TsHun

TsHun Graphic Designs, Illustrations & Arts ပညာရပ်ကို ရူးသွပ်နေတဲ?

ကိုယ့်ဘက်က နံပတ်တစ်နေရာ ပေးပြီးကိုယ့် ကို နံပတ်တစ်နေရာပြန်မပေးနိုင်တဲ့သံယောဇဉ်တွေနဲ့ ဝေးဝေးနေမယ်ဒါ အတ္တကြီးခြင်းမဟုတ်ပါဘူ...
05/08/2019

ကိုယ့်ဘက်က နံပတ်တစ်နေရာ ပေးပြီး
ကိုယ့် ကို နံပတ်တစ်နေရာပြန်မပေးနိုင်တဲ့
သံယောဇဉ်တွေနဲ့ ဝေးဝေးနေမယ်

ဒါ အတ္တကြီးခြင်းမဟုတ်ပါဘူး
ထပ်တူမကျနိုင်တဲ့ သံယောဇဉ်တွေကို
စွန့်လွတ်နိုင်ခြင်းပါ

ကိုယ်ထားသလို ထပ်တူပြန်ထားမပေးနိုင်တဲ့ သံယောဇဉ်တွေကို တွယ်တာနေခြင်း
ဆိုတာ မရနိုင်တာကိုမှမျှော်လင့်နေခြင်းပါ

ကိုယ်က မျှော်လင့်ခြင်းကို မနှစ်သက်ဘူး
ကိုယ့် အတ္တမကြီးပါဘူး
ညီမမျှခြင်းညိုနိုင်မယ့် သံယောဇဉ်တွေကိုသာ ဘဝအတွက်

လက်ခံထားခြင်းပါ
ထပ်တူမကျတဲ့ သံယောဇဉ်တွေ နဲ့
ဝေးဝေးနေခြင်းဆိုတာ

စိတ်ဒဏ်ရာတွေမရဖို့ကာကွယ်ထားခြင်း
ဆိုတဲ့ အမှန်ခြစ်တခုပါ

#ပန်းနုရောင်ပန်းကလေး

🌹 မိန်းမသားတွေက……🌹 ဆင်းရဲတဲ့ဒဏ်ကို မခံနိုင်ဘူး။🌹 ယောက်ျားသားတွေက ……🌹 ချမ်းသာတဲ့ဒဏ်ကို မခံနိုင်ဘူး။🌹 ဘယ်လောက်ပဲ ချစ်ပါတယ်...
18/07/2019

🌹 မိန်းမသားတွေက……
🌹 ဆင်းရဲတဲ့ဒဏ်ကို မခံနိုင်ဘူး။

🌹 ယောက်ျားသားတွေက ……
🌹 ချမ်းသာတဲ့ဒဏ်ကို မခံနိုင်ဘူး။

🌹 ဘယ်လောက်ပဲ ချစ်ပါတယ်ပြောပြော……
🌹 ယောက်ျားတစ်ယောက်မှာ ……
🌹 ကိုယ်ပိုင်အရည်အချင်းနဲ့……
🌹 အနာဂ္ဂါတ်ရည်မှန်းချက် ဆိုတာမရှိရင် ……
🌹 ဘယ်မိန်းကလေးမှ အနားမှာရှိမှာမဟုတ်ပါဘူး။

🌹 တစ်ချို့ကပြောတယ်...
🌹 အေးအတူ ပူအမျှ ……
🌹 မောင်တစ်ထမ်း မယ်တစ်ရွက်……
🌹 ကြင်ကြင်နာနာ ယုယုယယနဲ့……
🌹 လုပ်ကိုင်စားသောက်သွားကြမယ်...

🌹 ဒါတွေဟာ ဘိုးတော်မင်း……
🌹 လေးဘက်ပြေးတဲ့ ခေတ်မှာ ကျန်ခဲ့ပါပြီ။

🌹 မိန်းမသားဆိုတာ ယောက်ျားသားကို ချစ်လို့……
🌹 အားကိုးချင်လို့ တဘဝလုံးကိုပုံအပ်ပြီး……
🌹 ကိုယ့်အနောက်ကို ကောက်ကောက်ပါအောင်
🌹 လိုက်ခဲ့တာမဟုတ်လား။

🌹 ကိုယ်ဟာ ယောက်ျားတစ်ယောက်ပဲလေ ……
🌹 ရှိသင့်ရှိထိုက်တဲ့ ယောက်ျားတစ်ယောက်ရဲ့……
🌹 အရည်အချင်းတော့ ရှိကိုရှိရမယ်လေ။

🌹 မိန်းမတစ်ယောက်ကို ယူထားပြီး ……
🌹 တင့်တောင့် တင့်တယ် မထားနိုင်ရင်တောင်……
🌹 လူမွေး သူမွေး ပြောင်အောင် ထားနိုင်ရမယ်။

🌹 ဒီမိန်းမရဲ့ ဆိုးခြင်းကောင်းခြင်း ကံကြမ္မာဟာ……
🌹 အိမ်ထောင်ဦးစီးအပေါ် (၁၀၀%)မူတည်သွားပြီ။

🌹 မယူခင်စဉ်းစား ယူတာတော့တတ်ပြီး……
🌹 မိန်းမတစ်ယောက်ရဲ့ဘဝ မဖူလုံရင်တော့……
🌹 ခင်ဗျား$ပြစ် ဖြစ်သွားပြီ။

🌹 ဟိုတေလာက ……
🌹 သက်ငယ်လင်မယား စုံတွဲအကြောင်း……
🌹 သတင်းတစ်ခုမှာ ပါလာတယ်။

🌹 အိမ်ထောင်ကျပြီး မကြာသေးဘူး……
🌹 ကလေးတစ်ယောက်ရတယ်။

🌹 ကလေး ကျန်းမာရေးမကောင်းဖြစ်တော့……
🌹 ဆေးခန်းသွားပြစရာ ပိုက်ဆံမရှိလို့ ဆိုပြီး……
🌹 လမ်းအလယ်မှာ သူများပိုက်ဆံကိုလုတယ်။

🌹 ရပ်ကွက်လူထုက ဝိုင်းဖမ်းပြီးမေးတော့……
🌹 သူ့ကလေး နေမကောင်းလို့ ဆေးခန်းပြဖို့……
🌹 ငွေလိုနေလို့ သူများပိုက်ဆံကို လုရတာပါ...တဲ့။

🌹 တစ်ချို့က ဒီလူကို ဖခင်စိတ်ရှိတယ်ဆိုပြီး……
🌹 ဝိုင်းသနားကြ ဂရုဏာသတ်ကြတာပေါ့။

🌹 ကျွန်တော်ကတော့ ဂရုဏာမသတ်ပေးနိုင်ဘူး…
🌹 ဒါလား ယောက်ျား ဒါလား အိမ်ထောင်ဦးစီး။

🌹 မိန်းမဖြစ်သူမှာ မိမိရင်သွေးလွယ်ထားရပြီ ဆိုကတည်းက
🌹 မွေးဖို့ဖွားဖို့ စားဖို့သောက်ဖို့ ကြိုရှာထားရမှာ……
🌹 အိမ်ထောင်ဦးစီးရဲ့ တာဝန်မဟုတ်ဘူးလား...?

🌹 ယူတာတော့ယူတတ်ပြီး အိမ်ထောင်ဦး……
🌹 တစ်ယောက်ရဲ့ တာဝန် ဝတ္တရားမှမကျေပွန်ရင်
🌹 ဒီလူကို ယောက်ျားကောင်း...လို့ ……
🌹 သတ်မှတ်လို့ရပါဦးမလား...?

🌹 မိန်းကလေးတွေလည်း မကောင်းဘူး……
🌹 မယူခင် ရှေ့ရေးအတွက် ကြိုစဉ်းစားသင့်တယ်။

🌹 အချစ်က ကိုက်စားလို့မရဘူး ဗိုက်မပြည့်ဘူး……
🌹 ကိလေသာ တဏှာရာဂမီးကို ဦးစားပေးပြီး……
🌹 ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြု ကလေးတွေယူ
🌹 ဖြစ်လာမှ မရှူနိုင် မကယ်နိုင် ဘယ်သူ့ကို ……
🌹 အားကိုးရမှန်းမသိ ကိုယ့်ယောက်ျားက……
🌹 ကောင်းရင်တော့ တစ်မျိုးပေါ့။

🌹 ယောက်ျားက $သုံးမကျ ……
🌹 မိန်းမက မထိန်းကွတ်တက် ……
🌹 ဒီအိမ်ထောင်ရေးဟာ ပရမ်းပတာဖြစ်သွားမှာပဲ။

🌹 သင်ခန်းစာ ယူကြ ...
🌹 မယူခင် စဉ်းစားကြ ...
🌹 ကျန်တာတွေကို မိုက်လုံးကြီးပါ။

🌹 မိမိဘဝ ရှေ့ရေးအတွက်တော့ ……
🌹 မိုက်လုံးမကြီးကြပါနဲ့ ညီမငယ်တို့ရေ။

🌹 လိုရင် ဖြည့်တွေးကြကွာ……
🌹 မှားခဲ့ရင်တောင် စေတနာအမှားပါ။

credit # Thi Ha🇲🇲

 #ကြိုးစားမှုရဲ့မနက်ဖြန်++++++++++++++ကောင်ကင်နဲ့ မတန်တဲ့ ကြယ်ဆိုတာ မရှိဘူး။ကမ်းခြေနဲ့ မလိုက်ဖက်တဲ့ လှိုင်းဆိုတာ မရှိဘူး...
16/07/2019

#ကြိုးစားမှုရဲ့မနက်ဖြန်
++++++++++++++

ကောင်ကင်နဲ့ မတန်တဲ့ ကြယ်ဆိုတာ မရှိဘူး။
ကမ်းခြေနဲ့ မလိုက်ဖက်တဲ့ လှိုင်းဆိုတာ မရှိဘူး။
ရေကန်နဲ့ မတင့်တယ်တဲ့ ကြာပင်ဆိုတာ မရှိဘူး။
ဒုက္ခနဲ့ ကင်းဝေးတဲ့ ဘဝဆိုတာ မရှိဘူး။
ပန်းတိုင်နဲ့ ဝေးသော ကြိုးစားမှုဆိုတာ မရှိဘူး။
အောင်မြင်မှုနဲ့ မထိုက်တန်တဲ့ ဆုလဒ်ဆိုတာ မရှိဘူး။
ကိုယ်ဖြစ်ချင်တာကို ဖြစ်အောင်လုပ်နေရတဲ့ ဘဝတွေဟာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေတာ မဟုတ်ပါဘူး။
ရည်ရွယ်ချက်တွေနဲ့ အသက်ရှင်နေတာပါ။
ကြိုးစားတာတွေ ဖြစ်မလာတဲ့အခါ စိတ်ပျက်အားငယ်တာ သဘာဝပါ။
အဆင်မပြေတာ တစ်ခုကြောင့် ရည်ရွယ်ချက်တော့ မပျက်စေနဲ့။
ရည်ရွယ်ချက်ပျက်ရင် ဘဝပျက်တတ်တယ်။
စိတ်ဓာတ်ကျနေရင် ပန်းတိုင်နဲ့ဝေးသွားမယ်။
ပန်းတိုင်ဆိုတာ ကိုယ့်ဆီကိုယ် မလာဘူး။
ကိုယ်ကသာ ပန်းတိုင်ဆီရောက်အောင် သွားရမှာ။
ဒီနေ့ ကျရှုံးနေလို့ စိတ်ပျက်အားငယ်နေမယ့်အစား
မနက်ဖြန်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ။
ကြိုးစားမှုရဲ့ မနက်ဖြန်တိုင်းမှာ အောင်မြင်မှုတွေ ရှိပါတယ်။
မလျော့သော ဇွဲ၊လုံးလနဲ့ကြိုးစားမယ်ဆိုရင် မနက်ဖြန်တိုင်းမှာ အောင်မြင်မှုတွေက စောင့်ကြိုလို့နေပါတယ်။

Credit : Chit Po

🤔 သင် ဘယ်တော့မှ မရှုံးဘူး✡️✡️✡️✡️✡️✡️✡️✡️✡️✡️"တစ်ခါတလေ သင်...အနိုင်ရမယ် တစ်ခါတလေ သင်...သင်ယူရမယ်'' # သင်ဘယ်တော့မှ မရှုံး...
15/07/2019

🤔 သင် ဘယ်တော့မှ မရှုံးဘူး
✡️✡️✡️✡️✡️✡️✡️✡️✡️✡️

"တစ်ခါတလေ သင်...အနိုင်ရမယ်
တစ်ခါတလေ သင်...သင်ယူရမယ်''
# သင်ဘယ်တော့မှ မရှုံးဘူး

ဘဝမှာ....
သင်ချည်းပဲ့ အမြဲတမ်း အနိုင်ရနေဖို့ဆိုတာ
လက်တွေ့မှာ မဖြစ်နိုင်ဘူး...
သင့်အနေနဲ့ ကြိုးစားနေရင်းကနေ
အောင်မြင်မှုတွေကို လက်လွတ်လိုက်ရတာ
မျိုးလဲ ကြုံတွေ့နိုင်ပါတယ်...
အဲသလို ကြုံတွေ့ရင်လဲ စိတ်ဓာတ်မကျပါနဲ့
ဒါက လူတိုင်းကြုံတွေ့နေကျပါ...
သင့်အနေနဲ့ ရရှိထားတဲ့ အောင်မြင်မှုတွေ
ဆီက သာမက လက်လွတ်လိုက်ရတဲ့
အောင်မြင်မှုတွေ ဆီကလည်း
မြောက်မြားစွာ သင်ယူနိုင်ပါတယ်...

# အရှုံးဆီကနေ တစ်စုံတစ်ရာကို
သင်ယူနေသရွေ့ သင်ဘယ်တော့မှ
လုံးဝမရှုံးပါဘူး...

သေချာတာကတော့ သင်အနိုင်ရတဲ့
အချိန်မှာ သင်ကိုယ်သင် သင်ယူနိုင်တာထက် သင်ရှုံးနိမ့်လာတဲ့အခါ သင့်ကိုယ်သင်
သင်ယူနိုင်တာက ပိုများလိမ့်မယ်...
ဘာဖြစ်လို့လဲ ဆိုတော့....
ရှုံးနိမ့်တယ်ဆိုတာက သင့်မှာ သင်ယူစရာတွေ ရှိလို့ ရှုံးနိမ့်တာ ဖြစ်ပါတယ်...
အရှုံးတွေဟာ ကျွန်တော်တို့ကို
တစ်စတစ်စ ပြည့်စုံတဲ့သူတွေ၊ စမတ်ကျတဲ့
သူတွေ ဖြစ်လာစေတာ ဖြစ်ပါတယ်...

# တစ်ခါတလေ သင်အနိုင်ရမယ်....
# တစ်ခါတလေ သင်ကျဆုံးမယ်...

အဲဒီစကားအစား...

# တစ်ခါတစ်လေ သင်အနိုင်ရမယ်...
# တစ်ခါတလေ သင်,သင်ယူရမယ်... လို့
အစားထိုးနိုင်ရမယ်
ကဲ.... အရှုံးတွေဆီကနေ သင်ယူဖို့
ရှေ့ဆက်ကြည့်ကြရအောင်.... ဒါပေမဲ့
ဝမ်းနည်းစရာ ကောင်းတာက လူတော်တော်များများဟာ သူတို့ရဲ့ အရှုံးတွေဆီကနေ သင်ယူလေ့ မရှိကြပါဘူး...

# အရှုံးဆိုတာက ကျွန်တော်တို့ရဲ့ ကြိုးစား
အားထုတ်မှု တစ်စုံတစ်ရာ မပါဝင်ရင်

# သင်ခန်းစာအဖြစ်ကို အလိုအလျောက်
ပြောင်းလဲမသွားနိုင်ပါဘူး ဆိုတာကို သတိ
ချပ်ရပါမယ်...

အရှုံးကနေ သင်ယူဖို့အတွက် ကျွန်တော်တို့ကို အခွင့်အလမ်းတွေ အများကြီးပေးပါတယ်... ဒါပေမဲ့
လူတော်တော်များများက အဲဒီ အခွင့်အလမ်းကို မရယူနိုင်ကြပါဘူး... ဒီအကြောင်းပြချက်ကြောင့်ပဲ့ သူတို့ဟာ ဆက်တိုက်ဆက်တိုက် ဆက်လက်ရှုံးနိမ့်နေကြတာ ဖြစ်ပါတယ်...
တကယ့်တကယ် လက်တွေ့ဘဝမှာ ကျွန်တော်တို့ အနေနဲ့လဲ ရှုံးနိမ့်မှုကို နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့လာရတဲ့အခါမှာ သင်ယူနိုင်ဖို့ဆိုတာ တော်တော်ခက်ခဲပါတယ်...
ဘာဖြစ်လို့လဲဆိုတော့...
ရှုံးနိမ့်နေတဲ့ အချိန်မှာ ကျွန်တော်တို့ရဲ့
စိတ်အခြေအနေဟာ ပုံမှန်မဟုတ်လို့ပါ...

# ဒီသေဘာဟာ ကျွန်တော်တို့ရဲ့စိတ်မှာ
မပျော်ရွှင်တဲ့အခါ...
# ကျွန်တော်တို့ရဲ့ မျက်နှာမှာ မပြုံးနိုင်တဲ့
သဘောနဲ့ တူတူပါပဲ

# ရှုံးနိမ့်နေတဲ့ အချိန်မှာ ကောင်းမွန်မှန်ကန်တဲ့ စိတ်ဓာတ်နဲ့ တုံ့ပြန်နိုင်ဖို့ဆိုတာ ခက်ခဲပါတယ်... ဒါပေမဲ့

# သင်ဟာအောင်မြင်တဲ့ သင်ယူသူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ အရှုံးတွေပေါ်မှာ သင်ရဲ့တုံ့ပြန်ပုံ ချဉ်းကပ်ပုံကို
မဖြစ်မနေ ပြောင်းလဲရပါမယ်...

# ပြဿနာဆိုတာ သင်ယူချင်စိတ် ရှိသူအတွက် သင်ယူဖို့အခွင့်အလမ်း ဖြစ်ပါတယ်...

အရေးကြီးတာက သင်ဟာ ယနေ့
ဘာပဲ့ဖြစ်ခဲ့ဖြစ်ခဲ့ ဘာပဲ့ဖြစ်နေဖြစ်နေ
ပိုကောင်းတဲ့ မနက်ဖြန်ကို တည်ဆောက်
ဖန်တီးနိုင်ဖို့ ဖြစ်ပါတယ်...

လူတော်တော်များဟာ အရှုံးကို ကြောက်ကြပါတယ်...
ဒါကြောင့်ပဲ့ သူတို့မအောင်မြင်တာပါ...
လက်တွေ့ဘဝမှာ အရာရာကို လုံခြုံရေး
အမြင်နဲ့ ရှုမြင်သုံးသပ်တာ ကောင်းပါတယ်...
ဒါပေမဲ့ လုံခြုံရေးအမြင်က တစ်ဖက်စွန်းရောက်လွန်းရင်တော့ အောင်မြင်မှုနဲ့ အလှမ်းဝေးတတ်ပါတယ်...
ဆိုလိုတာက..

# ရှုံးနိမ့်မှာကြောက်လို့ ဘာမှမလုပ်
မကိုင်ဘူးဆိုရင် အောင်မြင်မှုဆီကိုလည်း
ဘယ်လိုမှ ရောက်နိုင်မှာ မဟုတ်ပါဘူး...

သေးသေးလေး ရှုံးနိမ့်မှာကို ကြောက်တဲ့အတွက် ကြီးမားတဲ့ အောင်မြင်မှုတွေနဲ့ လွဲချော်ရတတ်ပါတယ်...

# အောင်မြင်ချင်တဲ့ သူတွေက သေးသေးလေး ရှုံးနိမ့်မှာကို ဘယ်တော့မှ မကြောက်ရွံ့ကြပါဘူး...
သူတို့ရဲ့မူက...

# မြန်မြန်ရှုံး မြန်မြန်ပြန်ကြိုးစား မြန်မြန်ပြန်အောင်မြင်ဆိုတဲ့ မူပဲဖြစ်ပါတယ်...

ဒါပေမဲ့ သေးသေးရှုံးနိမ့်မှု မဟုတ်ဘဲ ကြီးမားတဲ့ ရှုံးနိမ့်မှုတွေ မရင်ဆိုင်ရအောင်တော့ ကြိုတင်ကာကွယ်နိုင်ရပါမယ်...
ကျွန်တော်တို့ တော်တော်များများဟာ
မိမိတို့အောင်မြင်ခဲ့တဲ့ ဖြစ်ရပ် (Success Story)တွေကို ထပ်ကာထပ်ကာ စမြုံ့ပြန်ပြီး အခါအခွင့်သင့်တိုင်း ပြန်ပြောကြလေ့ရှိပေမယ့်...
မိမိတို့ ကျဆုံးခဲ့တဲ့ဖြစ်ရပ် (Fail Story)တွေကနေ သင်ယူဖို့ကျတော့ မေ့လျော့နေကြပါတယ်... တကယ်တော့
အောင်မြင်ခဲ့တဲ့ ဖြစ်ရပ်တွေထက် ကျဆုံးခဲ့တဲ့ ဖြစ်ရပ်တွေဆီကနေ ပိုမို သင်ယူနိုင်တာ ဖြစ်ပါတယ်...

လူတိုင်းဟာ ကိုယ်ရောက်တဲ့ နေရာကနေဘဝကို စတင်နိုင်တယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့...

"တစ်ခါတလေ သင်...အနိုင်ရမယ်
တစ်ခါတလေ သင်...သင်ယူရမယ်''
သင်ဘယ်တော့မှ မရှုံးဘူး

# Credit_To>>မိုးယံဦး(ဘိတ်သား)

အိုလာရင် ဘာတွေပြင်ဆင်ထားရမလဲ။***************************ကျွန်တော်တို့အားလုံး အိုရမဲ့လူတွေကြီးကြီးပါ။ခုမအိုသေးပေမဲ့...
15/07/2019

အိုလာရင် ဘာတွေပြင်ဆင်ထားရမလဲ။
***************************

ကျွန်တော်တို့အားလုံး အိုရမဲ့လူတွေကြီးကြီးပါ။
ခုမအိုသေးပေမဲ့ ဖတ်ထားရင် ကိုယ့်အတွက် ကာကွယ်ဖို့ ပြင်ဆင်ချိန်ရသလို၊ ကိုယ့် မိဘတွေအတွက် ဆန်းစစ် ဆင်ခြင်လို့ ရနိုင်ပါတယ်။
အကြံလည်းပေးလို့ရတာပေါ့၊ အိုလာရင် ဘာတွေပြင်ဆင်ထားသင့်သလဲ၊ ဘာသာရေး ရူ့ ဒေါင့်ကနေမဟုတ်ပဲ လက်တွေ့ ဘ၀ရူ့တောင့်ကနေ ဆွေးနွေးကြည့်ရအောင်....

၁။ အိုဖေါ်>>> လင်အိုမယားအို မေတ္တာကောင်းမွန်နေဖို့လိုပါတယ်။
အရင်တုန်းက ချစ်ခဲ့ကြပေမဲ့ အသက်ကြီးလာတော့ တစ်ယောက်မျက်နာ တစ်ယောက်ကြည့်မရတာမျိုး မဖြစ်သင့်ဘူး။
ယော့က်ျားက သားဘက်၊ မိန်းမက သမီးဘက် ပိုရပ်တည်တာမျိုး မဖြစ်ရဘူး။ ငယ်ရွယ်တုန်းက လင်မယားဆိုပေမဲ့ အိုလာရင် အဖေါ် မွန်ဖြစ်ဖို့၊ ရပ်တည်ချက်တူညီဖို့ အလွန်အရေးကြီးပါတယ်။

ငယ်ငယ်တုန်းကတော့ ယော့က်ျားပိုက်ဆံရှာ၊ ယော့က်ျား အင်အားကောင်းတော့ အပြင်မှာ ပွေချင်တိုင်းပွေ၊ သောက်စားချင်တို်င်းသောက်စား၊ အိမ်ကမိန်းမကို ခိုင်းဖတ်လိုသဘောထားပြီး အော်လိုက်ငေါက်လိုက် လုပ်တဲ့ ယောက်ျားမျိုးဟာ၊
အိမ်ထောင်သက် အနှစ် ( ၂၀ ) နောက်ပိုင်းမှာ သားသမီးတွေ ကြီးလာရင် သားသမီးများက အမေဘက်က ရပ်တည်တာ ခပ်များများဆိုတော့ အရင်က ခံခဲ့သမျှ ရန်ညိုး ပြန်ဆပ်တတ်တယ်။
ဒါကြောင့် ကိုယ်အသက်ကြီးတဲ့အခါ ကိုယ့်မိန်းမ ကိုယ့်ကို တကယ်ကောင်းစေချင်ရင် ကိုယ်က သူတို့အပေါ် အရင်ကောင်းထားရတယ်။

၂။ အိုသိုက် >>> နေဖို့ထိုင်ဖို့ အိမ်တစ်လုံး ရှိထားဖို့လိုပါတယ်။ အဲဒီအိမ်ကိုလည်း မသေမချင်း ထိမ်းထားဖို့လိုပါလိမ့်မယ်။
ကိုယ်က မကြာမှီသေတော့မယ်ဆိုပြီး စောစောစီးစီးထုခွဲပြီး
အမွှေမခွဲပေးလိုက်နဲ့၊ ကိုယ်နေဖို့ပျောက်သွားနိုင်တယ်။
မပျောက်သွားတာတောင်မှ သားသမီးမျက်နာ ( သို့ ) ချွေးမနဲ့ သမက်မျက်နာ ကြည့်ပြီး အသက်ရှင်ရတာ မတန်ဘူး။

၃။ အိုစာ >>> အိုစာမင်းစာကို ဆိုလိုပါတယ်။ ရွှေဖြစ်ဖြစ်၊ ပိုက်ဆံဖြစ်ဖြစ် ကိုယ့်အတွက် ကိုယ်ချန်ထားရတယ်။
သားသမီး စီးပွားရေးလုပ်ဖို့ အရင်းအနီး မရှိဘူးဆိုပြီး
အကုန်ထုတ်မပေးလိုက်နဲ့၊ အားလုံးပေးလိုက်ရင် အိမ်ကဆင်းသွားရနိုင်တယ်။

အချစ်ရဲ့သဘာဝဟာ နောင်မျိုးဆက်ကိုပဲ ဆင့်ပွားပါတယ်။
သားသမီး ကို ချစ်တယ်ဆိုတာ သတ္တ၀ါတိုင်းရဲ့ မွေးရာပါ သဘာဝဖြစ်ပါတယ်။ မိဘကိုရိုသေတယ်ဆိုတာ ဘာသာရေးအဆုံးအမနဲ့ သွန်သင်ယူရတယ်။
မွေးမြူယူရပါတယ်။ အဲဒါကြောင့် မသေချာတတ်ဘူး။

မိဘများဟာ သားသမီး ( ၁၀ ) ယောက်ကို အပြုံးမပျက် ကျွေးမွေးနိုင်ပေမဲ့၊ သားသမီး (၁၀ ) ယောက်ဟာ မိဘ နှစ်ပါးကို ဆူပုတ်လောက်အောင် ကျွေးမွေးရတယ်ဆိုတဲ့ စကားပုံတစ်ခုကို ကြားဖူးပါတယ်။
ဒါကြောင့် မအိုသေးခင်မှာ ကိုယ့်အတွက် အိုစာချန်ပါ။

၎။ အိုရေး >>> အိုတဲ့အခါမှာ ရှိတဲ့ကျန်းမာရေးကို အတိုကောက်ရေးလိုက်တာပါ။ အိုလာရင် ကိုယ့်ကျန်းမာရေးကို ကိုယ်ဂရုစိုက်ရတယ်။
မနက်တိုင်းလမ်းလျှောက်တာမျိုး၊ အဖွဲ့လိုက်လေ့ကျင့်ခန်းလုပ်တာမျိုး ပါဝင်သင့်ပါတယ်။

ကောင်းကောင်းမလျှောက်နိုင်ရင်လည်း ၊ လုပ်ရှားနိုင်သမျှ အတတ်နိုင်ဆုံး ကိုယ်လက်လုပ်ရှားပေးသင့်ပါတယ်။ ကိုယ့်ရဲ့ ကျန်းမာရေးကောင်းမွန်ခြင်းဟာ ကိုယ့်အတွက်ပါမဟုတ်၊ သားသမီးများအတွက်ပါ လဒ်တစ်ပါးဖြစ်ပါတယ်။ သူတို့ ကိုယ့်အတွက် သိပ်မပူရရင် သူတို့အလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်လို့ရတာပေါ့။

၅။ အိုစိတ် >>> အိုလာရင် စိတ်နေစိတ်ထား မှန်မှန်ကန်ကန် ထားတတ်ဖို့လိုပါတယ်။ ကိုယ်အသုံးမကျတော့ဘူးဆိုပြီး မသိမ်ငယ်သင့်ပါဘူး။ သေခြင်းတရားကို တွေးတောပြီး ကြောက်မနေသင့်ပါဘူး။
မေ့မေ့လျော့လျော့ နေထိုင်သင့်ပါတယ်။ တစ်ရက်အသက်ရှင်ရင် တစ်ရက်အမြတ်ပဲ၊ တန်အောင်အသက်ရှင်ရမယ် ဆိုတဲ့စိတ်မျိုး မွေးမြူ ရပါမယ်။ ကျန်းမာရေး အဆင်ပြေရင် အလှူပွဲတွေ၊ ကူညီမူ လုပ်ရှားမူတွေ ၊ ဘာသာရေးပွဲတွေ ကိုယ်တတ်နိုင်တဲ့ဘက်ကနေပြီးတော့မှ ပါဝင်လုပ်ရှားသင့်ပါတယ်။ စိတ်ဓါတ်ရွှင်လန်းပြီး သန့်သန့် ပြန့်ပြန့် နေထိုင်သင့်ပါတယ်။

အသက်ကြီးသူများ အားလုံး ကျန်းမာချမ်းမြေ့ နိုင်ကြပါစေ။

Credit _ Aung Ko Latt.

သင် အသက်( 20 - 28 ) ဆိုလျှင် ဒါကိုမဖြစ်မနေဖတ်ပါ-----------အလွတ်ရသလောက်နီးပါးဖြစ်အောင် ဖတ်ထားလိုက်ပါ အကျိုးရှိပါတယ်..အ...
23/05/2018

သင် အသက်( 20 - 28 ) ဆိုလျှင် ဒါကိုမဖြစ်မနေဖတ်ပါ
-----------

အလွတ်ရသလောက်နီးပါးဖြစ်အောင် ဖတ်ထားလိုက်ပါ အကျိုးရှိပါတယ်..

အသက် (၂၀)ကျော်အရွယ်ဟာ ဘ၀မှာ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာအပြောင်းအလဲတွေဖြစ်လာသလို မိဘတွေကလည်း အရွယ်ရောက်လာသူတစ်ယောက်အနေနဲ့ ဆက်ဆံလာချိန်ဖြစ်ပါတယ်။ ပြီးတော့ ဒီအရွယ်မှာ ငွေရှာဖို့အတွက်ကိုလည်း အရမ်းကိုစိတ်အားထက်သန်နေပြီ ဖြစ်ပါတယ်။ ဒီအရွယ်မှာ သင့်အနေနဲ့ ဘွဲ့တစ်ခုခုရပြီးသည်ဖြစ်စေ မရသေးဘူးဖြစ်စေ၊ (၂၀)ကျော်အရွယ်နဲ့ နောက်ပိုင်းမှာ အောင်မြင်ဖို့အတွက် စတင်ပြင်ဆင်တတ်ဖို့အရေးကြီးပါတယ်။ အများစုကတော့ ဒီအချိန်မှာ ထူးထူးခြားခြားပြောင်းလဲမှုတွေကိုလုပ်ဆောင်ဖို့နဲ့ ကြီးကြီးမားမားအောင်မြင်မှုကို ရယူဖို့က အရမ်းငယ်သေးတယ်လို့ ယူဆတတ်ကြပါတယ်။ တကယ်တော့ အသက်(၂၀)ကျော်အရွယ်ဆိုတာ သင့်ရဲ့ဘ၀ တလျှောက်လုံးမှာ အောင်မြင်မှုတွေဆွတ်ခူးရယူနိုင်ဖို့အတွက် အလေ့အကျင့်ကောင်းတွေကို စတင်ပျိုးထောင် မွေးမြူသင့်တဲ့အချိန်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် (၂၀)ကျော်တွေအတွက် ဒီနေ့လုပ် မနက်ဖြန်မှာ ထူးခြားချက်တွေ ခံစားရမယ့် လုပ်ဆောင်စရာ(၇)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ လေ့လာသင်ယူပါ။

သင့်ရဲ့ပညာရေးကိုဆုံးခန်းတိုင်ပြီလို့ မသတ်မှတ်လိုက်ပါနဲ့။ ဆက်လက်လေ့လာသင်ယူနေဖို့လိုပါတယ်။ ဒီလိုပြောလို့ အလုပ်ထွက်ပြီး MBA ဘွဲ့သွားယူဖို့ ဆိုလိုတာမဟုတ်ပါဘူး။ သင်တတ်နိုင်သမျှ အရာအားလုံးကို သင်ယူတတ်ဖို့ပဲဖြစ်ပါတယ်။ ဘာမဟုတ်တဲ့အရေးကိစ္စအတွက် အချိန်တွေအလဟဿကုန်ဆုံးနေမယ့်အစား အခမဲ့တက်ရောက်နိုင်တဲ့ သင်တန်းကျောင်းတွေမှာ လေ့လာသင်ယူပါ။ အချိန်မရှိဘူးဆိုရင်လည်း အွန်လိုင်ကနေ အခမဲ့သင်ကြားပေးနေတာတွေရှိပါတယ်။ ကြိုးစားရှာဖွေ လေ့လာပါ။

၂။ အမှားလုပ်မိဖို့ မကြောက်ပါနဲ့။

အမြန်လှုပ်ရှားရင် မတော်တဆမှုတွေဖြစ်တတ်ပါတယ်။ ဒါပေမယ့် မတော်တဆမှုကိုကြောက်နေရင် မြန်မြန်လှုပ်ရှားနိုင်မှာမဟုတ်ပါဘူး။ လူအများစုက အလုပ်ပြောင်းတာလိုမျိုး ထူးခြားတဲ့ပြောင်းလဲမှုတွေ လုပ်ရမှာကို မှားသွားမလား စိုးရိမ်ကြောက်လန့်တတ်ကြပါတယ်။ သင့်အတွက် တစ်ခုခုအဆင်မပြေဘူးခံစားရရင် ရုန်းထွက်ဖို့အတွက် ကြောက်နေလို့ မဖြစ်ပါဘူး။ နယ်ပယ်သစ်မှာ သင်အခက်တွေ့ချင်တွေ့နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုရုန်းထွက်လိုက်မှသာ သင်နဲ့ကိုက်ညီမှုကို ရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပါတယ်။ တစ်ခုမှတ်ထားရမှာက သင်ဘယ်ကြိမ်ရှုံးနိမ့်လဲဆိုတာထက် သင်ဘယ်လောက်အောင်မြင်လဲဆိုတာကိုပဲ လူတွေက အရေးစိုက်ကြတာပါ။

၃။ အသုံးစရိတ်၊ စုဆောင်းမှု နဲ့ ရင်းနှီးမြုပ်နှံမှု

ဒီတစ်ခုကို သင်စိတ်ဝင်စားမှာပါ။ သင့်ရဲ့ငွေကြေးနဲ့ ပတ်သက်ပြီးဘယ်လို စီမံရမယ်ဆိုတာက အရမ်းကိုအရေးကြီးပါတယ်။ ကဲ တွက်ကြည့်ရအောင်။ အသက်(၂၅)နှစ်မှာ စတင်ပြီး တစ်လမှာ ဒေါ်လာ(၂၀၀) စုဆောင်းတယ် ဒါမှမဟုတ် ရင်းနှီးမြုပ်နှံမှုလုပ်တယ် ဆိုကြပါစို့။ သင့်အနေနဲ့ စုဆောင်းရင်းနှီးမြုပ်နှံငွေရဲ့ တစ်နှစ်ကို (၅)ရာခိုင်နှုန်းပဲ ပြန်ရမယ်ဆိုရင်တောင် အသက်(၆၅)နှစ်အရွယ်ရောက်တဲ့အခါမှ စုစုပေါင်း ဒေါ်လာ (၃၀၅၂၀၄) အထိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ (၂၀)ကျော်အရွယ်နဲ့ (၃၀)အစောပိုင်းကို လစ်လျူရူပြီး (၃၅)နှစ်မှ စတင်စုဆောင်းရင်းနှီးမယ်ဆိုရင်တော့ အသက်(၆၅)နှစ်မှာ ဒေါ်လာ (၁၆၆၄၅၁) လောက်ပဲ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

၎။ စာရေးပါ။

ရည်မှန်းချက်ပန်းတိုင်တွေ ချရေးပါ။ မှတ်စု စာအုပ်မှာ စာရေးပါ။ စာအုပ်တစ်အုပ် ဒါမှမဟုတ် စီးပွားရေးစိတ်ကူးတွေ၊ စီမံချက်တွေ၊ လုပ်ချင်တာတွေ အားလုံးကို ချရေးထားပါ။ ဒီလို ချရေးထားတာဟာ သင့်ရဲ့စိတ်ကူးတွေ အတွေးတွေကိုဖော်ပြဖို့အတွက် အကောင်းဆုံးနည်းလမ်းဖြစ်ပြီး သင့်ဦးနှောက်ကိုလည်း ဆန်းသစ်တီထွင်ဉာဏ်တွေ ဖွံ့ဖြိုးလာစေမှာဖြစ်ပါတယ်။ ပိုပြီး မိုက်တာမျိုးလုပ်ချင်လား? သင်စိတ်ဝင်စားတဲ့ အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး မှတ်တမ်း တစ်ခုရေးပါ။

၅။ လေ့ကျင့်ခန်းလုပ်ပါ။ တရားမှတ်ပါ။

ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ဖို့အတွက် လူတိုင်းလေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းကြောင့် တစ်နေ့လုံးနေလို့ကောင်းနေမှာဖြစ်ပြီး အခက်အခဲတွေကို ကျော်ဖြတ်ဖို့ ယုံကြည်မှုတွေလည်း ပိုရှိလာစေမှာဖြစ်ပါတယ်။ သင့်ရဲ့ဦးနှောက် ကျန်းမာဖို့အတွက်ကတော့ တရားထိုင်ပေးရမှာ ဖြစ်ပါတယ်။ တရားထိုင်တာက သင့်ရဲ့စိတ်ကို ကြည်လင်လန်းဆန်းစေပြီး မှန်ကန်တဲ့ အတွေးတွေနဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်မှာဖြစ်ပါတယ်။ နောက်ထပ်နည်းလမ်းတစ်ခုအနေနဲ့ ယောဂ လေ့ကျင့်မယ်ဆိုရင်လည်း ဖြစ်ပါတယ်။

၆။ မိမိကိုယ်ကို အခြားလူတွေနဲ့ မနှိုင်းယှဉ်ပဲ ကိုယ်ပိုင်စိတ်ကူးအိပ်မက်တွေကို အာရုံစိုက်ပါ။

သင့်ရဲ့သူငယ်ချင်းတွေ မိတ်ဆွေတွေ ဘယ်လိုအလုပ်အကိုင်ကောင်းတွေ လုပ်နေတယ်၊ ဘယ်လိုဝင်ငွေကောင်းနေတယ်ဆိုတာတွေ လိုက်ကြည့်ပြီး ကိုယ့်ကိုယ်ကို စိတ်ပျက်မနေပါနဲ့။ ကိုယ်ပိုင် ရည်မှန်းချက်တွေ၊ စိတ်ကူးအိပ်မက်တွေကိုပဲ အာရုံစိုက်ပါ။ ရည်မှန်းချက်ပန်းတိုင်ဆီကိုရောက်ဖို့ သင်တတ်နိုင်သမျှအရာအားလုံးကို သင်ယူလေ့လာနိုင်ဖို့ လှုပ်ရှားပါ။

၇။ ပေးကမ်းပါ။

အကျိုးကျေးဇူးတစ်စုံတစ်ရာပြန်မရနိုင်တာကြောင့် အပေးအကမ်းမရှိတာမျိုး မဖြစ်ပါစေနဲ့။ ပြန်ရဖို့ကို မျှော်လင့်မနေသင့်ပါဘူး။ လူမှုအဖွဲ့အစည်းကောင်းကျိုးအတွက် ပေးဆပ်ဖို့ကို တစ်စက္ကန့်မှ နှောင့်နှေ့မနေပါစေနဲ့။ ကူညီနိုင်မယ့်နည်းလမ်းတွေအများကြီးရှိပါတယ်။ ငွေကြေးဥစ္စာပေးကမ်းတာမှ မဟုတ်ပါဘူး။ သင်တတ်ထားတဲ့ ပညာတွေကို ဝေမျှသင်ကြားပေးတာမျိုးလည်း လုပ်နိုင်ပါတယ်။

အသက်(၂၀)ကျော်အရွယ် လူငယ်လူရွယ်တွေဟာ အရာအားလုံးကို စွမ်းဆောင်အောင်မြင်နိုင်တယ်လို့ ယုံကြည်ထားပြီး အလေ့အကျင့်ကောင်းတွေကို မွေးမြူတတ်ဖို့အရေးကြီးကြောင်း တိုက်တွန်းလိုက်ပါတယ်။

Credit - အနာဂတ်အလင်းတန်းများ — with Nyein.

အသက် ( ၂၀ ) ကျော်ပြီဆိုရင် ဒီအချက်တွေကိုအကောင်အထည်ဖော်ပါ။ ဆယ်ကျော်သက်အရွယ်ကိုကျော်လာပါပြီ။ ဒါပေမယ့် လူကြီးတစ်ယောက်လဲမဟုတ...
23/09/2017

အသက် ( ၂၀ ) ကျော်ပြီဆိုရင် ဒီအချက်တွေကိုအကောင်အထည်ဖော်ပါ။
ဆယ်ကျော်သက်အရွယ်ကိုကျော်လာပါပြီ။ ဒါပေမယ့် လူကြီးတစ်ယောက်လဲမဟုတ်သေးပါဘူး။ ဒီအချိန်ဟာ ဘ၀ရဲ့ရွှေရောင်အတောက်ပဆုံးအချိန်လို့ပြောရင်လည်းမမှားပါဘူး။
ဒါကြောင့် အသက်ရှင်ရကျိုးနပ်စေမယ့် ဒီအချက်လေးတွေကို ကိုယ်တိုင်လုပ်ဆောင်ကြည့်ပါ။
၁. စိတ်ချမ်းသာဖို့အာရုံစိုက်ပါ။
စိတ်ချမ်းသာတယ်ဆိုတာဘာလဲ ? သူတစ်ပါးအပေါ်မှာစိတ်ပိုင်းဆိုင်ရာအမှီခိုကင်းခြင်း၊ လွှမ်းမိုးမခံရခြင်း၊ အကောင်းမြင်စိတ်၊ သဘောထားပြည့်ဝခြင်း၊ ပွင့်လင်းခြင်းတို့ အချိုးကျ
ပေါင်းစပ်လိုက်တဲ့အခါမှာ စိတ်ချမ်းသာမှုကိုရပါလိမ့်မယ်။ ကိုယ့်ရဲ့စိတ်ချမ်းသာမှုဟာ ကိုယ့်ဆီကပဲလာပါတယ်။ တခြားသူကကိုယ်စိတ်ချမ်းသာအောင်ထားဖို့ မမျှော်လင့်ပါနဲ့တော့။
မင်းအသက်အရွယ်ရလာတဲ့အခါမှာ မင်းရဲ့စိတ်ချမ်းသာမှုထက် သူတစ်ပါးရဲ့စိတ်ချမ်းသာမှုကိုဦးစားပေးရတာများလာပါလိမ့်မယ်။ ဒါကြောင့် လူငယ်ဘ၀မှာ ကိုယ်စိတ်ချမ်းသာဖို့
ကိုအာရုံစိုက်ပါ။ တစ်နည်းအားဖြင့် အနည်းငယ်တစ်ကိုယ်ကောင်းဆန်ပါ။
၂. အသက်မွေးဝမ်းကြောင်းကိုစတင်ပုံဖော်ပါ။
ဘယ်လိုလူမျိုးအဖြစ် ဘ၀ကိုရပ်တည်ဖို့စဉ်းစားထားပါသလဲ ? မင်းကဆယ်ကျော်သက်မဟုတ်တော့တဲ့အတွက် လုပ်ငန်းတစ်ခုကိုအစပျိုးဖို့အချိန်ရောက်ပါပြီ။ ကိုယ်ရူးသွပ်ရတဲ့
စိတ်ကူးထဲကအလုပ်ကို ရုပ်လုံးပေါ်လာအောင် လက်တွေ့ဆန်ဆန်ကြိုးစားပါ။
၃. ခရီးများများထွက်ပါ။ တစ်ကိုယ်တော်ခရီးထွက်ပါ။
ဒါကဘ၀ရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံး အတွေ့အကြုံတွေကိုရနိုင်မှာပါ။ သူစိမ်းတွေကို ပြုံးပြပြီးဖော်ရွေလိုက်စမ်းပါ။ မရောက်ဖူးသေးတဲ့နေရာကရှုခင်းတွေကို ကင်မရာတစ်လုံးနဲ့
မှတ်တမ်းတင်လိုက်စမ်းပါ။အပူအပင်ကင်းကင်းနဲ့ လေလာရာကိုရွက်လွှင့်လိုက်စမ်းပါ။ ဒီအရွယ်မှဒါတွေကိုမလုပ်ရင်
မင်းအသက် ၃၀ကျော်တဲ့အခါရုံးခန်းထဲကကွန်ပျူတာရှေ့မှာထိုင်ပြီး နောင်တရနေပါလိမ့်မယ်။
၎. အပေါင်းအသင်းတွေကိုအချိန်ပေးပါ။
မင်းကျောင်းပြီးသွားတာနဲ့ ဒီသူငယ်ချင်းတွေကို နေ့တိုင်းတွေ့ဖို့မလွယ်တော့ပါဘူး။ ဒါပေမယ့်စဉ်းစားကြည့်ရအောင် ။ ရည်းစားနဲ့အဆင်မပြေတိုင်း တိုင်ပင်ရမယ့်သူ၊
မင်းရဲ့မင်္ဂလာပွဲကိုလာမယ့်သူ၊ မင်းရဲ့ သမီးလေးမွေးနေ့ကိုလာမယ့်သူ၊ အလုပ်ခွင်မှာစိတ်ညစ်ရတိုင်း ရင်ဖွင့်ရမယ့်သူ၊ ယုတ်စွအဆုံး ငွေကြေးအခက်အခဲဖြစ်ရင် ကူညီမယ့်သူဟာ
ဒီသူငယ်ချင်းတွေပါပဲ။ ဒါကြောင့် ဒီသူငယ်ချင်းတွေကို အချိန်ပေးနိုင်တုန်းမှာ တန်ဖိုးထားကြရအောင်။
၅. အိမ်ခွဲနေပါ။
အိမ်မှာလူကြီးတွေမရှိတဲ့အချိန်ဆို အလွတ်လပ်ဆုံးပဲမလား ? ကိုယ်ပိုင်ဝင်ငွေရှိပြီဆိုရင်တော့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့ကြိုးစားသင့်ပါပြီ။
မိဘရင်ခွင်ရဲ့အဝေးမှာ အခက်အခဲတွေလဲရှိသလို အတွေ့အကြုံကောင်းတွေလဲ တွေ့ရမှာပါ။ ဒီလိုအကောင်းအဆိုးတွေကိုရင်ဆိုင်ရင်းနဲ့ ရင့်ကျက်မှုကို တည်ဆောက်ရမှာပါ။
၆. ကိုယ့်ကိုကိုယ်ချစ်ပါ၊ အချစ်ခံပါ။
အသက် ၂၀ မတိုင်ခင်ကတွေ့ခဲ့တဲ့အဆက်ဟောင်းတွေကြောင့် အချစ်ရေးကံမကောင်းဘူးလို့ယုံကြည်မထားပါနဲ့။
အချစ်ခံရဖို့ အထူးတလည်ကြိုးစားနေစရာမလိုပါဘူး။ ကိုယ့်ကိုကိုယ်ချစ်တဲ့အခါ ကိုယ့်ကိုချစ်တဲ့သူရှိလာပါလိမ့်မယ်။
၇. အရမ်းလိုချင်နေတဲ့အရာတွေကို ပိုင်ဆိုင်အောင်ကြိုးစားပါ။
လိုချင်တဲ့ပစ္စည်းကိုရယူဖို့ခက်ခဲလေ ကိုယ့်ရဲ့အစွမ်းအစကိုအသုံးချရလေပါ။ ပိုင်ဆိုင်ရတာနဲ့အမျှကိုယ့်ကိုကိုယ် ယုံကြည်မှုပိုတတ်လာတာကို အထူးပြောစရာမလိုပါဘူး။
ဒါဟာ လူငယ်တစ်ယောက်မှရှိသင့်တဲ့ အတ္တ သို့မဟုတ် အစွမ်းအစတစ်မျိုးဖြစ်ပါတယ်။
၈. မေးမြန်းတောင်းဆိုဖို့မတွန့်ဆုတ်ပါနဲ့။
လူကြီးမဖြစ်သေးဘူးဆိုတာကိုမမေ့ပါနဲ့။ မင်းမသိသေးတဲ့အရာတွေအများကြီးရှိပါသေးတယ်။ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် ချစ်သူနဲ့ပြောဆိုရာမှာပဲဖြစ်ဖြစ်မသိသေးတဲ့အရာတွေကိုပွင့်လင်းစွာမေးပြီး လိုအပ်တာကို ရိုးသားစွာတောင်းဆိုပါ။
ဒီလိုမေးမြန်းတောင်းဆိုပိုင်ခွင့် မင်းမှာအပြည့်အ၀ရှိပါတယ်။ ဒါဟာ သင်ယူခြင်းတစ်မျိုးပါပဲ။
၉. ကိုယ့်ကိုကိုယ်စောင့်ရှောက်ပါ။
အစားအသောက်၊ အနေအထိုင်၊ အသားအရေထိန်းသိမ်းပုံ တို့သာမက ပညာရေး လူမှုရေး စီးပွားရေး ကျန်းမာရေးတို့ကိုပါ ဂရုစိုက်ပါ။
ဒီအချိန်မှာ ကိုယ့်ကိုကိုယ်မစောင့်ရှောက် မထိန်းသိမ်းခဲ့ရင် အသက် ၄၀ မှာ နောင်တရရပါလိမ့်မယ်။
၁၀. စားချင်တာစားပါ။
ဒီအရွယ်မှာ ခန္ဓာဗေဒဖြစ်စဉ်တွေက နောက် ၁၀ နှစ်ထပ် ၁၀ ဆပိုမိုကောင်းမွန်နေသေးတဲ့အတွက် အရသာရှိတာအများကြီးကိုစားလို့ရပါသေးတယ်။
ကိုယ်စားချင်တာကိုကိုယ်တိုင်ချက်ပြုတ်နိုင်ဖို့သင်ယူပါ။ မတူညီတဲ့အစားသောက်နဲ့ အရသာတွေကို မြည်းစမ်းပါ။
၁၁. ကိုယ့်အပေါ်မကောင်းသူတွေကိုရှောင်ပါ။
အပေါင်းအသင်းဆိုးတစ်ရာ ထပ် သူငယ်ချင်းကောင်းတစ်ယောက် ကပိုသာပါတယ်။ ကျောင်းသားဘ၀ကလို အနိုင်ကျင့်တတ်သူ အကျင့်ဆိုးရှိသူတွေကို
ရှောင်ပါ။
၁၂. ကိုယ့်ဘ၀ရဲ့အဓိပ္ပာယ်ကိုရှာပါ။
၂၀ ကျော်အရွယ်မှာ အလုပ် တစ်ဖက်နဲ့ နေ့စဉ်ဘ၀ကနှစ်မြှပ်နေဖို့လွယ်ပါတယ်။ ဒါကကိုယ်ဖြစ်ချင်တဲ့ဘ၀လား ? ရေရှည်အနေနဲ့ဘယ်လိုရပ်တည်မလဲ ?
ဒီအရွယ်မှာ ကိုယ်ဖြစ်ချင်တဲ့ ဘ၀ကို ကိုယ်တိုင်ပုံဖော်ဖို့အခွင့်အရေးရှိပါတယ်။ နောက်ကျမှသာ ကိုယ်လိုချင်တဲ့ဘ၀ကို သိမယ်ဆိုရင် ဒီအသက်အရွယ်မှာသာ
ရှိနိုင်တဲ့ စိတ်အားထက်သန်မှု၊ ခွန်အား၊ ငယ်ရွယ်မှုတွေကပြန်မရနိုင်တာ့ပါဘူး။
လူငယ်တွေအတွက် သုတ ရသများကို တင်ဆက်ပေးနေတဲ့ Page ကို Like လုပ်ထားပါဦး။
Credit - - - - ( ဘဝပန်းတိုင် - အောင်မြင်ရေးနည်းပြ )

24/06/2017

3D Rendering & Architectural Visualization.

အလိုမကျတိုင်း ရန်ရှာနေရင်လူမိုက်ဖြစ်သွားလိမ့်မယ်…စိတ်ညစ်တိုင်း အရက်သောက်နေရင်အရက်သမားဖြစ်သွားတတ်တယ်…အခက်အခဲတွေ့တိုင်းညည်...
17/02/2017

အလိုမကျတိုင်း ရန်ရှာနေရင်
လူမိုက်ဖြစ်သွားလိမ့်မယ်…

စိတ်ညစ်တိုင်း အရက်သောက်နေရင်
အရက်သမားဖြစ်သွားတတ်တယ်…

အခက်အခဲတွေ့တိုင်း
ညည်းတွားနေရင် အောင်မြင်မှု့ဆိုတဲ့လမ်း
ပျောက်သွားတတ်တယ်…

အရာရာကို မကောင်းမြင်နေရင်
အဆိုးမြင်ဝါဒီလို့ ခေါ်ခံရလိမ့်မယ်…

အကောင်းမြင်စိတ်ထားတာပါဆိုပြီး
မကောင်းတာကို အကောင်းလုပ်ပြောနေရင်လဲ ငပေါကြီးဖြစ်တတ်တယ်…

ကောင်းတာလေးတွေကို ချီးမွမ်းပြီး
မကောင်းတာတွေကို ဖုံးကွယ်ထားပြန်လဲ
မတရားသော ဘက်လိုက်သူလို့ ပြောခံရလိမ့်မယ်…

ငါလုပ်ဖို့ စောနေသေးတယ် အချိန်အများကြီးကျန်ပါသေးတယ် တွေးတဲ့အခါမှ နောက်ကျသွားတတ်တယ်…

အရာရာဟာ နောက်ကျသွားပြီ
ဘာမှမလုပ်နိုင်ဘူးခံယူလိုက်တာကလဲ
ဘဝကိုအရှုံးပေးလိုက်ရာကျတယ်…

ဘဝဆိုတာ ဝမ်းနည်းစရာပဲလို့ အမြဲထင်နေရင်
ပျော်ရွှင်မှု့ကိုရှာတွေ့မှာမဟုတ်ပြန်ပါဘူး…

အရာရာဟာ ငါ့အတွက်ချည်းပဲဆိုရင်လဲ
အတ္တ္တကြီးရာကျတာပေါ့…

အရာရာဟာ ငါ့အတွက်မဟုတ်ပါဘူးဆိုပြီး
မှိုင်နေရုံပဲရှိတာပေါ့လို့ ထင်လိုက်တာနဲ့
စိတ်ကျဝေဒနာရှင် ဖြစ်သွားလိမ့်မယ်…

ဘဝဆိုတာ တစ်စုံတစ်ယောက်က သတ်မှတ်ပြဋ္ဌာန်းပြီးသား
ဒါမှမဟုတ် အတိတ်ကံကသာ ချယ်လှယ်နေတယ် ယူဆလိုက်ရင်
ပစ္စုပ္ပာန်မှာ ရှုံးနိမ့်သွားလိမ့်မယ်…

ဘဝပျက်တယ် ယူဆရင်တော့
ကံကံ၏အကျိုး ပယ်ရာကျပြီး တစ်ဘဝစာအတွက်
မလုပ်သင့်တာတွေ လုပ်မိသွားတတ်တယ်…

ဘဝဆက်တယ် မြဲတယ်ဆိုပြီးစွဲလန်းနေရင်လဲ
နိဗ္ဗာန်နဲ့ဝေးသွားလိမ့်မယ်…

သူများပြောတိုင်းယုံနေရင်လည်း
အလိမ်ခံရတတ်တယ်…

ငါမြင်ရ ငါတွေ့ရမှု ငါကိုယ်တိုင်ကြုံဖူးမှ
လက်ခံမယ်ဆိုရင်လည်း ကိုယ့်အဖေအမေတောင်
ဟုတ်ပါ့မလားလို့ သံသယ ဝင်သွားနိုင်တယ်…

ခန္ဓာကြီးက ဘာမှမဟုတ်ဖူး မုန်းစရာကြီးပါဆိုပြီး
မစားမသောက် မပြုမပြင် ဂရုမစိုက်ပဲ
ပစ်စလက်ခတ်နေလိုက်ရင်လည်း ဒုက္ခဖိစီးပြီး အကျိုးမများနိုင်ပြန်ဘူး…

ခန္ဓာကြီးတွယ်တာ မက်မောပြီး အိုဟောင်းသွားတာတွေကို
နှမြောနေပြန်ရင်လည်း စိတ်သောက ဖိစီးပါလိမ့်မယ်…

သော့လေးတစ်ချောင်းရှိတယ်
အဲ့ဒီ သော့လေးနာမည်က အလယ်အလတ်လမ်းစဉ်တဲ့…

တကယ်တော့ ခန္ဓာကြီးကို မုန်းတီးနေရမှာ
ရွံရှာနေရမှာ မဟုတ်ပါဘူး…စွဲလန်းနေရမှာလဲ မဟုတ်ပါဘူး…
ရုပ်တရားရဲ့ ဖြစ်ပျက်ပြောင်းလဲပြီး
သူ့သဘောသူဆောင်နေတာလေးတွေ ရှု့မှတ်ပြီး
အမြဲမရှိနိုင်ပါလားလို့ မြင်တတ်တာကမှ ဥာဏ်အလင်းပါ…

ဘဝပျက်တယ် ဆက်တယ်ဆိုပြီး တထစ်ချကြီး အစွန်းရောက်မနေပါနဲ့…
အတိတ်နဲ့ အနာဂတ်ကြားက ပစ္စုပ္ပာန်မှာသာ ကောင်းအောင်လုပ်ပါ…
အဲ့ဒီ့အခါ ကျန်ခဲ့တဲ့အတိတ်လဲကောင်းပြီး နောင်လာမယ့်
ပစ္စုပ္ပာန်အလောင်းအလျာ အနာဂတ်ကလဲလှပနေမှာပါ…

သူများပြောတိုင်းခေါင်း ငြိမ့်နေဖို့မလိုသလို
ငါမဟုတ်ဖူးဆိုပြီး ခေါင်းခါဖို့ချည်းပဲမလိုပါဘူး…
အကြောင်းအကျိုးတွေ ဝေဖန်ဆန်းစစ်ပြီး
ဟုတ်နိုင်သည် မဟုတ်နိုင်သည် ဆုံးဖြတ်ပါ…

အရာရာဟာ ငါ့အတွက် သူ့အတွက်ပါလားလို့ မြင်တတ်ပါစေ…

တရားသေသတ်မှတ်ပြီးသား မဟုတ်သလို
ကိုယ်ပြုတဲ့ ကံတိုင်းဟာ အရာမထင်
အထောက်အပံမရှိတာမဟုတ်ပြန်ပါဘူး…
ပြုပြင်ပြောင်းလဲလို့ရတယ်ဆိုတာ နားလည်ပေးပါ…

နောက်ကျနေပြီ စောနေသေးတယ် မသတ်မှတ်ပါနဲ့
ကောင်းမယ်ဆိုရင် ထလုပ်လိုက်ပါ…

ကောင်းတာကိုလဲ မပစ်ပယ်ပါနဲ့…
မကောင်းတာကိုလဲ မဖုံးကွယ်ပါနဲ့…
ကောင်းတာကို ချီးမွမ်းပြီး
မကောင်းတာကို ထောက်ပြဝေဖန် ပြုပြင်ပေးပါ…

အခက်အခဲတွေ့တိုင်း စိတ်ပျက်အားလျော့စရာမလိုသလို…
အခက်အခဲကိုလဲ အခက်အခဲ မဟုတ်ပါဘူးဆိုပြီး
ပေါ့လျော့လို့မရပြန်ပါဘူး…
အခက်အခဲကို ဘယ်လိုကျော်လွှားရမလဲ
ဖြေရှင်းဖို့လုပ်တာက အသင့်တော်ဆုံးပါ…

အရက်သောက်တိုင်း စိတ်ညစ်တာမပျောက်သလို
စိတ်ညစ်တိုင်းအရက်သောက်ဖို့ တနည်းပဲရှိတာမဟုတ်ပါဘူး…
ဒီတစ်လမ်းပဲရှိတယ်လို့ ဆုပ်ကိုင်ထားလိုက်တာနဲ့ တခြားလမ်းတွေ မြင်နိုင်ဖို့မလွယ်တော့ပါဘူး…
စိတ်ညစ်တာကိုရင်ဖွင့်ဖို့ ကဗျာ သီချင်းလေးတွေ
သီကုံးပြီးဖွင့်ဆိုလဲရပါတယ်…

အလိုမကျတိုင်း ရန်ရှာနေလို့
အလိုမကျမှု့ကို အောင်နိုင်မှာ မဟုတ်ပါဘူး…
အလိုမကျမှု့ကို သီးခံတတ်မှ ငြိမ်းချမ်းမှု့ဆိုတဲ့
အောင်မြင်မှု့ကို ရရှိမှာပါ…

ဘယ်တော့မှ အစွန်းမရောက်ပါနဲ့…
အစွန်းရောက်တဲ့ အရာတိုင်းဟာ
ပြုတ်ကျဖို့ ပိုနီးတယ်ဆိုတာ သတိထားမိပါစေ…

Credit to Original Writer

11/02/2017

Software: AutoCAD, 3ds Max, V-Ray, Photoshop.

08/02/2017
အိမ်ဆောက်မာလား ဒါတွေကြည့်ပါအုံး
31/01/2017

အိမ်ဆောက်မာလား ဒါတွေကြည့်ပါအုံး

Address

Plam 5, Bangkok, Thailand
Old Lashio

Website

Alerts

Be the first to know and let us send you an email when TsHun posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TsHun:

Share