22/03/2025
မွေးစဘေဘီလေးကို နေ့ နဲ့ ည မမှားအောင်ဘယ်လိုလုပ်ပေးလို့ရလဲ..? ☀️🌙
ဗိုက်ထဲကနေခုမှထွက်လာတဲ့ဘေဘီလေးတွေ နေ့နဲ့ညမှားတတ်တယ်နော်..အဲ့လိုဖြစ်ရင် နေ့ဘက်ဆို တနေကုန်အိပ်ပြီး ညဆို ဇီးကွက်လေးလိုပြူးနေရင် မေမေနဲ့ဖေဖေ တိုင်ပတ်ပြီပေါ့😅
☀️ဆေးရုံကနေအိမ်ပြန်ရောက်ခါစရက်ထဲက မနက် ၇ နာရီလောက်ဆို ပြတင်းပေါက်တွေဖွင့် အပြင်ကအသံလေးတွေကြားအောင်ထားပေးပါ
☀️အပြင်မှာဆူတယ်ဆိုရင်..ဒါမှမဟုတ်အလင်းရောင်မဝင်တဲ့အခန်းဆိုရင်..ကလေးမျက်စိမကြိမ်းလောက်တဲ့မီးတွေဖွင့်ထားပေးပါ..နေ့ဘက်မှန်းသိအောင်ပါ
☀️နေ့ဘက်ဆိုရင် မေမေတို့က စကားပုံမှန်ပြော လုပ်စရာရှိတာလုပ်ပါ..ကလေးအိပ်နေတယ်ဆိုပြီးတိတ်တိတ်လေးနေစရာမလိုပါဘူး
☀️နေ့ခင်းဘက်ဆို diaper လွှတ်ထားပေးပါ..ဒါမှ ရှူးပေါက်တိုင်းသန့်ရှင်းရေးလုပ်ပေးရင် နိုးမှာပါ
☀️နေ့ခင်းဘက်နိုးနေရင်စကားလေးတွေပြောပေး သီချင်းတီးလုံးလေးတွေဖွင့်ထားပေးပါ
🌙ည ၈နာရီလောက်ရောက်ပြီဆို မီးတွေအကုန်ပိတ်ပြီး ညအိပ်မီးမှိန်မှိန်လေးပဲဖွင့်ပါ..လူကြီးတွေလဲတိတ်တိတ်ဆိတ်ဆိတ်ပဲနေပေးပါ
🌙 ညဘက် diaper ဝတ်ပေးရင်ပိုကောင်းပါတယ်..
မဟုတ်ရင် ခဏတိုင်းရှူးစိုနေပြီလားထစမ်းရ..ပေါက်ထားရင်ခဏခဏလဲပေးရရင် မေမေတို့ကော ဘေဘီကောအိပ်ရေးပျက်ပါတယ်
မင်မင်ကတော့ 𝐃𝐨𝐝𝐨 𝐋𝐨𝐯𝐞 𝐧𝐞𝐰𝐛𝐨𝐫𝐧 𝐝𝐢𝐚𝐩𝐞𝐫 လေးသုံးပေးတာ ချက်အဝိုက်လဲပါ 𝐢𝐧𝐝𝐢𝐜𝐚𝐭𝐨𝐫 လဲပါလို့အရမ်းအဆင်ပြေပါတယ်✌🏻
ဘွတ်ဘွတ်ပါရင်တော့ချက်ချင်းလဲပေးရမယ်နော်
🌙ညဘက် diaper/အနှီးလဲတဲ့အချိန် နိုးနေရင်တောင်စကားမပြောပေးပါနဲ့..ညအိပ်မီးလေးနဲ့ပဲလဲပေးပါ
🌙သန့်ရှင်းရေးလုပ်ဖို့ wet tissue သုံးတယ်ဆို အေးအေးကြီးမဖြစ်အောင် wet tissue warmer လေးတွေသုံးပေးလို့ရပါတယ်
ဂွမ်းလုံးသုံးရင် ရေနွေးလေးရောပြီးသုတ်ပေးရင် အေးပြီးနိုးတာမျိုးမဖြစ်တော့ဘူးပေါ့
🌙နို့တိုက်ရင်းမျက်လုံးပြူးကြည့်နေရင် မေမေကအိပ်ချင်ယောင်ပဲဆောင်နေလိုက်ပါ..မျက်လုံးချင်းစုံပြီးစကားပြောပေးလိုက်ရင် ပြန်မအိပ်မှာစိုးရတယ်😅
🌙ခုခေတ်တချို့မေမေတွေကအနှီးမထုတ်တော့ပေမယ့် မင်မင်ကတော့ရက်သားလေးဆိုထုတ်ပေးထားတာပိုကောင်းတယ်ထင်ပါတယ်..လက်တွေလှုပ်ပြီးမလန့်အောင် လုံလုံခြုံခြုံလေးထုတ်ထားရင်ကောင်းကောင်းပိုအိပ်ပါတယ်
ညဘက်ကိုအနှီးလေးထုတ်ပြီး စောင်လေးနဲ့နွေးနွေးထွေးထွေးသိပ်ပါတယ်😴
🌙နို့စို့ရင်းခဏလေးနဲ့အိပ်အိပ်ပျော်သွားတတ်လို့ သေချာနို့ဝအောင် နားရွက်လေးတွေ ပါးလေးတွေပွတ်ပြီးနှိုးတိုက်ပေးပါ..နို့ဝမှာကြာကြာအိပ်မှာမို့
ဒါကတော့ Liam & Leo လေးကိုလုပ်ပေးတဲ့ မေမေဖြူသာ့အတွေ့အကြုံအရရေးထားတာဖြစ်ပါတယ်..
ပြောတော့သာလွယ်တာ..ဘေဘီလေးတွေတယောက်နဲ့တယောက် ပညာပြပုံမတူကျလို့စမ်းကြည့်ပေါ့နော်😅🤪
Card...