MYA SHOP

MYA SHOP 🩵All is well🩵

09/07/2025

05/07/2025

Celebrating my 4th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

I got over 10 reactions on one of my posts last week! Thanks everyone for your support! 🎉
01/07/2025

I got over 10 reactions on one of my posts last week! Thanks everyone for your support! 🎉

 #မြေပဲဆီ
29/06/2025

#မြေပဲဆီ

ဒီနေ့မှာတော့ အိမ်လုပ်ကော်ပြန့်လိပ်လေးကို မြေပဲဆီစစ်စစ်နဲ့ကြော်ထားပါတယ်ခ🩵မင်မင်နောက်မှာဘာလေးတွေတွေ့လဲခ??🤩ဖြေပေးပါအုန်း😍ကျ...
20/03/2025

ဒီနေ့မှာတော့ အိမ်လုပ်ကော်ပြန့်လိပ်လေးကို မြေပဲဆီ

စစ်စစ်နဲ့ကြော်ထားပါတယ်ခ🩵

မင်မင်နောက်မှာဘာလေးတွေတွေ့လဲခ??🤩ဖြေပေးပါအုန်း😍

ကျန်းမှာရေးအတွက်ဘေးကင်းစွာနေထိုင်ဖို့မြေပဲဆီကိုသုံးကြစို့😍

မြေပဲဆီစစ်စစ်ကိုယုံကြည်စိတ်ချစွာမှာယူလို့ရပါတယ်။

09428313623 ကို ဟလို လိုက်ပါနော်🤩

တောင်ကြီးမြို့တွင်းမဝေးရင်တော့ ပို့ပေးပါတယ်ခ🩵🩵
#မြေပဲဆီစစ်စစ်

16/03/2025
25/02/2025

“အကြင်နာတရားဟာ ကိုယ့်စိတ်ကို ဘယ်လိုအကျိုးပြုသလဲ”

🔳 လူတစ်ယောက်ယောက်က ကိုယ့်ကို ကူညီပေးလိုက်တယ်၊ လှူတန်းမျှဝေလိုက်တယ်ဆို ပျော်သွားတာ မဆန်းဘူး။ အကြင်နာတရားရှိခြင်းဟာ လူမှုအသိုင်းအဝိုင်းကို အကျိုးပြုနိုင်တာလည်း လူတိုင်းသိတဲ့ကိစ္စ။

သိပ်မပြောဖြစ်ကြတာက ကြင်နာမှုကို ပြသတဲ့ လူကိုယ်တိုင်ရဲ့ စိတ်ပိုင်းဆိုင်ရာအပေါ်မှာလည်း အကျိုးရှိစေတယ် ဆိုတာပဲ။

🔳 ကျွန်တော့်လက်သုံးစကားတစ်ခု ရှိတယ်။ ကိုယ်တိုင်လည်း အမြဲကျင့်သုံးဖြစ်တယ်။

If you are not happy, make other people happy.
ကိုယ်မပျော်နေဘူးဆိုရင် သူတစ်ပါးကို ပျော်အောင်လုပ်ပေးလိုက်ပါ ဆိုတာ။

🔳 ဒါနဲ့ ပတ်သက်လို့ တချို့လည်း ပြောကြတယ်။ ကိုယ်မှ ပျော်မနေတာ၊ သူများကို ပျော်အောင် ဘယ်လိုလုပ်ပေးရမလဲ၊ ကိုယ်ပျော်နေမှ စိတ်ကြည်ပြီး သူများကိုလည်း ကူညီပေးနိုင်တာ မဟုတ်ဘူးလားပေါ့။

ဒါလည်း မှန်သင့်သလောက် မှန်တယ်။ Cycle လို လည်နေကြတာ ဖြစ်လို့ တစ်နေရာရာကနေတော့ ဖြတ်တောက်ရတာပေါ့။ မပျော်နေရင် စိတ်မကြည်။ စိတ်မကြည်တော့ သူများကို ကူညီဖို့ဝေးလို့ ကတောက်ကဆ ဖြစ်တာ ပိုများ။ အဲဒီတော့ ပိုမပျော်။ ပျော်ဖို့အတွက် ဖြတ်လမ်းနည်းတွေ သုံးရင်တော့ ပိုဆိုးသွားမယ်။

🔳 ကျွန်တော်ကတော့ အဲဒီလိုအချိန်တိုင်း တစ်ယောက်ယောက်ကို ကူညီပေးခြင်းဖြင့် ကိုယ့် Mood ကို တက်လာအောင် လုပ်လေ့ရှိတယ်။

ရုတ်တရက် ဖတ်လိုက်ရင် ကိုယ်ပျော်ဖို့အတွက် လိုက်ကူညီပေးနေသလိုတော့ ဖြစ်သွားမလား မသိဘူး။ တစ်ခါလည်း ရေးဖူးသလို၊ အများအတွက်ပဲ ၁၀၀ % ဆိုတာတော့ သိပ်ရှားပါတယ်။ ကိုယ့်အတွက်လည်း နည်းနည်းတော့ ပါကြတာပဲ။ နာမည်ကြီးချင်လို့၊ ပစ္စည်းဥစ္စာ ကြွယ်ဝချင်လို့ ဆိုတာမျိုး မဟုတ်ရင် ပြီးတာပဲ။

🔳 ကိုယ်ကူညီပေးလိုက်တယ်။ တစ်ဖက်လူ အဆင်ပြေသွားတယ်။ ဝမ်းသာသွားတယ်။ ကိုယ့်ကို ကျေးဇူးတင်စကား ပြောတယ်။ အဲဒါတွေ တွေ့ကြုံနေရချိန်မှာ ပီတိဖြစ်တယ်။ ပျော်လာတယ်။ နေရတာ ကျေနပ်လာတယ်။ အဲဒီခံစားချက်ကို The Helper’s High လို့ တင်စားကြတယ်။

High တယ်ဆိုတာတော့ သိပြီးကြမှာပါ။ မူးယစ်ဆေးဖြစ်ဖြစ် သုံးထားတဲ့အခါ လေပေါ် လွင့်နေသလို ခံစားချက်မျိုး။

ဒါလည်း အလားတူပဲ။ တစ်ဖက်သားကို ကူညီလိုက်တဲ့အခါ ကိုယ့်မှာ ဖြစ်လာတဲ့ ခံစားချက်။ နေလို့ သိပ်ကောင်းတယ်။

အဲဒီအခါ ငြိလာတယ်။ ကြိုက်လာတယ်။ ဒီလိုနဲ့ပဲ ဆက်ဆက်ပြီး ကူညီဖြစ်လာတယ်။ နေ့စဉ်ဘဝမှာပါ အကြင်နာတရားကို ပြသဖြစ်လာတယ်။

🔳 ကြင်နာမှုနဲ့ ပတ်သက်လို့ လုပ်ထားတဲ့ သုတေသနတစ်ခု (Rewards of Kindness? A meta-analysis of the link between prosociality and well-being) မှာ ပညာရှင်တွေ တွေ့ရှိရတဲ့အထဲက နှစ်ချက်ကို မျှဝေလိုတယ်။

📌 ၁။ Formal Acts of Kindness - ကြိုတင်စီစဉ်ထားတဲ့ ကြင်နာမှုတွေ (ဥပမာ အခမ်းအနားတွေနဲ့ အလှူအတန်းလုပ်တာ) ထက် Random Acts of Kindness လို့ ခေါ်တဲ့ ကြိုတင်မရည်ရွယ်ထားဘဲ ပြသလိုက်တဲ့ ကြင်နာမှုတွေက စိတ်ခံစားချက်ကို ပိုကောင်းစေတယ်လို့ ဆိုတယ်။ ဥပမာ လမ်းသွားရင်း တစ်ယောက်ယောက်ကို ကူညီပေးလိုက်တာမျိုး၊ ဆေးရုံမှာ လူနာတစ်ယောက် ငွေလိုနေတာ တွေ့လို့ လှူလိုက်တာမျိုး စသဖြင့်ပေါ့။

📌 ၂။ အားစိုက်ထုတ်မှု များလေလေ၊ ရှင်သန်ရတာ အဓိပ္ပါယ်ရှိတယ် ဆိုတဲ့ ခံစားချက် ပိုရလေလေ။

ကြုံဖူးကြမှာပဲ။ ကိုယ့်ငွေကလေးတွေ စုထားပြီးမှ မိဘမဲ့ကျောင်းမှာ သွားလှူလိုက်တဲ့အခါ ရတဲ့ခံစားချက်။ သိန်းရာထောင်ချီမနေဘူး။ ဆယ်ဂဏန်းတောင် ရှိချင်မှ ရှိမယ်။ ဒါပေမဲ့ ဒီငွေကလေးက ကိုယ်တအားကြိုးစားပြီးမှ စုထားရတာ။ အဲဒီအခါ ခံစားချက် ပိုကောင်းတယ်။ ပိုပီတိဖြစ်ရတယ်။

ငွေသားသက်သက် သွားလှူတာထက် လူအင်အားနဲ့ပါ ကူပေးတာ၊ ကိုယ့်ခန္ဓာကိုယ်ထဲက သွေးကို ထုတ်ပြီး လှူတာ၊ ဒါမျိုးတွေကျ ပိုတောင်မှ ခံစားချက်ကို ကောင်းစေလိမ့်ဦးမယ်။

🔳 ကြင်နာတဲ့ လုပ်ရပ်တစ်ခု လုပ်လိုက်တဲ့အခါ ကိုယ့်ခန္ဓာကိုယ်ထဲမှာ Happy Hormone တွေ ထွက်လာတယ်။ Oxytocin က လူကို တည်ငြိမ်စေတယ်။ ပျော်ရွှင်စေတယ်။ ရက်ရောလာစေတယ်။ Serotonin က မု(ဒ်) ကို ပိုကောင်းလာစေတယ်။ အကောင်းမြင်စိတ် ပိုရှိလာစေတယ်။

ကိုယ့်ကိုယ်ကိုယ် မြင်တဲ့အမြင်ပါ ပြောင်းလာတယ်။ ကိုယ့်ကိုယ်ကိုယ် ပိုသဘောကျလာတယ်။ ကျွန်တော်ဆို သွေးလှူတဲ့အခါတိုင်း အဲဒီခံစားချက် ရတယ်။ ကိုယ့်ရဲ့ ကျန်းမာမှုနဲ့ Healthy Lifestyle ကို ထိန်းသိမ်းထားနိုင်မှုအပေါ် ဂုဏ်ယူတာပေါ့။

ကိုယ်က တစ်ပါးသူကို ကူညီခဲ့တော့ ကိုယ့်အလှည့်ကျလည်း ပြန်ကူညီမဲ့သူ ပေါ်လာတယ်။ နာမည်ဂုဏ်သတင်း ကောင်းလာတယ်။ လူမှုအသိုင်းအဝိုင်းထဲ ပိုဝင်ဆံ့လာတယ်။ အဲဒီအခါ လုံခြုံတယ် ဆိုတဲ့ ခံစားချက်ကိုလည်း ရတယ်။

🔳 ဒါတွေက ကြင်နာမှုကို ပြသတဲ့ လူကိုယ်တိုင်အပေါ် အကြင်နာတရားက အကျိုးပြန်ပြုတဲ့ ပုံစံတွေ ဖြစ်ပါတယ်။ ဒီခက်ခဲတဲ့ ကာလကို တတ်နိုင်သမျှ စိတ်ကြည်ကြည်လင်လင် လုံလုံခြုံခြုံနဲ့ ကျွန်တော်ဖြတ်သန်းနေနိုင်တဲ့ အကြောင်းရင်းတွေလည်း ဖြစ်တယ်။

ဒါကြောင့်မို့လည်း “ကိုယ်မပျော်တဲ့အခါတိုင်း သူတစ်ပါးကို ပျော်အောင် လုပ်ပေးလိုက်ပါ” လို့ ကျွန်တော် တိုက်တွန်းနေဖြစ်တာပါ။

🔳 ကြင်နာတဲ့ လုပ်ရပ်တစ်ခု လုပ်လိုက်ရင် ကိုယ့်ခန္ဓာကိုယ်မှာ ပျော်စေတဲ့ ဟော်မုန်းတွေ ထွက်လာတယ် ဆိုတာ တွေးကြည့်ရင် အတော်အံ့သြစရာ ကောင်းပါတယ်။ သဘာဝတရားရဲ့ ဆန်းကြယ်မှုပေါ့။ ဘုရားသခင်က လူတွေအချင်းချင်း စောင့်ရှောက်အောင်၊ ကြင်နာအောင် ဒီလိုဖန်ဆင်းပေး၊ တည်ဆောက်ပေးထားတယ်ပဲ ဆိုချင်ဆိုပေါ့။ ဒါမှလည်း လူသားမျိုးနွယ် တည်တံ့မယ်။ ကမ္ဘာကြီးက နေပျော်မယ်။

တစ်ယောက်ကိုတစ်ယောက်သာ ဖျက်ဆီးစေချင်ရင် အဲဒီလို လုပ်ရတဲ့အခါ ပျော်စေတဲ့ ခံစားချက် ဖြစ်အောင် လုပ်ထားပေးမှာပေါ့။ မဟုတ်ဘူးလား။

🔳 အမုန်းတရားတွေ၊ အတိုက်အခိုက်တွေ၊ အတ္တမာန်မာနတွေဟာ လောကကိုလည်း အကျည်းတန်စေသလို၊ ကာယကံရှင်ကိုလည်း မပျော်စေပါဘူး။ လတ်တလောသာ အောင်နိုင်လိုက်လို့၊ ဖြစ်ချင်တာတွေ ဖြစ်ခွင့်ရလိုက်လို့ ကျေနပ်သွားတာသာ ရှိမယ်။ အမုန်းမီး၊ ရန်မီးတွေ ဝိုင်းနေတာမို့ စိတ်လုံခြုံမှုကိုလည်း မပေးနိုင်ဘူး။

ကိုယ်ခန္ဓာကို တည်ဆောက်ထားတဲ့ ပုံစံကိုက အကြင်နာတရား ထားဖို့ဖြစ်တာမို့ ဒီသဘာဝအတိုင်း၊ ဒီ Flow လေးအတိုင်းသာ နေ့စဉ်နဲ့အမျှ ရှင်သန်နေထိုင်စေချင်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၂၅.၂.၂၀၂၅

Address

Shwedagon Street
Taunggyi

Telephone

+959979620295

Website

Alerts

Be the first to know and let us send you an email when MYA SHOP posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share