26/10/2025
Kit Kit Vintage Fashion House ကို အမြဲအားပေးခဲ့ကြတဲ့ ချစ်ရတဲ့ Customer များရှင်🥰
မင်မင်တို့ live sale လေးတွေ မလွှင့်ဖြစ်တာ ၆လ ကျော်ပြီးဖြစ်ခဲ့ပါပြီရှင်
လိုင်းအခြေအနေမကောင်းတာကြောင့် live sale လေး နားခဲ့ရပြီး liveအဆက်ဆက်မှာ ယူခဲ့တဲ့ ပါဆယ်ထုပ်လေးတွေက ပုံပါအတိုင်း အချိန်အတော်ကြာပြီဖြစ်လို့ ထပ်ပြီးသိမ်းဆည်းဖို့အတွက် အဆင်မပြေဖြစ်လာပါတယ်ရှင်🥺
နောက်ထပ်လဲ live sale လွှင့်ဖို့ အချိန်ကြာအုန်းမှာဖြစ်တဲ့အတွက် အထည်စုထားတဲ့ customer များအနေနဲ့ အထုပ်လေးတွေ ယူပေးကြဖို့ မင်မင်တို့က မေတ္တာရပ်ခံပါတယ်နော်🙏
ကြားထဲမှာ ဆိုင်အဆင့်ဆင့်ပြောင်းခဲ့ရတာရော ငလျင်ကြောင့်ဆိုင်ပြောင်းခဲ့ရတာတွေကြောင့်ပါ ပါဆယ်ထုပ်လေးတွေ ဆက်မသိမ်းပေးနိုင်တာကိုလဲ နားလည်ပေးပါလို့🥺
မင်မင်တို့ဆီမှာရှိတဲ့ပါဆယ်ထုပ်လေးတွေကို ယနေ့ 26.10.2025 မှာ 27.11.2025 ထိ တစ်လတိတိ ထပ်မံသိမ်းထားပေးမှာဖြစ်ပြီး တစ်လနောက်ပိုင်းကျော်တဲ့ပါဆယ်ထုပ်လေးတွေကိုတော့ တာဝန်ယူသိမ်းဆည်းပေးတော့မှာ မဟုတ်ကြောင်း အသိပေးအပ်ပါတယ်နော်🥺
ပစ္စည်းစုထားတဲ့ ပါဆယ်ထုပ်ယူမည့် customer များအနေနဲ့ page cb ဒါမှမဟုတ် viber 09751967149 ကို ဆက်သွယ်ပြီး ပစ္စည်းယူလို့ရပါတယ်ရှင်🥰🥰🥰