မေ့ရင်သွေး အထည်ဆိုင် - Online လက္ကားသီးသန့်

  • Home
  • Myanmar
  • Myaing
  • မေ့ရင်သွေး အထည်ဆိုင် - Online လက္ကားသီးသန့်

မေ့ရင်သွေး အထည်ဆိုင် - Online လက္ကားသီးသန့် ကလေး/လူကြီး အဝတ်အထည်များကို
တစ်နေရာတည်း မှာယူနိုင်ပါပြီရှင့်။
(လက္ကားသီးသန့်ပါရှင့်)

31/10/2022

#လက်မောင်းအောက် ပိုက်ထည့်ခြင်း
#ကိုယ်ဝန်တားဆေး

#သန်မာသောအမျိုးသမီးများ 😘

🦵🏻ကလေးငယ်များ ခြေခွင်ခြင်း🦵🏻        ကလေးငယ်တွေ အထူးသဖြင့် ရက်သား၊လသားကလေးတွေဟာ မသ်ိနားမလည်ဘဲ ရှေးအယူစွဲသမားတွေရဲ့ဖိအားပေ...
30/10/2022

🦵🏻ကလေးငယ်များ ခြေခွင်ခြင်း🦵🏻


ကလေးငယ်တွေ အထူးသဖြင့် ရက်သား၊လသားကလေးတွေဟာ မသ်ိနားမလည်ဘဲ ရှေးအယူစွဲသမားတွေရဲ့ဖိအားပေးမှုကိုအများကြီးခံရတတ်ပါတယ်။

ကလေးတွေဟာမိခင်သားအိမ်ထဲမှာခွေခေါက်နေထိုင်ခဲ့ရတာမို့မွေးဖွားလာတဲ့အခါခြေထောက်သည် အမြင်အရ ခွင်နေတတ်ပါတယ်။လမ်း​မလျှောက်တတ်သေးတဲ့အရွယ်ကလေးရဲ့အရိုး၊အရိုးနု၊အရိုးကိုလှုပ်ရှားနိုင်ဖို့ဆိုင်းထားပေးတဲ့အရွတ်၊ကြွက်သားစတာတွေသည်ပုံမှန်အရွယ်၊အခြေအနေမရောက်ကြသေးပါ။

ကလေးအများစုက ၈လ မှ ၁၈လ ကြားမှ ဖြေးဖြေးခြင်းလမ်းလျှောက်စကြပါတယ်။၆လ မှ ၉လကြားမှာ တခုခုကိုကိုင်ထားပြီး စတင်မတ်တပ်ရပ်စမ်းကြပါတယ်။၉လ အရွယ်မှာ ကုတင်တိုင်စတာတွေကိုအားပြုပြီးထရပ်တတ်ကြပါတယ်။အသက်တစ်နှစ်အရွယ်မှသာ အကူညီမပါဘဲ ရပ်နိုင်ကြပါတယ်။၁နှစ်မှ ၁၈လအတွင်းလမ်းလျှောက်နိုင်ကြပါတယ်။ ၁၈လအထိလမ်းမလျှောက်နိုင်သေးလျင်တော့ ဆရာဝန်နဲ့ပြသပြီးစစ်ဆေးကုသမှုစတင်သင့်ပါတယ်။

အထက်ပါအသက်မတိုင်ခင်မှာ အတင်းမတ်တပ်ရပ်ခိုင်းတာ၊ချိုင်းမှကိုင်ပြီးမတ်တပ်ရပ်ခိုင်းတာ၊ခုန်ခိုင်းတာတွေကိုမကြာခဏမလုပ်ရပါဘူး။အရိုးလေးတွေမှာလိုအပ်တဲ့ဖွံ့ဖြိုးမှုမရသေးခင် မနိုင်ဝန်ကိုထမ်းရများပါက ခြေခွင်တတ်၊အရိုးရှည်ထွက်မှုထိခိုက်တတ်ပါတယ်။

အသက် ငယ်လေ အရိုးဖွဲ့စည်းမှုအမှန်မရောက်သေးတာကြောင့်ခြေခွင်တတ်တာကိုမပြင်ရပါဘူး။အဘွားတွေရဲ့ ကြီးမားသောဝါသနာက ခြေခွင်နေတယ်ဆိုကာ အသနားမရှိ နှိပ်ခိုင်း၊ပြင်ခိုင်း၊ဆန့်ခိုင်းကြပါတယ်။နုနယ်တဲ့အရိုးကိုငယ်တုန်းပြင်ရမယ်ဆိုကာနှိပ်ကြပါတယ်။မလုပ်ရပါဘူး။တကယ်ခွင်နေတဲ့ခြေ ထောက်ကိုနှိပ်ရုံနဲ့ဘယ်တော့မှ ပြန်မဆန့်ပါဘူး။အရ်ိုးက်ိုချိုးပြီးဆက်မှ ပြန်ဆန့်မှာပါ။

အသက်၃နှစ်မတိုင်မှီ ကလေးခြေထောက်ခွင်၊မခွင်ကိုလုံးဝမပြောနိုင်သေးပါဘူး။ဒါကြောင့်၃နှစ်မပြည့်ခင်ခြေခွင်နေတယ်ဆိုကာ ကလေးက်ိုမနှိပ်ကြပါနဲ့။အရ်ိုးနာအရိုးကျိုး၊အဆစ်ရောင်ကာ လနဲ့ချီဆေးထိုးရတဲ့အထိ ခြေမသန်တော့တဲ့အထိဖြစ်နိုင်ပါတယ်။

ကလေး၃နှစ်ပြည့်ပြီးသားကို မတ်တပ်ရပ်ခိုင်းပါ။ခြေထောက်ရှေ့တည့်တည့်ကိုလှည့်ထားပါ။ခြေမျက်စိနှစ်ခုထိပြီးရပ်ပါက ဒူးခေါင်းနှစ်ခုထိနေရပါတယ်။ကွာနေပါက ​ခြေခွင်တယ်လို့ပြောလို့ရပါတယ်။တချို့မွေးရာပါ ဆိုးဆိုးရွားရွားသိသိသာသာခြေခွင်နေတဲ့ရောဂါတွေကိုတော့ အရိုးအကြောအထူးကုနဲ့ပြဖို့လိုပါတယ်။ခြေတဘက်တည်းခွင်နေခြင်း၊ကလေးလမ်းလျှောက်ရာတွင်နာကျင်၍ လမ်းသွားပုံ ပုံမမှန်ခြင်း၊နှစ်နှစ်ကျော်ပေမယ့်သိသိသာသာခွင်ခြင်းတို့ရှိပါကဆရာဝန်နဲ့ပြသရပါမယ်။

ကလေးအဝလွန်နေခြင်း၊အရိုးကျိုးထားဖူးခြင်း၊သောက်ရေထဲတွင်ခဲဓာတ်ပါဝင်မှု၊ဖလူအိုရိုက်ဓာတ်ပါဝင်မှုများခြင်းတို့ရှိခြင်း၊ကယ်လ်စီယမ်နဲ့ vitamin D ချို့တဲ့ခြင်းတို့က ခြေထောက်ခွင်စေတဲ့အဓိကအကြောင်းတွေပါဘဲ။မြန်မာနိုင်ငံမှာ မိခင်ကိုယ်တိုင် အစာအာဟာရချို့တဲ့ခြင်းကြောင့် မိခင်နို့မှာ vitamin D မပါသလောက်နည်းတဲ့အခါ ကလေးမှာ vit D ချို့တဲ့ကြပါတယ်။

လက်ရှိမြို့ကြီးတွေပေါ်ကဆေးရုံကြီးတွေမှာစနစ် တကျဗိုက်အပ်ကြသူတွေကို အိုဂျိီက vit d စစ်ခိုင်းကြပါတယ်။အကုန်နီးပါးနည်းနေကြပါတယ်။မိခင်ကိုVitD တိုက်ကြပါတယ်။ဆရာမတို့ကလည်း ပေါင်မပြည့်လမစေ့ကလေးတွေမွေးတဲ့အခါ အားဆေးအပြင် Vit D နဲ့ calcium ပါတဲ့ဆေးကိုမတိုက်မနေရတိုက်ခိုင်းပြီးမှပေးပြန်ကြပါတယ်။

ဒါကြောင့် ခြေခွင်တယ်ထင်ကြေးနဲ့ မလိုအပ်ဘဲ နှိပ်နယ်ကြမည့်အစား မိခင်အရိုးပါဝါးစားရတဲ့ ငါးလေးများမကြာခဏစားခြင်း၊နွားနို့များများသောက်ခြင်း၊VitD သောက်ခြင်း၊လိုအပ်ပါက ကလေးကိုVitD ပါတိုက်ကျွေးခြင်း၊နေရောင်ထဲပုံမှန်သွားလာနေပြပေးခြင်းတို့လုပ်ပါက ပုံမှန်ခြေထောက်နဲ့အရိုးဖွ့ံဖြိုးမှုရစေနိုင်တာမို့ ကလေးအရိုးပျော့လို့ ခြေခွင်ခြင်းကိုကာကွယ်နိုင်ကြောင်း ပညာပေးလိုက်ပါတယ်။

ပြုံးပျော်ရွင်

ကျောင်းမှာ ပွဲရှိတယ် ဆိုလို့အမေက makeup လက်စွမ်းပြလိုက်သောအခါ 😂😂😂👇👇👇
28/10/2022

ကျောင်းမှာ ပွဲရှိတယ် ဆိုလို့

အမေက makeup လက်စွမ်းပြလိုက်သောအခါ 😂😂😂

👇👇👇

28/10/2022

😱
တို့ကလေးတွေ အဲ့လိုအိပ်လို့ကတော့
🤗ရှင်တို့ ကလေးတွေရော အဲ့လို လွယ်လွယ်သိပ် လို့ရကြလား😅

ကလေးငယ်ကို ချော့သိပ်ဖို့ အချိန် ၇လ လောက် ကျွန်တော်တို့မှာ ရှိတယ်။အဲ့တာပြီးတဲ့နောက် ကလေးငယ်ဟာ သူ့ဘာသာ အိပ်တတ်သွားပြီ…😔ကလေ...
14/10/2022

ကလေးငယ်ကို ချော့သိပ်ဖို့ အချိန် ၇လ လောက် ကျွန်တော်တို့မှာ ရှိတယ်။
အဲ့တာပြီးတဲ့နောက် ကလေးငယ်ဟာ သူ့ဘာသာ အိပ်တတ်သွားပြီ…😔

ကလေးငယ်ကို လမ်းလျှောက်တာမှာ ကူညီပေးဖို့ ကျွန်တော်တို့မှာ အချိန် တစ်နှစ်ဝန်းကျင်ပဲရှိတယ်။
အဲ့ဒီနောက်မှာ ကလေးငယ်ဟာ သူ့ဘာသာသူ လမ်းလျှောက်တတ်သွားပြီ…

ကျွန်တော်တို့ ဘာပြောပြော ကလေးငယ် ငြိမ်ပြီးပြုံးပြီးနားထောင်နေမယ့် အချိန် ၃နှစ်ရတယ်။
အဲ့ဒီနောက် ကလေးငယ်က ကျွန်တော်တို့ပြောတဲ့စကားတွေ အကုန်လုံးကို နားမထောင်ချင်တော့ဖူး 😢

ကလေးငယ်လေးလို့ ခေါ်ပြီး အမြဲပူးပူးကပ်ကပ်လေးနေဖို့ အချိန်၁၀နှစ်ရတယ်။
အဲ့ဒီနောက် ကလေးငယ်က ကျွန်တော်တို့နဲ့နေရတာထပ် သူငယ်ချင်းတွေနဲ့နေရတာကို ပိုနှစ်သက်လာတတ်ပြီ…😔

ကလေးငယ်ဘဝကို ကိုယ့်ဘဝလိုသဘောထားဖို့ အချိန်၁၅နှစ် ဝန်းကျင်ပဲရှိပါတယ်။
အဲ့ဒီနောက် ကလေးငယ်က ‘သားကိစ္စပါ’ ‘သမီးprivacyပါ’ ဆိုပြီး သူ့ဘဝကို အကန့်တစ်ခုခြားပြီး နေချင်လာလိမ့်မယ် 🥺

နှစ်ပေါင်း ၃၀ လောက်ကြာသွားတဲ့အခါ…
ကလေးငယ်မှာလည်း ကလေးငယ် တစ်ယောက် ရှိလာဦးမယ်

သင့်မှာ ကလေးငယ်တစ်ယောက် ရှိခဲ့ရင်… သူ့ကိုအချိန်ပေးပါ။
အချိန်တွေက အရမ်းမြန်မြန်ရွေ့လျားကြတယ်။

မနက်ဖြန်ကျ မုန့်ကျွေးမယ်၊ မနက်ဖြန်ကျ အရုပ်ဝယ်ပေးမယ် … စသဖြင့် မနက်ဖြန်အကြောင်း မတွေးပါနဲ့…

မနက်ဖြန်တွေက အရမ်းမြန်ပြီး
ကလေးငယ်တွေက မြန်မြန်ကြီးထွားကြတယ်
မနက်ဖြန်တွေအကြောင်းကို ကျွန်တော်တို့ ဘာမှမသိနိုင်ဖူးမို့…

ဒီနေ့မှာပဲ အကောင်းဆုံး ဖြစ်အောင်နေကြရအောင်နော် ❤️
CRD

ဂျူး လူမျိုးတို့ရဲ့ စာသား( 1 )  ရေညစ်တစ်စက်ကြောင့် ~ရေကြည်တစ်ခွက် ညစ်ပတ်သွားတယ် ။ ရေကြည်တစ်စက်ကြောင့် ရေညစ်တစ်ခွက် -ဘယ်တ...
11/10/2022

ဂျူး လူမျိုးတို့ရဲ့ စာသား

( 1 ) ရေညစ်တစ်စက်ကြောင့် ~
ရေကြည်တစ်ခွက် ညစ်ပတ်သွားတယ် ။ ရေကြည်တစ်စက်ကြောင့် ရေညစ်တစ်ခွက် -
ဘယ်တော့မှ ကြည်လင်လာမှာ မဟုတ်ပါဘူး !!

( 2 ) ဘယ်သူ့မှ ခိုးယူမသွားနိုင်တဲ့ အရာသုံးမျိုး ရှိတယ်။ ဗိုက်ထဲကို ၀င်ပြီးတဲ့ အစာ ၊
စိတ်အတွင်းထဲက အိပ်မက်နဲ့ ဦးနောက်ထဲအထိ ၊ ဖတ်မှတ်ထားတဲ့ စာကောင်းပေမွန်များ ဖြစ်ပါတယ် !!

( 3 ) မြင်းတွေဟာ ပျော့ပြောင်းတဲ့ လမ်းပေါ်မှာ ခွာလိပ်သွားတတ်တယ် !
လူတွေဟာလည်း ချိုမြသောစကားသံများကြားမှာ - နစ်မွန်းသွားတတ်တယ် !!

( 4 ) လူ့ ဘ၀ခရီးမှာ ကံဆိုးခြင်းနဲ့ ကံကောင်းခြင်းဆိုတာ သဲသဲကွဲကွဲ မခွဲထားပါဘူး ။
ကံဆိုးခြင်းကနေ ရုန်းထွက်နိုင်ရင် ကံကောင်းခြင်းဖြစ်ပြီး၊ ကံကောင်းခြင်းအပေါ် ဇိမ်ခံနေရင် -
ကံဆိုးခြင်း ဖြစ်လာမှာပါ !!

( 5 ) တကယ်လို့ သင်စာမဖတ်ခဲ့ဘူး ဆိုရင် ~
မိုင်ပေါင်း တစ်သောင်း ခရီးထွက်ရင်လည်း စာပို့လုလင်အဆင့်သာဖြစ်တယ် !!

( 6 ) သင့်ရဲ့ အိမ်နီးနားချင်းက -
မနက် ( ၂ )နာရီအထိ စန္ဒာယားတီးနေရင်လည်း စိတ်မဆိုးပါနဲ့ !
သူ့ကို မနက် ( ၄ )နာရီမှာနှိုးပြီး နားထောင်လို့ အရမ်းကောင်းကြောင်း ပြောပြလိုက်ပါ !!
( ပညာသားပါပါ နဲ့ 😃😃 )

( 7 ) သင်ရဲ့ တစ်ဘဝလုံးမှာ —---
တောက်လျှောက်သာ စောင့်မျှော်နေမယ်ဆိုရင် ၊ ပြောင်းလဲမူ တစ်ခုသာ ဖြစ်ပေါ်လာလိမ့်မယ် ၊ အဲဒါကတော့ သင်အိုသွားခြင်းပါပဲ !!

( 8 ) သူငယ်ချင်းအစစ်ဆိုတာ —--
ပြောမကုန်တဲ့ စကားတွေ ရှိနေတာမဟုတ်ပါဘူး ။ ပြောစရာမရှိတဲ့ အချိန်လည်း ~
အောင့်သက်သက် မခံစားရခြင်းပါ !!

( 9 ) အချိန်ဟာ စိတ်အနာကို
ကုစားနိူင်တဲ့ သမားတော်ကြီးပါ !
ဒါပေမဲ့ —----
ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ —ဆရာကြီးတော့မဟုတ်ပါဘူး ။

( 10 ) ကြိုးစားပြီးမှ နောင်တရရင် ရပါစေ !!
မကြိုးစားပဲနဲ့ လွဲသွားတဲ့ နောင်တမျိုးတော့ မလိုချင်ဘူး !

ီ_ဘာ_ဘာ

New 01137Ws-94004ထည်တတွဲ လေးရောင်လေးဆိုဒ်(130 to 160)6-12နှစ်ထိဝါးသားလက်ရှည်ဝမ်းဆက်
16/09/2022

New 01137
Ws-9400
4ထည်တတွဲ
လေးရောင်
လေးဆိုဒ်(130 to 160)
6-12နှစ်ထိ
ဝါးသားလက်ရှည်ဝမ်းဆက်

New 01126Ws-141004ထည်တတွဲ နှစ်ရောင်လေးဆိုဒ်2-4နှစ်ထိအပွင့်ဇစ်ဆွဲဝမ်းဆက်မ
16/09/2022

New 01126
Ws-14100
4ထည်တတွဲ
နှစ်ရောင်
လေးဆိုဒ်
2-4နှစ်ထိ
အပွင့်ဇစ်ဆွဲဝမ်းဆက်မ

မဝတ်လက်ရှည်ဝမ်းဆက်8200(2-5)နှစ်ရ4 colour4 ထည်တွဲ
12/09/2022

မဝတ်လက်ရှည်ဝမ်းဆက်
8200(2-5)နှစ်ရ
4 colour
4 ထည်တွဲ

မြင်ခွင့်ရတာချင်းတူရင်တောင် မြင်နိုင်စွမ်းတွေ မတူကြဘူး။တစ်ချို့က မျက်တောင် တစ်ဆုံးသာတစ်ချို့က မျက်စိတစ်ဆုံးအထိတစ်ချို့က ...
11/09/2022

မြင်ခွင့်ရတာချင်းတူရင်တောင်
မြင်နိုင်စွမ်းတွေ မတူကြဘူး။
တစ်ချို့က မျက်တောင် တစ်ဆုံးသာ
တစ်ချို့က မျက်စိတစ်ဆုံးအထိ
တစ်ချို့က မျက်စိ တစ်ဆုံးထက် ပိုမြင်ကြတယ်။

ကြားခွင့်ရတာချင်းတူရင်တောင်
ကြားနိုင်စွမ်းတွေ မတူကြပြန်ဘူး။

ပြဿနာရပ်တွေ ဖြေရှင်းချင်တဲ့အခါ
ပါ၀င် ပက်သက်နေသူ အားလုံးရဲ့
ဖြစ်တည်မှု၊ ခံယူချက်၊ အနေအထား၊
အရာအားလုံးကို သေချာရှုမြင်နားထောင်
ထည့်သွင်း စဉ်းစားနိုင်ဖို့ လိုပါတယ်။

တစ်ခါတစ်ရံ နီးစပ်ရာကို ယူမိရင်
ဆုံးဖြတ်ချက်တွေ လွဲတတ်တယ်။
crd.

ကလေး တဘက်သား ဝမ်းဆက်ဦးထုပ်ပါ4 colour  4 size5 နှစ် မှ 9 နှစ် ခန့်မှန်း Ws  9300 5ထည် တစ် စည်း
11/09/2022

ကလေး တဘက်သား ဝမ်းဆက်ဦးထုပ်ပါ
4 colour 4 size
5 နှစ် မှ 9 နှစ် ခန့်မှန်း
Ws 9300

5ထည် တစ် စည်း

Address

Myaing

Telephone

+959760700072

Website

Alerts

Be the first to know and let us send you an email when မေ့ရင်သွေး အထည်ဆိုင် - Online လက္ကားသီးသန့် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to မေ့ရင်သွေး အထည်ဆိုင် - Online လက္ကားသီးသန့်:

Shortcuts

Share