Future Steps'

Future Steps' Review - Recommend - Resell

🍀Make your own Luck🍀

World Champion 🌏 Congratulations … YG 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
03/08/2025

World Champion 🌏
Congratulations … YG 🇲🇲🇲🇲🇲🇲🇲🇲🇲🇲

🔥 Nike Scary Good Pack! 🦇အသစ်ထွက်တဲ့ pack လေး  ’
14/07/2025

🔥 Nike Scary Good Pack! 🦇

အသစ်ထွက်တဲ့ pack လေး

’

RIP…JOTA!! ရေ တကယ်ကောင်းတဲ့ ကစားသမားတစ်ယောက်ဆုံးရှုံးရပြန်ပြီ …BREAKING NEWS🚨🚨လီဗာပူးတိုက်စစ်မှူး ဒီယေဂိုဂျိုတာဟာ စပိန်န...
03/07/2025

RIP…JOTA!! ရေ တကယ်ကောင်းတဲ့ ကစားသမားတစ်ယောက်ဆုံးရှုံးရပြန်ပြီ …

BREAKING NEWS🚨🚨

လီဗာပူးတိုက်စစ်မှူး ဒီယေဂိုဂျိုတာဟာ စပိန်နိုင်ငံ ဇာမိုရာမြို့က ယှဉ်တိုက်မှုဖြစ်စဉ်တစ်ခုမှာ ပါဝင်ပြီး ကွယ်လွန်အနိစ္စရောက်ရှိသွားတယ်လို့ Marcaရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။ ကွယ်လွန်ချိန်မှာ ဂျိုတာရဲ့အသက် ၂၈ နှစ် ရှိပါပြီ။

The best Seller shoes in the World.ညိုကီတို့မှာရောဘယ် အရံလေး ရှိကြပြီလဲ ….Crd:photo
27/06/2025

The best Seller shoes in the World.

ညိုကီတို့မှာရောဘယ် အရံလေး ရှိကြပြီလဲ ….

Crd:photo



လွတ်လပ်ခဲ့ မှန်း ချုပ်နှောင်ခံရတော့မှ နားလည်ခဲ့တယ်….Happy Birthday .. 🌹🌹…အမေSu…🌹🌹စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ..အချုပ်အနှ...
19/06/2025

လွတ်လပ်ခဲ့ မှန်း ချုပ်နှောင်ခံရတော့မှ နားလည်ခဲ့တယ်….

Happy Birthday .. 🌹🌹…အမေSu…🌹🌹
စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ..
အချုပ်အနှောင် အမြန်ဆုံးကင်းပါစေ…

❐ ဒေါ်အောင်ဆန်းစုကြည် သင်္ကေတ

အနောက်တိုင်းက စာပေလေ့လာမှုမှာ သင်္ကေတဗေဒ (symbolism) ဆိုတဲ့ စာပေဝါဒတရပ်ရှိပါတယ်။ သင်္ကေတဗေဒကို အားလုံးမသိကြပေမဲ့ သင်္ကေတ ဆိုတာကိုတော့ လူတိုင်းသိကြပါတယ်။ မီး ပွိုင့် ဝါစိမ်းနီ၊ ကြက်ခြေခက်၊ ဆီမီးခွက်ပုံ၊ စာအုပ်ပုံ၊ ယုတ်စွအဆုံး အများသုံးအိမ်သာဝင်တာကအစ ကျား၊မ သင်္ကေတ စသည်ဖြင့်ပေါ့။ မီးပွိုင့်မှာ အနီသင်္ကေတဆို ရပ်၊ အဝါသင်္ကေတဆို ကြည့်၊ အစိမ်း သင်္ကေတ သွား စသည်ဖြင့်။ ဆီမီးခွက်ပုံနဲ့စာအုပ်လေးဆိုလည်း ပညာရေး၊ကျောင်းစသည်ဖြင့် အားလုံးသိကြပါတယ်။ ဒါ့အပြင် နိုင်ငံတွေရဲ့ အလံတွေက နိုင်ငံတွေရဲ့ သင်္ကေတ ​ပဲပေါ့။

မြန်မာဝေါဟာရမှာ "သင်္ကေတ"ဆိုတဲ့ ဝေါဟာရ တစ်လုံးထဲသာရှိပေမဲ့ အင်္ဂလိပ်ဝေါဟာရမှာတော​့ Symbol. Sign စသည်ဖြင့် အနက်မတူတဲ့ဝေါဟာရတွေ အမျိုးမျိုးရှိကြပါတယ်။ Sign နဲ့ Symbol ဘာတွေကွာသွားလဲ။ မြန်မာစာပေညာရှင် ဆရာကြီး မင်းသုဝဏ်က အခုလိုရှင်းပါတယ်။ မီးပွိုင့်တွေက နီ၊ဝါ၊စိမ်းတွေဟာ ရပ်၊ကြည့်၊သွား ဆိုတဲ့ အဓိပ္ပါယ်ကိုပဲဆောင်ပါတယ်။ သူ့မှာ တခြားအဓိပ္ပါယ်မရှိတော့ ဒီမှာတင်လမ်းဆုံးသွားပါတယ်။ ဒီလိုဟာမျိုးကို Sign လို့ သတ်မှတ်ရမှာပါ။ Symbol ကိုတော့ လက်ဝါးကပ်တိုင်တစ်ခုနဲ့ ဥပမာပေးပါတယ်။ လက်ဝါးကပ်တိုင်ဆိုရင် ခရစ်ယာန်ဘာသာရဲ့ သင်္ကေတဆိုတာ အားလုံးသိပါတယ်။ ဒါပေမဲ့ ဒီမှာတင် လမ်းမဆုံးသေးပါ။ လက်ဝါးကပ်တိုင်ကို မြင်ရင် ခရစ်ယာန်ဘာသာဝင်တွေအတွက်တော့ စိတ်မှာကြည်ညိုစရာတွေဖြစ်လာမယ်။ အေးချမ်းမှုမင်္ဂလာကိုလည်း ပေးစွမ်းမယ်။ ဒါ့အပြင် ယေရှုခရစ်တော်ရဲ့ လူသားတွေအပေါ် စွန့်လွှတ်မှု...စသည်ဖြင့် အနက်အဓိပ္ပါယ်အမျိုးမျိုးကနေ စိတ်ခံစားမှုတွေအထိ ပေးစွမ်းစေပါတယ်။ ဒါမျိုးကို Symbol လို့မှတ်ယူရမယ်လို့ ဆရာမင်းသုဝဏ် ကပြောပါတယ်။

သင်္ကေတနဲ့ ပက်သက်ရင် ဒီလောက်ဆိုရှင်းပြီထင်ပါပြီ။ မြန်မာစာပေမှာလည်း သင်္ကေတဆန်တဲ့ အရေးအဖွဲ့တွေကို တွေ့ရတတ်ပါတယ်။ ဥပမာအားဖြင့် ဆရာဇော်ဂျီရဲ့ ကဗျာထဲက "ဗေဒါ"ဟာ အတိုက်အခိုက်များထဲကနေ လောကဓံကို စိန်ခေါ်အံတုနိုင်မှု သင်္ကေတ၊ ဆရာမင်းသုဝဏ် ရဲ့ "သပြေညို"ဟာ မြန်မာပြည်ရဲ့ တိုက်ပွဲအဆက်ဆက်မှာ ပြည်သူတွေရဲ့ အောင်မြင်မှုသင်္ကေတ၊ ဝတ္ထုထဲမှာဆိုလည်း တက္ကသိုလ်ဘုန်းနိုင်ရဲ့ "စွယ်တော်"ဟာ သင်္ကေတလို့ပြောရင် မမှားဘူးပေါ့။

သင်္ကေတအကြောင်းတော့ပြောပြီးပြီ။ အသက် (၈၀)ပြည့် မွေးနေ့ရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကရော သင်္ကေတနဲ့ ဘယ်လိုဆက်နွှယ်သလဲ။ ဒေါ်အောင်ဆန်းစုကြည် သင်္ကေတ ရှိသလား။ ရှိပါတယ်။ အားလုံးသိကြတဲ့ "နှင်းဆီနီ"ပါပဲ။ စုမွေးနေ့လှုပ်ရှားမှုတွေမှာ နှင်းဆီပန်းပန်ကြတာဟာ လူထုခေါင်းဆောင်ကို မြန်မာပြည်လူထုက သတ်မှတ်တင်စားပေးတဲ့ သင်္ကေတပါ။ နှင်းဆီဟာ နီတယ်။ လှတယ်။ လူတွေအမြတ်တနိုးပန်ကြတယ်။ ရနံ့မွှေးတယ်။ ဆူးတွေရှိတယ်။ ဒါက နှင်းဆီရဲ့ ဖွင့်ဆိုချက်များ။ လူထုခေါင်းဆောင်ကလည်း အနီသင်္ကေတ သတ္တိ၊ ရနံ့ သင်္ကေတ ပညာ၊ကျော်ကြားမှု စတာတွေနဲ့ ပြည့်စုံသူပါ။ လူတွေရဲ့ဦးခေါင်းမှာ အမြတ်တနိုးပန်ဆင်ကြတာကို သင်္ကေတပြုမယ်ဆိုရင် ပြည်သူလူထုရဲ့ လေးစားကြည်ညိုခြင်းပေါ့။

ဒါတင်မက ဆူးတွေ၊ နှင်းဆီရဲ့ တင့်တယ်မှုကို ဖျက်စီးချင်သူတွေလည်း များတော့ ဆူးတွေက အဟန့်အတားဖြစ်စေတာ သဘာဝရဲ့လက်ဆောင်ပါ။ လူထုခေါင်းဆောင်ရဲ့ နိုင်ငံရေးဘဝမှာလည်း အာဏာရှင်တွေက ဖိစီးနှိပ်စက်မှုတွေနည်းမျိုးမျိုးရှိခဲ့တာကို တုန့်ပြန်ခုခံခဲ့ရတာ ယနေ့အထိပါ။ နှင်းဆီဟာ ဆူးတွေနဲ့ တုန့်ပြန်ခဲ့သလို လူထုခေါင်းဆောင်ကလည်း စစ်အာဏာရှင်တွေကို ဒီနေ့အထိ တုန့်ပြန်တွန်းလှန်နေဆဲပါ။ ဒီဆူးဟာ အာဏာရှင်တွေအတွက်ပါ။ အာဏာရှင်တွေ အနာတရနဲ့လက်မြှောက်ရမယ့် သင်္ကေတပါ။ အထက်ကပြောထားတာတွေကို ခြုံငုံလိုက်ရင် "နှင်းဆီနီနဲ့ ဒေါ်အောင်ဆန်းစုကြည် " ၊ "ဒေါ်အောင်ဆန်းစုကြည် နဲ့ နှင်းဆီနီ" ထပ်တူကျလိုက်တဲ့ဖြစ်ခြင်း။ ဒါတွေဟာ ဘယ်စာဆိုအကျော် ပုဂ္ဂိုလ်မော်တွေက တင်စားတာမဟုတ်။ မြန်မာပြည်သူလူထု တရပ်လုံးရဲ့ သင်္ကေတပြုမှု၊ တင်စားမှူ၊ ပြည်သူတရပ်လုံးရဲ့ နှလုံးသားခံစားချက်ကလာတဲ့ အနုပညာမြောက် အဆင်တန်ဆာပါ။

ဒါ့အပြင်ပဲလား။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က သင်္ကေတ တစ်ခုလို့ပြောရင်ရော လက်ခံမှာလား။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၃၅နှစ်ကျော် မြန်မာပြည်ဒီမိုကရေစီလှုပ်ရှားမှုမှာ ဦးဆောင်ခဲ့သူပါ။ဦးဆောင်နေဆဲပါ။ ဒါ့ကြောင့် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုဟာ ထပ်တူကျနေပါပြီ။ ဒါ့ကြောင့် မြန်မာ့ဒီမိုကရေစီတိုက်ပွဲရဲ့ သင်္ကေတဟာ ဒေါ်အောင်ဆန်းစုကြည် ဆိုရင် လက်ခံရမှာပါ။ ဒါ့အပြင် မြန်မာပြည်ရဲ့ ပြည်သူလူထုအများစု လေးစားထောက်ခံပြီး လူထုခေါင်းဆောင် အဖြစ် တင်မြှောက်ထားတာမို့ မြန်မာပြည်သူလူထုရဲ့ သင်္ကေတဆိုရင်လည်း မှားမယ်မထင်ပါဘူး။

လက်ရှိ နေပြည်တော် အကျဉ်းထောင်ရဲ့ အဆောက်အအုံငယ်လေးတစ်ခုမှာ ခက်ခဲစွာ နေထိုင်နေရတဲ့ အသက်ရှစ်ဆယ်အရွယ် ပိန်ပိန်ပါးပါးအဖွားအိုတစ်ဦးဟာ မြန်မာတစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ သင်္ကေတတစ်ခု ဖြစ်နေပါတယ်။ စစ်အာဏာရှင်တွေ ဖန်တီးထားတဲ့ ဝါစိမ်းနီအလံတွေ၊ အခြေခံဥပဒေထဲက နိုင်ငံတံဆိပ်တွေဟာ မြန်မာပြည်ရဲ့ သင်္ကေတလို့ ပြည်သူတွေက မသတ်မှတ်ပါ။ဒီမိုကရေစီတိုက်ပွဲရဲ့ သင်္ကေတ၊ ပြည်သူလူထုရဲ့ သင်္ကေတမို့ စစ်အာဏာရှင်တွေရဲ့ ဖမ်းဆီးချူပ်ချယ်ခြင်းခံရတာ မဆန်းပါဘူး။ ဒါပေမဲ့ " ဒေါ်အောင်ဆန်းစုကြည် သင်္ကေတ"ဟာ မပြီးဆုံးသေးတဲ့ မြန်မာပြည်ဒီမိုကရေစီတိုက်ပွဲက ပြည်သူလူထုတွေအတွက် အမြင့်ဆုံးစိတ်ဓာတ်ခွန်အားတွေကို မွေးဖွားပေးနေဆဲပါပဲ။

- မောင်ဘိုး

#ဒေါ်အောင်ဆန်းစုကြည်သင်္ကေတ #ဒေါ်အောင်ဆန်းစုကြည်


#ဆီသို့

-------------------------------------

Subscribe to us on;

Telegram >>> https://t.me/towardsweeklynews

SoundCloud >>> https://soundcloud.com/towards-podcast

YouTube >>> https://www.youtube.com/-Towards-Media

Website >>> http://towardsmedia.info

CR7…. Goat 🥳🏆❤️
09/06/2025

CR7…. Goat 🥳🏆❤️

Home sweet home…🤍👑UCL ဘုရင်ကြီးကတော့ လာမယ့် 2025/26 အတွက် Home Shirt လေးကို မိတ်ဆက်ပေးလိုက်ပါပြီ … 🤍အရင် ကွင်းသစ်ပြုပြင်...
07/06/2025

Home sweet home…🤍👑

UCL ဘုရင်ကြီးကတော့ လာမယ့် 2025/26 အတွက် Home Shirt လေးကို မိတ်ဆက်ပေးလိုက်ပါပြီ … 🤍

အရင် ကွင်းသစ်ပြုပြင်မွမ်းမံမှု ကနေပြီးတော့ Inspired ယူထားတဲ့ Design ဖြစ်တယ် ⚽️

Cristiano Ronaldo 2009/10 ရာသီအဖွဲ့ဝင်အဖြစ် စတင်ခဲ့သည့်အချိန် ကနေ 2015/16 Champions League အောင်မြင်မှုအထိ ရှေး

အောင်မြင်မှုများ ကို ပြန်လည်ရည်ညွှန်းထားပြီး ပြုလုပ်ထားတယ်လို့ သိရတယ်…

ဒီလို အလန်းစား အင်္ကျီနဲ့ Trophies 🏆 တွေ ဘယ်လောက်ရယူနိုင်ဦးမလဲဆိုတာတော့ ဆက်လက်စောင့်ကြည့်ရဦးမယ်



Puma က ထုတ်လိုက်တဲ့ EPL ဘောလုံးလေး။ 😍
07/06/2025

Puma က ထုတ်လိုက်တဲ့ EPL ဘောလုံးလေး။ 😍

လစာ က အသစ် မထွက်သေးဘူး🫩🫩🫩🫩သူတို့က အသစ်ထပ်ထပ် ထွက်နေပြန်ပြီ 🙄🙄🙄ထွက်နေလိုက် အဲ့မှာ…..
04/06/2025

လစာ က အသစ် မထွက်သေးဘူး🫩🫩🫩🫩
သူတို့က အသစ်ထပ်ထပ် ထွက်နေပြန်ပြီ 🙄🙄🙄

ထွက်နေလိုက် အဲ့မှာ…..



ရေစိုမှ အရောင်ပြောင်းတယ် ဖိနပ် မြန်မာနိုင်ငံက ရသီဥတုနဲ့ ကွက်တိ ကန်နေတုန်း မိုးရွာရင် ရှယ် ဘဲ… 🥹
02/06/2025

ရေစိုမှ အရောင်ပြောင်းတယ် ဖိနပ် မြန်မာနိုင်ငံက ရသီဥတုနဲ့ ကွက်တိ
ကန်နေတုန်း မိုးရွာရင် ရှယ် ဘဲ… 🥹



Nike Hyper Vennom 1 စီးခဲ့ တဲ့ Player တစ်ယောက်လောာက် …ဘယ်သူသိစီးတာ ကြည့်ပြီး ကြိုက်ခဲ့ရတာလဲ မန့်ခဲ့ဦး နော် …
23/05/2025

Nike Hyper Vennom 1 စီးခဲ့ တဲ့ Player တစ်ယောက်လောာက် …

ဘယ်သူသိစီးတာ ကြည့်ပြီး ကြိုက်ခဲ့ရတာလဲ မန့်ခဲ့ဦး နော် …




Address

No. 148, 8. 5 Mile, Mayangone Township, Yangon
Myaungmya
11061

Telephone

+959751902420

Website

Alerts

Be the first to know and let us send you an email when Future Steps' posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Future Steps':

Share