04/06/2021
ဆရာဇင်ယော်နီပြောပြတဲ့ သင့်အခန်းနံရံမှာ ဘာပန်းချီကားချိတ်မလဲ
တစ်နေ့သ၌ ကျွနု်ပ်ထံသို့ ကျောင်းနေဖက်သူငယ်ချင်းများဖြစ်ကြသော မိုးကျော်၊ ဖိုးထော်နှင့် စိုးမော်ဆိုသူတို့ ရောက်ရှိလာကြလေသည်။ သူငယ်ချင်း သုံးဦးတွင် စိုးမော်မှာ မိန်းကလေးဖြစ်ပြီး အမည်ရင်းမှာ စိုးစိုးမော်ဟူ၍ ဖြစ်ပြီး မိုးကျော်၊ ဖိုးထော်တို့နှင့်တွဲကာ သူ့ကိုလည်း စိုးမော်ဟုသာ ခေါ်ခဲ့ကြ၏။
၎င်းတို့သုံးဦးသည် ကျွနု်ပ်တည့်ခင်းဧည့်ခံသော မနောမယလက်ဖက်ရည်ကို သောက်ကြလေ၏။ စိုးမော်က တစ်ဝက်သာသောက်ပြီး မိုးကျော်က နှစ်ခွက်ဆင့်၍ သောက်လေ၏။ စိုးမော်က
ဒီလိုသူငယ်ချင်းရေ့ တစ်ချို့ ရုံးခန်းတွေ၊ အလုပ်ခန်းတွေမှာ ပန်းချီကားကြီးတွေ ကျကျနန လှလှပပချိတ်ထားတာ ငါဖြင့် ရမ်းသဘောကျတာပဲ။ ငါတို့အလုပ်ခန်းတွေမှာလည်း အဲ့ဒီလို ပန်းချီကားကြီးတွေ ကျကျနနချိတ်ထားချင်တယ်ဟာ။ ငါတို့ သူငယ်ချင်း ဗေဒင်ဆရာကြီး တစ်ယောက်လုံးရှိနေတာဆိုတော့ ဒီအတိုင်း ရမ်းပြီးချိတ်မယ့်အစား သူငယ်ချင်းပြောတဲ့ ပန်းချီကားတွေချိတ်မယ်ဆိုပြီး သုံးယောက်သား တိုင်ပင်ပြီးလာခဲ့ကြတာဟေ့ . ။ ဟု ၎င်းတို့လာရင်း ကိစ္စကို ပြောပြကြလေ၏။ ကျွနု်ပ်လည်း စီးကရက်ကို နှစ်ဖွာခန့်မျှဆက်၍ ဖွာလိုက်ပြီးသည့်နောက်
ဇမ္မူဒီပါ လက်ယာတောင်ကျွန်းမှာ သြဘာနိမိတ်ထွန်းသတဲ့ ။ တစ်ချို့လည်း ဓာတ်ဘိသိတ်ပန်းချီဆိုပြီး တကူးတက ပန်းချီဆရာဆီမှာအပ်ပြီး ဓာတ်ပန်းချီကားတွေ ဆွဲခိုင်းလေ့ရှိတယ် ။ နင်တို့အနေနဲ့ ရှိပြီးသားပုံတွေ ဝယ်လို့ ကူးလို့လွယ်မယ့် ပုံတွေကို ချိတ်ချင်သပ ဆိုရင်လည်း ချိတ်ကြပေါ့ ဟု ပြောလိုက်ရာ ဖိုးထော်က
အေး၊ အဲ့ဒီလိုပဲ လုပ်စမ်းပါကွာ ။ ငါတို့ကလည်း အချိန် သိပ်ပေးနိုင်တာမဟုတ်ဖူးကွ ဟု ပြောရင်း လက်ကျန်လက်ဖက်ရည်ခွက်ကို တစ်ကျိုက်တည်း မော့ချလိုက်လေ၏။ မိုးကျော်ကလည်း
အေးပါကွာ လွယ်လယ်ကူကူသာ လုပ်ပါ သူငယ်ချင်းရယ် ။ ခေတ်က ပြောင်းသွားပြီကွ ။ ဟိုးရှေးတုန်းကဆိုရင် ကုန်ပစ္စည်းကြော်ညာမှာတာတောင် မဂ္ဂဇင်းတစ်မျက်နှာလောက် စာတွေ စီကာပတ်ကုန်း အရှည်ကြီးကြော်ညာကြတာ ။ ဒီခေတ်မှာတော့ လိုရင်းတိုရှင်း ထိထိမိမိပဲ ကြော်ညာကြတော့တယ်ဟေ့ ။ အဲ့ဒီတော့ ဆရာသမားရဲ့ ပန်းချီကိုလည်း အကျယ်ချဲ့တဲ့ နည်းတွေနဲ့တော့ လာမပြောပါနဲ့ကွာ ဟု ဝင်၍ ထောက်ခံလေ၏။ ထို့ကြောင့် ကျွနု်ပ်လည်း ပြုံး၍
အေးပါကွာ ။ ဘာပဲဖြစ်ဖြစ် တစ်ခုသတိထားဖို့ကတော့ အလုပ်ခန်းတွေ၊ ရုံးခန်းတွေမှာ မကောင်းတဲ့သဘောသက်ရောက်တဲ့ အနိဋ္ဌသဘောဆောင်တဲ့ ပုံမျိုးတွေတော့ မချိတ်အပ်ဘူးကွ ဟု ပြောလိုက်လျှင် စိုးမော်က
အေးပါဟယ် ။ ငါတို့အနေနဲ့ ဘယ်လိုပုံတွေ ချိတ်ရမလဲဆိုတာသာပြောပါတော့ ဟု လောဆော်လေတော့၏။ ထို့ကြောင့် ကျွနု်ပ်က
ကဲ ..ကဲ .. အဲ့ဒါဆိုလည်း မှတ်စုနဲ့သာ မှတ်ပြီး ယူသွားကြပေတော့။ တော်ကြာ မောင်လေးအတွက်၊ ကြီးတော်အတွက်၊ အဖေ့အတွက်ဆိုပြီး မေးနေကြဦးမယ် .. ဟု ပြောပြောဆိုဆိုပင် မိမိတို့၏ မွေးနေ့အလိုက်အောင်မြင်ခြင်း၊ လာဘ်ရွှင်ခြင်း၊ လူချစ်လူခင်ပေါများခြင်း စသောကောင်းကျိုးချမ်းသာများ ရရှိစေနိုင်မည့် ပန်းချီပုံများကို အောက်ပါအတိုင်းပြောပြလိုက်ရပါတော့လေသတည်း .။
တနင်္ဂနွသေားသမီးများ သိကြားမင်းပုံ၊ သစ်ပင်ကြီးကြီးမားမား လှလှပပပုံ၊ သမင်ပုံ၊ ကျားပုံ။
တနလာၤသားသမီးမွား နတ်သား၊ နတ်သမီးပုံ၊ နေထွက်စ ရှုခင်းပန်းချီကားပုံ၊ ထန်းပင်၊ ထန်းတောပုံ၊ ဆင်ပုံ။
အင်္ဂါသားသမီးများ အုန်းပင်၊ အုန်းတောပုံ၊ ရွှေအိုးပုံ၊ ရေအိုးပုံ၊ လှေပုံ၊ လှည်းပုံ။
ဗုဒ္ဓဟူးသားသမီးများ ကြေးအိုးလှလှပုံ၊ ငွေအိုးလှလှပုံ၊ ပန်းအိုးလှလှပုံ၊ ကမ္ဘာ့မြေပုံ၊ ကျားပုံ၊ မြင်းပုံ။
ကြာသပတေးသားသမီးများ- စစ်သူကြီးမဟာဗန္ဓုလပုံ၊ ဆိပ်ကမ်းရှုမျှော်ခင်းပုံ၊ စကြာတံဆိပ်ပုံ၊ စောင်းပုံ၊ ဆင်ပုံ။
သောကြာသားသမီးများ လှေပုံ၊ လှည်းပုံ၊ ဇင်ယော်ပုံ၊ ဆိုင်းဝိုင်းပုံ၊ ဆင်ပုံ။
စနေသားသမီးများ ဘုရားစေတီပုံတော်၊ ပန်းအိုးလှလှပုံ၊ မြင်းပုံ၊ လှေပုံ၊ မီးအိမ်ပုံ။
မူရင်းရေးသူ -ဆရာဇင်ယော်နီ
Photo Credit Internet
Myanmar Home and Decoration မှကူးယူဖော်ပြသည်