Thwe Hani Fashion House

Thwe Hani Fashion House Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thwe Hani Fashion House, Clothing Store, monywa htantaw village, Monywa.

09/01/2024

• မအားအောင်နေပါ
စိတ်ဆိုတာ လွတ်အောင်ထားရင် အတွေးတွေက ပိုဝင်လာတတ်တယ်။ ဝင်လာသမျှအတွေးတွေကို လက်ခံနေရင် စိတ်ညစ်စရာတွေကြုံလာမယ်၊ စိတ်ဆင်းရဲစရာတွေဖြစ်လာရမယ်။ အတွေးတွေကို ထိန်းချုပ်ဖို့နဲ့ ဘဝကို အကောင်းဆုံးထိန်းကျောင်းနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက မအားအောင်နေခြင်းပဲဖြစ်ပါတယ်။ အလုပ်တွေ၊ တာဝန်တွေကြားမှာ ပျော်မွေ့နေပါ။ လူပင်ပန်းချင် ပင်ပန်းလိမ့်မယ်။ ဒါပေမဲ့ စိတ်ကတော့ပင်ပန်းမှာမဟုတ်ဘူး။ လူဆိုတာ အားနေရင် negative thinking တွေ ထွက်လာရော။ တကယ်အလုပ်လုပ်နေတဲ့သူတွေက စိတ်ညစ်နေဖို့ အချိန်မရှိဘူး။ သူများအတင်းပြောနေဖို့ အချိန်မရှိဘူး။ စိတ်ဓာတ်ကျနေဖို့ အချိန်မရှိဘူး။ သူများနဲ့လိုက်ပြီး judge လုပ်ဖို့အချိန်မရှိတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိစေတယ်။ မအားအောင် နေဖို့ဆိုရင် ကိုယ့်ရဲ့တစ်နေ့တာလုံးကို အကျိုးရှိရှိ အသုံးချဖို့ အချိန်ကို စနစ်တကျ စီမံခန့်ခွဲပါ။ ကိုယ့်ကိုယ်ကို ခိုင်းပါ။ ဘဝမှာ အောင်မြင်ချင်ရင် ကိုယ့်ကိုယ်ကို ဆင်ခြေပေးနေတာ ရပ်ပေးပါ။

အပိုင်း (၂) စိတ်ချမ်းသာအောင်နေထိုင်ပါ..
• Face and Fight
အားငယ်စရာတွေ ကြုံလာတဲ့အခါ ကိုယ့်ဖြစ်တည်မှုကို တန်ဖိုးထားတဲ့စိတ်လေးနဲ့ ကျော်ဖြတ်ပါ။ ဝေဖန်ရှုတ်ချမှုတွေ မြင်ရတဲ့အခါ ပြုံးပြုံးလေးနဲ့ တည်ငြိမ်တဲ့ စိတ်လေးထားကာ ရင်ဆိုင်ပါ။ လျှောက်တဲ့လမ်းတွေ ဝေဝါးသွားတဲ့အခါ ဘဝရပ်တည်ချက်ကို ခိုင်ခိုင်မာမာထားပြီး လျှောက်လှမ်းပါ။ ပျော်စရာတွေ ပျောက်သွားတဲ့အခါ ရင့်ကျက်ခြင်းနဲ့ တည်ငြိမ်ခြင်းကို အစားထိုးပါ။ နာကျင်စရာတွေ များလာတဲ့အခါ လွှတ်ချလိုက်ပြီး ပျော်အောင်နေပါ။ ကျွန်တော်တို့ဘဝမှာ အောင်မြင်ခြင်းရှိရင် ကျရှုံးခြင်းလည်း ရှိမယ်။ ပျော်ရွှင်ခြင်းရှိရင် ဝမ်းနည်းခြင်းလည်း ရှိမယ်။ သုခရှိရင် ဒုက္ခလည်း ရှိမယ်။အကောင်းရှိရင် အဆိုးလည်း ရှိမယ်။ ဒါကြောင့် ဘဝမှာ ဘယ်လိုပဲကြုံရကြုံရ၊ ဘာအခြေအနေပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ မကောင်းတာတွေကို ကောင်းတာလေးတွေနဲ့ အစားထိုးပြီး ပျော်အောင်သာနေပါ။

တန်ဖိုးရှိစွာနေထိုင်ပါ
တိမ်သွေးအိမ်
တန်ဖိုး.....၄၅၀၀ကျပ်

စိတ်ခွန်အားဖြည့်စာအုပ်အသစ်လေးမှာလို့ရပါပြီ

#စာအုပ်လေးတွေဟာလှပတဲ့ကမ္ဘာသစ်လေးကိုငေးမောကြည့်နိုင်မဲ့ပြတင်းတံခါးလေးတွေပါ

#တိမ်သွေးအိမ်

#တန်ဖိုးရှိစွာနေထိုင်ပါ

07/01/2024
04/01/2024

အတောင်ကို ကြိုးတုပ်ခံထားရလို့
သူများနည်းတူ မပျံနိုင်တဲ့အခါ
မင်းဟာအညံ့ဆုံးလူတယောက်လို
ဆက်ဆံခံရလိမ့်မယ်❗️
မင်းတိုးတိုးတိတ်တိတ်ကျခဲ့တဲ့မျက်ရည်တွေကို
ငါနားလည်ပါတယ်။
ဒါပေမယ့် လူတိုင်းမှာ
“ကြေကွဲဇာတ်လမ်း”ကိုယ်စီ ရှိတတ်ကြတာ
မင်းကိုသိစေချင်တယ်။
ဘဝကို အရသာခံနိုင်ဖို့
အခက်အခဲတွေကြားက
လူတိုင်းကြိုးစားနေကြတာပါ။
အဲ့တာကြောင့်…
မင်းရဲ့ကြေကွဲဇာတ်လမ်းတွေကို
၂၀၂၃ မှာထားခဲ့လိုက်တော့ကွာ။

၂၀၂၄ ရဲ့၁ရက်နေ့ကစပြီး
မင်းကိုချုပ်ထားတဲ့ ကြိုးကိုဖြည်
အတောင်ကိုဆန့်ပြီး
အမြင့်ဆုံးကိုပျံသန်းလိုက်စမ်းပါ။🦅
မင်းလုပ်နိုင်မယ်လို့ ငါယုံကြည်တယ် 💪❤️

၂၀၂၄ နှစ်ကုန်ရောက်မှ
အမြင့်ဆုံးကြည့်ရင်မြင်ရတဲ့
အလှဆုံးရှုခင်းတွေအကြောင်း
အတူတူပြောရင်း
ဂုဏ်ယူကြရအောင်ကွာ ✨

လေးစားစွာဖြင့်…

- Tech Entrepreneur | Youth Mentor -
Pandora Education Center (Founder)
Pandora Technology (Founder/CEO)
Telegram - https://t.me/+ENJada9rVPJhMDRl

လှချင်ယဥ်ချင်တဲ့မိန်းကလေးတိုင်း နှစ်၈၀ စည်းချောဝမ်းဆက်လေးတေနော်💛💛hi cb🥰Wamset -MMK-18,000/
25/12/2023

လှချင်ယဥ်ချင်တဲ့မိန်းကလေးတိုင်း နှစ်၈၀ စည်းချောဝမ်းဆက်လေးတေနော်💛💛
hi cb🥰
Wamset -MMK-18,000/

21/12/2023

ကြုံနေရတဲ့ သောကတွေချင်းတူနေရင်တောင်
စိတ်အနားပေးစရာ နေရာတစ်ခုရှိိတဲ့လူက
ပိုသက်သာတယ်။

အဲဒါက
အိမ် တစ်လုံးလည်းဖြစ်နိုင်သလို
လူတစ်ယောက်လည်း ဖြစ်နေနိုင်တယ် ။

- လူခေး -

🥰
13/12/2023

🥰

13/12/2023

ချစ်စရာကောင်းတဲ့ ကောင်မလေးတေဖြစ်ချင်ရင် လှမ်းလာခဲ့ပါ😊Cb
❤️စျေးနှုန်းလေးလည်းသင့်တင့်ရမယ်
❤️ချစ်စရာကောင်းတဲ့ ပုံစံလေးတေပဲ ဝတ်ချင်တယ်ဆို
❤️Colour ၇ရောင်ရှိတယ်နော်(အရောင်လေးတေကသိပ်လှ)

သေးသေးလေးနဲ့ချစ်စရာညီမလေးတေရော👧ဖွံ့ဖွံ့ထွားထွားညီမလေးတေရော 👩အားလုံးနဲ့ လိုက်မယ့် Designလေး🥰🥰
13/12/2023

သေးသေးလေးနဲ့ချစ်စရာညီမလေးတေရော👧
ဖွံ့ဖွံ့ထွားထွားညီမလေးတေရော 👩
အားလုံးနဲ့ လိုက်မယ့် Designလေး🥰🥰

06/12/2023

Address

Monywa Htantaw Village
Monywa

Telephone

+959751828363

Website

Alerts

Be the first to know and let us send you an email when Thwe Hani Fashion House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category