Kid's Zone Baby Store

Kid's Zone Baby Store မေမေနှင့်က‌လေးတို့အတွက်

25/05/2026

ဘေဘီလေးတွေကို ပြုစုရင်း မေမေတို့ သတိမထားဘဲမှားတတ်တဲ့ အချက်တွေထဲက (၃) ချက်ကို “Kid’s Zone” ကပြောပြီနော်🤱💁‍♀️

ဘယ်လိုအချက်တွေကို လုပ်နေမိပြီလဲဆိုတာ ဒီ Video အောက်မှာ စာလေးနဲ့အတူ ဝင်မန့်သွားကြပါအုံးရှင့်🫰😍🫰☝️

“သန်စွမ်းကျန်းမာ ကလေးတို့ကမ္ဘာ၊ မေမေတို့ စိတ်ချမ်းသာ 🤍Kid’s Zone Baby Store ပါ”

🏡ဖုန်း - 09 778 611 633, 09 254 696 361
📞လိပ်စာ - အမှတ် (၆၂) ၊ ရုံဟောင်းလမ်း၊ ထားဝယ်စုမီးသတ်အနီး၊ ဒေါ်ရှုဟိုဆေးဆိုင်အရှေ့၊ ထားဝယ်စုရပ်၊ မြိတ်မြို့။

’sZone

20/05/2026

Hero မေမေတို့ အားထားရာ ကလေးပစ္စည်း Products အစုံကို တစ်နေရာတည်းမှာ အလွယ်လေးဝယ်ယူနိုင်ဖို့ “Kid’s Zone” ရှိတယ်လေ😘🤱

🛒နို့ဘူးတွေ
🛒ထမင်းပေါင်းတွေ
🛒ကိုယ်တိုင်ချက်ကျွေးနိုင်ဖို့ ပစ္စည်းတွေနဲ့
🛒ကလေးအတွက်လိုအပ်တဲ့ အသုံးအဆောင်တွေလည်း ရှိတာမို့ စုံမှစုံပေါ့…

ဒါကြောင့် ဘေဘီလေးတို့အတွက် ပူစရာမလိုအောင် Hero မေမေတို့ Kid’s Zone ကို ရွေးချယ်လိုက်ပါရှင့်။

“သန်စွမ်းကျန်းမာ ကလေးတို့ကမ္ဘာ၊ မေမေတို့ စိတ်ချမ်းသာ 🤍Kid’s Zone Baby Store ပါ”

🏡ဖုန်း - 09 778 611 633, 09 254 696 361
📞လိပ်စာ - အမှတ် (၆၂) ၊ ရုံဟောင်းလမ်း၊ ထားဝယ်စုမီးသတ်အနီး၊ ဒေါ်ရှုဟိုဆေးဆိုင်အရှေ့၊ ထားဝယ်စုရပ်၊ မြိတ်မြို့။

’sZone

🛡️ဘေဘီလေးတို့ အန္တရာယ် ကြိုတင် ပြင်ဆင်ခြင်းဖြင့် ကာကွယ်🛡️  မကြာခင် ကျရောက်တော့မယ် မိုးရာသီ ကာလတွေဟာ ဘေဘီ‌လေးတို့အတွက် အိ...
12/05/2026

🛡️ဘေဘီလေးတို့ အန္တရာယ် ကြိုတင် ပြင်ဆင်ခြင်းဖြင့် ကာကွယ်🛡️

မကြာခင် ကျရောက်တော့မယ် မိုးရာသီ ကာလတွေဟာ ဘေဘီ‌လေးတို့အတွက် အိမ်မက်ဆိုးဖြစ်တဲ့ သွေးလွန်တုပ်ကွေး (Dengue) ရောဂါနဲ့ ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန်များကို ပြောပြသွားမှာ ဖြစ်ပါတယ်။

မေမေတို့ရဲ့ ဘေဘီလေးတို့ကို မိုးရာသီ ခြင်အန္တရာယ်ကနေ🦟❌ကင်းဝေးဖို့ သုံးသင့်တဲ့ ဆေးဝါးတွေ အနေနဲ့-

✅DEET ပါဝင်သော ဆေးဝါးများ

✅Picaridin ပါဝင်သော ဆေးဝါးများ နှင့်

✅Oil of Lemon Eucalyptus (OLE) ပါသော ဆေးဝါးတွေကိုသာ ရွေးချယ် အသုံးပြုပေးသင့်ပါတယ်။


သတိထားရမယ့် အသက်အရွယ်ပေါ်မူတည်ပြီး အရေးကြီးတဲ့ အချက်တွေကတော့⚠️-

🔹DEET ပါဝင်တဲ့ ဆေးဝါးတွေကို (10%) ကနေ (30%) အောက်ကိုသာ အသုံးပြုသင့်ပြီး (၂) လ အောက် ကလေးငယ်များကို လုံးဝ အသုံးမပြုသင့်ပါ။

🔹အရေအပြားစပ်ခြင်း သက်သာစေတဲ့ Picaridin ဆေးဝါးများကို (၂) လနဲ အထက် ကလေးများကိုသာ အသုံးပြုသင့်သလို

🔹သဘာဝ ပစ္စည်းများကို အခြေခံထားပေမယ့် အာနိသင်ပြင်းတဲ့ Oil of Lemon Eucalyptus (OLE) ဆေးဝါးများကို (၃) နှစ်နဲ့အထက် ကလေးများကို အသုံးပြုပေးသင့်ပါတယ်။


ဘေဘီလေးများအတွက် ခြင်အန္တရာယ် ကာကွယ်ဖို့ အသုံးပြုရာမှာ တိုက်ရိုက်လိမ်းပေးခြင်း၊ လက်ဖဝါးနေရာ လိမ်းပေးခြင်းကို ရှောင်ကြဉ်ပေးသင့်ပြီး အရေပြားအနာ နှင့် အပြင်က ပြန်လာတိုင်း ဆေးကြောပေးဖို့လည်း အရေးကြီးပါတယ်။

ဒီတော့ “သန်စွမ်းကျန်းမာ ကလေးတို့ ကမ္ဘာ၊ မေမေတို့လည်း စိတ်ချမ်းသာ” ဖြစ်ဖို့ ခြင်အန္တရာယ် အတွက် ခြင်မကိုက်ဆေး၊ ကိုက်ပြီး လိမ်းဆေး၊ Lotion၊ Balm တို့ကို Kid’s Zone Baby Store မှာ ဝယ်ယူ အားပေးလို့ ရတာ မေ့လို့ မဖြစ်ဘူးနော်။🛍️👶

🏡ဖုန်း - 09 778 611 633, 09 254 696 361
📞လိပ်စာ - အမှတ် (၆၂) ၊ ရုံဟောင်းလမ်း၊ ထားဝယ်စုမီးသတ်အနီး၊ ဒေါ်ရှုဟိုဆေးဆိုင်အရှေ့၊ ထားဝယ်စုရပ်၊ မြိတ်မြို့။

05/05/2026

🧸🎀 လုံခြုံစိတ်ချ ကလေးတို့ ကမ္ဘာ မေမေတို့လည်း စိတ်ချမ်းသာ👶🧸🎀

မေမေတို့ အနေနဲ့ ဘေဘီလေးတို့ လုံခြုံဖို့ သတိထားရမယ့် အရာတွေက ဘာဖြစ်မလဲ?

ပြီးပြည့်စုံတဲ့ မေမေတို့ဘဝ ဖြစ်စေဖို့ သိထားရမယ့် အချက်များနဲ့ ပတ်သက်ပြီး Kid’s Zone Baby Store ရဲ့ ညီမလေးမှ Video ထဲမှာ အသေးစိတ် ရှင်းပြထားတာ ဖြစ်လို့ အဆုံးထိ ကြည့်သွားလိုက်တော့နော်။

“သန်စွမ်းကျန်းမာ ကလေးတို့ ကမ္ဘာ၊ မေမေတို့ စိတ်ချမ်းသာ” ဖြစ်စေဖို့ ကျန်းမာသန်စွမ်းတဲ့ ကလေးတွေ ဖြစ်ဖို့ Kid’s Zone Baby Store က အမြဲအသင့် ရှိနေပါတယ်။✅️

🏡ဖုန်း - 09 778 611 633, 09 254 696 361
📞လိပ်စာ - အမှတ် (၆၂) ၊ ရုံဟောင်းလမ်း၊ ထားဝယ်စုမီးသတ်အနီး၊ ဒေါ်ရှုဟိုဆေးဆိုင်အရှေ့၊ ထားဝယ်စုရပ်၊ မြိတ်မြို့။

မင်္ဂလာပါ မေမေတို့ရေ ... ❤️  သားသားမီးမီးတို့ (၆ လ) ကျော်လို့ ဖြည့်စွက်စာ စကျွေးပြီဆိုရင် "ဒီနေ့ ဘာကျွေးရင် ကောင်းမလဲ" ဆ...
29/04/2026

မင်္ဂလာပါ မေမေတို့ရေ ... ❤️

သားသားမီးမီးတို့ (၆ လ) ကျော်လို့ ဖြည့်စွက်စာ စကျွေးပြီဆိုရင် "ဒီနေ့ ဘာကျွေးရင် ကောင်းမလဲ" ဆိုတာ မေမေတို့အတွက် အမြဲစဉ်းစားရခက်တဲ့ ပုစ္ဆာတစ်ပုဒ်ပဲနော်။

အာဟာရလည်းရှိရမယ်၊ ကလေးလည်း ကြိုက်ရမယ်၊ ချက်ရတာလည်း လွယ်ရမယ်ဆိုတဲ့ မေမေတို့အတွက် ဒီနေ့မှာတော့ "ပဲနီလေး အသီးအရွက် ပေါင်းချက်" လေးအကြောင်း ပြောပြပေးချင်ပါတယ်ရှင်။

ပဲနီလေးက ပရိုတင်းဓာတ် ကြွယ်ဝသလို၊ ရွှေဖရုံသီးနဲ့ အာလူးကလည်း ကလေးကို ဝမ်းမှန်စေပြီး ကိုယ်အလေးချိန် တက်စေတာမို့ ဒီလိုလေးချက်ကြည့်ကြရအောင်..မေမေတို့ရေ 🤱

လိုအပ်တာလေးတွေကတော့…..

🥣ပဲနီလေး

🥣ရွှေဖရုံသီး

🥣အာလူး တို့ပဲဖြစ်ပါတယ်။

ပထမဆုံး ပဲနီလေးကို မချက်ခင် “မိနစ် ၂၀ လောက်” ရေလေးစိမ်ထားပေးပါ မေမေတို့ရေ… ဒါမှ ကလေးလေး စားတဲ့အခါ ပိုပြီးနူးအိပြီး အစာကြေလွယ်မှာပါ။

နောက်တစ်ဆင့်အနေနဲ့ ရွှေဖရုံသီး၊ အာလူးတွေကို အတုံးလေးတွေတုံးပြီး အိုးထဲမှာ ပဲနီလေးနဲ့ ရောကာ ရေမြုပ်ရုံလေးထည့်ပြီး အဖုံးအုပ်၊ မီးအေးအေးနဲ့ တည်ပေးရပါမယ်နော်။

အားလုံး နူးအိသွားပြီဆိုရင်တော့ ဇွန်းလေးနဲ့ အသာအယာ ချေပေးပါ (ဒါမှမဟုတ်) Blender လေးနဲ့ ကြိတ်ပေးလို့ ရပါတယ်ရှင်။

နို့စို့နေတဲ့ ကလေးဆိုရင် မိခင်နို့လေး နည်းနည်းရောပြီး ကျွေးရင်လည်း ကလေးလေးတွေ အရမ်းကြိုက်ကြပါတယ် မေမေတို့ရေ။

ဒီလို အသားမပါ သက်သတ်လွတ်လေးနဲ့ အားဖြည့်စာလေးမို့ အလွယ်လေးချက်ကျွေးလိုက်တော့နော်။📝

“သန်စွမ်းကျန်းမာ ကလေးတို့ကမ္ဘာ၊ မေမေတို့ စိတ်ချမ်းသာ 🤍Kid’s Zone Baby Store ပါ”

🏡ဖုန်း - 09 778 611 633, 09 254 696 361
📞လိပ်စာ - အမှတ် (၆၂) ၊ ရုံဟောင်းလမ်း၊ ထားဝယ်စုမီးသတ်အနီး၊ ဒေါ်ရှုဟိုဆေးဆိုင်အရှေ့၊ ထားဝယ်စုရပ်၊ မြိတ်မြို့။

’sZone

#ကလေးဖြည့်စွက်စာ

ဘေဘီလေးတို့ အသည်းစွဲ Snacks 🍪 👶   ကလေး နှင့် Snacks ဆိုတာ ခွဲခြား မရတာမို့ သားသား/မီးမီး တို့အတွက် ဘေးဥပါဒ် ကင်းဖို့ အရေ...
28/04/2026

ဘေဘီလေးတို့ အသည်းစွဲ Snacks 🍪 👶

ကလေး နှင့် Snacks ဆိုတာ ခွဲခြား မရတာမို့ သားသား/မီးမီး တို့အတွက် ဘေးဥပါဒ် ကင်းဖို့ အရေးကြီးသလို ကျန်းမာဖွံ့ဖြိုးဖို့လည်း အ‌ရေးကြီးတာမို့ အထူးဂရုစိုက် ရွေးချယ်ပေးဖို့ မမေ့နဲ့နော်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Snacks တွေကို အသက် (၆) လ ပြည့်ပြီး နောက်ပိုင်း ကျွေးလို့ ရသလို နို့ သို့မဟုတ် ထမင်း (၂) နပ်ကြား အဆာပြေ ကျွေးလို့ရတာပဲ ဖြစ်ပါတယ်။⋆。‧˚ʚ🧸ɞ˚‧。⋆

သတိထားရမယ့် အချက်အနေနဲ့🔔 -

⚠️ အသက်ရှူ လမ်းကြောင်း မပိတ်စေရန်

⚠️ ဆား နှင့် သကြား ပါဝင်မှု လွန်ကဲတဲ့ အစားအစာမျိုး မကျွေးရန် နှင့်

⚠️ အာဟာရ ဖြစ်ပြီး ကျန်းမာရေး ညီညွတ်တဲ့ Snacks များကိုသာ ရွေးဝယ်ဖို့ အရေးကြီးပါတယ်။


“သန်စွမ်းကျန်းမာ ကလေးတို့ကမ္ဘာ၊ မေမေတို့ စိတ်ချမ်းသာ 🤍
Kid’s Zone Baby Store ပါ”

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘေဘီတို့ အကြိုက် Snacks item အသစ်တွေ အများကြီး ထပ်ရောက်ထားတာဖြစ်လို့ သားသား/ မီးမီး တို့အတွက် အမြန်ယူထားမှ စိတ်ချရမယ်ရှင့်။✅

Kid’s Zone Baby Store
🏡ဖုန်း - 09 778 611 633, 09 254 696 361
📞လိပ်စာ - အမှတ် (၆၂) ၊ ရုံဟောင်းလမ်း၊ ထားဝယ်စုမီးသတ်အနီး၊ ဒေါ်ရှုဟိုဆေးဆိုင်အရှေ့၊ ထားဝယ်စုရပ်၊ မြိတ်မြို့။

“မြန်မာ့နှစ်ကူးသင်္ကြန်အချိန်အခါမှစ၍ ရွှင်လန်းအေးချမ်းပျော်ရွှင်ကြပါစေ”အတာရေနှင့် နှစ်သစ်ကြိုတဲ့ ပိတောက်လှမယ့် တန်ခူးလမှ...
13/04/2026

“မြန်မာ့နှစ်ကူးသင်္ကြန်အချိန်အခါမှစ၍ ရွှင်လန်းအေးချမ်းပျော်ရွှင်ကြပါစေ”

အတာရေနှင့် နှစ်သစ်ကြိုတဲ့ ပိတောက်လှမယ့် တန်ခူးလမှာ မိသားစုအားလုံး အေးချမ်းပျော်ရွှင်ပြီး အလုပ်အကိုင်ဟူသမျှ အဆင်ပြေချောမွေ့ကြစေကြောင်း “Kid’s Zone မိသားစု” မှဆုတောင်းလိုက်ပါတယ်။

(၁၄.၄.၂၀၂၆) ရက်ကနေ (၁၇.၄.၂၀၂၆) အထိ Kid’s Zone Baby Store ရဲ့ သင်္ကြန်ပိတ်ရက်ဖြစ်ကြောင်း အသိပေးလိုက်ပါတယ်ရှင်။🙏😊

’sZoneBabyStore

#သင်္ကြန်ဆုတောင်း

10/04/2026

🤰သင်္ကြန်မှာ မေမေဖြစ်မယ့် သူတိုင်းအတွက်💦

ဧပြီလမှာ မွေးတော့မယ့် မေမေတို့အတွက် ဆိုင်တွေပိတ်လို့ ဘာတွေ ဝယ်စုထားရမလဲ?🤔 ဒါမှမဟုတ် မေမေတို့ဆီ သွားတဲ့အခါ ဘာလက်ဆောင်ပေးရမလဲ? မသိဖြစ်နေရင်တော့ ဒီ Video ကို အဆုံးထိ ကြည့်ဖို့ လိုပြီနော်။🎬👈

သင်္ကြန်မှာ မေမေဖြစ်မယ့် မေမေလောင်းများအတွက် ကလေး ပစ္စည်းနဲ့ ပတ်သက်ရင် စုံစုံလင်လင်နဲ့ တစ်နေရာတည်းမှာ စိတ်ကြိုက်ဝယ်ဖို့ Kid’s Zone Baby Store က အမြဲအသင့် ရှိနေပါတယ်။

သန်စွမ်းကျန်မာ ကလေးတို့ကမ္ဘာ၊ မေမေတို့လည်း စိတ်ချမ်းသာ 👶🏻 𝗞𝗶𝗱𝘀𝗭𝗼𝗻𝗲𝗕𝗮𝗯𝘆𝗦𝘁𝗼𝗿𝗲 👶🏻ပါ ဆိုတဲ့ အတိုင်း နှစ်သစ်မှာ တစ်ကမ္ဘာလုံးရှိ ကလေးများ နှင့် မေမေတိုင်း စိတ်ကျန်းမာ ကိုယ်ချမ်းသာ ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင်။🙏🌸

🏡ဖုန်း - 09 778 611 633, 09 254 696 361
📞လိပ်စာ - အမှတ် (၆၂) ၊ ရုံဟောင်းလမ်း၊ ထားဝယ်စုမီးသတ်အနီး၊ ဒေါ်ရှုဟိုဆေးဆိုင်အရှေ့၊ ထားဝယ်စုရပ်၊ မြိတ်မြို့

’sZone

06/04/2026

မွေးခါစ မေမေတို့အတွက် အသုံးတည့်မယ့် လက်ဆောင် (၅) ခု🎁👶

အသိထဲက ဖြစ်ဖြစ်၊ သူငယ်ချင်းထဲကပဲ ဖြစ်ဖြစ် ကလေးမွေးတဲ့ အခါ ဘာလက်ဆောင်ပေးရင် အကောင်းဆုံး ဖြစ်မလဲ ဆိုပြီး စဉ်းစားရခက်ဖူးလား? 🤔

ဒါဆို ဘာမှတွေးပူဖို့ မလိုပဲ စဥ်းစားရ ခက်နေရင် Kid’s Zone Baby Store ကို သတိရဖို့ လိုမယ်နော်။

အမြင်လည်းလှသလို မရှိမဖြစ်လိုအပ်တဲ့ လက်ဆောင် (၅) မျိုးနဲ့ ပတ်သက်ပြီး ဖြိုးဖြိုး ကတော့ Video ထဲမှာ အသေးစိတ် ပြောပြထားတာဖြစ်လို့ မေမေတို့ဆီ သွားတိုင်း ဝယ်နေကျ လက်ဆောင်ပစ္စည်းတွေပါရဲ့လား ဆိုတာ သိချင်ရင်တော့ အဆုံးထိ ကြည့်သွားဖို့ မမေ့နဲ့‌နော်။🏠✨

🐣 “မေမေတို့လည်း စိတ်ချမ်းသာ Kid Zone Baby Store မှာ ဈေးဝယ်ပါ”🐣

Kid’sZone Baby Store
🏡ဖုန်း - 09 778 611 633, 09 254 696 361
📞လိပ်စာ - အမှတ် (၆၂) ၊ ရုံဟောင်းလမ်း၊ ထားဝယ်စုမီးသတ်အနီး၊ ဒေါ်ရှုဟိုဆေးဆိုင်အရှေ့၊ ထားဝယ်စုရပ်၊ မြိတ်မြို့

’sZone

စိတ်အေးချမ်းသာနှစ်သစ်မှာကံကောင်းခြင်းတွေခညောင်းပါစေ✨🥰❄️“လိုအင်ဆန္ဒ ထပ်တူကျ ပြည့်ဝအေးချမ်း စိတ်ရွှင်လန်းစေဖို့ နှစ်သစ်မှာ...
31/12/2025

စိတ်အေးချမ်းသာနှစ်သစ်မှာကံကောင်းခြင်းတွေခညောင်းပါစေ✨🥰❄️

“လိုအင်ဆန္ဒ ထပ်တူကျ ပြည့်ဝအေးချမ်း စိတ်ရွှင်လန်းစေဖို့ နှစ်သစ်မှာ ကံကောင်းခြင်းတွေအများကြီးနဲ့ ဘဝအသစ်တွေစတင်နိုင်ပါစေလို့”
Kid’s Zone မိသားစုမှဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Address

No. (62), Rhone Haung Street, Near The Dawei Su Fire Station, Dawei Su Quarter
Myeik
14051

Opening Hours

Monday 07:30 - 19:30
Tuesday 07:30 - 19:30
Wednesday 07:30 - 19:30
Thursday 07:30 - 19:30
Friday 07:30 - 19:30
Saturday 07:30 - 19:30
Sunday 07:30 - 19:30

Telephone

09778611633

Website

Alerts

Be the first to know and let us send you an email when Kid's Zone Baby Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share