29/07/2026
ပထမဝါဆိုလပြည့်နေ့ ဆုတောင်းစကား 🙏
ဝါဆိုလပြည့်နေ့၏ မြင့်မြတ်သော အခါသမယတွင်မြတ်စွာဘုရားရှင်၏ တရားတော်ကို ကြည်ညိုလေးစား၍ကုသိုလ်ကောင်းမှုအပေါင်း ပြုနိုင်ကြပါစေ။
ဤကုသိုလ်အဖို့ဖြင့်စိတ်ချမ်းသာ၍ ကိုယ်ကျန်းမာကာ၊မိသားစုအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး၊စီးပွားလာဘ်လာဘ တိုးတက်၍လိုအင်ဆန္ဒမှန်သမျှ ပြည့်ဝကြပါစေ။
မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောပထမဝါဆိုလပြည့်နေ့ ဖြစ်ကြပါစေရှင့်..🙏🙏🙏 ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)
ရွှေရောင်ဝင်းလို့ လဝန်းသာ၊
ဝါဆိုလပြည့် မင်္ဂလာ။
ဂေါတမမြတ်စွာ သာသနာပိုင်၊
မိဂဒါဝုန်မှာ တရားဟောပိုင်။
ဓမ္မစကြာ ဒေသနာတော်မြတ်၊
နားဆင်ကြသူ နတ်နဲ့လူ။
ရဟန်းသံဃာ ဝါဆိုချိန်၊
ငြိမ်းအေးချမ်းသာ စိတ်နှလုံးအိမ်။
ပန်း၊ ဆီမီးနဲ့ ပူဇော်ကာ၊
ကုသိုလ်ပွင့်လန်း ဝါဆိုမှာ။
ဓမ္မအလင်းရောင် ထွန်းလင်းဝင်း၊
ကမ္ဘာတစ်ခွင် ငြိမ်းချမ်းခြင်းနဲ့ ပြည့်စုံပါစေ။
ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့မှာ ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံပြီး စိတ်သွားတိုင်း ကိုယ်ပါ ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
#ဝါဆိုလပြည့်နေ့