13/07/2021
ကိုဗစ်လူနာ နဲ့ အိမ်မှာ ဘယ်လိုနေမလဲ။
ကိုဗစ် လူနာကို ခုက အိမ်မှာထား ပြီး ပြုစုရတဲ့အနေအထား ဖြစ်လာပြီ။
ဒီတော့တခြား အိမ်သားတွေမကူးဖို့ဆို
⛔စပြီး နှာစေး ၊ ချောင်းဆိုး ၊ ဖျား တခုခု စတာနဲ့ Covid လို့မှတ်။
မိုးမိတာတွေ ဂျိုးမိတာတွေ လာမပြောနဲ့။
Covid ပဲ။ ခွဲနေ။
မေတ္တာဖြင့်
Dr.Myo Ko Ko
M.B.,B.S(Ygn)
Dip.Med.Sc(Family medicine)
🖤ဘယ်လောက်ခွဲနေရမလဲ..
နှစ်ပတ်။
ကြားထဲမှာ သက်သာသွားလို့တို့ ဘာတို့မလုပ်နဲ့။
သက်သာပြီး လေးငါးရက်နေရင်အနံ့ ပျောက်ရင်ပျောက် ၊ မပျောက်ရင် ဝမ်းလျှော ၊ ချောင်းဆိုး ၊ အောက်ဆီဂျင်ကျတွေ ဖြစ်လာရော။
အဲ့ကျ တအိမ်လုံးကူးပြီးပြီ။
ကိုဗစ်က မာယာ များတယ်။
ကိုယ့်ကြောင့် ကိုယ့်မိသားစု တွေ ထိခိုက်ခံနိုင်ရင်တော့ သဘောရှိပဲ။
😑အခန်းသီးသန့် ခွဲ နေရမယ်။
😑အခန်းထဲက အပြင်ထွက်ရင် Mask တပ်ကို
တပ်ရမယ်။
😑ထမင်းစားရင် အခန်းထဲမှာပဲ စားရမယ်။
စားပြီးသား ပန်းကန်တွေကို ကိုယ့်ဟာကို ဆေးရင်ဆေး၊ မဆေးရင် အခန်းထဲမှာ ဆပ်ပြာ ဇလုံထဲ
ထည့်ထား...ပြီးမှ....တခြားလူကို ...ဆေးခိုင်း။
😑ရေချိုးခန်းနဲ့အိမ်သာက အခန်းထဲရှိရင်ကောင်းတယ်။
မရှိရင် ရေချိုး ခန်းနဲ့ အိမ်သာ သွားရင် သတိထား။
အိမိသာသွားရင် Mask တပ်။
ရေချိုးရင်.....
**တံတွေး မထွေးရ**
**သလိပ်မဟပ်ထုတ်ရ**
😑တံတွေး ထွေးခြင်း သလိပ်ဟပ်ခြင်းကို အခန်းထဲ ရောက်မှ လုပ်။
ပြီးရင် သလိပ်တံထွေးကို အဖုံးပါတဲ့ ဗူးနဲ့ ထွေး
ပြန်ဖုံးထား။
ဖြစ်နိုင်ရင် အဲ့ သလိပ် တံထွေး တွေကို.... အိမ်သာအိုးထဲ ကိုယ်တိုင်သွန်ပြီး ပိုးသတ်ဆေး ဖြန်းပါ။
ရေများများ သုံးပါ။
အရမ်းအရေးကြီးပါတယ်။
တစ်နာရီ ခန့် ကြာမှ အခြားလူ ဝင်ပါ။
😑လူနာနေသော အခန်းကို တခြားလူဝင်လျင် Mask တပ်ပါ။
ပြီးလျင် လက်ဆေးပါ။
ဂရုစိုက်ပါ။
တတ်နိုင်သ၍ မဝင်ပါနဲ့
😎အားလုံးပြီးပြီ။ကောင်းပြီ။
၁၄ ရက်ပြည့်ပြီဆိုလျှင် အခန်းကို ပိုးသတ်သင့်ပါတယ်။
ကိုယ့်ကြမ္မာကိုယ်ဖန်တီးရမဲ့အချိန် မို့
မဖြစ်အောင်နေပါ။
ဖြစ်လာလျင် မကူးအောင်နေပါ။
CRD original uploader
ကူးယူဖော်ပြခြင်းဖြစ်သည်
Nwayoo Maung