30/10/2024
To all the boys I've loved before💓
🙆🏻♀️ ရည်းစားတစ်ခါမှမထားဖူးပေမဲ့ Crush တွေအများကြီးရှိတဲ့ကောင်မလေး Lara Jean
တစ်ဖတ်သက်သဘောကျရတဲ့ကောင်လေးတွေကို
တစ်ခါမှဖွင့်မပြောပဲ သူပြောချင်တာတွေကို စာရေးပြီးသိမ်းထားတတ်တဲ့ Lara Jean ဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ရဲ့စာတွေ သူမသိလိုက်ပဲ ရုတ်တရက်ကြီးသက်ဆိုင်သူတွေဆီရောက်သွားပါတယ်💌
💁🏻 စာပိုင်ရှင်တွေထဲကတစ်ယောက်ဖြစ်တဲ့ Peter Kavinsky
ကျောင်းမှာကောင်မလေးတွေရဲ့အသည်းကျော် မကြာခင်လေးကမှ ချစ်သူကောင်မလေးရဲ့လမ်းခွဲတာခံလိုက်ရတဲ့ Peterတစ်ယောက် Lara Jeanရဲ့ ရည်းစားစာကိုရသွားတဲ့အချိန်မှာ သူ့ကောင်မလေးသဝန်တိုပြီး သူ့ဆီပြန်လာစေချင်တာမို့ Lara Jean နဲ့ နှစ်ဦးသဘောတူဟန်ဆောင်ရည်းစားလုပ်ဖို့ ကမ်းလှမ်းလိုက်ပါတော့တယ်🤝
Lara Jean နဲ့ Peterတို့နှစ်ယောက်ရဲ့ ဟန်ဆောင်ရည်းစားဆက်ဆံရေးက ဘယ်လိုဆက်ဖြစ်သွားမလဲ❓️👫
Lara Jeanတစ်ယောက် သူရေးထားတဲ့ရည်းစားစာတွေထဲက စာပိုင်ရှင်တစ်ယောက်နဲ့ တကယ်ရည်းစားဖြစ်သွားမလားဆိုတာကို ရင်ခုန်စရာကြည့်ရှုခံစားရမှာပါ။💗
To all the boys I've loved beforeကို ကြည့်ပြီးထပ်ကြည့်ချင်ပါသေးတယ်ဆိုရင်တော့
P.S I still love you,
Always and Foreverဆိုပြီး အပိုင်းဆက်အနေနဲ့
အပြည့်အဝကြည့်ရှုခံစားလို့ရပါသေးတယ်🫶
အခုစာဖတ်နေတဲ့သူထဲမှာ ဒီဇာတ်ကားလေးကို ကြည့်ပြီးသွားတဲ့သူတွေပါမယ်ဆိုရင်တော့ ဘယ်အပိုင်းကိုအကြိုက်ဆုံးလဲဆိုတာ ပြောပြပေးသွားပါဦးနော်❣️