25/05/2024
မောင်နှမဆိုတာ ကမ္ဘာမြေကြီးကပေးလိုက်တဲ့
အခိုင်မာဆုံး သံယောဇဉ်ကြိုးတစ်ချောင်းပါ။
တစ်ခါတစ်လေ မိဘကိုတူတူဆိုးကြတာရှိမယ်
တစ်ခါတစ်လေ တူတူလိမ္မာကြတာလဲရှိပါတယ်
အကိုကြီးအဖရာ၊အမကြီးအမိရာ ဆိုသလို
မုန့်လေးဘာလေးစားရရင် ငါ့ညီ၊ငါ့ညီမအတွက်
ထားထားကြတာရှိလိမ့်မယ်။
အငယ်တွေကလဲ
ကိုယ့်အကိုကြီး၊အမကြီးတွေကို
အားကိုးကြပါတယ်။
ပြဿနာတစ်ခုခုဖြစ်ခဲ့ရင် အရင်တိုင်ပင်တာ
ကိုယ့် အကို၊အမတွေကိုပါ။
တစ်ခါတလေ အငယ်တွေကပြန်ပြီး
ဦးဆောင်ကြတာရှိတယ်။
ဒါပေမယ့် သူတို့အကိုကြီး၊
အမကြီးတွေကိုမမေ့ပါဘူး။
တစ်ခါတစ်လေရန်ဖြစ်ကြမယ်။
ပြီးရင် ပြန်ချစ်ကြမယ်။
အကြီးတွေကလည်း
အငယ်တွေကိုလမ်းပြပေးသလို
အငယ်တွေကလည်း
ရင်ဖွင့်စရာရှိရင်ရင်ဖွင့်ကြတယ်။
ကိုယ်က ဘာကြီးပဲဖြစ်နေပါစေ
ကိုယ့်အကိုအမရှေ့ရောက်ရင် ကလေးလေးပါပဲ။
တစ်ခါတလေ ကိုယ့်အတွက်
သူတို့က ရှေ့ဆုံးကနေ ဂုဏ်ယူတတ်ကြတယ်။
တစ်ခါတလေ ကိုယ်ကသူတို့အတွက်
ရှေ့ဆုံးကနေ ဂုဏ်ယူနေရတယ်။
မိဘတွေမရှိတော့တဲ့အခါ
ကိုယ်ဒုက္ခရောက်လို့
မရှိ၊ရှိတာလေးနဲ့ ကူညီပေးတာ
မောင်နှမဆိုတဲ့သံယောဇဉ်ကြိုးလေးကြောင့်ပါ။
ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။
အဖေ၊အမေပြီးရင်
ဘယ်သူ့ကိုအချစ်ဆုံးလဲလို့။
ပါးစပ်ကနေထုတ်မပြောရင်တောင်
စိတ်ထဲကနေကိုယ်မသိပဲ ချစ်မိနေပါလိမ့်မယ်။
ဘာလို့ဆို လောကကြီးက
သံယောဇဉ်ဆိုတဲ့ကြိုးလေးတစ်ချောင်းကို
မွေးလာကတည်းက ချည်နှောင်ထားလို့ပေါ့
လောကမှာရှိတဲ့မောင်နှမတိုင်းချစ်နိုင်ကြပါစေ.....