13/08/2026
ပြောရင် ပြဿနာဖြစ်မှန်းသိလို့
မပြောဖြစ်ခဲ့တဲ့စကားတွေ
အများကြီး !
သိရင်သိတဲ့အတိုင်းပြောမိရင်
ပြဿနာဖြစ်မှန်းသိလို့
မသိချင်ယောင်ဆောင်ပေးခဲ့တာတွေ
အများကြီး !
အားမနာတတ်ရင် ပြဿနာဖြစ်မှန်းသိလို့
အားနာခဲ့ရတာတွေ
အများကြီး !
လုပ်လိုက်ရင် ပြဿနာဖြစ်မှန်းသိလို့
မလုပ်ဖြစ်ခဲ့တဲ့အလုပ်တွေ
အများကြီး !
အလျှော့မပေးရင် ပြဿနာဖြစ်မှန်းသိလို့
လျှော့ပေးခဲ့တာတွေ
အများကြီး !
ခွင့်မလွှတ်တတ်ရင် ပြဿနာဖြစ်မှန်းသိလို့
ခွင့်လွှတ်ခဲ့တာတွေ
အများကြီး !
သည်စမခံတတ်ရင်ပြဿနာဖြစ်မှန်းသိလို့
သည်းခံပေးခဲ့တာတွေ
အများကြီး !
ဟန်မဆောင်တတ်လို့ပြောမိရင်
ပြဿနာဖြစ်မှန်းသိလို့
ဟန်ဆောင်ပြီးနေပေးခဲ့တာတွေ
အများကြီး !
နားလည်မပေးရင် ပြဿနာဖြစ်မှန်းသိလို့
နားလည်ပေးခဲ့တာတွေ
အများကြီး !
အလိုက်မသိလို့ပြောမိရင်
ပြဿနာဖြစ်မှန်းသိလို့
အလိုက်တသိနဲ့နေပေးခဲ့တာတွေ
အများကြီး !
သဘောသေးသိမ်ရင် ပြဿနာဖြစ်မှန်းသိလို့
သဘောထားကြီးခဲ့တာတွေ
အများကြီး !
မြင်ရင်မြင်တဲ့အတိုင်းပြောမိရင်
ပြဿနာဖြစ်မှန်းသိလို့
မမြင်ချင်ယောင်ဆောင်ပေးခဲ့တာတွေ
အများကြီး !
စည်းမရှိပဲပြောမိရင် ပြဿနာဖြစ်မှန်းသိလို့
စည်းစောင့်ပေးခဲ့တာတွေ
အများကြီး !
မရှောင်ပဲတည့်တည့်တိုးမိရင်
ပြဿနာဖြစ်မှန်းသိလို့
ရှောင်ပေးခဲ့တာတွေ
အများကြီး !
မနေတတ်လို့ပြောမိရင် ပြဿနာဖြစ်မှန်းသိလို့
နေတတ်အောင်နေပေးခဲ့တာတွေ
အများကြီး !
ဒီလိုပါပဲ
နေတတ်အောင် နေလာတာကြာလာတော့လဲ
နေတတ်သွားတာပါပဲ။