Every Smile Online Shopping

Every Smile Online Shopping Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Every Smile Online Shopping, Clothing Store, Thirimahar Street, Pakokku.

ငါညံ့ရင်  ငါခံရမယ်သူများကို အပြစ်မတင်ဘူး ။ငါလဲရင် ငါထရမယ်တွဲထူမယ့်သူလဲ ငါမမျှော်ဘူး ။ငါပျင်းလို့ ငါဖျင်းတာကြိုးစားတဲ့သူက...
01/06/2024

ငါညံ့ရင် ငါခံရမယ်
သူများကို အပြစ်မတင်ဘူး ။

ငါလဲရင် ငါထရမယ်
တွဲထူမယ့်သူလဲ ငါမမျှော်ဘူး ။

ငါပျင်းလို့ ငါဖျင်းတာ
ကြိုးစားတဲ့သူကို မနာလိုမဖြစ်ဘူး ။

ငါမလေ့လာလို့ ငါမတက်တာ
သူများနှိမ်လဲ မနာဘူး ။

ငါ့လိုအပ်ချက် ငါဖြည့်ဆည်းရမယ်
မကူညီရကောင်းလားလို့လည်း ငါမမြင်ဘူး ။

ငါကောင်းအောင် ငါနေရမယ်
ငါမကောင်းတဲ့အခါ

အပေါင်းအသင်းကြောင့်လို့
ခေါင်းစဉ်မတတ်ဘူး ။

ငါ့အကြောင်း ငါသိနေရမယ်
ဒါမှ ပြုပြင်ပြောင်းလဲနိုင်မယ် ။

အမေအားလုံးကျန်မာချမ်းသာကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်
25/01/2024

အမေအားလုံးကျန်မာချမ်းသာကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်

20/01/2024

လူ့စိတ် ပြောင်းရင်စာရိတ္တ ပြောင်းသွားတယ်
စာရိတ္တ ပြောင်းရင်အမြင် ပြောင်းသွားတယ်
အမြင် ပြောင်းရင်ပတ်ဝန်းကျင် ပြောင်းသွားတယ်။
ပတ်ဝန်းကျင် ပြောင်းရင်
ကံကောင်းမှုတွေ စပြီးပြောင်းလာတယ်
ကံကောင်းမှု ပြောင်းရင်
မိမိရဲ့ ကံဇာတာပြောင်းသွားတယ် ။
တကယ်ယုံကြည် အားထားရမှာကမိမိရဲ့စိတ်ပါ ။

ရက်ရာဇာတွေ ပြသဒါးတွေ မဟုတ်ဘူး၊
ကိုယ်မှာဆင်တဲ့ အဆောင်အယောင်တွေ၊
ပရိတ်ကြိုးတွေ၊ အထုံးအဖွဲ့တွေမဟုတ်ဘူး၊

စိတ်အတွင်းမှာသာ
စိတ်ကောင်းခြင်း ၊ နူးညံ့ခြင်း ၊ ခွင့်လွှတ်ခြင်း၊
သဘောထားကြီးခြင်း၊ ကိုယ်ချင်းစာခြင်း စတဲ့
စိတ်ရဲ့ Cosmetics တွေနဲ့ အလှဆင်မယ်၊
မေတ္တာကို စိတ်ထဲကပေါက်ဖွားမယ်၊
ပတ်ဝန်းကျင်ကို စိတ်နဲ့သဟဇာတဖြစ်အောင်လုပ်မယ်။

ရှေးလူကြီးတွေက ပြောတယ် -
စိတ်တစ်ချက် ကိုင်တတ်ပြီဆိုရင်
ကောင်းကင်နဲ့ မြေကြီးကအစ
နားလည်တတ်လာတယ် တဲ့...၊

စိတ်ထဲက ကုသိုလ်၊ အကုသိုလ်ကို ထိန်းနိုင်ရင်
တစ်ကိုယ်ကောင်း ဆန်မှုတွေ လျော့ပါးသွားတယ် ။

လူအချို့ကို ကြာပန်းလို
ဝေးဝေးက ကြည့်မှ သူ့အလှမြင်တယ် ။
လူအချို့ကို လက်ဖက်ခြောက်လို
ကြာကြာနှပ်ထားမှ သူ့အရသာ အစစ်သိတယ် ။
လူအချို့ကို လေပြည်လို
ဂရုမစိုက်သင့် မစိုက်ဘဲနေရတယ် ။
လူအချို့ကို သစ်ပင်လိုမှီခိုသင့် မှီရတယ် ။

အားလုံးက ရေစက်ပဲလေ.……
လူ့ဘဝဆိုတာ တရားကျင့်တာ၊
မိမိရဲ့ စိတ်နှလုံးသားတစ်ခုကို ကျင့်ယူရမှာ ။
စိတ်ပျော့ပျောင်းသွားပြီဆိုတာနဲ့
အရာရာဟာစပြီး လှပသွားပြီ ။
စိတ်သန့်စင်သွားပြီပတ်ဝန်းကျင် ကြည်လင်သွားပြီ ။
စိတ်ပျော်ရွှင်သွားပြီ
ဘဝကြီး ချမ်းသာသုခပြည့်သွားပြီ ။

ဒီတစ်သက်မှာ
ဘဝက ဘယ်အခြေအနေပဲဖြစ်ဖြစ်
သူတပါးပေါ် မလွှဲချဘူး၊
ရှိသမျှ ပျော်၊ ဒေါ ၊ ညစ်၊ ပြုံး၊ မုန်း၊
အားလုံးက ကိုယ့်ကိုဖန်တီးတာ။

ဘဝဆိုတာ တိုက်ပွဲမဟုတ်ဘူး ပဲ့တင်သံ ။
သင့်ရဲ့အကောင်းဆုံးကို သူများကိုပေးကြည့်လိုက်၊
သူများရဲ့အကောင်းဆုံးက သင့်ဆီပြန်လာတယ် ။

သင်သူများကို ကူညီတာများလေလေ၊
သူများဆီက သင်အကူအညီပိုရလေလေ ။
သင်က အုတ်တံတိုင်းမြင့်မြင့် ကာလေလေ၊
နောက်ဆုံး အုတ်တံတိုင်းပတ်ပတ်လည်မှာ
သင်တစ်ယောက်တည်း ကျန်ခဲ့ရလေလေ ။

နှိမ့်ချကျိုးနွံမှု များများနဲ့
‌ချီးမွမ်း ထောပနာများများကို
‌သင်အသုံးချတတ်မယ်ဆိုရင်
လူ့ဘဝမှာနေရတာ သင် ပျော်ရွှင်ရတော့မယ် ။

(ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်)
ဒေါက်တာ နန္ဒမာလာဘိဝံသ

Address

Thirimahar Street
Pakokku

Alerts

Be the first to know and let us send you an email when Every Smile Online Shopping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category