The Ross Store

The Ross Store Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Ross Store, Vintage Store, Taunggyi.

အားပေးကြမ်းးတယောက်တည်း4ခေါက်တောင်မမဟုန်တော်တော်ကောင်းးပုံရတယ်
12/07/2025

အားပေးကြမ်းးတယောက်တည်း4ခေါက်တောင်
မမဟုန်တော်တော်ကောင်းးပုံရတယ်

19/06/2025

အပြင်တွေ သွားရင် ပံု လှလှလေး ရိုက်မယ် ဆို
Post မပေးတတ်တာနဲ့ ဘာမှ ဆက်မဖြစ်တော့ဘူး
🥹🥹🥹

ငလျှင်လှုပ်လျင်-------------------------မတ်လ ၂၈ ရက်နေ့ နေ့လယ် ၁ နာရီဝန်းကျင်မှာ မဂ္ဂနီကျူ့ ၇.၇ အင်အားရှိတဲ့ ငလျင် လှုပ်ခ...
28/03/2025

ငလျှင်လှုပ်လျင်
-------------------------

မတ်လ ၂၈ ရက်နေ့ နေ့လယ် ၁ နာရီဝန်းကျင်မှာ မဂ္ဂနီကျူ့ ၇.၇ အင်အားရှိတဲ့ ငလျင် လှုပ်ခတ်သွားပြီးတဲ့နောက် ကြိုတင်ကာကွယ်ဖို့ ပြင်ဆင်ထားသင့်တဲ့အချက်များ

မြေငလျင်ဒဏ် ကာကွယ်ရန် ကြိုတင်ပြင်ဆင်ထားရန်

ငလျင်လှုပ်ရှားနိုင်သည့်ဒေသ (သို့မဟုတ်) ငလျင်ပြတ်ရွေ့ တည်ရှိရာဒေသများတွင် နေထိုင်ကြသူများအဖို့ ငလျင်သတိ အမြဲရှိနေကြရန်နှင့် ငလျင်လှုပ်ရှားမှုကြောင့် ထိခို-က်ဆုံ:ရှုံ:မှုများ မရှိရစေရန် ကြိုတင်ပြင်ဆင်ထားမှုများ ပြုလုပ်ထားကြရမည်ဖြစ်ပါ၍ ငလျင်မလှုပ်မီ၊ ငလျင်လှုပ်စဉ်နှင့် ငလျင်လှုပ်ပြီးချိန်များတွင် ပြုလုပ်ကြရမည်များကို သိရှိထားရန် လိုအပ်ပါသည်။

ငလျင်မလှုပ်မီ ကြိုတင်ပြင်ဆင်ရန် ✅

(၁) အခန်းတိုင်းတွင် လုံခြုံသောနေရာကိုသိထားရမည်

(၂) လုံခြုံသောနေရာသို့ ဝင်ရန်၊ အကာအကွယ်ယူရန်၊ ဆွဲကိုင်ထားရန်တို့အား လေ့ကျင့်ထားရမည်

(၃) အန္တရာယ်ရှိသော နေရာများကို သိထားရမည်၊

(၄) အိမ်ပြင်တွင်ရှိလျှင် လုံခြုံစိတ်ချရသောနေရာများကို သိထားရမည်၊

(၅) ထွက်ပြေးရန် လမ်းကြောင်းများ၊ အရံထွက်လမ်းများကို လေ့လာမှတ်ထားရမည်၊

(၆) ရေ၊ ဓာ-တ်ငွေ့နှင့် လျှပ်စစ်မီ:တို့ကို အရေးပေါ် ဖြတ်တောက်နိုင်မည့်နေရာများကို သိထားရမည်။ တိုက်ခန်းများ မိန်းချပါ။

ငလျင်လှုပ်ရှားစဉ် လုပ်ဆောင်ရန်အချက်များ ⚠️

(၁) မြေကြီး(သို့မဟုတ်) အဆောက်အဦတုန်ခါခြင်းကြောင့် ပြိုကျလာသည့် အကျို: အ-ပဲ့များ ထိခို-က်မည့်အန္တ-ရာယ်မှ လွတ်ကင်းအောင် စာရေးခုံ၊ စားပွဲအောက်တွင် ချက်ချင်းအမြန်ဆုံးဝင်၍ ပုန်းလျှိုးနေလိုက်ပါ၊

(၂) ပြိုကျနေသည့်အကျိုးအပဲ့များ၊ မြင့်မားသည့်ပရိဘောဂများ၊ ကြမ်းပြင်ပေါ်တွင် လျောကျနိုင်သော (သို့မဟုတ်) မှောက်လဲနိုင်သော လေးလံသည့် အရာဝတ္တုများကို သတိထားပါ၊

(၃) အပြင်ထွက်သော တံခါးပေါက်၊ ပြူတင်းပေါက်များမှ ဝေးဝေးနေပါ၊

(၄) ငလျင်လှုပ်စဉ် အိမ်အပြင်သို့ ထွက်မပြေးပါနှင့်၊

(၅) မိမိသည် တိုက်အမြင့်ကြီး၌ နေထိုင်ပါက လှေကားများ(သို့မဟုတ်) ဓာတ်လှေကားများတွင် တိုးဝှေ့ခြင်း မပြုပါနှင့်၊

(၆) မိမိသည် လမ်းပေါ်သို့ရောက်နေပါက အဆောက်အဦများ၊ လျှပ်စစ်ကြိုးများနှင့် ဝေးကွာသော ကွင်းပြင်သို့ ရောက်ရှိရန် ကြိုးပမ်းရမည်၊

(၇) မိမိသည် ကားအတွင်းတွင်ရှိနေလျှင် ကားကို စက်သတ်ရပ်ထား၍ ကားအတွင်း၌ပင် ဆက်နေပြီး တံတားများ၊ အဆောက်အဦးများနှင့် ဝေးဝေးနေရမည်၊

(၈) ပင်လယ်ကမ်းခြေ၊ နိမ့်သော မြစ်ကမ်းပါးတို့မှ ဝေးနိုင်သမျှ ဝေးဝေးနေပါ။ ဆူနာမီရေလှိုင်းကြီးများ ဝင်ရောက်လာနိုင်ပါသည်။

ငလျင်လှုပ်ပြီးလျှင် လုပ်ဆောင်ရန်အချက်များ ✅

(၁) မိမိကိုယ်ကို အနာတရ ဖြစ် မဖြစ် စစ်ဆေးပါ၊

(၂) နောက်ဆက်တွဲဖြစ်နိုင်သည့် အန္တရာယ်တို့ကို ကာကွယ်ပါ၊

(၃) ရှေးဦးသူနာပြုစုနည်းများဖြင့် ပြုစုပါ၊

(၄) အဆောက်အဦ:တွင် ထိခို-က်မှု မမာဏကို စစ်ဆေးပါ၊

(၅) မီ:ဘေ:အန္တရ-ယ်ကို တွက်ဆပါ၊

(၆) မီ:ခြ-စ် မသုံးပါနှင့်၊ မီ:ခလုတ်များကို ပိတ်ထားပြီး ဓာတ်မီးနှင့် ဘတ္ထရီမီးတို့ကို သုံးပါ၊

(၇) ဓာ-တ်ငွေ့နံ့၊ ဓာ-တ်ဆီနံ့စသည့် လောင်စာနံ့ရပါက အမြန်ဆုံး ထွက်ခွာပါ၊

(၈) နောက်ဆက်တွဲငလျင်များ လှုပ်နိုင်သည်ကို သတိပြု ပြင်ဆင်ပါ။

ငလျင်လှုပ်ပြီးနောက် နောက်ဆက်တွဲ ဘေးအန္တရာယ်များ ⚠️

(၁) နောက်ဆက်တွဲငလျင်များ၊

(၂) မြို့ပြမီ:ဘေ:အန္တ-ရာ=ယ်၊

(၃) ရေကာတာကြီးများ ကျို-: ပျက်၍ ရေ-ကြီ:နိုင်ခြင်း၊

(၄) တောင်-ပြိုခြင်း၊ မြေ-ပြိုခြင်း၊

(၅) ရွံ့မီ-: တောင်များ ပေါ-က်-ကွဲပန်:ထွက်ခြင်း၊

(၆) ဆူ-နာ-မီရေလှိုင်း ဖြစ်ပေါ်ရို-က်ခတ်နိုင်ခြင်း၊

(၇) ကောလဟာလ သတင်းလွှင့်ခြင်း။

အသ-က်ကို ဉာဏ်စောင့်ပါတယ်။ ကြိုတင်ကာကွယ်ပါ။ ဘေးကင်းကြပါစေ။

Crd
ဘေးကင်းကြပါစေရှင်🙏🙏🙏

မြနန်းခေမာ🙏🙏🙏

ဘယ်သူ့ကိုမှ စာမပို့ဘဲနေလိုက်တာဘယ်သူကမှ စာလာမပို့တော့ဘူး😊
24/03/2025

ဘယ်သူ့ကိုမှ စာမပို့ဘဲနေလိုက်တာ
ဘယ်သူကမှ စာလာမပို့တော့ဘူး😊

မင်းနဲ့ငါ့ရဲ့ကြား နေဝင်းခြားလို့ထား...
24/03/2025

မင်းနဲ့ငါ့ရဲ့ကြား နေဝင်းခြားလို့ထား...

blame မလို့ ကြည့်လိုက်တာ အိမ်ကယောက်ျားဖစ်နေတယ်🤭
12/03/2025

blame မလို့ ကြည့်လိုက်တာ အိမ်ကယောက်ျားဖစ်နေတယ်🤭

04/03/2025

🫢

နေဝင်းမင်္ဂလာဆောင်တုန်းက ပုံ‌ထဲလွှမ်းပိုင်ကိုလိုက်ရှာတာမတွေ့ဘူးဖြစ်နေတယ် ဘယ်တွေ့မလဲသူ့ sor သုံးယောက်လုံးနောက်မှာရောက်နေက...
03/03/2025

နေဝင်းမင်္ဂလာဆောင်တုန်းက ပုံ‌ထဲလွှမ်းပိုင်ကိုလိုက်ရှာတာမတွေ့ဘူးဖြစ်နေတယ် ဘယ်တွေ့မလဲသူ့ sor သုံးယောက်လုံးနောက်မှာရောက်နေကြတာကို

ငါတို့ဘဲ စိုးမြတ်န္ဒာ‌ကေညှပ်ပြီး ကြီးလာတာတော့မဟုတ်ဘူး သူ့ သားလည်း သူ့ကေနဲ့ပဲ :3 🥲
22/06/2024

ငါတို့ဘဲ စိုးမြတ်န္ဒာ‌ကေညှပ်ပြီး ကြီးလာတာတော့မဟုတ်ဘူး

သူ့ သားလည်း သူ့ကေနဲ့ပဲ :3 🥲

★ နာမည်ကြီး ထိုင်းဆရာဝန်ကြီးတစ်ယောက်၊ သူက စာလည်း အရမ်းတော်တယ်။ ကြိုးစားတယ်။ အမေရိကားမှာ စာသွားသင်ပြီးတော့ ဆရာဝန်ဖြစ်အောင...
20/06/2024

★ နာမည်ကြီး ထိုင်းဆရာဝန်ကြီးတစ်ယောက်၊
သူက စာလည်း အရမ်းတော်တယ်။ ကြိုးစားတယ်။ အမေရိကားမှာ စာသွားသင်ပြီးတော့
ဆရာဝန်ဖြစ်အောင်၊ အထူးကုဖြစ်အောင် လုပ်တယ်။
အုပ်ချုပ်ရေးပိုင်းဆိုင်ရာလည်း ကြိုးစားတယ်။
ဆေးပညာကလည်း တော်တယ်ဆိုတော့
ဆေးရုံကြီးတစ်ရုံရဲ့ ဒါရိုက်တာဖြစ်သွားတယ်။
ပုဂ္ဂလိကဆေးရုံတစ်ရုံရဲ့ ဆေးရုံအုပ်ဖြစ်သွားတယ်။

★ သူ့မှာ သားလေးတစ်ယောက်တည်းရှိတာ
သားလေးအတွက် အချိန်မပေးနိုင်ဘူး။
သူ့မိန်းမ ကလေးရဲ့အမေနဲ့ အပ်ထားခဲ့တယ်။
မိန်းမက "အလုပ်နည်းနည်းလျော့ပါဦး,
ရှင့်မှာ စိတ်ဖိစီးမှုတွေ များနေတယ်။
သားလေးနဲ့ နေပေးပါဦး"ပြောရင်
" ဒီမှာ သားလေးအတွက် အလုပ်ကြိုးစားနေတာ" လို့ ပြောတယ်။

★ မနက်အစောကြီး ကလေးအိပ်ရာကနေ မနိုးခင်
အလုပ်သွားတယ်။ ကလေး အိပ်ယာဝင်ပြီးတဲ့ အချိန်မှ အိမ်ပြန်ရောက်တယ်။ တစ်ဦးတည်းသော သားနဲ့ ရင်းရင်းနှီးနှီးနေခွင့်မရဘူး။ ကလေးက ဒီလိုပုံစံမျိုးနဲ့ အသက် ၁၈နှစ် ရောက်လာတယ်။ ဒီသားလေးက လိမ်မာတယ်။ အမေက ဆုံးမတာ လိမ်မာတယ်။

★ တစ်နေ့ကျတော့ သားလေးက Charity - လူမှုရေးလုပ်ငန်းအတွက် လမ်းသွားလျှောက်မယ်၊ တောင်သွားတက်မယ် ဆိုတော့ ဘယ်အထိသွားမလဲဆိုတော့ အာဖရိကက အရမ်းမြင့်တဲ့ ဗစ်တိုးရီးယားတောင်ကို သွားတက်တယ်။ ဗစ်တိုးရီးယာလားမသိဘူး။ တောင်တစ်တောင်ကို သွားတက်တယ်။

★ တောင်တက်တော့ သူ့မှာ သူ့ရဲ့ နှလုံးမှာ အပေါက်လေးရှိနေတယ်ဆိုတာ သူလည်းမသိဘူး။
တကယ့်ဆရာဝန်ကြီးဖြစ်တဲ့ သူ့အဖေလည်း မသိဘူး။ အဲ့ဒါနဲ့ အပေါ်ရောက်တဲ့အခါ အမောဆို့ပြီး သေသွားတယ်။ သူ့သားလေးရဲ့ အလောင်းကောင်ကို အမေရိကကနေ အာဖရိကအထိသွားယူတယ်။

★ မွေးတာက ထိုင်းမှာ၊ အာရှမှာ ။ ကြီးတာက အမေရိကမှာ။ အလောင်းကောင်သယ်လာတာက အာဖရိကမှာ။ တိုက် သုံးတိုက်။

★ သူ့ရဲ့သား အသက်ရှင်နေစဉ်က သူ အချိန်မပေးနိုင်ဘူး။ နီးနီးကပ်ကပ်မနေခဲ့ရဘူး။ အခု သူ့သား စကားမပြောနိုင်တဲ့အချိန်၊ လူသေကောင်ဖြစ်နေတဲ့အချိန်မှာ လေယာဉ်ပျံငှားပြီး သွားခေါ်လာတယ်။

★ အဲ့ဒီဆရာဝန်က စာရေးပြီးတော့
သူ့လို အချိန်မဖြုန်းဖို့၊
သူ့သားရဲ့ အသက် ၁၈ နှစ်၊ သူ့သား ဘယ်လို ကြီးထွားလာလဲဆိုတာ သူမသိခဲ့တာ။
သူ့သား ဘာကြိုက်လဲဆိုတာ သူမသိဘူး။
သူ့သားက သူများအပေါ်မှာ အရမ်းစာနာတတ်တယ်ဆိုတာလည်း သူ မသိလိုက်ရဘူး။ အရမ်း လိမ်မာတဲ့သားအတွက် အချိန်မပေးနိုင်ဘူး။ သူနောင်တတွေရတယ်။

★ work and life balance အလုပ်နဲ့ ဘဝနဲ့
မျှတအောင် မနေတတ်ဘူး။ အဲ့ဒီလို မနေတတ်တဲ့အတွက်ကြောင့် သူ့သားရဲ့ ဘဝကလည်း မပြည့်စုံခဲ့ဘူး။ သူ့ဘဝကလည်း မပြည့်စုံခဲ့ဘူး။

★ ဘယ်နောက်ကို လိုက်နေတုန်းဆိုတော့
ပိုက်ဆံနောက်ကို လိုက်နေတယ်။
နာမည်ကြီးမှုနောက်ကို လိုက်နေတယ်။
အောင်မြင်မှုနောက်ကို လိုက်နေတယ်။

★ မလိုက်ရဘူးလားဆိုတော့ လိုက်ရတာပေါ့။
ဒါပေမဲ့ တစ်ဖက်စောင်းနင်းဖြစ်အောင်
အစွန်းရောက်အောင် မလိုက်ရဘူးလို့ ဒီလို ပြောတာ။

★ ဘာဖြစ်လို့မလိုက်ရတာလဲဆိုတော့
ဘဝက အကန့်အသတ်ရှိလို့။
Our Time is limited

★ အဲ့ဒါကြောင့် ဘုန်းဘုန်းတို့ နိုင်ငံခြားထွက်တဲ့အချိန်
လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က မြန်မာပြည်မှာ
တရားပွဲတွေ ဒီလောက်သိပ်မများဘူး။
အခု တရားပွဲတွေ များတယ်။

★ အဲ့ဒါကို ကြည့်ပြီးတော့လေ
လူတွေ အလုပ်တွေလည်းကြိုးစားတယ်။
အိမ်ကောင်းကောင်းတွေလည်း အများကြီးပေါ်လာတယ်။ လမ်းတွေလည်း ပိုပြီးတော့ ကောင်းလာတယ်။

★ ဘုန်းဘုန်းက 1987 ခုနှစ်ကတည်းက ထွက်သွားတာ။ အခု လမ်းတွေလည်း ပိုကောင်းလာတယ်။
အိမ်တွေလည်း ပိုကောင်းလာတယ်။
လူတွေ အဝတ်အစားဝတ်တာလည်း ပိုပြီးတော့
စျေးကြီးတာတွေ ဝတ်နိုင်တယ်။
ကားကောင်းတွေ၊ လေယာဉ်ပျံကွင်းတွေလည်း
ပိုကောင်းတယ်။ ဒီကြားထဲမှာ အချိန်ယူပြီးတော့ တရားနာကြတယ်။ အဲ့ဒါတွေ တွေးပြီးတော့ မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာတွေကို ဂုဏ်ယူတယ်။ လူငယ်အသင်းတွေရော၊ တခြားအသင်းတွေရော၊ တရားပွဲ စီစဉ်တဲ့အသင်းတွေကို ဂုဏ်ယူတယ်။

တချို့က စိတ်ညစ်ညစ်နဲ့ မကောင်းဘက်တွေးတယ်။

🍀 "ကြည့်စမ်းပါဦး ကိုယ်တော်လေးတွေကလည်း
အားတိုင်း တရားဟောဖို့ပဲ ကြိုးစားနေတာပဲ။
တယ်လီဗေးရှင်းတွေထဲမှာ ပါဖို့ပဲ ကြိုးစားနေတာပဲ။
ပလ္လင်ပေါ်ရောက်ဖို့့ပဲ ကြိုစားနေတာပဲ။
တခြားအလုပ်တွေ မလုပ်ဘူး" အဲ့လိုတွေ ပြောတယ်။

🍀 တရားတစ်ပုဒ်ဟောရတာ အရမ်းခက်တယ်။
ဘုန်းဘုန်း ကိုရင်ဘဝနဲ့ ဓမ္မာစရိယအောင်တယ်။
သုံးဝါရတဲ့အချိန် ဘန်ကောက်မှာ
ဒကာတစ်ယောက်ကပင့်လို့ ကံတရားအကြောင်း
ဟောတာ ဘယ်လိုစလို့ ဘယ်လို အဆုံးသတ်ရမလဲ
မသိဘူး။ ပလ္လင်ပေါ်တက်ရပြီဆိုရင် ကြောက်နေတာ။

🍀 အဲ့ဒီတော့ တရားဟောဖို့အတွက် စာကြိုးစားပြီးတော့ ကြည့်တယ်။ ကြိုးစားပြီးတော့ တရားထိုင်တယ်။
တရားတွေးတယ်။ အဲ့ဒီလို လုပ်တယ်ဆိုရင်
သာသနာကြီးပွားရေးတစ်ခုပဲ။ အကောင်းမြင်ရတယ်။ ဟောရင်းပြောရင်းနဲ့ အမှားတွေ ပါသွားရင်လည်း နားလည်ပေးရမယ်။ ဘုန်းဘုန်းဆိုလိုချင်တာက
"အကောင်းမြင်တတ်ဖို့"။

🍀 ဒီအကောင်းမြင်ဝါဒ ခိုင်မြဲအောင်ဆိုရင်
"တို့ဘဝ၊ ရရှိထားတဲ့ဘဝက ထာဝရ မဟုတ်ဘူး။
အကန့်အသတ်ရှိတယ်" လို့ နှလုံးသွင်းရမယ်။

🍀 ညအိပ်ယာဝင်ပြီးတော့ မနက်ကျတော့ အသက်မရှိတာတွေလည်း ရှိတယ်။
မနက်အိပ်ယာထပြီးတော့ အိပ်ယာမဝင်ခင်မှာ အသက်ပျောက်တဲ့သူတွေလည်း ရှိတယ်။
ကွေးသောလက် မဆန့်မှီ၊ ဆန့်သောလက် မကွေးမီ
ဒါမျိုးဖြစ်နိုင်တယ်။

★ ဒါလေးကို သိတဲ့အခါကျတော့
ကိုယ့်လက်ထဲမှာ ရှိတဲ့ပစ္စည်းက ထိလွယ်၊ ရှလွယ်
တန်ဖိုးအရမ်းရှိတယ်ဆိုရင် ဒီပစ္စည်းကို ဂရုစိုက်ပြီးအသုံးပြုသလို "ဘဝကို ဂရုစိုက်ပြီး အသုံးပြုတယ်"။

ဘာမှ မဟုတ်တာလေးနဲ့ အချိန်ကုန်မခံပါနဲ့။

အောက်စဖိုဒ့်ဆရာတော်
ပါမောက္ခဒေါက်တာ ဘဒ္ဒန္တဓမ္မသာ

Address

Taunggyi

Opening Hours

Monday 07:00 - 23:00
Tuesday 07:00 - 23:00
Wednesday 07:00 - 23:00
Thursday 07:00 - 23:00
Friday 07:00 - 23:00
Saturday 07:00 - 23:00
Sunday 07:00 - 23:00

Telephone

+959955478338

Website

Alerts

Be the first to know and let us send you an email when The Ross Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Ross Store:

Share

Category