31/05/2023
အခုဆိုရင် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီကြီးဟာ ပြီးဆုံးသွားခဲ့ပါပြီ...လိဂ်ကြီး ၅ ခုမှာလည်းချန်ပီယံတေအသီးသီးပေါ်ထွက်လာခဲ့သလို တချို့သောအသင်းတေဟာလည်း တန်းဆင်းသွားခဲ့ပြီဖြစ်ပါတရ်...ဒီနှစ်မှာ title champion ရရှိခဲ့တဲ့အသင်းတေကတော့ အင်္ဂလန်-မန်ချက်စတာစီးတီး, စပိန်-ဘာစီလိုနာ, အီတလီ-နာပိုလီ, ဂျာမနီ-ဘိုင်ယန်မြူးနစ်, ပြင်သစ်-ပီအက်စ်ဂျီ အသင်းတေဘဲဖြစ်ပါတရ်...
ချန်ပီယံဖြစ်သွားတဲ့အသင်းတေအတွက်လည်းပျော်ရသလို တန်းဆင်းသွားတဲ့အသင်းတေအတွက်လည်းစိတ်မကောင်းဖြစ်ရပါတရ်...
ထူးထူးခြားခြားအနေနဲ့ကတော့ဖလားမရတာကြာပြီဖြစ်တဲ့ နာပိုလီဟာ ဒီနှစ်မှာခြေစွမ်းပြပြီး အင်တာမီလန်ကိုကျော်ဖြတ်ပြီး ချန်ပီယံဖြစ်ခဲ့ပါတရ်...
အာဆင်နယ်အသင်းနဲ့ ဒေါ့မွန်အသင်းကလည်း မထင်မှတ်ထားဘဲ ချန်ပီယံဆုနဲ့လွဲချော်ခဲ့တာကလည်း ဒီရာသီအတွက်အမှတ်တရဖြစ်စေခဲ့ပါတရ်...အင်္ဂလန်မှာမန်ချက်စတာစီးတီးကိုအကောင်းဆုံးဖိအားပေးနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းကိုလည်း အသိအမှတ်ပြုရမှာဖြစ်သလို...ဒေါ့မွန်အသင်းဟာလည်း နောက်ဆုံးပွဲအထိရေကုန်ရေခမ်းကစားသွားပြီး သရေတစ်မှတ်မှတ်ကြောင့်သာ ဘိုင်ယန်မြူးနစ်ဆီက ဖလားကိုလက်လွှတ်ခဲ့ရတာပါ....
ဘောလုံးအားကစားချစ်မြတ်နိုးတဲ့ ညီကိုတို့အတွက်ကြည့်ကောင်းအုံးမဲ့ လက်ကျန် ဖလားနှစ်ပွဲ FA cup နဲ့ Champion League Final ဟာဆိုရင်တော့ဖြင့် နောက်လ ပထမအပတ်မှာယှဉ်ပြိုင်ကြမှာဆိုတော့ မင်မင်နဲ့အတူရင်ခုန်ပြီး ၂၀၂၂-၂၀၂၃ ဘောလုံးရာသီကြီးကိုနှုတ်ဆက်လိုက်ကြတာပေါ့ 🏴🇪🇦🇮🇹🇩🇪🇨🇵