23/09/2022
လက်ဖက်ရည် အမြန်နှပ်ပြီးဖျော်နည်း
(အလွန်ဆုံးကြာ ၁၅ မိနစ်)
အရင်တခါ လက်ဖက်ရည်နှပ်နည်းကတော့ ဆိုင်တွေလိုမျိုး လက်ဖက်ခြောက်လေးကိုတနေကုန်နည်းပါးလေးနှပ်ပြီးမှဖျော်တဲ့နည်းပါ။ အခုတခါကတော့ အချိန်မရတဲ့သူတွေအတွက် ဖျော်တဲ့နည်းလေးပါ။ အခုနည်းမှာတော့ လက်ဖက်ခြောက်ပိုကုန်ပါတယ်။ ဖျော်နည်းကတော့ သိပ်မကွာပါဘူး။ လက်ဖက်ခြောက်များများရှိနေရင် ဒီနည်းလေးနဲ့ဖျော်ရင် အချိန်ကုန်သက်သာပါတယ်။ လက်ဖက်အချိုခြောက်ကိုတော့ ဦးကာကကထုတ်တဲ့ လက်ဖက်အချိုခြောက်ကိုသုံးထားပါတယ်။ အထုပ်၂ မျိုးလာပါတယ်။ တမျိုးကတော့ ဦးကာက တံဆိပ်နဲ့ပါ။နောက်တမျိုးကတော့ စိန် တံဆိပ်နဲ့ပါ။ ဧည့်သည်လာခါနီး မြန်မြန်လဲဖျော်လို့ရတဲ့နည်းလေးမို့လုပ်ကြည့်နော်။
ပါဝင်သောပစ္စည်းများ (၃ ခွက်စာ)
၁။ ဦးကာက (စိန်) လက်ဖက်အချိုခြောက် - ထမင်းစားဇွန်း ၂ ဇွန်း
၂။ ရေ - ၁ လီတာ
၃။ နို့စိမ်း - ထမင်းစားဇွန်း ၄ ဇွန်း
၄။ နို့ဆီ - ထမင်းစားဇွန်း ၄ ဇွန်း
၅။ ဆား - အနည်းငယ်
(ထမင်းစားဇွန်း = ၁၅ ml = လက်ဖက်ရည်ဇွန်း ၃ ဇွန်း)
ပြုလုပ်နည်း
၁။ ဦးကာက (စိန်) လက်ဖက်အချိုခြောက်ကိုဆား၊ ရေ တလီတာဖြင့် မီးဖိုပေါ်မှာ မီးပြင်းပြင်းဖြင့်တည်ပါ။ ပွက်လာလျှင် နောက်ထပ် ၅ မိနစ်ခန့်ဆက်တည်ပါ။ ထို့နောက် မီးဖိုပေါ်မှချပြီးရေစစ်ဖြင့်စစ်ပါ။
၂။ အဖန်ရည်ထဲကို နို့စိမ်း၊ နို့ဆီတို့ထည့်ရ်ျ သမအောင်မွှေပြီး သောက်သုံးနိုင်ပါပြီရှင်။
Crd.EiSan
==================