28/07/2026
ဝါဆိုလပြည့်နေ့မှာ အေးချမ်းတဲ့ မေတ္တာတရားတွေကို ဆင်မင်းဆိပ်ခွန်နဲ့အတူ မျှဝေလိုက်ပါ 📢
🌕ဝါဆိုလပြည့်အခါသမယမှာ တရားဘာဝနာ ၊ ဒါနကုသိုလ်တရားတွေပွားများရင်း အားလုံးပဲ စိတ်နှလုံးချမ်းမြေ့နိုင်ကြပါစေ လို့ ဆင်မင်းဆိပ်ခွန် လုံချည် မိသားစုကနေ ဆုတောင်းမေတ္တာများပို့သလိုက်ပါတယ်။
ဝါဆိုလပြည့်နေ့ကမြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှာ အဘိဓမ္မာတရားဒေသနာတော်ကို စတင်ဟောကြားတော်မူတဲ့နေ့ဖြစ်တာကြောင့် "ဓမ္မစကြာအခါတော်နေ့" လို့လည်းခေါ်ဝေါ်ကြတဲ့ နေ့ထူးနေ့မြတ်တစ်ရက်လည်း ဖြစ်ပါတယ်။ ဒီလိုမင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ ဝါဆိုလပြည့်နေ့ အခါသမယမှာ...
မိဘဆရာသမားတွေ နဲ့ လူကြီးသူမတွေကို ပူဇော်ကန်တော့ဖို့ဖြစ်စေ ၊ မိသားစုဝင်တွေနဲ့အတူ ဘုရားကျောင်းကန်တွေကိုသွားရောက်ပြီး ကုသိုလ်ယူဖို့ပဲဖြစ်စေ ခန့်ညားထည်ဝါပြီး ဝါချည်စစ်စစ်အထည်တွေဖြစ်လို့ အေးမြလုံခြုံခြင်းတွေကို ပေးစွမ်းနိုင်တဲ့ "ဆင်မင်းဆိပ်ခွန်လုံချည်" ကို ရွေးချယ်ဖို့ မမေ့ပါနဲ့နော်💯
#မြန်မာ့ရိုးရာ #လုံချည် #ဆင်မင်းဆိပ်ခွန်
#ဆင်မင်းဆိပ်ခွန်လုံချည် #ဝါဆိုလပြည့်