07/08/2026
နေ့တိုင်းတွေ့နေတဲ့ အကွက်ပိတ်အထည်တွေဟာ အရောင်ပုံစံကို နောက်မှ ပုံနှိပ်ထားတာ မဟုတ်ဘဲ၊ ရက်လုပ်တဲ့အချိန်ကတည်းက Pattern ကို ဖန်တီးထားတဲ့ Woven Fabric ဖြစ်ပါတယ်။
🔹 အကွက်ပိတ် Pattern ဘယ်လိုဖြစ်လာတာလဲ?
အလျားချည် (Warp) နဲ့ အနံချည် (Weft) တွေကို အရောင်အလိုက် စနစ်တကျ စီစဉ်ပြီး ရက်လုပ်တဲ့အတွက် အကွက်ပုံစံကို ရရှိတာပါ။
🔹 Print အထည်နဲ့ ဘာကွာလဲ?
* ✔️ Check Fabric – ချည်ကိုယ်တိုင်မှာ အရောင်ပါပြီး ရက်လုပ်ထားတာ။
* ✔️ Printed Fabric – အရင် အဖြူ/အရောင်တစ်မျိုးတည်း အထည်ပေါ်ကို နောက်မှ ပုံနှိပ်ထားတာ။
🔹 Check Fabric ရဲ့ အားသာချက်များ
✅ Pattern မပျက်လွယ်ဘူး။
✅ အဝတ်လျှော်တာများလည်း အရောင်နဲ့ Pattern တည်ငြိမ်တတ်တယ်။
✅ ပိုမိုအကြမ်းခံပြီး အသုံးခံတယ်။
✅ ရှပ်အင်္ကျီ၊ ယူနီဖောင်း၊ စကပ်၊ ဘောင်းဘီ၊ Fashion Wear တွေမှာ အသုံးများတယ်။
ဒီလိုပိတ်လိပ်လေးတွေကို အထည်ချုပ်ဖို့ လက်လီလက်ကား ဝယ်ယူချင်တယ်ဆိုရင် U Nyi ဆီမှာ လာရောက်ဆက်သွယ်လိုက်ပါရှင့်