ThinZar

ThinZar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ThinZar, Clothing Store, Taunggyi.

တခါတလေတော့လည်း လူအထင်ကြီးအောင် လုပ်ရတာပဲ🤣🤣
12/02/2026

တခါတလေတော့လည်း လူအထင်ကြီးအောင် လုပ်ရတာပဲ🤣🤣

ကော်ဖီဆိုင်ရောက်ရင် လူရှေ့သူရှေ့မှာသာ Espresso တွေ Cappuccino တွေ လျှောက်မှာနေရတာ တကယ်တော့ Premier 3 in 1 အနီရောင်ကို အကြိုက်ဆုံးပဲ...

10/09/2023

Narcissistic (သို့မဟုတ်) အတ္တ မာန သံသယ ဘဝင် လွန်ကဲမှု

အတ္တ မာန သံသယ လွန်ကဲမှု ဗီဇစရိုက်ရှိ​တဲ့ ကြောက်စရာ Narcissistic Person တွေ Psychopath Person တွေနဲ့ အနီးကပ်နေထိုင်ဆက်ဆံပေါင်းသင်းရတာ အင်မတန်ခက်ခဲပင်ပန်းပါတယ်။ Narcissistic သမားတွေနဲ့ အနီးကပ် ပေါင်းသင်းဆက်ဆံဖူးတဲ့သူမှသာ Narcissistic ရဲ့ ဆိုးကျိုးနဲ့ အန္တရယ် ဘယ်လောက်များပြီး Toxic ဖြစ်ရတယ်ဆိုတာကို သိနိုင်မှာပါ။

ဘာလို့လဲဆိုတော့ သူတို့တွေဟာ မကောင်းတဲ့ဘက်မှာ အင်မတန် ဉာဏ်ပြေးကြတယ်။ ဘယ်လိုမျိုးလဲဆိုတော့

(1) လိမ်ပြောတတ်တယ်
(2) ဟန်ဆောင်တတ်တယ်
(3) ကတိကိုလွယ်လွယ်ပေးပြီး လွယ်လွယ်ပြန်ဖျက်တတ်တယ်
(4) အငြင်းသန်တတ်တယ်
(5) အတ္တအရမ်းကြီးတယ်
(6) မာန်မာန အရမ်းတက်တယ်
(7) သံသယ အလွန်များတယ်
(8) သူတို့ပြောပြီး၊ သူတို့လုပ်ပြီး သူများကိုလွှဲချတတ်တယ်
(9) ဘလောင်းဘလဲပြောတတ်တယ်
(10) ကျေးဇူးမသိ၊ သိလဲကျေးဇူးကမ်းတယ်
(11) သူတစ်ပါးအပြစ်ကို အခွင့်ရတိုင်း ထပ်ခါတစ်လဲ ပြောဆိုပြီး နှိမ့်ချတတ်တယ်
(12) လက်စားချေတတ်တယ်
(13)ကိုယ်ချင်းစာစိတ်မရှိပါဘူး
(14)သူတို့က နစ်နာအောင်လုပ်ခဲ့ပြီး သူတို့ကပဲနစ်နာခဲ့သလို ဇာတ်လမ်းစဉ် ဟန်ဆောင်လိမ်လည် ဒရမ်မာခင်းတတ်တယ်
(15)သူတို့ အပေါ်ဘယ်လောက်ကောင်းပေးနေပါစေ သူတို့လိုချင်တာ မရရင် ပြဿနာရှာ သူတို့မလို အပ်တော့ရင် ပစ်ချ သွားတတ်သူတွေမို့ သူတို့က ဘယ်လို relationship မျိုးကိုမှ ပျော်ရွှင်သာယာရှည်ကြာတည်တံ့အောင် မထိန်းသိမ်းနိုင်ပါဘူး
(16)သူတို့ဘယ်လောက်မကောင်းပါစေ အဲ့ဒါကို ဟန်ဆောင်လိမ်ညာဖုံးကွယ်ပြီး အများရဲ့ လေးစားမှု အရေးပေးမှု အထင်ကြီးမှုတွေကို မရရအောင် လုပ်ယူတတ် လိုချင်တတ်တယ် တို့ဖြစ်ပါတယ်။

အထက်ပါ အချက်တွေက လူတိုင်းလုပ်လေ့ လုပ်ထရှိတဲ့ပုံစံ သာမန်မဟုတ်ပဲ အလွန်အကျူးဖြစ်နေတာပါ။

Narcissistic တွေက ဉာဏ်ကောင်းတာ မဟုတ် ဉာဏ်ပြေးတာပါ။ ဉာဏ်ကောင်းတဲ့သူက လူတကာနဲ့ အဆင်ပြေအောင်နေဖို့ အင်မတန်အကင်းပါးတယ် လူချစ်အောင်နေတယ်။ Narcissistic တွေက သူတစ်ပါးအပေါ်မှာ အနိုင်ရရင်ပြီးရောဆိုပြီး တစ်ပွဲထိုး ထွက်ပေါက်ရှာ အနိုင်ယူကာ လူမုန်းအောင်နေတာပါ။ အဲ့ဒါက သူတို့ရဲ့ အဓိက အားနဲချက်ပါ။

Narcissistic သမားတွေက သူတို့နဲ့ အဓိကပတ်သက်တဲ့သူ ဥပမာ လင်မယား၊ သားအမိ၊ သားအဖ၊ ညီအကိုမောင်နှမ စတဲ့သူတွေအပေါ်မှာ အင်မတန်ကို ထိန်းချုပ်ချင်ကြတယ်။ သူတို့နဲ့ဆိုင်ဆိုင် မဆိုင်ဆိုင် အကြောင်းအရာတိုင်းကို အရမ်းသိချင်တယ်။ သံသယအလွန်များတယ်။ သူတို့မှလွဲ၍ကျန်လူတွေအပေါ်မှာ မကောင်းမြင်ဝါဒရှိတယ်။ သေးသေးလေးကို ပုံကြီးချဲ့တက်တယ်။

💥💥💥💥သူတို့ကို မြှောက်ပင့်ပြောဆိုတာ အရမ်းသဘောကျတယ်။ သူတို့အကြောင်းကို ပတ်ဝန်းကျင်နဲ့ အပြင်လူတွေသိမှာစိုးလို့ နည်းပေါင်းစုံနဲ့ အထင်ကြီးအောင် ဟန်ဆောင်ပြီး ကင်းကင်းရှင်းရှင်းနေတက်တယ်။

သူတို့လုပ်တာ သူတို့ပြောတာ အကုန်မှန်ကန်တယ်သူများကဝေဖန်ထောက်ပြတာကို ရန်သူလိုမျိုးတုံ့ပြန်တက်ကာ ပိုအရွှဲ့တိုက်တက်တယ်။

💥💥💥သူတို့နဲ့အတူတူနေရရင် အင်မတန်စိတ်ဆင်းရဲပြီး ကြာလာရင် စိတ်ဓာတ်တွေကျပြီး လုံးပါးပါးလာတက်ပါတယ်။

Narcissistic အမူအကျင့် ဗီဇစရိုက်ရှိသူတွေကို အိမ်ထောင်ဘက်အဖြစ် လုံးဝ မရွေးချယ်သင့်ပါဘူး။ သို့သော် ယူပြီးမှ သိရတဲ့သူတွေရှိသလို တစ်ချို့ကြတော့ မိသားစုထဲမှာ ပါလာလို့ မလွှဲမရှောင်သာ ထိတွေ့ ပေါင်းသင်း ဆက်ဆံနေရတဲ့အဖြစ်မျိုးလဲရှိပါတယ်။

Narcissistic အိမ်ထောင်ဘက်ကို အလွယ်တကူ ကွာရှင်းဖို့လဲ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ အဲ့လိုကွာရှင်ခံလိုက်ရရင် သူတို့စိတ်မှာ အရှုံးသမားလို့ ယူဆထားတဲ့အတွက် အရှုံးသမားမဖြစ်ချင်တာနဲ့ပဲ ဘယ်တော့မှ အလွယ်တကူ ကွာရှင်းပေးမှာ မဟုတ်ပါဘူး။ မိသားစုဝင်ထဲမှာ Narcissistic ပါလာခဲ့ရင်လဲ မပတ်သက်လို့ ဘယ်လိုမှ မဖြစ်နိုင်ပါ။

Narcissistic သမားတွေနဲ့ မဖြစ်မနေအတူတူ နေထိုင်ရလို့ ဆုံးရှုံးထိခိုက်မှုတွေဖြစ်လာပြီဆိုရင် ကိုယ့်ဘဝနဲ့ မိသားစုတစ်ခုလုံးက တစ်သက်လုံး သူ့စိတ်နဲ့ Toxic အဖြစ်ခံပြီး ဒီအတိုင်း စိတ်ဆင်းရဲစွာ ဖြတ်သန်းလို့ ဘယ်ဖြစ်မလဲ။

💥💥💥Narcissisticတွေနဲ့ မဖြစ်မနေ ဘဝကိုဖြတ်သန်းရတဲ့အခါမှာ ကိုယ့်ကို Toxic အဖြစ်မခံရအောင်
- သူတို့ကို အရောမဝင်ပါနဲ့
- သူတို့ကို မတိုင်ပင်ပါနဲ့
- သူတို့ အမှားကို မထောက်ပြပါနဲ့
- သူတို့ကို ပြင်ပေးပါလို့ သွားမတောင်းဆိုပါနဲ့
- သူတို့ ပြောသမျှမယုံပါနဲ့
- သူတို့ကို ဥပက္ခာပြုပါ
- သူတို့ဆီက ဘာတစ်ခုမှမမျှော်လင့်ပါနဲ့

အဲ့ဒါတွေအပြင် နောက်ထပ်အကောင်းဆုံးဆိုတဲ့ နောက်ဆုံးနည်းလမ်းနဲ့ သူတို့ရန်ကနေ လွတ်မြောက်အောင် ပြုလုပ်နိုင်ပါတယ်။

Narcissistic တွေရဲ့ နှိပ်စက်မှုတွေကို ဘဝမှာ ဘယ်လိုမှ မခံနိုင်တော့လို့ အဖက်ဖက်က Toxic ဖြစ်နေပြီဆိုရင် သူတို့ကြောက်တဲ့ နောက်ဆုံးနည်းလမ်းကိုသုံးသင့်ပါတယ်။

အဲ့ဒီနည်းလမ်းက Narcissistic တွေနဲ့ အနီးကပ် နေထိုင်ပေါင်းသင်း ဆက်ဆံဖူးသူဆိုရင် သူတို့ရဲ့ အပြောအဆို အပြုအမူ စိတ်ထား အလေ့အကျင့်တွေကို အသိဆုံးဖြစ်နေမှာပါ။ သူတို့ပုံစံအတိုင်း သူတို့ထက်ပိုတဲ့ Narcissistic ပုံစံမျိုးနဲ့ သူတို့ကိုပြန်ပြီးဆက်ဆံပေးလိုက်ပါ။ အဲ့ဒါသူတို့ အကြောက်ဆုံးပဲ။

အဲ့လို ပြန်ဆက်ဆံပေးလိုက်ရင် အစမှာတော့ သူတို့အကြီးအကျယ် ပေါက်ကွဲ ရိုင်းစိုင်းပြပါလိမ့်မယ်။
သူတို့ထက်ပြင်းထန်တဲ့ ဆက်ဆံရေးမျိုးကို သူတို့ ခံစားရဖူးသွားတဲ့အခါ သူတို့ဟာသူတို့ ကြောက်ရွံ့ သိမ်ငယ်ပြီး အရှုံးသမားလို့ခံယူသွားလိမ့်မယ်။

သူတို့ အကြောက်ဆုံးက လောကမှာ သူတို့လိုလူမျိုးနဲ့ ပြန်ပြီးပတ်သက်ရမှာကိုပဲ။ သူတို့ပုံစံထက် ပိုပြင်းထန်တဲ့လူနဲ့တွေ့ရင် သူတို့ အစွယ်လုံးလုံးကျိုးသွားပါပြီ။ ကိုယ့်ဘက်က သူတို့ဟာသူတို့ ပြောင်းလဲလာတဲ့အထိ သူတို့ထက်ပိုပြင်းထန်ပြဖို့လိုအပ်ပါတယ်။ ကိုယ့်ပန်းတိုင်မရောက်ခင် စိတ်လျှော့လိုက်မယ်ဆိုရင် သူတို့ပိုဆိုးနိုင်တယ်ဆိုတာ အထူးသတိထားရပါမယ်။ သူ့ကိုရော ကိုယ့်ကိုယ်ကိုရော မိသားစုကိုရော ကယ်တင် ကုသနေတဲ့စိတ်နဲ့ ကိုယ့်စိတ်ကို သူ့လိုပြောင်းလဲပြီး တင်းထားဖို့လိုပါတယ်။

ဘာလို့လဲဆိုတော့ သူတို့က စိတ်နဲ့ပတ်သက်တဲ့ ရောဂါဆိုရင်လဲ သူတို့ဟာသူတို့ ရောဂါလို့ မခံယူလို့ ဆေးကုပေးဖို့ လုံးဝအဆင်မပြေပါဘူး။ ဗီဇစရိုက်ဆိုရင်လဲ ကိုယ်က ပြင်ပေးဖို့လုံးဝမလွယ်ပါဘူး။ သူတို့ဟာသူတို​့ အထိနာသွားတဲ့ အချိန်ကျမှ ပြုပြင်သွားမှာပါ။

သူတို့က အမှတ်ကြီးတဲ့သူတွေဖြစ်လို့ သူတို့ပြန်စိတ်ညစ်ရတဲ့ အခြေအနေကို သေတဲ့အထိ သူတို့စိတ်မှာ အမှတ်တရဖြစ်ပြီး နောက်ထပ်စိတ်မညစ်ရအောင် နေသွားပါလိမ့်မယ်။ Narcissistic သမားတွေက သူများကိုသာ စိတ်ဆင်းရဲအောင်လုပ်တက်ကြတာ သူတို့ ပြန်ပြီးစိတ်ဆင်းရဲခံရမှာကိုတော့ သေလောက်အောင်ကြောက်ကြပါတယ်။

တကယ်တန်းကျရင်တော့ Narcissistic သမားတွေက အမြင်ကပ်စရာကောင်းသလို သူတို့ စွယ်ကျိုးသွားတဲ့အခါမှာလဲ သနားဖို့ကောင်းပါတယ်။ သူတို့ထက်ပိုပြင်းထန်တဲ့ ပုံစံမျိုးနဲ့ ပြန်ရင်ဆိုင်ခံခဲ့ရလို့ သူတို့ ဘဝကိုနောင်ကျဉ်ပြီး ကြောက်သွားပြီဆိုရင် သူများထက်ပိုပျော့ပျောင်း သွားတက်လို့ပါပဲ။

အဲ့ဒီအခါမှာ ပြောင်းပြန်ဖြစ်ပြီး သူတို့ကို ဘယ်သူမှ မယုံကြည်တော့တာတို့၊ အလေးမပေးတော့တာတို့၊ အဖက်မလုပ်တော့တာတို့၊ လူတွေကသူတို့ကိုပြန်စောင့်ကြည့်နေတာတို့ စတာတွေကို အများနဲ့တစ်ယောက်ပြန်ခံစားရပြီး သူတို့ဘဝမှာ သိမ်ငယ်မှုတွေနဲ့ ဖြတ်သန်းရပြီး စိတ်ဓာတ်ကျရောဂါ အနေနဲ့ ပြောင်းလဲလာရာကနေ အများစုက အသက်တိုတက်ကြပါတယ်။

လူတိုင်း မိသားစုတိုင်း Toxic Person Narcissistic တွေနဲ့ ကင်းဝေးပြီး ကိုယ်ကိုယ်တိုင် Narcissistic ဖြစ်ခဲ့လျှင်လဲ အမြန်ဆုံး ပြောင်းလဲနိုင်ကြပါစေ။
----------

ကမ္ဘာ့ ဆရာဝန်အများစုကလဲ Narcissistic တွေကို ကုသ၍မရနိုင်သော ရောဂါသည်မဟုတ်တဲ့ ဗီဇဆိုးရှိတဲ့သူတွေလို့ သတ်မှတ်ထားပါတယ်။

အများစုက ပင်ကိုယ်ဗီဇစရိုက် လိုတာထက်ပိုဆိုးပြီး ရှောင်လို့မရအောင်ကို အနီးကပ်ထိတွေ့နေရတဲ့သူတွေကို စိတ်ဓာတ်ကျပြီး လုံးပါးပါးစေတာပါ။

Credit

🤣🤣🤣
26/04/2023

🤣🤣🤣

မိမိမှာ လျှပ်စစ်အိုး၀ယ်ထားသော်လည်း
မြန်မာနိုင်ငံတွင် နေသောအခါ '))

☝️☝️☝️ဦးစားမပေးနိုင်ရင် အိမ်ထောင်မပြုနဲ့☝️☝️☝️လင်မယားရယ်လို့ဖြစ်လာရင် at the end of the day  ကိုယ့်အနားမှာကျန်ခဲ့မှာ ကို...
25/04/2023

☝️☝️☝️ဦးစားမပေးနိုင်ရင်
အိမ်ထောင်မပြုနဲ့☝️☝️☝️

လင်မယားရယ်လို့ဖြစ်လာရင်
at the end of the day
ကိုယ့်အနားမှာကျန်ခဲ့မှာ
ကိုယ့်လင်၊ကိုယ့်မယားပဲ။

မိဘတွေဆိုတာလည်း အသက်ကြီးလာမယ်၊ tay သွားမယ်။မောင်နှမတွေဆိုတာလည်းတူတူပဲ။

အပေါင်းအသင်းတွေဆိုတာလည်း
ဘယ်လောက်ချစ်ချစ်သူတို့ဘဝနဲ့သူတို့။

ဘယ်သူတွေဘယ်လောက်ကောင်းကောင်း
ဘဝနေဝင်ချိန်ကိုယ့်အနားကျန်ခဲ့မယ့်လူက
ကိုယ့်အိမ်ထောင်ဖက်ပဲ။

👇👇👇👇
တချို့က သန်တုန်း၊မြန်တုန်း၊ငယ်တုန်းမှာ အိမ်ထောင်ဖက်ထက် မိဘ၊ ဆွေမျိုးနဲ့
အပေါင်းအသင်းကို ပိုအားသာတယ်။
ပိုဦးစားပေးတယ်။
☝️☝️☝️☝️
အိမ်ထောင်ဖက်က မခံနိုင်လို့ လမ်းခွဲသွားတယ်။

အဲလိုလူတွေ နောက်ဆုံးကျ
အိုမင်းမစွမ်းဖြစ်တဲ့အချိန်ကျမှ
နောင်တရလိမ့်မယ်။

နေဝင်ချိန်မှာ ကိုယ့်လက်လေးကိုတွဲပြီး
လမ်းလျှောက်ပေးနိုင်မယ့်၊
#"အဘိုးကြီးမတည့်တာတွေစားပြန်ပြီလား"လို့ ဆူပေးမယ့်၊"အဘွားကြီး သွေးတိုးနေတာလား " လို့ နဖူးလေးလာစမ်းပေးမယ့် ကိုယ့် partner သည်သာ ကိုယ့်အဖော်အစစ်ဖြစ်တယ်။

That's right.

အဲလိုမှ ဦးစားမပေးနိုင်ရင် အိမ်ထောင်မပြုနဲ့။

Marriage ဆိုတာ အပြန်အလှန် စောင့်ရှောက်ရမယ့် တစ်ဘဝစာ Ultimate bond တစ်ခုဖြစ်တယ်။

credit

Instock​ချစ်စရာလေးတွေကလေးတွေအကြိုက်
11/09/2020

Instock
​ချစ်စရာလေးတွေ
ကလေးတွေအကြိုက်

baby လေးတို့အကြိုက် ဇာတ်ကောင်လေးနဲ့ဂုတ်စွပ် ပါ ခေါင်းအုံးလေးတွေA Gift To You Fancy Accessories Fancy Shopမှာ လာရောက် ဝယ်...
10/07/2020

baby လေးတို့အကြိုက် ဇာတ်ကောင်လေးနဲ့
ဂုတ်စွပ် ပါ ခေါင်းအုံးလေးတွေ

A Gift To You Fancy Accessories Fancy Shopမှာ လာရောက် ဝယ်ယူနိုင်ပါတယ်

ချစ်စရာ မီးမီး လေးတွေအတွက်လက်ဆောင်ပေးလည်းလှတစ်ဗူးမှာ ၁၈ခုပါတယ်နော်ရောက်တိုင်းကုန်တဲ့ ကလစ်ဘူးလေးဒီနေ့ ထက်ရောက်ထားတယ်...Gi...
05/07/2020

ချစ်စရာ မီးမီး လေးတွေအတွက်
လက်ဆောင်ပေးလည်းလှ
တစ်ဗူးမှာ ၁၈ခုပါတယ်နော်
ရောက်တိုင်းကုန်တဲ့ ကလစ်ဘူးလေး
ဒီနေ့ ထက်ရောက်ထားတယ်...

Gift To You Fancy Accessories Shop

YMCAတိုက်(၂),သစ်တောရပ် , အမျိုးသမီးဆေးရုံ မျက်နှာချင်းဆိုင်(ဗိုလ်ချုပ်အောင်ဆန်းပန်းခြံဘေးကပ်ရပ်တိုက်)

In Stockအကုန်မြန်ပါတယ်နော်ချစ်စရာ မီးမီးလေးတို့အတွက်လက်ဆောင်ပေးလည်း လှ
30/06/2020

In Stock
အကုန်မြန်ပါတယ်နော်
ချစ်စရာ မီးမီးလေးတို့အတွက်
လက်ဆောင်ပေးလည်း လှ

New New!!အပြင်မှာ ရက်ရက်စက်စက်လှလိုက်တာGift To You Fancy Accessories ShopYMCAတိုက်(၂),သစ်တောရပ် ,  အမျိုးသမီးဆေးရုံ မျက်...
30/06/2020

New New!!
အပြင်မှာ ရက်ရက်စက်စက်လှလိုက်တာ

Gift To You Fancy Accessories Shop

YMCAတိုက်(၂),သစ်တောရပ် , အမျိုးသမီးဆေးရုံ မျက်နှာချင်းဆိုင်(ဗိုလ်ချုပ်အောင်ဆန်းပန်းခြံဘေးကပ်ရပ်တိုက်)

New New !!ဆံနွယ်လှလှလေးတွေ အတွက်ဆိုင်မှာ ရောက်ရှိGift To You Fancy Accessories ShopYMCAတိုက်(၂),သစ်တောရပ် ,  အမျိုးသမီးဆ...
30/06/2020

New New !!
ဆံနွယ်လှလှလေးတွေ အတွက်
ဆိုင်မှာ ရောက်ရှိ

Gift To You Fancy Accessories Shop

YMCAတိုက်(၂),သစ်တောရပ် , အမျိုးသမီးဆေးရုံ မျက်နှာချင်းဆိုင်(ဗိုလ်ချုပ်အောင်ဆန်းပန်းခြံဘေးကပ်ရပ်တိုက်)

Address

Taunggyi

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Website

Alerts

Be the first to know and let us send you an email when ThinZar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category