02/03/2026
အရာခပ်သိမ်း
အပိုင်း (၂)
'' မုန်း ဘာဖြစ်ဖြစ် ငါ့ကို ဖုန်းဆက်နော် ''
'' အေးပါ ငုဝါရာ ''
'' အဟင့်😢''
'' ဟော ဘာလို့ ငိုနေတာလဲဟာ မငိုတော့နဲ့နော် ငါ စိတ်မကောင်းအောင် ''
ကိုယ့်ရဲ့ အကောင်းဆုံး သူငယ်ချင်းမလေးကို ဖတ်ပြီး နှစ်သိမ့်လိုက်တယ် နားလည်ပေးပါ သူငယ်ချင်းလေးရယ် ငါ ဒီလိုလုပ်မှ ဖြစ်မှာမို့ပါနော်
'' ခရီးသည်များ ကားပေါ် နေရာယူလို့ရပါပြီနော်''
'' ငုဝါ ငါ သွားတော့မယ် ''
မုန်း ကားပေါ်တက်ပြီး နေရာယူလိုက်တယ် တစ်ယောက်တည်း လွတ်လွတ်လပ်လပ် စီးချင်းလို့ လတ်မှတ်ကို၂ခုံစာ ဝယ်ထားခဲ့တာ ရန်ကုန်ဆိုတဲ့ မြို့ကြီးကနေ ထွက်လာတော့ ရင်ဘက်ထဲမှာ တင်းကြပ်လာခဲ့တယ် ကားမှန်ပြတင်းကနေ အဝေးကို ငေးနေရင်းနဲ့ ပါးပြင်ပေါ် ကျလာခဲ့တဲ့ မျက်ရည်တွေ ဒီဝေဒနါတွေကို ငါဘယ်ထိ ခံနေရအုန်းမှာလဲ အရာအားလုံးကို လွှတ်ချပြစ်ဖို့ တွေးရင် အတိတ်တွေက မျက်ဝန်းထဲ အရိပ်လိုပေါ်လာခဲ့တယ်
၈တန်းခန်းရဲ့ ဒေါင့်စွန်းခုံလေးမှာ တိတ်တစိတ် ထိုင်နေတဲ့ အမုန်း ဒီတခါလည်း သူ ကျောင်းပြောင်းရပြန်ပြီ ဒါရောဆို ၄ခါရှိပြီ အမုန်း ကျောင်းပြောင်းရတာ မှုန်ကုတ်ကုတ်ထိုင်နေတဲ့ အမုန်း ဘယ်အရာကိုမှ စိတ်တိုင်းမကျတဲ့ အမုန်း လောကကြီးက မတရားဘူးလို့ ထင်နေတဲ့ အမုန်း
'' ဟဲ့ ယုယ ဟိုဒေါင့်ကို ကြည့်လိုက် ''
'' အင်း ဘာလဲ ''
'' အာ့ အသစ်ပြောင်းလာတဲ့ တစ်ယောက်လေ ရုပ်က မှုန်ကုတ်နေတာပဲနော် မသိရင် သူ့လုပ်စာ စားနေသလိုပဲ ''
'' ချစ်စရာလေးပါဟ''
'' တော်ပါ ယုယရယ် ''
ယုယ အာ့တစ်ယောက်နဲ့ အကြည့်ချင်းဆုံတော့ ပြုံးပြလိုက်တယ် အမုန်းက ရှုတည်တည်နဲ့ ပြန်ကြည့်တာမို့ ယုယ အသံထွက် အောင် ရယ်လိုက်မိတယ်
အမုန်း သူ့ကို ရယ်ပြနေတဲ့ ကောင်မလေးကို မကြိုက်သလို ကြည့်ပြစ်လိုက်တယ် ဟုတ်တယ်လေ လူတွေက ဟန်ဆောင်နေကျတာ အလကားအပြုံး တုတွေ ဘာလုပ်မှာလဲ အပေါ်ယံတွေ
'' ဟိုလေ ဒါက ငုဝါ နေရာလေးမို့ပါ ဟိုဘက်တိုးပေးလို့ရတာ ''
အမုန်း အသာမော့ကြည့်လိုက်တော့ ပိုးဟပ်ဖြူလေးလို ကောင်မလေး သူထထွက်ပေးဖို့ ပြင်လိုက်တယ်
'' ဟိုလေ ရတယ်လေ တို့၂ယောက်အတူထိုင်လို့ ရနေတာပဲ ''
'' ......''
'' တို့နာမည်က ငုဝါတဲ့ နင့်နာမည်ရော''
'' အမုန်း ''
'' ဘာကြီး နင့်နာမည်ကလည်းဟာ ဘယ်လိုကြီးလဲ ''
'' အာ့ပဲလေ အာ့လိုပဲ ခေါ်ပေါ့ ''
'' အင်းပါ အင်းပါ ''
အမုန်းရဲ့ တည်ငြိမ်ချက်က ဒီကျောင်းမှာ မြဲတော့တာပါပဲ သူ့ကို နားလည်ပေးတဲ့ သူငယ်ချင်းလေး ငုဝါရှိနေတာကြောင့်လည်း ပါမယ်ထင်တယ် တဖြေးဖြေးနဲ့ အခုဆို အမုန်းတို့ ၁၀တန်းကို ရောက်လာခဲ့ပြီ အရပ်ရှည်ရှည် မျက်ခုံးကောင်းကောင်း ထူးခြာဆုံးက အမြဲစေ့ပိတ်ထားတဲ့ နုတ်ခမ်းတွေပဲ လူတိုင်းရဲ့ အကြည့်တွေ ၂ခါပြန်ငေးရတဲ့ အမုန်းဟာ ထူခြားစွာပဲ LGBTတစ်ယောက်ဖြစ်နေခဲ့တယ် သူကို ချင်းကပ်လာသော ယောက်ျားလေးတိုင်းကို ငြင်းလွှတ်ခဲ့တဲ့ အမုန်း
'' မုန်း ''
'' ဘာလဲ ပိုးဟပ်''
'' ခေါ်ပြန်ပြီး အာ့လို မခေါ်နဲ့ဆိုတာကို ''
နုတ်ခမ်းဆူသွားတဲ့ သူငယ်ချင်းလေး အမုန်း ငုဝါကို ညီမလေးတစ်ယောက်ကောက်ရသလိုကို ချစ်တာ
''အွန်းပါ ကဲပြောပါ ချစ်ညီမလေးဗျ''
'' ဟီးး သူရက နင့်ကို ကြိုက်နေတာ အသည်းအသန်နော် ''
'' ဟုတ်လား ''
'' အယ် နင် စိတ်မဝင်စားဘူးလား ''
''ဟင့်အင်း''
အမုန်း အပြုံးနဲ့ပဲ ငြင်းလိုက်တော့တယ် ဟုတ်တယ် အမုန်း ယောက်ျားတွေကို စိတ်မဝင်းစားဘူး အခုချိန်ထိတော့ အမုန်းဘဝမှာ ငုဝါဆိုတဲ့ သူငယ်ချင်းလေး
နဲ့ အဆင်ပြေနေတာပါပဲ တော်ပြီလေ အမုန်းလောဘမကြီးတော့ပါဘူး
ဒါပေမယ့် တချို့သော အရာတွေက သူ့ဘဝထဲကို ရည်ရွယ်ချက်ရှိရှိ လှလှပပလေး ဝင်ရောက်လာခဲ့တယ်
အမုန်းကျောင်းဆင်းတော့ တစ်ယောက်တည်း ပြန်လာခဲ့တယ် ဒီနေ့ ငုဝါ ကျောင်းမလာတာကြောင့် အမုန်းတစ်ယောက်တည်း ပြန်လာခဲ့လိုက်တယ်
'' နင်တို့နော် ငါ ဆရာမနဲ့တိုင်မှာ ''
လမ်းလျှောက်ရင် အမြဲ အောက်ကို ငုံ့ကြည့်ပြီးလျှောက်တဲ့ အမုန်း အသံလာရာကို အသာမော့ကြည့်လိုက်တော့ သူတို့အတန်းထဲက အချောဆုံး ကောင်မလေး ယုယနွယ် ဘေးမှာက အတန်းထဲက ဂျလေဘီ ခေါင်းဆောင် စိုးကြီးတို့ သူ အသာပဲ ရှောင်ထွက်ခဲ့လိုက်ဖို့ တွေးလိုက်ပြီး သူတို့ကို မမြင်ချင်ယောင်ဆောင်လိုက်တယ်
'' ဟယ် အမုန်း ငါ့ဆီ လာတာလား ငါစောင့်နေတာ ''
သူ့လက်ကို လာတွဲတဲ့ ယုယကို သူကြည့်လိုက်တော့ ကူညီပါဆိုတဲ့ အကြည့်နဲ့ သူ စိုးကြီးတို့ ကို ကြည့်လိုက်တယ်
'' အမုန်း ငါတို့ ယုယနဲ့ ရှင်းစရာရှိလို့''
'' သူမှ မပြောချင်တာ ဘာလို့လဲ ''
ကျောင်းတိုင်းမှာ အမြဲပြဿနာတွေတက်လာခဲ့တဲ့ အမုန်းကို လူတိုင်းရှောင်ကျတယ် အမုန်း ရုပ်က ရူတည်တည် တကယ်လုပ်မယ့်ရုပ် ပြီးတော့ အမုန်းရဲ့ နောက်ခံ အမုန်းအကြောင်းကို ဘယ်သူမှ ရေရေရာရာ သေသေချာချာ မသိကျဘူး ကျောင်း ဆုပေးပွဲတိုင် မိဘစုံညီ ဘာပွဲဖြစ်ဖြစ် အမုန်းမတက်ဘူး ဆုရလည်း တက်မယူဘူး ဒါပေမယ့် အရင်ကျောင်းတွေမှာ ပြဿနာ တက်ခဲ့တိုင်း တိုးတိုးတိတ်တိတ်နဲ့ပြီးခဲ့ရတာ အမုန်းနောက်ခံ အသိုင်းအဝိုင်းက အရာရှိ ထိပ်တန်းတွေ ပိုက်ဆံရှိ သူဌေးကြီးတွေ သို့လော သို့လော ပြောကျပေမယ့် ဒီနေ့ထိ ရေရေရာရာ မသိခဲ့ကျသေးဘူ အခုလည်း အမုန်းနဲ့ ထိပ်တိုက်တွေ့ဖို့ စိုးကြီးတို့ နဲနဲတော့ ကြောက်ကျတယ်
'' နင့်ရှေ့မှာပဲ ပြောမယ်ဆိုရင်ရော ''
အမုန်း ယုယကို ငဲ့ကြည့်တော့ ခေါင်းခါပြတယ်
'' မပြောချင်ဘူးတဲ့ ''
စိုးကြီးတို့ အဖွဲ့ ယုယကို အံကြိတ်ကြည့်ပြီး ထွက်သွားကျတယ် အမုန်း သူ့လက်မောင်းကို မလွှတ်တန်း ကိုင်ဆုတ်ထားတဲ့ ယုယကို ကြည့်လိုက်ပြီး
'' ငါ သွားတော့မလို့ နင့်လက်ကို လွှတ်ပေးတော့ ''
'' သြော် အင်း ကျေးဇူးနော်''
အမုန်း လှည့်ထွက်ခဲ့တော့ မသိမသာခုန်လာတဲ့ ဘယ်ဘက်ရင်အုံ ဟင့်အင်း မဟုတ်ပါစေနဲ့ အမုန်းက ချစ်ခြင်းမေတ္တာကို အယုံအကြည်မရှိတဲ့သူလေ မဟုတ်ပါဘူးလို့ အာ့အချိန်က တောင်းဆိုခဲ့သမျှ ကံကြမ္မာဆိုတဲ့ ဇာတ်ဆရာကြီးက အမုန်းဘဝကို သူ့စိတ်ကြိုက်ချယ်လှယ်ဖို့ ပြင်ဆင်ခဲ့တယ်ထင်ပါတယ်. အမုန်း ဒီတခါလည်းတောင်းဆုတွေ မပြည့်ခဲ့ပြန်ပါဘူး
'' ဟုတ်ကဲ့ ခရီးသည်များခင်များ ကျနော်တို့ မနက်စာသုံးဆောင်ရန် ကားခေတ္တခဏ ရပ်နားမှာ ဖြစ်တဲ့အတွက် လူကြီးမင်း အဖိုးတန်ပစ္စည်းများ စာရွတ်စာတန်းများကို ကိုယ်နဲ့တပါတည်း ယူဆောင်သွားကျပါဗျာ ''
စပ်ပါယျယာရဲ့ အသံကြောင့် အမုန်း အတွေးစတို့ ရပ်တန့်သွားခဲ့တယ် ကျောပိုးအိတ်ကို လွယ်ပြီး အောက်ဆင်းတော့ ဆိုင်ထဲဝင်သွားကျသူတို့နဲ့ ဆန့်ကျင်ဘက် ကားလမ်းဟိုဘက်ကို ကူးခဲ့လိုက်တယ် မရောက်ဖူးတဲ့ ဒေသမို့ အမုန်း ဟိုဒီ ကြည့်လိုက်ပေမယ့် ကျွန်းစိုက်ခင်းတွေ နဲ့ ပြည့်နေတဲ့ ထမင်းဆိုင်ကလည်း တဆိုင်ပဲရှိတဲ့ နေရာပဲ အမုန်း ဆေးလိပ်ဗူးထဲကနေ ဆေးလိပ်ထုတ်ပြီး သောက်လိုက်တယ် အမုန်းအတွက် အစာစားခြင်းနဲ့ ကင်းကွာခဲ့တာ ကြာခဲ့ပြီလေ ဒီခံစားမှုကြီးထဲ လှောင်ပိတ်နေခဲ့တာ အချိန်တွေအများကြီး ရှိခဲ့ပြီ အမုန်း ကောင်းကင်ကို မော့ကြည့်ပြီး ဆေးလိပ်ငွေ့တွေကို မှုတ်ထုတ်လိုက်တယ် အာ့လို အငွေ့လေးတွေအနေနဲ့ ငါ ပျံ့နှံ့ပျောက်ကွယ်သွားချင်ခဲ့တာ ကံဇာတ်ဆရာကြီးရေ အခုချိန်ထိ အမုန်းဘဝကို ချယ်လှယ်လို့ မဝသေးဘူးလားဗျာ....