Smile Lady ဖက်ရှင်ဒီဇိုင်း နှင့် စက်ချုပ်သင်တန်းကျောင်း

  • Home
  • Myanmar
  • Taunggyi
  • Smile Lady ဖက်ရှင်ဒီဇိုင်း နှင့် စက်ချုပ်သင်တန်းကျောင်း

Smile Lady ဖက်ရှင်ဒီဇိုင်း နှင့် စက်ချုပ်သင်တန်းကျောင်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Smile Lady ဖက်ရှင်ဒီဇိုင်း နှင့် စက်ချုပ်သင်တန်းကျောင်း, Sewing & Alterations, Taunggyi.

အားလုံးပဲ မဂ်လာပါရှင်
20/12/2023

အားလုံးပဲ မဂ်လာပါရှင်

မဂ်လာပါရှင့်
20/12/2023

မဂ်လာပါရှင့်

01/09/2022

>>> Smile Lady စက်ချုပ် နှင့် ဒီဇိုင်နာသင်တန်း (တောင်ကြီး)

19/02/2022

💫✨ 💫✨💫✨💫✨💫✨💫✨💫✨💫✨💫✨

ဒီနေ့မှာတော့ ဒီဇိုင်နာသင်တန်းတက်ခါစ ညီမလေးတွေသင်ယူခါစမှာ မှားတတ်တာလေးတွေကို မျှဝေပေးချင်ပါတယ်ရှင်။
💫✨💫✨💫✨✨💫✨💫✨💫✨💫✨💫✨💫

🔰 ဒီဇိုင်းပညာကိုစတင်သင်ယူမယ့်သူတွေတော်တော်များများက ဈေးကြီးတဲ့စက်ကိုဝယ်ဖို့ဆုံးဖြတ်ခြင်းပဲ။
( ဈေးကြီးရင်ပိုကောင်းမယ်လို့ယူဆကြတယ် , Function များလေပိုကောင်းလေထင်ကြတယ် )
တကယ်တော့ သင်ယူစမှာ သင့်တော်တဲ့စက်ချုပ်စက်တလုံးနဲ့ ဓားစက်တလုံးရှိရင်လုံလောက်ပါပြီ။

🔰 ခုမှစက်နင်းစသင်မယ့် တော်တော်များများမှာတွေ့ရလေ့ရှိတယ်။ ဖြစ်ချင်တာတွေ , လုပ်ချင်တာတွေ တချိန်တည်းမှာအရမ်းများနေတာပဲ ( သင်ယူနေတာတွေကို နေ့စဉ်ပြန်လေ့ကျင့် ကြိုးစားဖို့တော့လိုပါတယ် အရမ်းတော့ဆန္ဒမစောနဲ့အုံးနော် )

🔰 Beginner တွေ ကိုယ်တိုင်းနည်းစနစ်တကျ မကျွမ်းကျင်ဘဲ မိမိကိုယ်ကို ပြန်တိုင်းတာတွေမလုပ်နဲ့ဦး​နော် ( အတန်းဖော်တယောက်ကိုတိုင်းခိုင်းပြီး ကိုယ်က သူတိုင်းတာကို ကြည့်ပြီး လိုအပ်ချက်ကို ပြောနော် )

🔰 ဒီလမ်းကြောင်းရွေးမိတာမှားပြီလားလို့ ဘယ်တော့မှ စိတ်ညစ်ပြီး လက်မလျော့ပါနဲ့နော်။
( အဲ့လိုတွေးမိရင် လုပ်နေတာကိုခဏရပ်ပြီး အနားယူလိုက်ပါ။ တီဗီကြည့်၊ မုန့်ထွက်စား၊ သီချင်းနားထောင်၊ အပြင်သွားတာဖြစ်ဖြစ်ပေါ့ ) ဖြစ်တတ်ကြပါတယ်။

🔰 တချို့လေးတွေက အဆင့်တွေကျော်ပြီး လေ့လာခြင်း လုပ်ကြတယ်။ အဲ့လိုမလုပ်နဲ့နော်။ မသင်ယူမီတည်းက စိတ်ညစ်ပြီး give up လုပ်မိမှာစိုးလို့ပါ။

🔰 မှန်ကန်တဲ့ပိတ်စအသုံးပြုဖို့အရေးကြီးတယ်နော်။ ချုပ်ဖို့ပိတ်စရွေးတဲ့အခါမှာ ချုပ်မယ့်ဒီဇိုင်းနဲ့ ( မဟုတ်ရင် ပုံထွက်ပြောင်းသွားမယ် )

🔰 Beginner လေးတွေ ပိတ်စရွေးတဲ့အခါမှာ ချုပ်တာလက်မနိုင်မှီ ပိတ်စအပျော့တွေ၊ ပိတ်စအဆင် အရမ်းရှုပ်တာတွေရှောင်အုံးနော်။ ( အကျီ်က လက်မနိုင်သေးတော့ လက်ရာ မသပ်မရပ် ထွက်လာရင်လည်း စိတ်ညစ်စရာတွေ ဖြစ်လာနိုင်လို့ပါ)

🔰 ပိတ်ညှပ်တဲ့အခါမှာ မျက်စိအမြင်လေးနဲ့ ပိတ်ကြောကိုမယူပါနဲ့နော်။ Grain line ကို pattern မှာဆွဲထားပြီး ပိတ်ညှပ်တဲ့အခါ သေချာ နေရာချနော်။

🔰 ကိုယ်က ဒီပညာရပ်ကိုစသင်ယူပြီဆို Sewing နဲ့ပတ်သတ်တဲ့ ( Terminology ) အခြေခံ ပညာရပ်အခေါ်အဝေါ်လေးတွေ လေ့လာထားနော်။

🔰 ချုပ်တဲ့အခါမှာ တဆင့်ချင်းဆီ စိတ်ရှည်ရှည်သင်ယူနော် ( ချက်ချင်းတော့ဘယ်မြန်မလဲ ဖြည်းဖြည်းမှန်မှန်ပဲ ဆက်သင်ပါ) ။ ချုပ်တဲ့အခါ ခဏခဏမှားချုပ်၊ ဖြုတ်ခြင်းက ဆက်သင်ယူဖို့ စိတ်ညစ်စေပြီး အချိန်ကြာစေပါတယ်။

🔰 ဒါလေးကတော့ ကိုယ်တိုင်ကသပ်သပ်ရပ်ရပ်တထည်ကောင်းကောင်းမချုပ်တတ်မှီ တခြားသူတွေကိုချုပ်ပေးဖို့ ဟန်ပြင်နေပီ။ (အချိန်ပေးပြီး ေသချာ သင်ယူဦးနော်။)

🔰 ဒါကတော့ ဘယ်ရမလဲ။ မချုပ်တတ်မီတည်းက ချုပ်တဲ့အခါ မြန်မြန်ပြီးအောင် အဆင့်ကျော်ချုပ်ဖို့ ကြိုးစားနေပါဘီ။ ( step by step သွားနော် ကြာရင်ကြာပလေ့စေ ဒါမှချုပ်ပြီးရင် ချက်ချင်း ဝတ်လိုက်တာနဲ့ လှမှာရယ် )

🔰 ဒါလေးကတော့ တချို့သူလေးတွေက ဘာမှမချုပ်တတ်မှီ ပိတ်စ​ေတွ, sewing accessories လျောက်ဝယ်ထားခြင်းပဲ အဲ့လိုမလုပ်နဲ့နော် ။ သင်တန်းတက်တော့မှ တီချယ်တွေက Beginner လေးတွေလိုအပ်တဲ့ အသုံးပြုရမယ့် ပိတ္စ, ပစ္စည်းတွေ, ဝယ်ရမှာတွေကိုလမ်းညွန်ပေးပါလိမ့်မယ်လို့ ။ ကြိုဝယ်ယူတာတွေရှောင်နော်။ အပိုပိုက်ပိုက်ကုန်မှာဆိုးလို့။

🔰 သေချာဂရုတစိုက် ချုပ်နေရင်းနဲ့ မှားချုပ်မိတာတွေဖြစ်လည်း လက်ခံပေးနော်။ ( အမှားရှိမှ အမှန်သိမှာမို့ပါ )

🔰 ချုပ်ကြောင်းတွေ၂ခါ၊ ၃ခါလောက် ထပ်ခါထပ်ခါ ချုပ်တာမျိုး မလုပ်နဲ့နော်။ ( ပိတ်စတွန့်တာ၊ တင်းတာ ဖြစ်ပြီး ချုပ်သားမလှမှာစိုးလို့ပါ ။ )

🔰 ချုပ်တဲ့အခါ ပိတ်ကြောကောင်းကောင်းနားလည်ဖို့အရေးကြီးတယ်နော်။ ( လည်ပင်းကွပ်တာမျိုးမှာ ပိတ်စောင်းသား bias မယူမိတာမျိုးပေါ့ )

🔰 Pattern ကို ပိတ်စနေရာချမမှားဖို့လည်းသတိထားအုံးနော်လို့။ ( ဥပမာ - ကတ္တီပါအသား nap ကို အပေါ်, အောက် pattern လျောက်မထားနဲ့နော်။ )

🔰 ချုပ်တဲ့အခါ ချည်သေချာမတုပ်ခဲ့တာမိျုးပေါ့ ( unravel ) မဝတ်ရသေးဘူး ချည်ကပြုတ်နေပြီဆိုတာမျိုး ဖြစ်နိုင်လို့ပါ။

🔰 ပိတ်ညှပ်တဲ့အခါ ကတ်ကြေးကို စက္ကူရော, ပိတ်ရော တစ်ခုတည်းနဲ့မညှပ်နဲ့နော်။ ( ကတ်ကြေးပျက်စီးတတ်ပြီး ပိတ်ညှပ်ရင်လည်း မသပ်ရပ်မှာစိုးလို့ပါ )

: Teacher - Yadanar Aung (New Look Fashion and Design School)

Address

Taunggyi

Telephone

+959886629162

Website

Alerts

Be the first to know and let us send you an email when Smile Lady ဖက်ရှင်ဒီဇိုင်း နှင့် စက်ချုပ်သင်တန်းကျောင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share