ကျူးလစ်ရဲ့အချစ်ဝတ္ထုများ -Love stories

  • Home
  • Myanmar
  • Myanaung
  • ကျူးလစ်ရဲ့အချစ်ဝတ္ထုများ -Love stories

ကျူးလစ်ရဲ့အချစ်ဝတ္ထုများ -Love stories Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ကျူးလစ်ရဲ့အချစ်ဝတ္ထုများ -Love stories, Myanaung.

05/11/2025

Crd

အချစ်ဦး Vs အချစ်ဆုံးအချစ်ဦးဆိုတာကလေ နှစ်ဦးသဘောတူချစ်ကြိုက်ခဲ့တဲ့သူကိုဆိုလိုတာမဟုတ်ဘူးနှလုံးသားကအချစ်ဆိုတဲ့အရာကိုတောင်အချ...
25/10/2025

အချစ်ဦး Vs အချစ်ဆုံး

အချစ်ဦးဆိုတာကလေ နှစ်ဦးသဘောတူချစ်ကြိုက်ခဲ့တဲ့သူကိုဆိုလိုတာမဟုတ်ဘူး

နှလုံးသားကအချစ်ဆိုတဲ့အရာကိုတောင်အချစ်လို့မသိသေးတဲ့အချိန်မှာ

သူ့ကိုမြင်ရုံ ၊သူ့အကြောင်းတွေးရုံ ၊သူ့အသံလေးကြားရုံနဲ့တင်

ရင်ခုန်သံတွေမြန်လာပြီး ဘယ်ဘက်ရင်အုံလေးကိုလက်နဲ့ဖိလိုက်မိတာမျိုး

ကုန်ကုန်ပြောရရင် စာအုပ်လေးမှာသူ့နမည်အတိုကောက်လေးရေး

အဲ့နမည်လေးကြည့်ပြီး ရှက်မိတာမျိုး ၊နမ်းမိတာမျိုး

သူနဲ့ပတ်သတ်တဲ့သတင်းလေးကြားရင်နားစွံ့မယ်။

သူ့အကြောင်းတွေပဲစိတ်ကူးယဉ်မယ်။ လမ်းသွားလို့မျက်နှာချင်းဆိုင်ဆုံမိရင်

မျက်နှာချင်းဆိုင်ဖို့အင်အားမရှိသည်အထိ ယောက်ယပ်ခက်နေမယ်။

သူ့ကွယ်ရာရောက်ရင်ခိုးကြည့်ပြီး ရင်ခုန်သံတွေမြန်နေမယ်။

ဖွင့်လဲမပြောရဲသလို ၊ဖွင့်ပြောရမှန်းလဲမသိလိုက်ကြတာများတယ်။

အချစ်ကိုအချစ်လို့မသိသေးခင်မှာ အချစ်လို့ခေါင်းစဉ်တတ်ခွင့်မရလိုက်တဲ့

ရင်ခုန်သံပိုင်ရှင်ကို အချစ်ဦးလို့ ကျွန်မတော့သတ်မှတ်တယ်။

အချစ်ဦးကိုစတင်တွေ့ရှိတတ်ချိန်က

သစ်ရွက်လှုပ်တာမြင်ရင်တောင် ရင်ခုန်တတ်ချိန်နဲ့

ဆောင်းနှင်းမြူလေးကျရင်တောင်လွမ်းတတ်ချိန်မျိုးမှာပေါ့ ။

အချစ်ဦးကိုပိုင်ဆိုင်ခွင့်ရတဲ့ ရာခိုင်နှုန်းကအရမ်းရှားပါတယ်။

ဘာလို့ဆိုအချစ်ဦးဆိုတာက လူတိုင်းပိုင်ဆိုင်ခွင့်မရှိတဲ့ကျိန်စာသင့်ပန်းတစ်ပွင့်လိုပါပဲ။

ဒီလိုပါပဲ ယောက်ျားအများစုမှာလဲ မပိုင်ဆိုင်လိုက်ရတဲ့ပန်းလေးတစ်ပွင့်
ရှိတတ်တယ်။

သူတို့ဘဝထဲက အချစ်ဦးပျောက်သွားချိန်မှာ

သူတို့ရဲ့အချစ်ဆုံးဆိုတဲ့အမျိုးသမီးက ရောက်လာတတ်တယ်။

အဲ့အမျိုးသမီးရောက်ချိန်ကစပြီး သူ့ရဲအချစ်တွေ ကြင်နာခြင်းတွေအားလုံးကို

အပြည့်အဝ သူပေးပြီး အရာရာကိုတာဝန်ကျေကြတယ်။

အချစ်ခံရလေ လောဘကြီးလေဖြစ်တတ်တဲ့အမျိုးသမီးသဘာဝအရ

အမျိုးသားကို မေးတတ်ကြတယ် ။ #ရှင့်အချစ်ဦးကဘယ်သူလဲ လို့

အ‌ဖြေကိုပြောချိန်မှာ တစ်ဖက်သတ်ကိုယ်တစ်ယောက်ထဲချစ်ခဲ့ရသည်ဖြစ်စေ

ချစ်ကြိုက်ခဲ့ကြသည်ဖြစ်စေ ထိုအချစ်ဦးရဲ့နမည်က သူ့ဘဝမှာ

အမုန်းဆုံးနမည်တစ်ခု နာမ်စားတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပြီ။

ထိုနမည်နဲ့တိုက်ဆိုင်တိုင်း မှာ သင့်အချစ်ဦးကို သင့်ထပ်သူကအရင်သတိရလိမ့်မည်။

အရာရာခွင့်လွှတ်နိုင်တဲ့မိန်းမပဲဖြစ်ပါစေ ။ အချစ်ဦးနမည်ကြားရင်

အနည်းငယ်မှမခနဲ့ရရင် ကျေနပ်တဲ့အမျိုးသမီးဆိုတာ ရှားပေသည်။

ဘာလို့ဆို အဲ့အချစ်ဦးဆိုသူကို မုန်းခြင်းမှာလူကိုမုန်းခြင်းမဟုတ်ပဲ

ကိုယ့်နှလုံးသားကိုစိုးမိုးထားသူရဲ့ နှလုံးသားထဲကို ကိုယ့်အရင်ဝင်ရောက်နိုင်ခဲ့လို့

မနာလိုဝန်တိုခြင်းပင်ဖြစ်သည်။ နောက်တစ်နည်း ဝမ်းနည်းအားငယ်ခြင်းဖြစ်သည်။

အချစ်ဦး ကို မြေးဦးရတဲ့ထိမမေ့ဘူးဆိုတဲ့ရှေးဆိုတွေရှိခဲ့သလိုမျိုး

သင့်ရဲ့အချစ်ဆုံးကလဲ သူ့ရဲ့ထွက်သက်ထိတောင် သင့်အချစ်ဦးကိုမေ့မည်မဟုတ်ပါ။

#ကျူးလစ်ရဲ့အချစ်ဝတ္ထုများ
#ရင်တွင်းဖြစ်

အမေမှအိမ်အလုပ်ခိုင်းသောအခါ
22/10/2025

အမေမှအိမ်အလုပ်ခိုင်းသောအခါ

ချစ်စရာလေးတွေရှင် အူယားလိုက်တာPhoto crd
19/10/2025

ချစ်စရာလေးတွေရှင် အူယားလိုက်တာ

Photo crd

18/10/2025

သူကတော့ပြောတာ ယောဂတဲ့
ကိုယ်က ပယောဂမိတယ်ထင်နေတာ 😖🤧

11/07/2025

မိဘတွေ ဘုရားမှာလာစွန့်ပစ်သွားတယ်ထင်တယ်
ကလေးတွေ သနားပါတယ် 🥲

11/08/2024

သေးငယ်တဲ့အပြုအမှုလေးတွေစုပေါင်းပြီး
အချစ်ဖြစ်လာနိုင်သလို
သေးငယ်တဲ့အပြုအမူတွေစုပေါင်းရင်းကနေ
စိတ်ပျက်လာတာတွေလဲဖြစ်နိုင်တယ်။
အင်အားမတန်သေးလို့သာတွယ်ကပ်နေရရင်နေရမယ်။
အင်အားရှိလာတဲ့တစ်နေ့ကျ နောက်ကျောလှည့်ကြည့်မှာမဟုတ်တော့ဘူး။
ဘာလို့လဲဆိုတော့ စိတ်ကုန်သွားလို့။

Crd for vdo💜

💢 အဆင့်အတန်း 💢စဆုံးလူတွေအကြောင်းနားမလည်ခင်ကျွန်မအသက်ကလဲ ၁၈ လောက်အရင်တုန်းက ၁၈နှစ်အရွယ်က ကြိုးခုန်လို့ကောင်းထုပ်စည်းတိုးလ...
05/04/2024

💢 အဆင့်အတန်း 💢စဆုံး

လူတွေအကြောင်းနားမလည်ခင်
ကျွန်မအသက်ကလဲ ၁၈ လောက်
အရင်တုန်းက ၁၈နှစ်အရွယ်က ကြိုးခုန်လို့ကောင်း
ထုပ်စည်းတိုးလို့ကောင်းတုန်းဆိုတော့
အအိပ်နဲ့ကစားဖို့လောက်ပဲမက်ခဲ့တာ။
အဲ့....မက်တဲ့ထဲ သူငယ်ချင်းတစ်ယောက်တော့ပါတယ်။ သူ့နမည်လေးက အိဖြူ တဲ့လေ။
သူ့အိမ်ကခေါ်သလိုအိပုံလို့ပဲခေါ်တယ်။ အိပုံအိမ်က ကျွန်မနေတဲ့နေရာထပ်ချောင်ကျပြီး လူနဲနဲခေါင်တယ်။ သူ့မိဘနဲ့ရန်ဖြစ်တဲ့လူတိုင်းကတော့ ချောင်ကျိူချောင်ကြားက လူ့အမှိုက်တွေလို့ကြမ်းကြမ်းတမ်းတမ်း​ပြောလေ့ရှိကြတယ်။
အမေတို့က အိပုံနဲ့မပေါင်းဖို့အမြဲပြောတယ်။
သူတို့မိဘတွေက စရိုက်တွေ အဆင့်မရှိဘူးတဲ့။
အဆင့်? အဆင့်ဆိုရင် Report card ထဲက
အဆင့်လောက်ပဲသိတဲ့ကျွန်မအတွက်က အိပုံကို
ကျွန်မမှမခေါ်ပဲမနေနိုင်တာလေ။ ခိုးခေါ်ရတော့တာပေါ့။
ကျွန်မကတော့သူတို့မိသားစုက အလုပ်အစုံလုပ်ပေမဲ့မပြေလည်ကြတော့ အိပုံထမင်းချိုင့်ထဲ ပဲဝါလှော်ပဲအမြဲပါလာတတ်တယ်။ တစ်ခါတစ်လေဆို ပဲဝါလှော်တောင်နပ်မမှန်လို့ ထမင်းကြမ်းခဲဆားဖြူးလာလို့ ကျွန်မဟင်းချိူင့်ထဲကအကြီးဆုံးအတုံးလေးထဲ့ပြီးစားခိုင်းရသေးတယ်။ ဒါတွေကကြာခဲ့ပါပြီ.........
ဒီလိုနဲ့အိပုံနဲ့ကျွန်မ လိမ်ဖယ်လိမ်ဖယ်နဲ့ ၁၀တန်းရောက်လာတော့ စာအတူကျက်ကြ အိပုံအဖေကဆုံးသွားတော့ သူ့အမေက ခိုင်းလဲရပါတယ်။ သူအလုပ်သွားလုပ်မှဖြစ်မှာမလို့ဆိုပြီးတောင်းပန်တော့
စိတ်မခိုင်တဲ့ကျွန်မအမေက သူ့သမီးကျွန်မစိတ်ချမ်းသာပါစေဆိုတဲ့အကြည့်နဲ့အတူ အိပုံကိုအိမ်မှာခေါ်ထားဖို့ခေါင်းညိမ့်ခဲ့တယ်။ အဲ့နေ့ကလေ
ကျွန်မအပျော်လွန်ပြီးထခုန်လို့ ခေါင်းနဲ့
စာအုပ်စဥ်နဲ့တောင်ဆောင့်မိသေးတယ်။ ဒါမဲ့မနာပါဘူး။ အိပုံကိုဖက်ပြီး အတူအိပ်ရမှာမလို့ပျော်နေတာနဲ့။

စပြီးအတူအိပ်တဲ့ညကဆို အိပ်မပျော်လို့
အိပ်မောကျပြီးဟောက်နေတဲ့ အိပုံကိုထိုင်ကြည့်လိုက် ဗလာစာအုပ်မှာခဲတံနဲ့အိပုံမျက်နှာကိုပုံတူဆွဲလိုက်နဲ့ ကျွန်မအမေစီအိပုံကိုခဏလောက်ထားပါရစေမိုးလင်းခါနီးမှအိပ်ပျော်တာမှတ်မှတ်ရရပါပဲ။

ဒီလိုနဲ့ဆယ်တန်းဖြေပြီးသွားပြီး အောင်စာရင်းမထွက်ခင်ညမှ ကျွန်မတိုအရမ်းစိတ်လှုပ်ရှားနေကြတာနဲ့အိပ်မရခဲ့ဘူး။ အိပုံကသူကျမှာဆိုပြီး
တစ်ညလုံးငိုနေလို့ ဖက်ချော့ခဲ့ရသေးတယ်။
မနက်မိုးလင်းတော့ အောင်စာရင်းကြည့်ပြီးပြန်လာထဲက ကျွန်မငိုလို့ အိပုံကပြန်ချော့ရှာတယ်။
နှစ်ယောက်လုံးကျတယ်လေ။ အမေကဘာမပြောပေမဲ့ အဖေကတော့ရှက်လို့ သူ့မျက်နှာဘယ်သွားထားရမလဲဆိုပြီး အမေ့ကိုမေးနေရှာတယ်။
အဖေကသိက္ခာတွေ၊ အဆင့်အတန်းတွေနဲ့ပတ်သက်ပြီးအမြဲ သြဝါဒချွေလေ့ရှိတော့ ကျွန်မဆယ်တန်းကျတာကသူ့မျက်နှာအိုးမဲသုတ်တယ်ဆိုပြီး
မရိုက်တာကလွဲရင် ရင်ထဲဆူးနေအောင်နာကျဥ်ရတယ်အဖေ့စကားတွေက။ အဖေ့အသံမကြားအောင်
အခန်းထဲဝင်တံခါးပိတ်ပြီးဆောင်ခေါင်းမြီးခြုံတာတောင် နားထဲအဖေ့အသံပဲကြားနေလို့ အိပုံကတော့ ကျွန်မကိုမျက်ရည်ဝိုင်းနေတဲ့မျက်လုံးလေးတွေနဲ့အပြူးသားလေးကြည့်လို့ပေါ့။ ကျွန်မတို့ရင်ထဲဆယ်တန်းကျတာနဲ့တောင်ကမ္ဘာပျက်နေတာ မိဘကနှစ်သိမ့်မပေးတော့ အားကိုးရာမဲ့သွားသလိုပဲ။ ပါးကွက်ကအစညီနေအောင်ကွက်ထားပြီး

ဒီလိုနဲ့နောက်တစ်နှစ်ပြန်တတ်ဖို့ အမေကကျွန်မအတွက် စိတ်သစ်လူသစ်ဖြစ်အောင် လွယ်အိတ်ကအစကော်မာဘူးအဆုံး အသစ်တွေဝယ်ပေးခဲ့ပေမဲ့
အိပုံအတွက်ပါမလာခဲ့ဘူး။ ကျွန်မလဲကလေးဆိုတော့မေးရုံကလွဲရင်ဘာမှမလုပ်တတ်ခဲ့ဘူး။
အဲ့အချိန်အမေက ကျွန်မနဲ့တပုံစံထဲအကုန်တူ
ကျောင်းသုံးပစ္စည်းတွေကိုဝယ်ပြီး အိပုံအတွက်လာနားတွေကိုတောင်ရိုက်မိ​သေးတယ်။ပေးတော့ ကျွန်မအရမ်းပျော်ရတာ။

အိပုံနဲ့အရာရာဆင်တူဖြစ်လာတော့ ညီအမလိုခံစားမိလာတယ်။ ကျောင်းမှာလဲသူငယ်ချင်းမထားပဲ နှစ်ယောက်ပဲအတူနေလာရင်း သံယောဇဥ်တွေတွယ်ခဲ့တာပေါ့။

မနှစ်ကငိူခဲ့ရတဲ့ညရောက်လာခဲ့ပြီ။ ဒီညတော့ကျွန်မတို့မငိုတော့ဘူး။ ဖြေနိုင်တာသိပြီးသားမလို့လေ။
မနက်ကျ အမေဝယ်ပေးထားတဲ့အကျီအသစ်လေးဝတ်ပြီးထွက်လာတဲ့ အိပုံကိုမြင်တော့ကျွန်မနမ်းချင်တာအရမ်း။ သူရဲ့ဒီနေ့ပုံလေးက သူ့ဘဝမှာအလှဆုံးလို့ပြောလို့ရတယ်။ ကျောလည်လောက်ဆံရှည်လေးကိုနှစ်ဘက်စည်းပြီး သနတ်ခါးကိုညီနေအောင်လိမ်း ပေါင်ဒါလေးပုတ်ထားသေးတယ်။ သူ့ကိုစိုက်ကြည့်မိတာ
အမေခေါ်နေတာတောင်မကြားမိလိုက်ဘူး။ အမေ့မျက်လုံးတွေကတမျိုးပေမဲ့ဘာမပြောပဲ ဂရုစိုက် သွားဖို့ပဲမှာလိုက်တာနဲ့ အိပုံလက်လေးကိုင်ပြီး
အိမ်ကထွက်လာခဲ့တယ်။

"ငါအောင်တယ်.....လို့အော်ပြီးပြေးဖက်တဲ့အိပုံကို
ဖက်ရင်းကျွန်မတို့အတူခုန်နေကြပြီး ဘေးကသူငယ်ချင်းက ကျွန်မကိုအောင်တယ်ပြောမှ
ပြင်ဆင်ပြီးအောင်စာရင်းသွားကြည့်မဲ့အချိန်ကျကိုယ့်အတွက်တွေးမိတယ်။ လူတိုင်းကိုလိုက်ပြောရင်းပျော်နေတဲ့ အိပုံစီပြေးသွားပြီး ငါလဲအောင်တယ်
အိပုံရေ ဆိုတော့ #ငါမသိဘူးသွားကြည့်ပါလားတဲ့
#ဟဲ့ငါအောင်တယ်လို့.....ပြောခါမှ အိပုံက သေချာကြည့်ပြီး အေးအေးတဲ့ အဲ့အကြည့်ကိုစိတ်ထဲမကြိုက်ပေမဲ့ အပျော်တွေပျက်မှာစိုးလို့ဆက်မပြောခဲ့ပါဘူး။

အိမ်ရောက်တော့ ကျွန်မအဖေက အိမ်ဝင်ထဲကလက်နှစ်ဖက်ကားပြီးရင်ခွင်ဖွင့်ပြီး ကျွန်မကြိုနေတော့
အဖေ့ရင်ခွင်ထဲပြေးဝင်ပြီး ငိုမိတယ်။
အဖေကတော့ ရပ်ကွက်ကိုဒံပေါက်ဝေပစ်မယ်
ငါ့သမီးစာမေးပွဲအောင်တာ ဂုဏ်ထူးပါပါကြောင်း
ငါ့အလုပ်မှာပါကြွားပစ်မယ်ကွဆိုတော့
အိပုံက #ဂုဏ်ထူးပါတာလားနင်က_ဘယ်လိုဖြစ်ပြီးပါတာလဲ ဆိုတော့ အဖေက မကြည်သလိုကြည့်ပြီး
#နင်မပါတာနဲ့ငါ့သမီးကပါလို့မရဘူးလား_အောင်စာရင်းကြည့်တာငါ့သမီးအတွက်ကျမကြည့်ခဲ့ဘူးမလား...ဆိုတော့ အိပုံဘာမပြောပဲမချိပြုံးလေးပြုံးပြပြီးအိမ်ပေါ်တတ်သွားလို့ ကျွန်မကြားကအနေခက်ခဲ့ရတယ်။
အဖေပျော်နေတာကြည့်ပြီးကျွန်မဝမ်းသာလိုက်တာ။
ထမင်းစားချိန် အိပုံဆင်းမလာလို့ကျွန်မသွားခေါ်တော့ ကျွန်မလည်ပင်းကအသစ်စက်စက်ရွှေဆွဲကြိုးကိုကြည့်ပြီး အိပုံမျက်နှာကမာလာတယ်။ #နင့်အဖေပေးတာမလားအဲ့ဆွဲကြိုးက #စာမေးပွဲအောင်လို့အဖေပေးတာဆိုတော့ သူကမဲ့ရီပြီး #ငါလဲအောင်တာပဲလေ တဲ့ ကျွန်မလေဘာမှလဲမပြောတတ်သလို
ဘာမှလဲမပြောခဲ့ပါဘူး။ ဒါမဲ့ အိပုံသနားမိတယ်။
သူ့မှာအဖေလဲမရှိတော့ ခံစားနေရတယ်ထင်ပါတယ်။

ဒီလိုနဲ့ကျွန်မတို့ တက္ကသိုလ်တတ်ဖို့ရွေးတော့
သူကအဝေးသင်ပဲသူ့အမေကထားမယ်လို့
အိတ်ချ်ချိန်းကနေပြောတော့ ကျွန်မနဲ့အတူDay တတ်ချင်တဲ့သူ့စိတ်ကူးလေးပျက်ခဲ့ရပြန်တယ်။
အဖေကကျွန်မကိုကျောင်းရွေးနေတုန်းကျွန်မလဲချက်ချင်းထမှုတ်ပေးနေတုန်းအမေကအခန်းထဲဝင်လာပြီး
မိသားစုသိက္ခာကျမဲ့အရာတွေရှောင်ဖို့ ပတ်ဝန်းကျင်က ကိုယ့်ကိုအထင်သေးမဲ့ ယောကျ်ားလေးတွေနဲ့မပေါင်းဖို့မခေါ်ဖို့သူငယ်ချင်းမလုပ်ဖို့ပြောနေတော့
အိပုံက ကျွန်မကိုအဖေ့နောက်ကနေလှောင်ပြလို့
ရီချင်တာကိုမနဲအောင့်ထားရသေးတယ်။
အဖေနဲ့စကားပြတ်တာနဲ့ သူ့စီပြေးသွားပြီး
လိုက်ကလိထိုးတော့သူကပြေး ကျွန်မကလိုက်နဲ့
အခန်းထဲအုံးအုံးလန်ဝုန်းဒိုင်းကျဲပဲ။
မောလို့ကျွန်မရောအိပုံပါ အိပ်ရာထဲပစ်လှဲပီး
အမောဖြေနေတုန်း အိပုံကျွန်မမျက်နှာဘေးရောက်လာပြီး စိုက်ကြည့်နေတော့ ကျွန်မလဲမနေတတ်တာနဲ့ ဘာလို့ကြည့်တာလဲဆိုတော့ သူက
#လောကကြီးကရှိတဲ့လူကျထပ်ထပ်ဖြည့်ပေးပြီး
#မရှိတဲ့လူကျထပ်ထပ်နှုတ်သွားတယ်မတရားဘူးနင်နဲ့ငါ့ပဲကြည့် ဆိုပြီးမျက်မှောင်ကျုုံပြောနေတာက
မသိရင်ရန်သူတယောက်ကိုမုန်းတီးသလိုပဲ
ကျွန်မဘာမပြောပဲသူ့ကိုကြည့်နေတုန်း
နားထဲခြေသံကြားတော့ #အမေလာတာလားမသိဘူးပြောတော့ အိပုံကကျွန်မကို သူ့နှုတ်ခမ်းစပ်နေလို့
မှုတ်ပေးပါ အရမ်းစပ်နေတယ်ဆိုတော့ ကျွန်မပါးကိုရိုက်လိုက်တယ်။
ကျွန်မကဘာလို့ရိုက်တာလဲမေးတိူင်း အမေကပါးစပ်ပိတ်ထား တခွန်းပဲပြောပြီး အိပုံကိုပဲမန်နေတာ။
အရိပ်နေနေအခက်ချိူးချိူးတွေရော အိပုံအရွယ်နဲ့မလိုက်အောင် အမေကကျောင်းထားခဲ့တာတင်ကျွေးခဲ့တာကအးဂုဏ်ဖော်ပြောဆိူတော့ အိပုံလဲ
လက်သီးကိုတင်းအောင်ဆုပ်ပြီး #အန်တီ့သမီးလာနမ်းတာသမီးကို သမီးပါးစပ်ကိုလာနမ်းတာအန့်တီသမီး ဆိုပြီးအကျယ်ကြီးအော်လိုက်တာ တအိမ်လုံးငြိမ်သပ်သွားသလို။ အဖေကလဲ ရှော့ခ်ရပြီးလဲသွားတယ်။ အမေကလဲ အဖေ့ကိုဖက်ရင်းကျွန်မကို အပြစ်တွေတင်နေတဲ့အချိန် ကျွန်မဘာမှမပြောတတ်ပဲ အ သွားခဲ့တယ်။ အဲ့အချိန်အိပုံက အသင့်ထုပ်ပြီးသား သူ့အဝတ်အိတ်ကိုယူပြီး ကျွန်မပုခုံးကိုသူ့ပုခုံးနဲ့ဆောင့်တွန်းပြီးဝင်တိုက်သွားတယ်။ ကျွန်မလေရွံလိုက်တာ ကျွန်မစိတ်ထဲကနေ အိပုံကိုအဆင့်မရှိလိုက်တာ ဆိုပြီးထပ်တလဲလဲရေရွတ်မိနေခဲ့တယ်။

နောက်နေ့အိမ်ပြင်ထွက်ပြီး အုန်းမွှေးလုံးသွားဝယ်တော့ အဲ့ဆိုင်ကအန်တီကြီးကအသံကျယ်ကျယ်နဲ့
လင်ဂွင်းတီးမလို့ အိပုံကိုနမ်းတဲ့ကောင်မလေးမလားဆိုပြီးပြောတော့ ရှက်ပြီးကျွန်မအိမ်ကိုပြေးလာတဲ့အချိန် အဖေနဲ့တွေ့ပြီး အဖေကကျွန်မကို
သူ့မျက်နှာကိုဓားနဲ့လှီးပစ်ချင်ကြောင်းကျွန်မမေးထောက်လျက်ပင်ပြုံးပြမိလိုက်သည်။
ကျွန်မကိုမွေးမိလို့နောင်တရကြောင်းတွေပြောပြီး
အခန်းထဲကနေအိမ်ထဲတောင်မလာဖို့အပြင်ထွက်ချင်ရင်အသေထွက်ပဲရမယ်ဆိုပြီး တိုက်ပိတ်ခဲ့တယ်။ DAY တတ်ရမဲ့ကျွန်မက သမိုင်းပဲယူခဲ့ရပြီး
အဝေးသင်နဲ့ တနှစ်ကိုတလ ကျုရှင်မယူပဲဖြေခဲ့ရတယ်။ အဝေးသင်သွားတော့ အိပုံကိုတွေ့ရမှာကြောက်လို့ခေါင်းမမော့မိခဲ့ဘူး အနားမှာအမေပါတော့သူငယ်ချင်းဆိုတာလဲမလိုပဲ လူငယ်ဘဝမရှိပဲဘွဲ့ရခဲ့ပြီ။
ကျောင်းပြီးလို့ရထားနဲ့မြို့ကိုပြန်လာရင်း
အိပုံတို့နေတဲ့နေရာဘေးကနေရထားပတ်တော့
ရေသန့်ဘူးတွေအိတ်ထဲထဲ့ပြီးညစ်ပေနေတဲ့
အိပုံကိုတွေ့တော့ သူကလဲကျွန်မကိုမြင်တယ်။
ကျွန်မကိုဆိုက်ကြည့်ပြီး မမျှော်လင့်ထားတာကို
လုပ်ပြခဲ့တယ် ကျွန်မသူငယ်ချင်းက။ ကျွန်မကိုလက်ညိုးထိုးပြပြီး တံတွေးနဲ့လှမ်းထွေးပြတယ်လေ။
အမေကလန့်ပြီး ဟဲ့ဟိုဟာမကနင့်ကိုလုပ်တာအဲ့ဒါ
လူပါးဝလို့ဆိုပြီး ပြတင်းပေါက်ကိုထွက်ပြီးရန်တွေ့မလို့လုပ်တော့ အမေ့ကိုကျွန်မအသာလေးဆွဲပြီး

"ထိုင်ပါအမေရယ် မတုပါနဲ့ အဆင့်မရှိတာတွေနဲ့
ကိုယ့်သိက္ခာကျလို့......

ဆိုပြီး လက်ကောက်အပြည့်ဝတ်ထားတဲ့ကျွန်မလက်ကိုပြတင်းပေါက်ပေါ်တင်တံတောင်တင်မေးထောက်ရင်း အမေ့အပေါ်ကကုန်ခါနီး အလ်ပိုင်း
သောက်ရေဘူးကိုယူပြီးပြတင်းပေါက်ကလွှင့်ပစ်လိုက်တော့ အိပုံရဲ့မောင်လးက ရထားလမ်းဘေးအမှိုက်တွေထဲကျသွားတဲ့ရေဘူးပြေးကောက်နေတာကို အိပုံကိုမေးငေါ့ပြရင်း ပြုံးပြုံးကြီးစိုက်ကြည့်နေမိတာ မြင်ကွင်းထဲကပျောက်သွားတဲ့အထိပင်။

တစ်ချို့ လူတွေကလေ တန်းတူဆက်ဆံမိရင်ဘဝတွေမေ့သွားတတ်ကြတယ်။ တန်းတူအဆက်ဆံပဲခံရတာလေ တန်းတူဖြစ်သွားတာမှမဟုတ်တာ။
အဲ့တော့ လူတစ်ယောက်ကကိုယ့်ကိုပစားပေးထားရင်တောင်
ကိုယ့်နေရာကိုယ်သိ ကိုယ့်အဆင့်ကိုယ်သိမှရေရှည်တည်တံ့မှာ။

#အဆင့်ဆိုတာချမ်းသာတာဆင်းရဲတာနဲ့မဆိုင်ပဲ
#စိတ်ဓာတ်ကြောင့်ခွဲခြားရတယ်ဆိုတာသိတဲ့အချိန်မှာကျွန်မအတွက်တော့သိက္ခာကျသွားခဲ့ရပြီ။

#ကျူးလစ်ရဲ့အချစ်ဝတ္ထုများ
#စာတို

အချစ်သကေ်တလေးတွေ 💚Crd 4to ပါ
25/03/2024

အချစ်သကေ်တလေးတွေ 💚

Crd 4to ပါ

အပိုင်း၂၃"အကို့အတွက်သံပုရာရည်ရေးဖျော်ပေးထားပါဦး ညီမရေ ညည်းအကိုအမောပြေအောင်...."ဟုတ်ကဲ့ပါ အမရယ် အရမ်းအကဲပိုတာပဲအခုကျတော့...
23/03/2024

အပိုင်း၂၃
"အကို့အတွက်သံပုရာရည်ရေးဖျော်ပေးထားပါဦး ညီမရေ ညည်းအကိုအမောပြေအောင်....

"ဟုတ်ကဲ့ပါ အမရယ် အရမ်းအကဲပိုတာပဲ
အခုကျတော့လဲ ချစ်တတ်နေလိုက်တာ

"အို....ကလေးမ လျှောက်စမနေနဲ့လူကြီးကို

ကြမ်းတိုက်နေတဲ့မတင်ဝင်းနဲ့ ထိုင်ခုံပေါ်
စိန်တွေစစ်ရင်းစတောက်နေတဲ့ ဒေါ်မြမေအား
ကိုသိန်းဝေမဲ့ကာရွဲ့ကာကြည့်ရင်း
ခေါင်းခါထွက်သွားလေသည်။

အရင်ကမတည့်ပဲတွေ့တာနဲ့စောင်းမဲနေတာ
သူတို့မဟုတ်တဲ့အတိုင်း

🌷🌷🌷🌷🌷🌷🌷

ကျောင်းသားကိုယ်စီ စာရေးနေကြချိန်
ဖြူစင်ဖွေးတစ်ယောက်မရိုးမရွဖြစ်နေသည်။

"ဟဲ့နင် ဂဏာမငြိမ်ဘာဖြစ်နေတာလဲ..

"ငါဟိုဟာဖြစ်တာလားမသိဘူး စုပြည့်ရဲ့
နေရတာတစ်မျိုးပဲ...

"နင်ဘောင်းဘီပါလား

"Jj ပဲပါတယ်လေ... ဘယ်လိုလုပ်မလဲ

"အိမ်သာသွားကြရအောင်လေ လိုက်ခဲ့ပေးပါလား
နော်

စုပြည့်လဲထမတ်တပ်ရပ်ကာ လက်တဖက်ထောင်ရင်း

"ဆရာမ အပြင်သွားခွင့်ပြုပါ...

မျက်မှန်အားနှာခေါင်းလည်လျှောကာစိုက်ကြည့်ရင်း
ရေးလက်စစာအားရပ်ဘောပင်ချပြီး

"ညည်းတို့နှစ်ယောက်ဘယ်သွားမလို့လဲ
ဟိုတခါကလဲ ခဏဆိုပြီးသွားတာ
ငါ့အချိန်ကုန်တဲ့အထိပြန်မလာဘူးနော်

"အဲ့တုန်းက ကလေးလေးတစ်ယောက်မှောက်လဲလို့
ဖြူစင်ဖွေးကသူ့အိမ်လိုက်ပို့ပေးတာပါ

"​မှောက်လဲတာနဲ့အိမ်ပို့ပေးရတာလား

"မဟုတ်ဘူး ဆရာမရဲ့ မိုးရွာထားတော့ ရွံ့တွေနဲ့
ကလေးလေးကပေကျံသွားလို့

"တော်တော် ညည်းတို့မှာဆင်​ခြေအပြည့်ပဲ
အခုလဲသွားမှာမလား သွားသွား
ငါ့အချိန်ကုန်အောင်နေလို့ကတော့
ဖြူစင်ဖွေး...ညည်းအဖေနဲ့ငါတိုင်မှာ

ရာသီလာနေချိန်မလို့ခံစားလွယ်နေပေမဲ့
ဆရာမစကားတွေ လူကြားထဲအပြောခံရတာမလို့
ပိုရှက်မိပြီး မျက်ရည်များကစီးကျလာကာ
ခေါင်းကိုအားတင်းညိမ့်ပြရင်း
ထလိုက်ရာ မျက်တောင်မှာခိုနေတဲ့မျက်ရည်စက်လေးက စာရေးခုံပေါ်ကျသွားလေသည်။

ဖြူစင်ဖွေးနောက်မှစုပြည့်က ကွယ်ပြီး
အပြင်ထွက်သွားကြတာကြည့်ရင်း
သူနဲ့မလှမ်းမကမ်းဖြူစင်ဖွေးရဲ့ခုံပေါ်မှ
မျက်ရည်စက်လေးပေါ် လက်ကိုင်ပုဝါလေးတင်လိုက်ပြီး ဉာဏ်မြင့်မိုရ် စာဆက်ရေးနေလိုက်သည်။

"ဖြူရဲ့မျက်ရည်တွေကိုမကျစေချင်ပေမဲ့
ကျခဲ့ရင်လဲ ကျွန်တော်ပဲသုတ်ပေးချင်ပါတယ်။
ဖြူ့ရဲ့မျက်ရည်ကိုသုတ်ပေးခွင့်ရတဲ့သူက
ကျွန်တော်ပဲဖြစ်ချင်ပါတယ်။

🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷

ခြံရှေ့မှာရပ်ထားတဲ့ ကားအားသေချာစူးစမ်းရင်း
အိမ်ထဲတချက်ကြည့်ကာ ခြံတံခါးဖွင့်အမြန်ဝင်လာလိုက်သည်။

"အိမ်ဝမှာလဲ ဖိနပ်၂ရံပါလား.....

ခမောက်အားချွတ်ပြီး သံချိတ်မှာချိတ်လိုက်ရင်း
ဖိနပ်ချွတ်ကာအိမ်ပေါ်တတ်ရင်ပဲ
ရင်းနှီးသောအသံတသံနဲ့ ကျောအားတွေ့ပြီး
ပြုံးကာ

"အမလေး မမြင့်ကြည်ရယ် ငါ့
ဘယ်သူများလဲထင်နေတာ ဘယ်ကမျက်စိလည်လာတာလဲ.....

"ဒီကိုပဲလာတာအေ တမင်ကိုလာတာ
ဒီမှာကြည့်စမ်းဘယ်သူပါလာလဲလို့

ထိုင်ဝိုင်းဝင်ထိုင်လိုက်သည်နှင့်
မြတ်ကိုကစျေးခြင်းယူကာနောက်ဖေးသွားထားစဥ်

"ညည်း ညည်း ဘာလာလုပ်တာလဲ
ဘာလာလုပ်တာလဲလို့

အသံကုန်ဟစ်အော်သံကြားလို့
မြတ်ကိုလဲပြေးထွက်လာချိန်

"တောင်းပန်ပါတယ် မမကြီးရယ်
တောင်းပန်ပါတယ် ညီမမှားသွားပါတယ်
အီးအီး

ဒူးဖက်ကာ ရှိုတ်ကြီးတငင်
ကလေးလေးတယောက်လိုငိုနေသော
မြစမ်းကြည်အား ကျောကိုပုတ်ကာ
ဝမ်းနည်းစွာငိုနေသော အမေဖြစ်သူအား
ပြေးထိန်းရင်း မြတ်ကိုလဲစိတ်မကောင်းစွာပင်

"ကဲပါ စမ်းစမ်းအေးရယ် စိတ်တွေလျော့လိုက်ပါ
ညည်းညီမလဲအခုပြန်လာပြီပဲ
သူ့သားလေးတောင်အရွယ်ရောက်နေပြီတဲ့
ဟဲ့ မြစမ်းကြည် ညည်းလဲတော်တော့
တချိန်လုံးငိူနေတာ နေပြင်းတယ်သွေးတိုးမယ်

အကြီးပီပီ ညီမတွေကိုဖြန်ဖြေတုန်းမှာပင်
အိပ်ချင်မူးတူးထွက်လာသော
သွယ်လျမေအားမြင်ပြီး မမြင့်ကြည့်မျက်ရည်တွေလဲလာကာ

"သူက....ဘယ်သူလဲ

မြတ်ကိုလဲ မိသွယ်အားတစ်ချက်လှည့်ကြည့်ကာ

"သွယ်လျမေလေ ေဒါ်လေး
ခဏဒီမှာလာနေတာ...

"သွယ်လျမေ.....(စဥ်းစားရင်း)

"မိသွယ်...မိသွယ်မလား...

မိသွယ်လဲခေါင်းညိမ့်ကာမြတ်ကိုဘေးဝင်ထိုင်
လိုက်ကာပုန်းနေရင်းတခုတခုကို
စိုးရိမ်တဲ့အမူအရာဖြင့်...

"ဒေါ်လေးကသိတာလား မိသွယ်ကို

မြတ်ကိုအမေးကိုမဲ့ကာပြုံးရင်း
ဒေါ်မြင့်ကြည်ရေနွေးသောက်လိုက်ခါ

"သိပ်သိတာပေါ့...သားရယ် သိပ်ကိုသ​ိတာပေါ့

မိသွယ်ကမျက်ရည်များစီးကျလျက်
မြတ်ကိုကျောကအကျီအားဆုပ်ကိုင်ကာ
ကြောက်နေသဖြင့်မြတ်ကိုလဲမိသွယ်ရဲ့လက်ကိုကိုင်ကာ မမြင့်ကြည်အား နားမလည်စွာကြည့်နေမိသည်။
🌷🌷🌷🌷🌷🌷🌷🌷🌷🌷

"ဝေါ.....

အိမ်ရှေ့ထိုးဝင်လာတဲ့ကားသံကြားသည်နှင့်
ဒေါ်မြမေမျက်နှာဝင်းတတ်သွားကာ
ရေတွက်လက်စစိန်များအားသေချာဘူးထဲထဲ့ပြီး
အမြန်ထပြေးသွားသည်။

"အကို မောလာပြီလား....မြမေ
သံပုရာရည်ဖျော်ခိုင်းထားတယ်..

"ကို့မိန်းမကအရမ်းတွေအလိုက်သိနေတော့
ဘယ်လိုမောရမှန်းတောင်မသိပါဘူးကွာ
ရင်ကိုအေးနေရော...

"အကိုကတော့ပိုပြီ...လာထိုင်ခဏနေအုံးနော်
မြမေသံပုရာရည်သွားယူအုံးမယ်

"မေကလဲကွာ ခိုင်းလိုက်လဲရတာကို
အခုမှတွေ့ရတာထားသွားမလို့လား

ကလေးဆန်စွာပုခုံးပေါ်မေးတင်ချွဲနေတဲ့
ယောကျ်ားအားပြုံးကြည့်ရင်း
ပေါင်အားအသာရိုက်လိုက်ကာ

"အရမ်းပိုတာပဲ မြမေကယူရုံပဲခဏလေးနော်

ထမင်းစားခန်းဝင်သွားသောမိန်းမနောက်ကျောအားပီတိအပြည့်ဖြင့်ပြုံးကြည့်နေတုန်း
မြင်ကွင်းထဲသို့ဝင်လာသော အနီရောင်ပုံးနှင့်
ကိုကျော်ခေါင်အားမြင်ကာမျက်နှာပျက်သွားသည်။

"အမကတော့ တတ်ကြွနေရောပဲနော်
အင်းပေါ့လေ သူ့ကိုကိုကြီးပြန်ရောက်နေတာကိုး

မတင်ဝင်းရဲ့စနောက်မှုကိုမျက်စောင်းထိုးပြီး
ပြုံးရင်းသံပုရာရည်အားမြည်းကာ

"ညည်းနော် ခဏနေမှပြန်လာပြီူရန်တွေ့မယ်
အခုကတော့ အကိုမောနေလို့သွားအုံးမယ် ဟင်းဟင်း

"ဝေါ......ဒုန်း

စကားပြောနေတုန်းကားထွက်သွားသံကြားသဖြင့်
မြမေလဲ မတင်ဝင်းကိုလှမ်းကြည့်ကာ
သံပုရာရည်ခွက်ကိုင်ရက်အပြင်ထွက်လာတော့
ဦးကျော်ငွေရောကားပါမရှိတော့ချေ။

"အကိုဘာအရေးကြိးလဲမသိဘူး မတင်ဝင်းရယ်
အကျိုးအကြောင်းလဲပြောမသွားဘူး
သံပုရာရည်လေးတောင်သောက်မသွားဘူး

စိတ်ပျက်လက်ပျက်ပြောနေသည့်မြမေလက်ထဲမှ
သံပုရာရည်ခွက်အား လှမ်းယူလိုက်ကာ

"ကဲပါ အမရယ် စိတ်မကောင်းမဖြစ်ပါနဲ့
သူဌေးကြီးတစ်ခုခုအရေးကြီးလို့နေမှာပါ

မြမေလဲသက်ပြင်းတစ်ချက်ချကာ
ထိုင်ခုံပေါ်ပြန်ထိုင်ရင်း ရတနာဘူးအား
ဖွင့်ကာအလုပ်ပြန်လုပ်နေတာနဲ့
သံပုရာခွက်အား စားပွဲခုံပေါ်တင်ခဲ့ပြီး
မတင်ဝင်းလဲအလုပ်လုပ်ရန်မီးဖိုထဲပြန်သွားလေသည်။

🌷🌷🌷🌷🌷🌷🌷🌷🌷

"ဦးရှင်းပြတာနားထောင်ပါကွာ

"ဘာမှမကြားချင်ဘူး ခွမ်း....

ဧည့်ခန်းစားပွဲခုံပေါ်တင်ထားတဲ့ပန်းအိုးအား
ရိုက်ခဲပြီး ဖန်ခွဲစဖြင့်လက်ကိုချိန်လိုက်သော
ရှင်းသန့်ဖြူကိုကြည့်ကာ
ဦးကျော်ငွေသွေးပြတ်သွားသည်။

"ရှင်းသန့်ဖြူ စိတ်ကိုအေးအေးထားစမ်း
မဟုတ်တာတွေမလုပ်နဲ့

"ကျွန်မကိုဘယ်သူအရင်လုပ်တာလဲမဟုတ်တာက
တွေ့လား ဘာကိုင်ထားလဲ
မလုပ်ရဲဘူးထင်နေလား ရှင်ပစ်ချင်တိုင်းပစ်လို့ရမယ်ထင်နေလား

လက်ကောက်ဝတ်ကိုထောက်ထားသော
ဖန်ကွဲစကြောင့် သွေးများမှာတစိမ့်စိမ့်ထွက်လာသဖြင့်
ဦးကျော်ငွေလဲ လက်ကိုင်ပုဝါထုပ်ကာ
လက်မှသွေးများကိုပြေးအုပ်ရင်း

"ဦးတောင်းပန်ပါတယ်နော် စိတ်လျော့ပါနော်
ဒီနေ့ကိစ္စတွေကိုမေ့လိုက်ပြီးအရင်လိုနေကြမယ်ဟုတ်ပြီလား အခုဆို ရင်သွေးလေးလဲရှိနေပြီလေ နော်

ရင်ထဲကမပါပေမဲ့ ခဏတာအေးချမ်းအောင်လိမ်ညာလိုက်ရသော်လည်းဖက်ဖို့ပင် မဝံမရဲဖြစ်နေသော
ဦးကျော်ငွေရင်ခွင်ထဲက ရှင်းသန့်ဖြူကတော့
အရောင်လက်နေတဲ့မျက်လုံးများပင်ပြုံးရင်း

#လိုအပ်သည်များကိုဝေဖန်အကြံပေးနိုင်ပါတယ်ရှင်
&share🙏

23/03/2024

အိမ်ထောင်သည်အမျိုးသားတွေ
သတိပြုသင့်တာလေးတွေပါ💙

23/03/2024

ကိုယ်နာကျဥ်ခံစားရတိုင်း
အချစ်ကိုမယုံကြည်တော့ပေမဲ့
ဒီလိုအချစ်ခံရတာမြင်ရင်
အချစ်ကတကယ်ရှိတာပါလားလို့........❤

Address

Myanaung

Website

Alerts

Be the first to know and let us send you an email when ကျူးလစ်ရဲ့အချစ်ဝတ္ထုများ -Love stories posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share