတွေ, sewing accessories လျောက်ဝယ်ထားခြင်းပဲ အဲ့လိုမလုပ်နဲ့နော် ။ သင်တန်းတက်တော့မှ တီချယ်တွေက Beginner လေးတွေလိုအပ်တဲ့ အသုံးပြုရမယ့် ပိတ္စ, ပစ္စည်းတွေ, ဝယ်ရမှာတွေကိုလမ်းညွန်ပေးပါလိမ့်မယ်လို့ ။ ကြိုဝယ်ယူတာတွေရှောင်နော်။ အပိုပိုက်ပိုက်ကုန်မှာဆိုးလို့။
သေချာဂရုတစိုက် ချုပ်နေရင်းနဲ့ မှားချုပ်မိတာတွေဖြစ်လည်း လက်ခံပေးနော်။ ( အမွားရွိမွ အမွန်သိမွာမို့ပါ )
ချုပ်ကြောင်းတွေ၂ခါ၊ ၃ခါလောက် ထပ်ခါထပ်ခါ ချုပ်တာမျိုး မလုပ်နဲ့နော်။ ( ပိတ်စတွန့်တာ၊ တင်းတာ ဖြစ်ပြီး ချုပ်သားမလှမှာစိုးလို့ပါ ။ )
ချုပ်တဲ့အခါ ပိတ်ကြောကောင်းကောင်းနားလည်ဖို့အရေးကြီးတယ်နော်။ ( လည်ပင်းကွပ်တာမျိုးမှာ ပိတ်စောင်းသား bias မယူမိတာမျိုးပေါ့ )
Pattern ကို ပိတ်စနေရာချမမှားဖို့လည်းသတိထားအုံးနော်လို့။ ( ဥပမာ - ကတ္တီပါအသား nap ကို အပေါ်, အောက် pattern လျောက်မထားနဲ့နော်။ )
ချုပ်တဲ့အခါ ချည်သေချာမတုပ်ခဲ့တာမျိုးပေါ့ ( unravel ) မဝတ်ရသေးဘူး ချည်ကပြုတ်နေပြီဆိုတာမျိုး ဖြစ်နိုင်လို့ပါ။
ပိတ်ညှပ်တဲ့အခါ ကတ်ကြေးကို စက္ကူရော, ပိတ်ရော တစ်ခုတည်းနဲ့မညှပ်နဲ့နော်။ ( ကတ်ကြေးပျက်စီးတတ်ပြီး ပိတ်ညှပ်ရင်လည်း မသပ်ရပ်မှာစိုးလို့ပါ )
: Teacher - Yadanar Aung (New Look Fashion and Design School)