19/06/2026
"အပြုံးတစ်ခုနဲ့ စတင်မယ့် First Date (The Ice Breaker)" ☕💬🧸
ပထမဆုံးအကြိမ် ချိန်းတွေ့တဲ့နေ့... နှစ်ယောက်စလုံး ရင်ခုန်နေသလို စကားစပြောဖို့လည်း နည်းနည်းတော့ အခက်တွေ့နေတတ်တယ်။
အဲ့ဒီလို အချိန်မျိုးမှာ ယောကျာ်းလေးတစ်ယောက်အနေနဲ့ သပ်ရပ်တဲ့ Polo အင်္ကျီတစ်ထည် ဝတ်သွားတာက သူမကို လေးစားမှုပြရာရောက်သလို၊ ယုံကြည်မှုလည်း ရှိစေတယ်။ ဒါပေမဲ့ သိပ်ပြီး တည်ငြိမ်လွန်းနေရင်လည်း စကားပြောရတာ တင်းမာနေတတ်တယ်လေ။ အဲ့ဒီတော့ မှော်ဆန်တဲ့ အပြောင်းအလဲလေး တစ်ခု လုပ်ကြည့်ရအောင်။ ✨
ရင်ဘတ်ပေါ်မှာ ပါလာတဲ့ သေးသေးကွေးကွေး 'ဘူဘူဒူဒူ' အရုပ်ကလေးကို သူမ မြင်လိုက်တဲ့ အခိုက်အတန့်မှာ အလိုလို ပြုံးမိသွားလိမ့်မယ်။ "အင်္ကျီလေးက ချစ်စရာလေး" ဆိုတဲ့ စကားတစ်ခွန်းနဲ့တင် ကြားထဲက ရေခဲတံတိုင်းကြီး အရည်ပျော်ကျသွားပြီး စကားတွေ အများကြီး ဆက်ပြောဖြစ်သွားမှာ သေချာတယ်။ 🐼🤍
ခန္ဓာကိုယ်နဲ့ ကွက်တိကျတဲ့ Polo ရဲ့ Fitting က မင်းကို အထာကျစေပြီး၊ ဘူဘူဒူဒူလေးကတော့ မင်းရဲ့ နွေးထွေးတဲ့ စိတ်ထားကို ကိုယ်စားပြုပေးနေလိမ့်မယ်။
💡 ကိုယ့်ကောင်လေးကို Date လုပ်တဲ့အခါ ပိုပြီး ဆွဲဆောင်မှုရှိစေချင်တဲ့ ကောင်မလေးတွေပဲဖြစ်ဖြစ်၊ ကိုယ်တိုင် ဝတ်ဆင်ချင်တဲ့ ဘရိုတို့ပဲဖြစ်ဖြစ်... အခုပဲ လာရောက်ရွေးချယ်လိုက်တော့ဗျို့! 🏃♂️💨