23/03/2022
Kaung For You ရဲ့ Summer School ဖွင့်ပါပြီ။
၃လပြတ် Summer School ဖြစ်ပြီး ၃လ လုံး ကျောင်းတက် ၈၀% ရရှိသောသားသားမီးမီးတို့ကို သင်ယူပြီးမြောက်ခြင်း လက်မှတ် ထုတ်ပေးမှာ ဖြစ်ပါတယ်။
မြန်မာစာ အင်္ဂလိပ်စာ သင်္ချာ နဲ့ အထွေထွေဘာသာရပ်များ
အပြင်Jolly Phonics ,Cambridge English,Hand Abacus ပေသီးသင်္ချာတို့ကိုပါ သင်ကြားပေးမှာ ဖြစ်ပါတယ်။
ပညာလည်းသင် စိတ်လည်း ပြင်ပေးမယ့်ကျောင်း ဖြစ်ပါတယ်။
သင်ကြားပေးမည့်သူများမှာ
ဘာသာရပ်အလိုက် Online Teaching ထူးချွန်သော
ပညာရေးဒေါက်တာများ ပညာရေးတက္ကသိုလ်နှင့် ကောလိပ်များမှ သင်ပြနည်းဌာန ကထိကများ
M.Ed,B.Ed,Dip.Ed,နှင့် PGDMA,DTEd., PPTT,သင်တန်းဆင်းများ ဖြင့် ပညာရေးရပ်ဝန်းမှ သင်ကြားရေးအတွေ့အကြုံရှိ ဝါရင့် ဆရာဆရာမများ တက်ကြွသော လူငယ်ဆရာဆရာမများ ဖြစ်ကြပါသည်။
လတ်တလောအခြေအနေများအရ
ကျောင်းနေခွင့်မရခဲ့သူ ကျောင်းသားကျောင်းသူများ
ကျောင်းတက်ခဲ့သော်လည်း ပညာရည် ပြည့်ဝစွာ မသင်ယူနိင်ခဲ့သော ကျောင်းသားကျောင်းသူများအတွက် ရည်ရွယ်ဖွင့်လှစ်ပါသည်။
မိမိအပ်နှံလိုတဲ့ အတန်း
သားသမီးများရဲ့ အသက်အရွယ်အပိုင်းအခြား နဲ့ သင့်လျော်မယ့်အတန်းများကို ဆွေးနွေးအပ်နှံ နိုင်ပါတယ်။
၂၅ ရက်နေ့မှာ Google Form ဖြင့် ကျောင်းအပ်လက်ခံသွားမည် ဖြစ်ပြီး Google Formဖြင့် အပ်ရန် အဆင်မပြေသောသူများက ဖော်ပြပါ ဖုန်းနံပါတ်များ နှင့် viber phone နံပါတ်များ မှ တစ်ဆင့် ဆက်သွယ် ကျောင်းထားနိုင်မည်ဖြစ်ပါသည်။
၄နှစ်ကျော်မှစပြီး KGတန်း အပ်နှံနိုင်ပါသည်။
KG. G1 . G2. G3 အတန်းများ ဘာသာစုံအတွက်
ကျောင်းလခ တစ်လလျှင်၂၀၀၀၀ ကျပ်ဖြစ်ပါသည်။
G4. G5 အတန်းများ ဘာသာစုံ အတွက် တစ်လလျှင်၃၀၀၀၀ ကျပ် ဖြစ်ပါသည်။
သုံးလစာ အပြီး ပေးသွင်းထားနိုင်သလို
တစ်လချင်းလည်း ပေးသွင်းနိုင်ပါသည်။
Cdmမိဘ များ၏ ကျောင်းသားများအတွက် ကျောင်းမှ လစဉ်
ဖုန်းဘီလ်အတွက် ၅၀၀၀ ကျပ် ပြန်လည် ထောက်ပံ့မည် ဖြစ်သည်။
မိဘများ၏ဖုန်းကို သုံး၍သင်ရမည့်သူ များပြားနိုင်သည်ဟု ယူဆသောကြောင့် မိဘများ၏အလုပ်ချိန်ကို ထိခိုက်မည်စိုး၍
ကျောင်းကို အချိန် ၂ချိန်ခွဲထားပါသည်။
ကျောင်းသားတစ်ဦးသည် တစ်ရက်လျှင် လေးနာရီသင်ယူရမည်ဖြစ်ပြီး
တန်းခွဲ-၁
မနက် ၈ နာရီမှ မနက် ၁၀ နာရီ ၂ချိန် နှင့် ည ၆နာရီမှ ၈နာရီအထိ ၂ချိန် စုစုပေါင်း ၄ ချိန်
တန်းခွဲ-၂
မနက် ၉နာရီမှ မနက် ၁၁ နာရီ ၂ချိန် နှင့် နေ့လည် ၂နာရီမှ ၄ နာရီ အထိ ၂ချိန် စုစုပေါင်း ၄ ချိန်
ဟူ၍ သတ်မှတ်ပေးထားပါသည်။
မိမိတို့၏ သားသမီးပညာရေးကောင်းမွန်စေရေးအတွက်
အမှန်တရားကို မြတ်နိုးပြီး လူငယ်တိုင်း၏အနာဂတ်အတွက်
တွေးဆတတ်သူ ဆရာ ဆရာမများထံ ဝ ကွက် အပ်နှံလိုက်ပါ။
ကျွန်ုပ်တို့ကျောင်းမှ အပြည့်အဝ တာဝန်ယူပါသည်။
မိမိ သိရှိလိုသော အတန်းအသီးသီးအတွက် သက်ဆိုင်ရာ Hotline ဖုန်းနံပါတ်များသို့ မေးမြန်းနိုင်သည်။
Viberများမှလည်း မေးမြန်းနိုင်ပါသည်။
kaung4u education pageတွင်လည်း messengerမှ မေးမြန်းနိုင်ပါသည်။
Kaung4Uရဲ့ ဆောင်ပုဒ်
" နေ့ရက်တိုင်းမှာ သင်ယူပါ " ဆိုသည့်အတိုင်း
မိမိတို့ကလေးရဲ့ ပညာရေးအတွက် ကျွန်တော်တို့ကျောင်းမှာ
စိတ်ချယုံကြည်စွာဖြင့် အပ်နှံလိုက်ပါ။
၂၅ ရက်နေ့ မနက် ၉ နာရီမှ စတင်ပြီး
Google မှသော်လည်းကောင်း Viberမှသော်လည်းကောင်း
ကျောင်းအပ်နှံနိုင်ပါသည်။
ကျောင်းသားဦးရေ ကန့်သတ်ထားပါသည်။
အမြန်အပ်မှ စာရင်းဝင်မည် ဖြစ်သည်။
Kaung4Uရဲ့ ဆောင်ပုဒ်
" နေ့ရက်တိုင်းမှာ သင်ယူပါ " ဆိုသည့်အတိုင်း
မိမိတို့ကလေးရဲ့ ပညာရေးအတွက် ကျွန်တော်တို့ကျောင်းမှာ
စိတ်ချယုံကြည်စွာဖြင့် အပ်နှံလိုက်ပါ။
ကဲ ၂၀၂၂ခုနစ် မတ်လ ၂၅ရက်နေ့ မနက် ၉ နာရီနော်။