Anna's Collection Online shop

Anna's Collection Online shop Clothes

မုန်တိုင်းအခြေအနေကို တိုက်ရိုက်ကြည့်လို့ရမယ့် Link ပါ .. လည်နေတဲ့ နေရာလေးကို ထောက်လိုက်ရင်လေတိုက်နူန်းပါ ကြည့်လို့ရပါတယ်...
22/03/2022

မုန်တိုင်းအခြေအနေကို တိုက်ရိုက်ကြည့်လို့ရမယ့် Link ပါ ..

လည်နေတဲ့ နေရာလေးကို ထောက်လိုက်ရင်
လေတိုက်နူန်းပါ ကြည့်လို့ရပါတယ် ..

အားလုံးပဲ ဂရုစိုက်ကြပါ ခင်ဗျာ .🙏

https://earth.nullschool.net/ /wind/surface/level/orthographic=-263.69,12.06,911

https://www.windy.com/?12.125,94.867,6,m:d5GaiNk

See current wind, weather, ocean, and pollution conditions, as forecast by supercomputers, on an interactive animated map. Updated every three hours.

18/03/2022

အဲ့လိုရောင်းရမှာလားပြော😂😂

ကဲကဲ မျှော်နေကြတဲ့ အသည်းလေးတွေအတွက်လာပါပြီနော် သေချာလျှော်ဖွပ်မီးပူတိုက်ပြီးသားအထည်လေးတွေပါအခုတစ်ခေါက်ကတော့ ကိုယ့်လို ဝဝ...
17/03/2022

ကဲကဲ မျှော်နေကြတဲ့ အသည်းလေးတွေအတွက်
လာပါပြီနော် သေချာလျှော်ဖွပ်မီးပူတိုက်ပြီးသား
အထည်လေးတွေပါ

အခုတစ်ခေါက်ကတော့ ကိုယ့်လို ဝဝပြည့်ပြည့်သူလေး တွေအတွက် ပိုပြီးချစ်ဖို့ကောင်းစေမဲ့ ပုံစံလေးတွေပါနော်
(Lb - 90,100,130) ဝန်းကျင်လေးတွေပါ

Kpay, wave ကြိုက်နှစ်သက်ရာနဲ့ အားပေးနိုင်ပါတယ် % ထပ်ပေးစရာမလိုပါဘူးနော် အကြိုက်တွေ့ရင် cbမှာ hello လိုက်နော်




17/03/2022

ည (၇)နာရီပုံလေးတွေတင်ပေးနော်
အလန်းစားလေးတွေ လာမယ်နော်
Buy one=Donate oneနော်
Liveလွှင့်မလို့ Liveလွှင့်ခွင့်ပိတ်ခံထားရလို့ပါ🥺



13/03/2022

Pageနဲ့ ချိတ်ထားတဲ့ အကောင့်လေး logကျသွားလို့ပါ
အဲ့တာနဲ့ pageမှာမလွှင့်ဘဲ personal accလေးမှာလွှင့်ပါတယ် အစမ်းLiveသဘောလေးလို ဖြစ်သွားတယ် အားလုံး‌ကိုတောင်းပန်ပါတယ်ရှင့်🙏🥺
မနက်ဖြန် ပြန်တွေ့မယ်နော် အထည်လေးတွေ ဓာတ်ပုံရိုက်တင်ပေးမယ်နော်❣️

Anna ရဲ့ ချစ်ရတဲ့သဲလေးတွေကိုတစ်ခုပြောပြချင်ပါတယ် ဟိုရက်ပိုင်းလောက်က ကိစ္စတစ်ခုနဲ့ ဝင်ကူပေးရင်းအဝတ်အစားလေးတွေပါ ဝေပေးဖြစ်...
13/03/2022

Anna ရဲ့ ချစ်ရတဲ့သဲလေးတွေကို
တစ်ခုပြောပြချင်ပါတယ် ဟိုရက်ပိုင်း
လောက်က ကိစ္စတစ်ခုနဲ့ ဝင်ကူပေးရင်း
အဝတ်အစားလေးတွေပါ ဝေပေးဖြစ်ခဲ့တယ်
ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေနဲ့ လူလတ်ပိုင်းတွေကို
ဆင်းရဲနွမ်းပါးလို့ သုံးနှုန်းရအောင်လည်း ကိုယ်လည်း
မချမ်းသာပါဘူး ကိုယ်လည်းငယ်စဉ်ဘဝကတည်းက
အိမ်ရဲ့အခြေအနေ ကြောင့် အဝတ်အစားအသစ်မဝတ်ခဲ့ရပါဘူး သူများတွေပေးတဲ့ အဝတ်အစားတွေဘဲဝတ်ခဲ့ရတာအခုထိပါဘဲ ☺️

အဲ့မှာကိုယ်သွားတော့ တော်တော်လေး အဆင်မပြေကြတဲ့မိသားစုတွေ အဝတ်အစားအသစ်ဝယ်ဝတ်ဖို့နေနေသာသာ စားဖို့တောင်အနိုင်နိုင်ဆိုတဲ့သူတွေပါ ကလေး‌ေတွဆိုလည်းတချို့ဆို ဘောင်းဘီအကွဲ အစုတ်ကလေးတွေနဲ့ ကိုယ်ဝေပေးတဲ့ အဝတ်တွေနဲ့ပျော်ရွှင်နေကြတော့ ပိတီဖြစ်မိတယ် အလုအယက်ယူကြတယ် 🥺

အခုကိုယ် ဒီVintageရောင်းတဲ့ ရည်ရွယ်ချက်ကလည်း လှူချင်လို့ပါ ကိုယ့်လို အဝတ်အစားဝယ်မဝတ်နိုင်တဲ့ကလေးတွေအတွက် အကောင်းစားကြီးမဟုတ်တောင် သပ်သပ်ရပ်ရပ်လေးဝတ်နိုင်အောင်လို့ လှူပေးချင်ပါတယ်🙏

အဲ့အတွက်ကို Annaရဲ့ အသည်းတွေက ဘာလုပ်ပေးရမှာလဲဆို‌တော့ Annaရောင်းတဲ့ အထည်လေးတွေ ကိုယ်နဲ့ အကြိုက်တွေ့ရင်အားပေးပါ Annaဘက်ကနေပြီး တစ်ထည်ရောင်းရရင် တစ်ထည်လှူပေးပါ့မယ်🙏🙏🙏

Anna တစ်ပတ်မှာ ၁ရက် Liveရှိပါ့မယ် တစ်ပတ်ရဲ့ ပိတ်ရက် တနင်္ဂနွေမှာ Anna ရောင်းရသမျှအထည်အရေ အတွက်အလိုက်သွားလှူပါ့မယ် Anna ရဲ့ Liveလေးကို shareပေးကြပါ အထည်မဝယ်ဘဲနဲ့လည်း shareပေးခြင်းဖြင့် Annaနဲ့ အလှူအတူတူလုပ်ကြရအောင်ပါနော်🙏

#ဒီနေ့ညLiveလေး10pmမှာရှိပါမယ်နော်
#တစ်ထည်ဝယ်တစ်ထည်လှူ

Hello......ချစ်ရပါသော Annaရဲ့ အသည်းလေးတွ ဒီညမှာ Live လေးရှိမယ်နော် မရောင်းသေးဘူးလား မရောင်းသေးဘူးလားမေးလွန်းလို့ ကိုယ့်အ...
13/03/2022

Hello......ချစ်ရပါသော Annaရဲ့ အသည်းလေးတွ
ဒီညမှာ Live လေးရှိမယ်နော် မရောင်းသေးဘူးလား
မရောင်းသေးဘူးလားမေးလွန်းလို့ ကိုယ့်အသဲလေးနဲ့
ဒီ‌နေ့ညဆုံကြမယ်နော်😚❣️



Hello သဲငယ်တို့ရေAnna‌‌ကို မေ့နေကြပြီလား😁 မေ့ရင်လည်းမေ့လောက်နေမှာပါ တွေ့တဲ့သူမှန်သမျှက ရောင်းမယ်ဆိုပြီးဘာမှလည်းမရောင်းဘူ...
09/03/2022

Hello သဲငယ်တို့ရေ
Anna‌‌ကို မေ့နေကြပြီလား😁
မေ့ရင်လည်းမေ့လောက်နေမှာပါ
တွေ့တဲ့သူမှန်သမျှက ရောင်းမယ်ဆိုပြီး
ဘာမှလည်းမရောင်းဘူးတဲ့ ဝင်ကြည့်ရင်ဘာမှမရှိတဲ့လေ🥺 အခုကစပြန်ရောင်းပါပြီလို့ အားပေးကြပါဦးနော်❣️

 #အိမ်တံခါးလာမချိတ်ပါနဲ့ရုံးလိုက်ခဲ့ပါအက်မင်ရုံးမှာရှိပါတယ်😁
14/02/2022

#အိမ်တံခါးလာမချိတ်ပါနဲ့ရုံးလိုက်ခဲ့ပါအက်မင်ရုံးမှာရှိပါတယ်😁

ဒီကနေ့မှာတော့ Anna ရဲ့ အသဲလေးတွေအတွက်ကို အိမ်မှာနေနေရင်းနဲ့ အသားအရေ ပိုလှလာအောင် ဘယ်လိုထိန်းသိမ်းရမလဲဆိုတဲ့ နည်းလမ်းလေးတ...
13/02/2022

ဒီကနေ့မှာတော့ Anna ရဲ့
အသဲလေးတွေအတွက်ကို
အိမ်မှာနေနေရင်းနဲ့ အသားအရေ
ပိုလှလာအောင် ဘယ်လိုထိန်းသိမ်းရမလဲဆိုတဲ့
နည်းလမ်းလေးတွေကို မျှဝေသွားပါမယ်ရှင့်❤️❄️
ပိုလှစေချင်တဲ့စိတ်ကလေးနဲ့သာ မျှဝေပေးတာမို့
အမှားအယွင်းမှားပါခဲ့ရင် ချစ်တဲ့စိတ်လေးနဲ့ဖြည့်ကြည့်ပေးပါလို့ ပြောချင်ပါတယ်ရှင့်😘


Pageနဲ့ မဆိုင်ပေမဲ့ knowledge sharingလေးပါယနေ့ကမ္ဘာမှာ ကူးစက်ခံရသူ ၉၀% ကျော်ဟာ Omicron ဖြစ်ပြီးသူကပေးတဲ့ antibody ဟာ T c...
11/02/2022

Pageနဲ့ မဆိုင်ပေမဲ့ knowledge sharingလေးပါ
ယနေ့ကမ္ဘာမှာ ကူးစက်ခံရသူ ၉၀% ကျော်ဟာ Omicron ဖြစ်ပြီးသူကပေးတဲ့ antibody ဟာ T cell ကို memorized လုပ်ပေးပြီး Corona virus ကို မှတ်မိစေမယ်။

ကူးစက်ခံရတဲ့ targeted cell ကို တိုက်ခိုက်တာမို့နောင် အသစ်ထွက်နိုင်မယ့် variant ကိုပါ ကာကွယ်နိုင်မယ်လို့ တွက်ဆထားပါတယ်။

Omicron ကူးစက်ခံရတဲ့အတွက် ထွက်လာတဲ့ antibody ဟာ delta ကူးစက်မှုကို ခံနိုင်ရည်ရှိတယ်လို့လည်း တွေ့ထားပါတယ်။

အထက်ပါတွေ့ရှိချက်အရဆိုရင်
Omicron ဟာ နောက်ဆုံးလာတဲ့ကိုဗစ်လှိုင်းဖြစ်ဖို့များပါတယ်။

ကူးစက်နှုန်းက ထိန်းချုပ်မရလောက်အောင်မြန်တဲ့အတွက် တားဖို့မလွယ်လောက်ပါဘူး။သေဆုံးနှုန်းက ၀.၂% ဆိုတော့ အရင်လိုစိုးရိမ်ဖို့မလိုအပ်ပေမယ့်နာတာရှည် ဆီးချို သွေးတိုး နှလုံး အဆုတ် ရောဂါရှိသူတွေအတွက်တော့ အရဲမစွန့်သင့်တဲ့အနေအထားပါ။

ကျနော်တို့ ကမ္ဘာကြီးဟာ ကိုဗစ်နဲ့ယှဉ်တွဲနေထိုင်နိုင်တဲ့ နေ့သစ်ကိုရောက်ပါတော့မယ်လို့မျှော်လင့်ပါတယ် ။

အားတင်းထားကြပါစို့...။
Paing Soe Zaw

အပ်ချုပ်ဆိုင်ကညီမလေးနဲ့ ခင်တာ ၅လကျော်ပြီ။သူ့ဆိုင်က သန့်သန့်ရှင်းရှင်းနဲ့  fitting roomလည်းသပ်သပ်ရှိတယ်။အပ်ထည်တွေ အစမ်းသွ...
08/02/2022

အပ်ချုပ်ဆိုင်ကညီမလေးနဲ့ ခင်တာ ၅လကျော်ပြီ။

သူ့ဆိုင်က သန့်သန့်ရှင်းရှင်းနဲ့ fitting roomလည်းသပ်သပ်ရှိတယ်။

အပ်ထည်တွေ အစမ်းသွားဝတ်ကြည့်ရင်စေတနာပါတယ်။အဆင်မပြေတာရှိရင် စိတ်တိုင်းကျအောင် လုပ်ပေးတယ်။

အမအဆင်ပြေလား တဖွဖွမေးတယ်။

အဆင်မပြေတာ သူ့ချွေးနံ့ပဲ။
ချွေး နံ့ဟာ သူဝတ်ထားတဲ့အင်္ကျီကြားက
သူလိမ်းထားတဲ့သနပ်ခါးကြားက
ဆိုးဆိုးဝါးဝါးစူးစူးကြီးထွက်နေတာပဲ။

သူ့မျက်နှာလေးက ရိုးရိုးသားသားနဲ့ ကိုယ့်ကို
အဆင်ပြေအောင် ကူညီလုပ်ပေးချင်နေတာထင်ရှား
တယ်။

အမတန်အောင့်အီးပြီး ခပ်မြန်မြန်အစမ်းဝတ်ကြည့်လိုက်ပေမဲ့ အနံ့ဆိုးကြောင့်ခေါင်းနောက်တယ်။

ဒါဟာ သာမာန်ချွေးနံ့မဟုတ်ဖူး တချို့သူတွေမှာသာရှိတဲ့ပြင်းထန်တဲ့ ကိုယ်နံ့ (လက်ပါတ်စော်) ပဲ။

၃ကြိမ်မြောက် အင်္ကျီ အပ်ပြီး
သူချုပ်ပေးသမျှဝတ်ရတာ အဆင်ပြေလို့ကျေးဇူးတင်ပြီး ရင်းနှီးလာလို့၊

အပ်ထည်နဲ့မဆိုင်တဲ့ စကားပြောမိတယ်၊

ညီမလေးချွေးနံ့အရမ်းပြင်းတယ်၊အဲ့ အနံ့မနံအောင်လုပ်လို့ရတယ်၊အမက နည်းလမ်းကိုသိသိကြီးနဲ့
မပြောပဲမနေနိူင်ဖူး၊

ငွေကုန်ကြေးကျလဲမများဖူး၊ညီမက စက်ချုပ်နေတဲ့သူဆိုတော့ ဧည့်များတယ်၊ကိုယ့်အနံ့ကြောင့်သူတပါးအနှောက်အယှက်ဖြစ်ရင်မကောင်းဖူး၊
ကိုယ်လဲပဲရဲရဲဝံ့ဝံ့နေလို့ရမယ်၊အမပြောပြရမလား၊
ညီမလက်ခံမလားလို့မေးတော့

သူ့မျက်နှာလေးပြုံးသွားတာပဲ၊

အမကလည်းလက်ခံမှာပေါ့၊ညီမရေချိုးပြီးရင် ဂျိုင်းကိုပေါင်ဒါလိမ်းတယ် ဒါပေမဲ့ခဏနေရင် အဲ့အနံ့ကြီးကထွက်လာတယ်၊ဘာလုပ်လုပ်မရဖူး၊ဘာလုပ်ရမှာလဲ၊ပြောပြပါအမရယ်

စျေးထဲမှာ ပရဆေးဆိုင်တွေရှိတယ်၊အဲ့ဒီက ကျောက်ချဥ်ဝယ်၊ဝယ်တဲ့အခါ ပြီးပြီးရောမဝယ်နဲ့၊အတုံးကြီးတာကိုရွေး၊ကိုယ့်လက်နဲ့ဆုပ်ကိုင်လို့ကောင်းတဲ့အရွယ်ကိုရွေးဝယ်၊

ကျောက်ပျဥ်အသေးတခုဆောင်ရမယ်၊
သနပ်ခါးလိမ်းနေတဲ့ကျောက်ပျဥ်ရောမသုံးတာကောင်းတယ်၊

#အသုံးပြုပုံ၁
(လက်ပါတ်စော် ပြင်းထန်သူများအတွက်)

ရေချိုးပြီးပြီးချင်း အဝတ်မဝတ်ခင်
ကျောက်ချဥ်ကို ကျောက်ပျဥ်မှာရေထည့်သွေးပါ၊
ထွက်လာတဲ့ ကျောက်ချဥ်အနှစ်ကို ဘယ် ညာဂျိုင်း၂ဖက်လုံး ကျကျနနလူးပါ၊

ဂျိုင်းကို လေသလပ်အအေးခံပြီး ခြောက်အောင်ထား၊အခြောက်မြန်တယ်၊ခြောက်ပြီဆိုမှ သန့်ရှင်းတဲ့ အနံ့အသက်မရှိတဲ့အဝတ်ကိုဝတ်၊

အဲ့ဒီနောက်မှ
ကိုယ်သုံးချင်တဲ့ရေမွှေး ဘော်ဒီစပရေး ကြိုက်တဲ့အရည် ကြိုက်တဲ့နေရာဖြန်းပါ၊သုံးပါ၊

ကျောက်ချဥ်ရည်ကြောင့် ချွေးနံ့ဆိုးလုံးဝ လုံးဝမထွက်တော့ပါဖူး၊

#အသုံးပြုပုံ၂(အနံ့ဆိုး မရှိသူများသင့်လျော်သည်)

ကျောက်ချဥ်တုံးကို ရေစိုအောင်စွတ်ပြီး အတုံးလိုက်ဂျိုင်းကို ပွတ်ပါ၊အချက်၃၀ အနဲဆုံးပွတ်ပါ၊

တဖက်ပွတ်ပြီးရင် ကျောက်ချဥ်ကိုရေလောင်းပြီးမှနောက်တဖက်ပွတ်ပါ၊
ရေမလောင်းရင်ပွတ်တဲ့ဖက်ကအနံ့တွေ စွဲနေတယ်၊
ရေလောင်းချလိုက်တာနဲ့ဘာနံ့မှမရှိတော့ဖူး၊

ဂျိုင်းနေရာမလပ် ပြည့်ပြည့်ဝဝပွတ်ပါ၊
ပြီးမှအင်္ကျီဝတ်ပါ။

#အသုံးပြုပုံ၃ (အနံ့ဆိုးမရှိသူ၊ရိုးရိုးချွေးနံ့ရှိသူများ)

ကျောက်ချဥ်တုံး အကြေအမွ၊အကွဲအစ သေးသေး ကြီးကြီးဘာမဆိုရတယ်၊ခွက်သေးသေးထဲရေစိမ်ထားရုံပဲ၊သူ့ အရည်ကိုလက်၄ချောင်းနဲ့တို့ယူပြီး ဂျိုင်းမှာပုတ်ပေးရုံပဲ၊

ဒီနည်းကအပျော့ဆုံးဖြစ်လို့ အနံ့မရှိသူများအတွက်သာပါ၊

#အားလုံးအတွက်ဆောင်ရန်

အပြင်ကိုင်အိတ်ထဲမှာ ကျောက်ချဥ်ဆောင်ထားပါ၊အိမ်မှာမေ့မေ့လျော့လျော့ကျောက်ချဥ်မသုံးပဲ ထွက်လာမိခဲ့ရင် ကိစ္စမရှိဖူး၊လမ်းမှာသုံး၊ကားစီးရင်းသုံး၊ရေအိမ်ထဲသွားသုံး၊ကိုယ်နဲ့
မကွာကျောက်ချဥ်ပါနေဖို့ပဲလိုတယ်၊

အဲ့လိုနဲ့လေ တလလောက်ရှိတော့ အင်္ကျီအတိုင်းသွားဝတ်ကြည့်ရတယ်၊နှာခေါင်းက အကျင့်ပါပြီး အသက်ရှူအောင့်နေရင်းက ဘာနံ့မှမရလို့ မရဲတရဲ
ရှူကြည့်ရင်း တကယ်သေချာသွားလို့ အားရဝမ်းသာ​ဖြစ်မိတယ်၊

အပ်ချုပ်ဆိုင်ကညီမလေးက ကျမပြောတဲ့နေ့က စသုံးတာတဲ့၊

အို ဝမ်းသာလိုက်တာ၊ညီမလေး မနံတော့ဖူး၊

ကျမလည်းငယ်ငယ်ကချွေးနံ့ဆိုးတယ်၊

အဒေါ်တွေက ထုံးရည်လိမ်းဆို လိမ်းရတယ်၊
ရိုးအွန်တွေလိမ်းဆိုလိမ်းရတယ်၊အရွက်တွေပွတ်ရတယ်၊အနံ့မပျောက်ပါဖူး၊

ကျမအနံ့ကိုကျမမုန်းပြီး အနားကချစ်သူကိုအားနာတယ်၊အနံ့ဆိုတာစိတ်အားငယ်ရင်ပိုထွက်သလားတောင်ထင်ရတယ်၊

အတိုအပြတ်လေးတွေဝတ်ရတဲ့ လူငယ်သဘာဝ သူများလိုပဲ စိတ်ပေါ့ပါးစွာနဲ့ လှုပ်ရှားချင်တယ်၊

ယိုးဒယားရောက်တဲ့အချိန် ကျမဆရာမ ကျောက်ချဥ်အရည်လေး လိမ်းတာ စမြင်ဖူးပြီး အရမ်းသဘောကျသွားတာ၊

အဲ့ဒါနဲ့ကျောက်ချဥ်သွေးလိမ်းဖို့စိတ်ကူးရသွားတယ်၊အဲ့နေ့ကစပြီး အနံ့အသက်ဆိုတာကင်းစင်သွားတာပဲ၊

အချိန်ပေးရေချိုးတဲ့နေ့ဆို ကျောက်ချဥ်တိုက်လိုက် ဆပ်ပြာတိုက်လိုက်နဲ့ ရေစိမ်ချိုးတယ်၊
မွတ်သလွတ်နေအောင် ရှင်းသန့်သွားသလိုခံစားရတယ်၊

ကျောက်ချဥ်နဲ့ရေချိုးရင်းတိုက်ရင် မဲနေတဲ့ပေါင်ကြား၊ဂျိုင်းကြား၊လည်ပင်းကချေးကျွတ်တယ်၊

လိုးရှင်း၊ဘော်ဒီစပရေးအနံ့တွေလည်း အနှောက်အယှက်မရှိ သင်းသင်းလေးမွှေးခွင့်ရတယ်၊

ကိုယ့်မျက်စိရှေ့ အနံ့ဆိုးတဲ့သူတွေကို ကျောက်ချဥ်ဝယ်ပေးပြီး သုံးနည်းပြောပြတတ်လာတယ်

ချစ်တဲ့သူဆိုတာ ကျား မဆက်ဆံရေးဟုတ်သလို၊လုပ်ငန်းခွင်ဆက်ဆံရေး၊ဆရာတပည့်ဆက်ဆံရေး၊အခုမှစတွေ့ကြမဲ့သူတွေပါမကျန်အကြုံးဝင်တယ်နော်၊

တချို့က နံတယ်လို့သိတယ်၊တချို့သနားစရာကောင်းတာက နံလို့နံမှန်းတောင် ကိုယ့်ဟာကိုမသိကြဖူး၊အဲ့လိုလူမျိုးတွေလည်း ရှိပေမဲ့ ကိုယ့်အနားရှိနေသူတွေကို ဒီလိုပဲ စည်းရုံးရင်း စေတနာနဲ့ပြောပြပေးကြရမှာပဲ၊

တချို့က ငွေကြေးတတ်နိူင်တယ်၊ရေမွှေးအကောင်းစားတွေသုံးတယ်၊ကိုယ်နံ့ဆိုးနေရင် အနံ့၂ခုဟာ သပ်သပ်စီထွက်နေတာပါ၊ငွေရှိတာနဲ့ အနံ့ဆိုးထိန်းနည်းမသိတာ သပ်သပ်စီနော်၊

တခါတလေ ဓါတ်လှေကါးစီးရင်း အဲ့လိုအနံ့ရရင် ပြောပြချင်စိတ်ကိုမြိုသိပ်ရတယ်၊

ဟော်မုန်းပြောင်းလဲတဲ့ ၁၂~ ၁၃နှစ်လောက်မှာ အနံ့ဆိုးစထွက်တယ်၊တချို့ကဆိုးဆိုးဝါးဝါးဆိုးတယ်၊တချို့က သာမန်ဆိုး ဆိုးတယ်၊

တကိုယ်ရည်သန့်ရှင်းရေးသေချာလုပ်မယ်၊သွားသေချာတိုက်၊ရေချိုးရင်ဆပ်ပြာသေချာတိုက်ချိုး၊သန့်ရှင်းတဲ့အဝတ်ကိုဝတ်၊ကျောက်ချဥ်သာသုံးထားမယ်ဆိုရင်

အားရပါးရ လက်ပြနှူတ်ဆက်တာမျိုး၊ပွေ့ဖက်နူတ်ဆက်တာမျိုး၊အဲယားကွန်းအလုံပိတ်ကားထဲ စိတ်ဖြောင့်ဖြောင့်ထိုင်နိူင်တာပေါ့၊

ကိုယ့်အိမ်ကဝန်ထမ်းတွေ၊မိသားစုဝင်တွေ၊အသိမိတ်ဆွေတွေအတွက် ကျောက်ချဥ်သုံးနည်းကို လက်ဆင့်ကမ်းပေးခြင်းနဲ့ ကျမတို့လူ့အသိုင်းအဝိုင်းကြား ကြည်လင်စေမှာအမှန်ပဲ၊

မီးဖွားပြီးအိမ်ထောင်ရှင်အမျိုးသမီးတွေအတွက်
ကျောက်ချဥ်စိမ်ထားတဲ့ရေဇလုံထဲ အခါအားလျော်စွာထိုင်ပေးခြင်းဖြင့်လည်း မွေးလမ်းကြောင်းကို ကျဥ်းစေပါတယ်၊

စျေးကွက်တွေမှာ မွေးလမ်းကြောင်းကျဥ်းတဲ့
ကရိယာလေးတွေရောင်းတာ အဲ့ဒါကျောက်ချဥ်နဲ့လုပ်တာပါပဲ၊

ချွေးအလွန်ထွက်ပြီး ရင်သားအောက်တွေ၊ဗိုက်ခေါက်တွေကြားထဲယားယံနေတဲ့နေရာတွေကို

ရေချိုးပြီး ကျောက်ချဥ်ရည်အေးအေးလေး အဲ့လို ကြိုကြိုကြားကြားတွေ လိမ်းပြီး ယပ်ခတ်ပြီးမှ အဝတ်ဝတ်ရင် အမတန်နေရထိုင်ရ သက်သာပါလိမ့်မယ်၊

မိမိအတွက် မိမိပါတ်ဝန်းကျင်အတွက် အကျိုးဖြစ်ပါစေလို့ မေတ္တာများဖြင့်မျှဝေလိုက်ပါတယ်၊

original writer EEKK

Address

Myaungmya

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959785882504

Website

Alerts

Be the first to know and let us send you an email when Anna's Collection Online shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Anna's Collection Online shop:

Share