07/04/2024
💞 ဖေဖေကပြောဖူးတယ် ... .
" ငါ့သမီးရဲ့စိတ်ကိုအေးချမ်းစေတဲ့
လူကိုပဲ ဘ၀လက်တွဲဖော်
အဖြစ် ရွေးချယ်ပါ " တဲ့။
💞 " အကယ်၍ ဘ၀လက်တွဲဖော်ကို
ရွေးချယ်တဲ့အခါမျိုးမှာလည်း
ငွေကြေးချမ်းသာလို့၊
ဂုဏ်ပကာသနတွေများပြားလို့၊
ပညာအရည်အချင်းတွေက
မက်မောတွယ်တာစရာ
ကောင်းလွန်းလို့ဆိုပြီးတော့
ဆန္ဒစောပြီး မရွေးချယ်လိုက်မိစေနဲ့ "
တဲ့။
💞 " လူတစ်ယောက်ဟာ
ဘယ်လောက်ပဲတော်တော်၊
ဘယ်လောက်ပဲပြည့်စုံပြည့်စုံ၊
ဘယ်လောက်ပဲအကျင့်စာရိတ္တတွေ
ကောင်းမွန်နေခဲ့ပါစေ ... .
💞 သူဟာကိုယ့်ကိုတန်ဖိုးမထားဘူး။
💞 ကိုယ့်ရဲ့စိတ်ကို မအေးချမ်းစေဘူး
ဆိုရင် အဲ့ဒီလူကို ချစ်ရုံပဲ ချစ်ပါ " တဲ့။
💞 " ကိုယ့်ကိုမျက်ရည်အကြိမ်ကြိမ်
ကျစေပြီး နာကျင်ပူလောင်ရစေတဲ့
လူတစ်ယောက်နဲ့ ဘ၀တစ်ခုလုံးကို
ကုန်ဆုံးပစ်ဖို့ မရွေးချယ်ပါနဲ့ " တဲ့။
💞 " အေးချမ်းစေတဲ့ လူကိုပဲရွေးပါ။
💞 ပြုံးပျော်ရွှင်အောင်ဖန်တီးပေးပြီး
ကိုယ့်ဖြစ်တည်မှုတိုင်းကို
တန်ဖိုးထားလေးစားပေးတဲ့
လူနဲ့ပဲ ဘ၀ခရီးကိုလျှောက်လှမ်း
ပစ်ပါ " တဲ့။
💞 " ဘယ်လောက်ပဲ ကောင်းမွန်တဲ့
လူတစ်ယောက်ဖြစ်နေပါစေ
ကိုယ့်အပေါ်မကောင်းရင်
လက်တွဲဖော်အဖြစ်
မရွေးချယ်သင့်ဘူး " တဲ့။
💞 " ဒါကြောင့် ဘ၀လက်တွဲဖော်
ရွေးချယ်တော့မယ်ဆိုရင်
ကိုယ့်စိတ်ကို အေးချမ်းစေပြီး
ကိုယ့်ဖြစ်တည်မှုကို တန်ဖိုးထား
လေးစားပေးတဲ့ သူကိုပဲ
ဦးစားပေးပြီး ရွေးချယ်ပါ " တဲ့။
💞 " အဲ့တာမှ ဘ၀ခရီးလမ်းကို
အတူတူလျှောက်လှမ်းကြတဲ့အခါ
ပူလောင်ရတဲ့ သောကတွေ
အေးနိုင်သမျှအေးမှာ " တဲ့လေ ... .💭